16
ပထမမျစ်တော်ဖလား
1 အယ်ဘီးန ဗိမာန်တော်ထဲဟှ ရရာတိုင်း က္လယ်ဟှူသံဟှ “သွားဂေ့ပါ။ ဘုရားသခင်ရဲ့ ရရာတိုင်း ပြင်းဟှူ မျစ်တော်ဖလား ခွန်နစ်လောင်းဟှို မ္လေဂီးထတ်ဟှို လွန်းခ္လလိုက်ပါ” ဆိုဘီး ကောန်းဂန်တမန် ခွန်နစ်ပါးဟှို ပြောဇာဟှို ငါကြားရဟှယ်။
2 ပထမကောန်းဂန်တမန်ဟှာ သွားဘီး သူ့ရဲ့ ဖလားဟှို မ္လေဂီးထတ်ဟှို လွန်းခ္လလိုက်ဟှူ ခီမာ သားရဲတကောန်ရဲ့ ဇိရှိဟှူသူန သူ့ရဲ့ ရောက်ထုဟှို ကိုးကွယ်ဟှူသူလေမာ ရရာတိုင်း ဆိုးဟှူ အိုင်းနာလေ ပေါ့‑က်လေဟှယ်။
3 ဒုတိယကောန်းဂန်တမန်ဟှာ သူ့ရဲ့ ဖလားဟှို ပန်လယ်ထတ်ဟှို လွန်းခ္လလိုက်ဟှူ ခီမာ ရေဟှာ သေဟှားဟှူလူလေရဲ့ သွီးမျိုးဖြစ်ဘီး ပန်လယ်ထဲမာရှိဟှူ သတ်ရှိဟှူ လိဆန်ဂူလောင်း သေဂေ့ဟှယ်။
4 တတိယကောန်းဂန်တမန်ဟှာ သူ့ရဲ့ ဖလားဟှို မ္လစ်လေန စမ်းရေလေထတ်ဟှို လွန်းခ္လလိုက်ဟှူ ခီမာ ရေဟှာ သွီးဖြစ်ဟှားလေဟှယ်။
5 အယ်ခီမာ ရေနဆိုင်ဟှူ ကောန်းဂန်တမန်ဟှ “ခုရှိဘီး ရင်ဟှလည်းရှိဟှူ သန့်ရှင်းဟှူ သခင်၊ အယ်ဇာလေဟှို ကိုယ်တော်စီရင်ဟှူကြောန့် ကိုယ်တော်ဟှာ ဖြောန့်မတ်ပါဟှယ်။
6 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်သူလေဟှာ သန့်ရှင်းသူလေန ပရောဖက်လေရဲ့ သွီးဟှို လွန်းဟှားဂေ့ဟှူကြောန့် ကိုယ်တော်ဟှာ အယ်သွီးလေဟှို သူးနို့ဟှို သော့‑က်ဟှို့တွပ် ပေးတော်မူဟှယ်။ သူးနို့ဟှာ အယ်မျိုးခံဟှို့တွပ် ထိုက်တန်ဟှယ်” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
7 အယ်ဘီးန ယဇ်ပလ္လင်ဟှလည်း “မှန်ပါဟှယ်။ အနန္တတဂိုးန ပ္လဲ့ဇောင်ဟှူ ဘုရားသခင်၊ ကိုယ်တော်ရဲ့ စီရင်ရှင်းလေဟှာ မှန်ကန်ဘီး တရားမျှတပါဟှယ်” ဆိုဘီး ပြောဟှူဇာဟှို ငါကြားရဟှယ်။
8 စတုတ္ထကောန်းဂန်တမန်ဟှာ သူ့ရဲ့ ဖလားဟှို နေထတ်ဟှို လွန်းခ္လလိုက်ဟှူ ခီမာ နေဟှာ လူလေဟှို မီးနလောန်းရဟှူ ခွမ့်ဟှိုရဟှယ်။
9 လူလေဟှာ ရရာတိုင်းပြင်းဟှူ ပူရှီကြောန့် နေလောန်ဒန်ဟှို ခံရဘီး အယ်ဘေးဒန်လေမာ ခွမ့်အာဏာရှိဟှူ ဘုရားသခင်ရဲ့ နာမတော်ဟှို ကီဆဲဘီး နောန်ဒလည်းရဂေ့ဟှ။ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှိုလည်း ချီးမွမ်းဂေ့ဟှ။
10 ပဉ္စမကောန်းဂန်တမန်ဟှာ သူ့ရဲ့ ဖလားဟှို သားရဲရဲ့ ပလ္လင်ထတ်ဟှို လွန်းခ္လလိုက်ဟှူ ခီမာ သားရဲရဲ့ နိုင်ငံဟှာ မှောန်မိုက်ဟှားဘီး လူလေဟှာ နာကျင်ဟှူဝေဒနာကြောန့် သူးနို့ရဲ့ လျှာလေဟှို ကိုက်ဂေ့ဟှယ်။
11 လူလေဟှာ သူးနို့ခံရဟှူ နာကျင်ဟှူဝေဒနာန သူးနို့ရဲ့ အိုင်းနာလေကြောန့် ကောန်းဂန်ဘောင်ရဲ့ ဘုရားသခင်ဟှို ကီဆဲဂေ့ဘီး သူးနို့ လောက်ဟှူမှုလေတွပ် နောန်ဒရဂေ့ဟှ။
12 ဆဋ္ဌမကောန်းဂန်တမန်ဟှာ သူ့ရဲ့ ဖလားဟှို ရရာတိုင်း ကီးဟှူ ဥဖရတ်မ္လစ်ထတ်ဟှို လွန်းခ္လလိုက်ဟှူ ခီမာ ရှေ့ပြည်ဟှ မန်းဂီးလေတွပ် လမ်းဟှို ပြင်ဆင်ပေးဟှို့တွပ် မ္လစ်ရေဟှာ ခန်းဟှားလေဟှယ်။
13 အယ်ဘီးန နဂါးဇပ်ပေါ့‑က်ထဲဟှရော၊ သားရဲတကောန်ရဲ့ ဇပ်ပေါ့‑က်ထဲဟှရော၊ ပရောဖက်တုယောန် ဇပ်ပေါ့‑က်ထဲဟှရော၊ ဖားနတူဘီး ညစ်ညူးဟှူ ဝိညာဉ်သောင်းပါး ထွပ်လာဇာဟှို ငါဗြင်ရဟှယ်။
14 အယ်ဝိညာဉ်လေဟှာ နိမိတ်လတ်ခဏာလေ လောက်ဟှူ နတ်ဆိုးလေရဲ့ ဝိညာဉ်လေ ဖြစ်ဂေ့ဟှယ်။ အယ်ဝိညာဉ်လေဟှာ ကမ္ဘာမာရှိဟှူ မန်းဂီးလေဟှို အနန္တတဂိုးန ပ္လဲ့ဇောင်ဟှူ ဘုရားသခင်ရဲ့ နေ့ရစ်ဂီးမာ စစ်ပွဲတွပ် စုဂေ့ဟှို့ အယ်မန်းဂီးလေနားဟှို ထွပ်ဟှားဂေ့ဟှယ်။
15 “ကေ့ကေ့။ ငါဟှာ ခိုးလာဟှူမျိုး လာမယ်။ ခ္လေးဗ္လန်းဗ္လန်း သွားနေဘီး ကိုယ့်ရဲ့ယှစ်ဟှို လူလေဗြင်ရဘဲနေအောန် ကိုယ့်ရဲ့ဝတ်ဟှို ထီးသီးဘီး ဒိနစောန့်နေဟှူသူဟှာ မင်္ဂလာရှိဟှယ်!”
16 အယ်ဘီးန ဝိညာဉ်လေဟှာ မန်းဂီးလေဟှို ဟေဗြဲစကားန အာမဂေဒုန်ခေါ်ဟှူ နေရာမာ စုဝီးဂေ့လေ့မယ်။
17 သတ္တမကောန်းဂန်တမန်ဟှာ သူ့ရဲ့ ဖလားဟှို အာကာသထဲဟှို လွန်းခ္လလိုက်ဟှူ ခီမာ ဗိမာန်တော်ထဲမာရှိဟှူ ပလ္လင်ထဲဟှ ရရာတိုင်း က္လယ်ဟှူသံဟှ ပေါ်လာဘီး “မှုပီးဟှားဘီ” ဆိုဘီး ပြောဟှယ်။
18 အယ်ခီမာ လန့်စီးလတ်ရှင်း၊ သံဗြယ်ရှင်းန မိုးချောက်ရှင်းလေ ဖြစ်လာဘီး ငလျင်လေလည်း ရရာတိုင်း ပြင်းထန်ဘီး လှောက်လေဟှယ်။ မ္လေဂီးထတ်မာ လူဖြစ်လာဟှူ ခီဟှစဘီး အယ်မျှလော့‑က်ကီးဘီး ရာရာတိုင်း ပြင်းထန်ဟှူ ငလျင်မျိုးဖြစ်ဖူးဟှ။
19 ဗြို့ဂီးလေဟှာ သောင်းပိုင်းကွဲဟှားဘီး လူဘောန်းဇောင်နေဟှူ တိုင်းနိုင်ငံလေရဲ့ ဗြို့လေဟှာလည်း ပြိုဟှားဂေ့ဟှယ်။ ဘုရားသခင်ဟှာ သူ့ရဲ့ မျစ်တော်နဆိုင်ဟှူ ပြင်းထန်ဟှူ ဒေါသ စဗျစ်ဝိုင်ခွပ်ဟှိုပေးဘီး ဗာဗုလုန်ဗြို့ဂီးဟှို ဒိရစေဟှယ်။
20 ကျွန်းရှိမျှဟှာ ပျော့‑က်ဟှားဘီး တောန်လေလည်း တွိရဂေ့ဟှမ်း။
21 ကောန်းဂန်ဟှလည်း ပေါန်တရာလော့‑က်လေးဟှူ မိုးသီးလေဟှာ လူလေထတ်ဟှို က္လလေဟှယ်။ အယ်ဘေးဒန်ဟှာ ရရာတိုင်း ပြင်းထန်ဟှူကြောန့် လူလေဟှာ အယ်မိုးသီးဘေးဒန်ကြောန့် ဘုရားသခင်ဟှို ကီဆဲဂေ့ဟှယ်။