15
နော့‑က်ဆောင်းဘေးဒန်လေ သယ်လာဟှူ ကောန်ဂန်းတမန်လေ
1 အယ်ဘီးန ကောန်းဂန်မာ ရရာတိုင်း ကီးဘီး အံ့ဩဇာကောန်းဟှူ တခြားနိမိတ်လတ်ခဏာဖြစ်ဟှူ နော့‑က်ဆောင်းဘေးဒန် ခွန်နစ်မျိုးရှိဟှူ ကောန်းဂန်တမန် ခွန်နစ်ပါးဟှို ငါဗြင်ရဟှယ်။ အယ်ဘေးဒန်လေအားဖြင့် ဘုရားသခင်ရဲ့ ရရာတိုင်း ပြင်းဟှူ ဒေါသဟှာ ပ္လဲ့ဇောင်လေ့မယ်။
2 နော့‑က်ထပ် မီးနရောဟှားဟှူ ဖန်ပန်လယ်မျိုးဇာဟှိုရော၊ သားရဲတကောန်ဟှာ သူ့ရဲ့ ရောက်ထုန သူ့နာမယ်ရဲ့ ကိန်းဂဏန်းဟှို နိုင်ရဟှားဟှူ သူလေဟှာ ဘုရားသခင်ရဲ့ စောန်းလေဟှို ကိုင်ဆောန်ဘီးဟှာ အယ်ဖန်ပန်လယ်ထတ်မာ ရပ်နေဂေ့ဟှူဇာဟှိုရော ငါဗြင်ရဟှယ်။
3 သူးနို့ဟှာ ဘုရားသခင်ရဲ့စေခံ မောရှေရဲ့ချင်းန သိုးသားဂန်းဟှားရဲ့ ချင်းဟှို ဆိုဘီး
“အနန္တတဂိုးရှင်ဘုရားသခင်၊ ကိုယ်တော်လောက်ဟှူ မှုလေဟှာ
ရရာတိုင်း ကီးမြတ်ဘီး အံ့ဩဘွယ် ကောန်းပါဟှယ်။
လူမျိုးဘောန်းဇောင်လေရဲ့ မန်းဂီး၊ ကိုယ်တော်ရဲ့ နည်းလမ်းလေဟှာ
ရရာတိုင်း မှန်ပါဟှယ်။
4 အို၊ ဘုရားသခင်၊ ကိုယ်တော့်ဟှို ကြော့‑က်ဘီး ရိုသေဘဲန နာမတော်ဟှို ချီးမွမ်းဘဲ ဖယ်သူဟှ နေနိုင်ဟှို့နူး။
ကိုယ်တော်တပါးဘဲ့ သန့်ရှင်းစင်ကြယ်ပါဟှယ်။
ကိုယ်တော်စီရင်ဟှူ မှုလေဟှာ တရားမျှတကြောန်းဟှို ထန်ရှားနေဟှူကြောန့်
လူမျိုးဂူလောင်းဟှာ ရှေ့တော်ဟှို လာဘီးဟှာ ပျပ်ဝပ်ကိုးကွယ် ဂေ့လေ့မယ်”
ဆိုဘီး ပြောနေဂေ့ဟှယ်။
5 အယ်ဘီးန ငါကေ့လိုက်ဟှူ ခီမာ ကောန်းဂန်ဘောင်မာရှိဟှူ သတ်သေခံချစ် တဲတော်ရှိဟှူ ဗိမာန်တော်ဟှာ ဖွမ့်ဘီးရှိနေဟှယ်။
6 ဘေးဒန်ခွန်နစ်မျိုးဟှို ယူဆောန်လာဟှူ ကောန်းဂန်တမန်ခွန်နစ်ပါးဟှာ အယ်ဗိမာန်တော်ထဲဟှ ထွပ်လာဂေ့ဟှယ်။ သူးနို့ဟှာ စင်ကြယ်တော့‑က်ပဟှူ ပိချောဟှို ဝတ်ဟှားဘီး ရင်ဖတ်မာ ရွှေရင်စည်းဟှို စည်းဟှားဟှယ်။
7 အယ်ဘီးန သတ္တဝါလေးပါးထဲဟှ တပါးဟှာ ကမ္ဘာဆစ်ဆစ် သတ်ရှင်ဟှူ ဘုရားသခင်ရဲ့ ရရာတိုင်း ပြင်းဟှူဒေါသန ပ္လဲ့နေဟှူ ရွှေဖလား ခွန်နစ်လောင်းဟှို အယ်ကောန်းဂန်တမန်လေဟှို ပေးလေဟှယ်။
8 ဗိမာန်တော်ဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်န တဂိုးတော်လေဟှနေ ထွပ်လာဟှူ မီးခိုးလေန ပ္လဲ့နေဟှူကြောန့် ကောန်းဂန်တမန် ခွန်နစ်ပါးဟှာ ဘေးဒန်ခွန်နစ်မျိုး မပီးမရှင်း ဖယ်သူလည်း ဗိမာန်တော်ထဲဟှို ဝမ်နိုင်ဂေ့ဟှ။