17
ကောန်းဘဲဟှူမီးမဂီးန သားရဲကြောန်း
အယ်ဘီးန ဖလားခွန်နစ်လောင်းရှိဟှူ ကောန်းဂန်တမန် ခွန်နစ်ပါးထဲဟှ တပါးဟှာလာဘီး၊ ငါနစကားပြောဘီး “လာပါ၊ ရရာတိုင်းများဟှူ ရေထတ်မာထိုင်ဟှူ ကောန်းဘဲဟှူမီးမဂီး ခံရမယ့် တရားစီရင်ရှင်းဟှို နန့်ဟှို ငါပြမယ်။ မ္လေဂီးရဲ့ မန်းဂီးလေဟှာ သူ့နတူးဒူ တရားဘဲဟှူ မေထုန်ဟှို လောက်ဂေ့ဘီး မ္လေဂီးထတ်မာ နေဂေ့ဟှူသူလေလည်း သူ့န တရားဘဲဟှူ မေထုန်ဟှို လောက်ဟှူ စဗျစ်ဝိုင်န မောဂေ့ဟှယ်” ဆိုဘီး ပြောဟှယ်။
+ငါ့ဟှို ဝိညာဉ်တော်အားဖြင့် တောကန္တာရထဲဟှို ခေါ်ဆောန်ဟှားလေဟှယ်။ အယ်ခီမာ ခေါန်းခွန်နစ်လောင်းန ချိုဆယ်ရှောန်းရှိဘီး ဘုရားသခင်ဟှို စော်ကားဟှူ နာမယ်န ပ္လဲ့နေဘီး နီနေဟှူ သားရဲ တကောန်ထတ်မာ ထိုင်နေဟှူ မီးမ တယော့‑က်ဟှို ငါဗြင်ရဟှယ်။ အယ်မီးမဟှာ နီရောန်န ခရမ်းရောန်ဟှို ဝတ်ဟှားဘီး ရွှေတန်ဆာ၊ က္လော့‑က်မြတ်ရတနာန ပုလဲတန်ဆာလေဟှို ဆင်ဟှားဘီး သူ့ရဲ့လတ်မာ ရွံဇာကောန်းဟှူ ဇာလေန တရားဘဲဟှူ မေထုန်လောက်ဘီး ညစ်ညူးရှင်းလေန ပ္လဲ့နေဟှူ ရွှေခွပ်ဟှို ကိုင်ဟှားဟှယ်။ သူ့ရဲ့ ဖူးထတ်မာ ရေးဟှားဟှူ လျှို့ဝှက်နတ်နဲဟှူ နာမဟှာ၊
“ဗာဗုလုန်ဗြို့ဂီး
ကောန်းဘဲဟှူ မီးမလေန
မ္လေဂီးထတ်မာ ရွံဇာကောန်းဟှူ ဇာလေရဲ့ မိ”
ဆိုဘီး ဖြစ်ဟှယ်။
အယ်မီးမဟှာ သန့်ရှင်းဟှူ သူလေရဲ့ သွီးန၊ ယေရှုရဲ့ သတ်သေခံလေရဲ့ သွီးန ယစ်မောနေဇာဟှို ငါဗြင်ရဟှယ်။ ငါဟှာ သူ့ဟှို ဗြင်ရဟှူ ခီမာ ရရာတိုင်း အံ့ဩဟှားဟှယ်။
အယ်ခီမာ ကောန်းဂန်တမန်ဟှ “နန်ဟှာ ဖြားဖြစ်ကြောန့် အံ့ဩနူး” အယ်မီးမန သူ့ဟှို သယ်ဆောန်ဟှူ ခေါန်းခွန်နစ်လောင်းန ချိုဆယ်ရှောန်းရှိဟှူ သားရဲတကောန်ရဲ့ လျှို့ဝှက်နတ်နဲချစ်ဟှို နန့်ဟှို ငါပြောပြမယ်။ +နန်ဗြင်ရဟှူ သားရဲ တကောန်ဟှာ ရင်ဟှရှိဘီး ခုမှေ့ဘဲဟှူ ကြာခန်မာ နတ်ဆောင်းတွမ်းထဲဟှ တတ်လာဘီး ဖျစ်ဆီးရှင်းဟှို ခံရလေ့မယ်။ မ္လေဂီးထတ်မာ နေဂေ့ဟှူ သူလေထဲမာ ကမ္ဘာတည်ဟှူ ခီဟှစဘီး သတ်စာစောန်မာ နာမယ် စာရင်းဝမ်ဘဲဟှူ သူလေဟှာ ရင်ဟှရှိဘီး ခုမှေ့ဘဲဟှူ ကြာခန်မာ ရော့‑က်လာဟှို့ အယ်သားရဲဟှို ဗြင်ဘီးဟှာ အံ့ဩဂေ့လေ့မယ်။
အယ်နေရာမာ ဉာဏ်ပညာန သိတရားရှိဟှို့တွပ် လိုအပ်ဟှယ်။ ခေါန်းခွန်နစ်လောင်းဟှာ အယ်မီးမထိုင်နေဟှူ တောန်ခွန်နစ်လောင်းဖြစ်ဘီး မန်းဂီးခွန်နစ်ပါးလည်း ဖြစ်ဟှယ်။ 10 ငါးပါးဟှာ က္လဆောင်းဟှားဘီ။ တပါးဟှာ ခုရှိဟှယ်။ ကျန်ဟှူတပါးဟှာ ပေါ်သေးဟှ။ ပေါ်လာဟှူ ခီမာလည်း ရှစ်ဟှားဘဲ ခံလေ့မယ်။ 11 ရင်ဟှရှိဘီး ခုမှေ့ဘဲဟှူ သားရဲတကောန်ဟှာ အဋ္ဌမ မန်းဂီးဖြစ်ဟှယ်။ သူဟှာ အယ်ခွန်နစ်ပါးထဲမာ တပါးလည်းဖြစ်ဘီး ဖျစ်ဆီးရှင်းဟှို ခံရလေ့မယ်။
12 “နန်ဗြင်ရဟှူ ချိုဆယ်ရှောန်းဟှာ တိုင်းနိုင်ငံဟှို ရသေးဘဲဟှူ မန်းဂီးဆယ်ပါး ဖြစ်ဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ သားရဲ တကောန်နတူဒူး မန်းဂီးလေမျိုး ခွမ့်အာဏာဟှို ရရာတိုင်း တိုဟှူ ခီကာလတခုမာ အောက်စိုးရဂေ့လေ့မယ်။ 13 အယ်မန်းဂီးလေဟှာ တလောင်းတဝဒဲ ရှိဂေ့ဘီး သူးနို့လေရဲ့ တဂိုးလေဟှို သားရဲဟှို အပ်ဂေ့လေ့မယ်။ 14 သူးနို့ဟှာ သိုးသားဂန်းဟှားန စစ်တိုက်ဂေ့လေ့မယ်။ အယ်ဘေမဲ့ သိုးသားဂန်းဟှားဟှာ သူးနို့ဟှို နိုင်ရလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ သခင်လေရဲ့ သခင်၊ မန်းဂီးလေရဲ့ မန်းဂီး ဖြစ်တော်မူဟှယ်။ ကိုယ်တော်န တူဒူးရှိနေဟှူ သူလေဟှလည်း ကိုယ်တော်ခေါ်ယူဘီး ဝီးကော့‑က်ခံရဟှူ သူလေန သစ်စာရှိဟှူ သူလေဖြစ်ဂေ့ဟှယ်” ဆိုဘီး ပြောဟှယ်။
15 အယ်ဘီးန အယ်ကောန်းဂန်တမန်ဟှာ နန်ဗြင်ရဟှူ ကောန်းဘဲဟှူမီးမ ထိုင်နေဟှူရေဟှာ တိုင်းနိုင်ငံလေ၊ ဘာသာစကားဘောန်းဇောင် ပြောဂေ့ဟှူ လူမျိုးလေန ပြည်သူပြည်သားလေ ဖြစ်ဂေ့ဟှယ်။ 16 နန်ဗြင်ရဟှူ ချိုဆယ်ရှောန်းန သားရဲလေဟှာ အယ်ကောန်းဘဲဟှူ မီးမဟှို မူးဘီး၊ သူ့ဟှို ပျစ်စီးစေဘီး သူ့ရဲ့ ဝတ်ဟှို ခလွတ်ပစ်ဂေ့ဘီး သူ့ရဲ့ သားဟှို ကိုက်စားဘီး သူ့ဟှို မီးရှို့ဂေ့လေ့မယ်။ 17 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ စကားတော်ဟှာ ပ္လဲ့ဇောင်ရှင်းဟှို ရော့‑က်ဟှို့ထိ သူးနို့ဟှာ တလောင်းတဝဒဲ ဖြစ်ဘီး သူးနို့ရဲ့ နိုင်ငံလေဟှို သားရဲတကောန်ရဲ့ လတ်ထဲဟှို အပ်လိုက်ရှင်းအားဖြင့် ဘုရားသခင်ရဲ့ ကြံစည်တိုင်း သူးနို့ရဲ့ စိနှလောင်းထဲဟှို ထဲ့သွမ်းလိုက်ဟှယ်။
18 “နန်ဗြင်ရဟှူ မီးမဟှာ ကမ္ဘာလောကရဲ့ မန်းဂီးလေဟှို အောက်စိုးဟှူဗြို့ဂီး ဖြစ်ဟှယ်” ဆိုဘီး ငါဟှို ပြောဟှယ်။
+ 17:3 ဗျာ ၁၃.၁ + 17:8 ဗျာ ၁၁.၇