13
ပန်လယ်ထဲဟှ တတ်လာဟှူသားရဲ
1 အယ်ဘီးန ချိုဆယ်ရှောန်းန ခေါန်းခွန်နစ်လောင်းရှိဟှူ သားရဲတကောန်ဟှာ ပန်လယ်ထဲဟှ တတ်လာဇာဟှို ငါဗြင်ရဟှယ်။ အယ်ချိုလေထတ်မာ သရဖူဆယ်ခုရှိဘီး သူ့ရဲ့ ခေါန်းတလောင်းစီမာ ဘုရားသခင်ဟှို စော်ကားတတ်ဟှူ နာမယ်လေရှိဟှယ်။
2 ငါဗြင်ရဟှူ အယ်သားရဲဟှာ က္လားသစ်တကောန်နတူဟှယ်။ သူ့ရဲ့ ခေဟှာ ဝပ်ဝံခေမျိုးဖြစ်ဘီး သူ့ရဲ့ ဇပ်ပေါ့‑က်ဟှာ ခြင်္သေ့ဇပ်ပေါ့‑က်မျိုး ဖြစ်ဟှယ်။ နဂါးဟှာ သူ့ရဲ့ တဂိုးလေ၊ ပလ္လင်လေ ရရာတိုင်းကီးဟှူ ခွမ့်အာဏာလေဟှို သူ့ဟှို ပေးလေဟှယ်။
3 အယ်သားရဲရဲ့ ခေါန်းတလောင်းဟှာ သေအောန်သတ်ခံရဟှူမျိုး ဖြစ်ဘေမဲ့ သေစေတတ်ဟှူ နာပျော့‑က်ဟှားလေဟှယ်။ အယ်ခီမာ တကမ္ဘာလောင်းဟှာ အံ့ဩဘီး အယ်သားရဲနော့‑က်ဟှို လိုက်ဂေ့ဟှယ်။
4 နဂါးတကောန်ဟှာ သားရဲဟှို ခွမ့်အာဏာပေးဟှူကြောန့် သူးနို့ဟှာ နဂါးဟှို ကိုးကွယ်ဂေ့ဟှယ်။ သူးနို့ဟှ “ဖယ်သူဟှာ သားရဲနတူနူး။ ဖယ်သူဟှ သူဟှို တိုက်နိုင်ဟှို့နူး” ဆိုဘီး သားရဲဟှိုလည် ကိုးကွယ်ဂေ့ဟှယ်။
5 အယ်သားရဲဟှာ ရရာတိုင်းကြွားဘီး ဘုရားသခင်ဟှို စော်ကားတတ်ဟှူ ဇာတ်ပေါ့‑က်ရှိဘီး လေးဆယ့်နှေ့လ လောင်းလောင်း အောက်စိုးဟှူခွမ့်ဟှို ရဟှားဟှယ်။
6 အယ်ခီမာ သူ့ရဲ့ ဇာတ်ပေါ့‑က်ဟှို ဖွမ့်ဘီး ဘုရားသခင်ဟှို စော်ကားဟှူ စကားဟှိုပြောဘီး ကိုယ်တော်ရဲ့ နာမတော်ဟှိုရော၊ ကိုယ်တော်ရဲ့ တဲတော်ဟှိုရော၊ ကောန်းဂန်ဘောင်မာ စံမြန်းဟှူ သူလေဟှိုရော ပြစ်မှားဘီး ပြောဟှယ်။
7 သူဟှာ သန့်ရှင်းဟှူသူလေဟှို စစ်တိုက်ဘီး အောန်နိုင်ဟှားဟှူကြောန့် မျိုးနွယ်စုလေ၊ လူမျိုးလေ၊ ဘာသာစကားန တိုင်းနိုင်ငံတိုင်းမာရှိဟှူ လူလေဟှို အောက်စိုးဟှူ ခွမ့်ဟှိုလည်း ရဂေ့ဟှယ်။
8 သေသတ်ရှင်းဟှို ခံရဟှူ သိုးသားဂန်းဟှားရဲ့ သတ်စာစောန်မာ ကမ္ဘာဦးဟှနေစဘီး နာမယ်ရေးဟှားဘဲဟှူ၊ မ္လေဂီးထတ်မာ နေဂေ့ဟှူသူလေ ဂူလောင်းဟှာ အယ်သားရဲဟှို ကိုးကွယ်ဂေ့လေဟှယ်။
9 “နားရှိဟှူသူလေ ကြားပါစေ။
10 ဖမ်းခံရဟှူသူဟှာ ဖမ်းခံရဟှို့ဘဲ ဖြစ်ဟှယ်။ ထားနသတ်ခံရဟှူသူဟှာ ထားနသတ်ခံရဟှို့ဘဲ ဖြစ်ဟှယ်။ အယ်နေရာမာ သန့်ရှင်းသူလေရဲ့ သီးခံရှင်းန သစ်စာစောန့်ရှင်းလေ ရှိဂေ့ဟှယ်။”
11 အယ်ဘီးန မ္လေဂီးထဲဟှ ထွပ်လာဟှူ တခြားသားရဲတကောန်ဟှို ငါဗြင်ရဟှယ်။ သူဟှာ သိုးသားဂန်းဟှားရဲ့ ချိုနတူဟှူ ချိုနှေ့ရှောန်းရှိဘီး နဂါးမျိုးဘဲ့ စကားပြောဟှယ်။
12 အယ်သားရဲဟှာ ပထမသားရဲရဲ့ တဂိုးရှိမျှဟှို သူ့ရဲ့ရှေ့မာသောင်းဘီး သေတတ်ဟှူ၊ နာပျော့‑က်ဟှားဟှူ ပထမသားရဲတကောန်ဟှို မ္လေဂီးထတ်မာ နေဂေ့ဟှူ သူလေဟှာ ကိုးကွယ်ဟှို့တွပ် လောက်ဟှယ်။
13 ရရာတိုင်းကီးဟှူ နိမိတ်လတ်ခဏာလေဟှို လောက်ဘီး လူလေရှေ့မာ ကောန်းဂန်ဟှနေ မ္လေဂီးထတ်ဟှို မီးဟှိုက္လစေဟှယ်။
14 သူဟှာ ပထမသားရဲတကောန်ရှေ့မာ လောက်ခွမ့်ရဟှားဟှူ နိမိတ်လတ်ခဏာလေန မ္လေဂီးထတ်မာနေဂေ့ဟှူ သူလေဂူလောင်းဟှို လှည့်ဖြားဘီး ထားဒန်ရာရဘေမဲ့ သေဘဲနသတ်ရှင်နေဟှူ သားရဲရဲ့ရောက်ထုဟှို လောက်ဟှို့တွပ် မ္လေဂီးထတ်မာ နေဂေ့ဟှူသူလေဟှို လောက်ခိုင်းဟှယ်။
15 သားရဲရဲ့ ရောက်ထုဟှာ စကားပြောနိုင်ဟှို့တွပ်န သားရဲရဲ့ရောက်ထုဟှို ကိုးကွယ်ဘဲဟှူသူ ရှိမျှဟှို သတ်နိုင်ဟှို့တွပ်ရော၊ သားရဲရဲ့ရောက်ထုဟှို သတ်သွမ်းပေးနိုင်ဟှူခွမ့်ဟှို ရလေဟှယ်။
16 လူဂီးရော၊ လူငယ်ရော၊ ကြွယ်ဝဟှူသူရော၊ ဆင်းရဲဟှူသူရော၊ လွတ်လတ်ဟှူသူရော၊ ကျွန်ဖြစ်ဟှူသူရော၊ လူလေ ဂူလောင်းဟှို သူးနို့ရဲ့ ညာလတ်မာရော၊ ဖူးထတ်မာရော ဇိခတ်ခိုင်းဘီး
17 သားရဲရဲ့နာမယ် အယ်မျိုးမှုဘဲနေဟှာ ကိုယ်စားပြုဟှူ ဂဏန်းဟှို ဇိခတ်ရှင်း မှေ့ဘဲဟှူသူဟှို ရောန်းဝယ်လောက်ဘဲဟှို့တွပ် စီရင်ဟှားဟှယ်။
18 အယ်နေရာမာ ဉာဏ်ပညာရှိဟှို့တွပ် လိုအပ်ဟှယ်။ ထိုးထွင်းဟှူ ဉာဏ်ရှိဟှူသူဟှာ သားရဲရဲ့ ကိန်းဂဏန်းဟှို တွပ်ချစ်ပါစေ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ဇာဟှာ လူတယော့‑က်ရဲ့ ကိန်းဂဏန်းဖြစ်ဘီး အယ်ကိန်းဂဏန်းဟှာ ၆၆၆ ဖြစ်ဟှယ်။