12
မီးမန နဂါးဂီး
1 အယ်ဘီးန ကောန်းဂန်မာ ရရာတိုင်း ကီးဟှူ နိမိတ်လတ်ခဏာ တွိရဟှယ်။ မီးမတယော့‑က်ဟှာ နေဟှို ဝတ်ဘီး လဟှို ခေအော့‑က်မာ နန်းဟှားဘီး ခေါန်းထတ်မာ ကြယ်ဆယ့်နှေ့လောင်းပါဟှူ သရဖူဟှို ဆောန်းဟှားဟှယ်။
2 အယ်မီးမဟှာ ဗိုက်ပိုက်နေဘီး သားမွီးဟှူ ဝေဒနာကြောန့် အော်ဘီး သားမွီးဟှို့တွပ် ရရာတိုင်း ခံစားနေရဟှယ်။
3 ကောန်းဂန်မာ တခြား နိမိတ်လတ်ခဏာဟှို ဗြင်ရဟှယ်။ ခေါန်းခွန်နစ်လောင်းန ချိုဆယ်ရှောန်းရှိဘီး သူ့ရဲ့ ခေါန်းထတ်မာ သရဖူ ခွန်နစ်ခုဟှို ဆောန်းဟှားဘီး နီရဲနေဟှူ နဂါးဂီး တကောန်ရှိဟှယ်။
4 သူ့ရဲ့ ဗွီးဟှာ ကောန်းဂန်မာ ရှိဟှူကြယ် သောင်းစုတစုဟှို ဆွဲဘီး မ္လေဂီးထတ်ဟှို ပစ်ခ္လလိုက်ဟှယ်။ နဂါးဟှာ သားမွီးခါနီး ဖြစ်နေဟှူ မီးမရှေ့မာရပ်ဘီး သားမွီးဟှူ ခီမာ သူ့ရဲ့သားဟှို မျိုဟှို့တွပ် စောန့်နေဟှယ်။
5 အယ်မီးမဟှာ လူမျိုးဘောန်းဇောင်ဟှို သံလှံတံန အောက်စိုးရဟှူ ယော့‑က်ကျားသားဟှို မွီးဟှယ်။ အယ်သားဟှာ ဘုရားသခင်နားဟှိုရော၊ ပလ္လင်နားဟှိုရော၊ ခီဆောန်ရှင်းဟှို ခံရဟှယ်။
6 အယ်မီးမဟှလည်း တောကန္တရထဲဟှို ထွပ်ပ္လေးရဟှယ်။ အယ်တောထဲမာ ရစ်ပေါန်း ၁,၂၆၀ လောင်းလောင်း သူ့ဟှို ကေ့ဘီး စောန့်ရှော့‑က်ဟှို့တွပ် ဘုရားသခင် ပြင်ဆင်ဟှားဟှူ နေရာ တနေရာ ရှိဟှယ်။
7 အယ်ဘီးန ကောန်းဂန်မာ စစ်ဖြစ်ဟှယ်။ မိက္ခေလန သူ့ရဲ့ ကောန်းဂန်တမန်လေဟှာ နဂါးဟှို တိုက်ဂေ့ဟှယ်။ နဂါးနသူရဲ့ စေတမန်လေဟှာ ပ္လန်ဘီးတိုက်ဂေ့ဟှူ ခီမာ
8 နိုင်ဂေ့ဟှ။ ကောန်းဂန်မာလည်း သူးနို့တွပ်နေရာ မှေ့ဟှမ်း။
9 အယ်ခီမာ တကမ္ဘာလောင်းဟှို လှည့်ဇားဘီး စာတန်မာရ်နတ် နာမယ်ရှိဟှူ ရှေးဗွီဟောန်းဖြစ်ဟှူ နဂါးဂီးဟှို မ္လေဂီးထတ်ဟှို ပစ်ခ္လရှင်းဟှို ခံရဟှယ်။ သူ့နတူးဒူ သူ့ရဲ့ စေတမန်လေဟှလည်း ပစ်ခ္လရှင်းဟှို ခံရဂေ့ဟှယ်။
10 အယ်ဘီးန ကောန်းဂန်ဘောင်မာ ရရာတိုင်း က္လယ်ဟှူသံဟှ “နို့လေဘုရားသခင်ရဲ့ ကယ်တန်ရှင်း၊ တဂိုး၊ နိုင်ငံတော်န ခရစ်တော်မာရှိဟှူ အာဏာစစ်လေဟှာ ခုပေါ်လေဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေရဲ့ ညီကိုလေဟှို စွပ်စွဲဟှူသူဖြစ်ဟှူ နို့လေရဲ့ ဘုရားသခင်ရှေ့မာ နေရောညဉ့်ရော သူးနို့ဟှို စွပ်စွဲဟှူ သူဟှာ ပစ်ခ္လရှင်းဟှို ခံရလေဟှယ်။
11 ညီကို မောန်နှမလေဟှာ သိုးသားဂန်းဟှားရဲ့ သွီးတော်အားဖြင့်ရော၊ ကိုယ့်ကိုယ်ကိုယ် သတ်သေခံဟှူ စကားတော်အားဖြင့်ရော သူ့ဟှို အောန်နိုင်ဂေ့ဟှယ်။ သူးနို့ဟှာ သေခံရအောန်ထိ သူးနို့ရဲ့ သတ်ဟှို ဗြောဂေ့ဟှ။
12 အယ်ကြောန့် ကောန်းဂန်ဘောင်န ကောန်းဂန်ဘောင်မာ စံမြန်းဟှူ သူလေ ရရာတိုင်း ဝန်းသာဂေ့ပါ။ မ္လေဂီးန ပန်လယ်လေဟှာ အမင်္ဂလာရှိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ မာရ်နတ်ရဲ့ခီဟှာ ရှစ်ဟှားဘဲရှိဟှူ ကြောန်းဟှို သိဟှူကြောန့် ရရာတိုင်း ဒေါသန နန်းနို့နားဟှို ဆင်းလာဘီ” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
13 နဂါးဟှာ မ္လေဂီးထတ်ဟှို ပစ်ခ္လခံရရှင်းဟှို သိဟှူ ခီမာ ယော့‑က်ကျားသားဟှို မွီးဟှူ မီးမဟှို ရှာဘီးဟှာ ညှဉ်းဆဲလေဟှယ်။
14 အယ်ဘေမဲ့ အယ်မီးမဟှာ တောကန္တာရထဲမာ ရှိဟှူ သူ့ရဲ့ နေရာဟှို ပ္လန်ဘီး သွားနိုင်ဟှို့တွပ် ရရာတိုင်း ကီးဟှူ လင်းယောင်ရဲ့ တောန်နှေ့ခုဟှို ရဟှားဟှယ်။ သူဟှာ အယ်နေရာမာ ဗွီလတ်ဟှနေ လွတ်ဟှို့တွပ် သောင်းနှစ်ခွဲ လောင်းလောင်း ပြုစုစောန့်ရှော့‑က်ရှင်းဟှို ခံရဟှယ်။
15 ဗွီဟှာ အယ်မီးမဟှို ရေန မျောပါဟှို့တွပ် သူ့ရဲ့ ဇပ်ပေါ့‑က်ထဲဟှနေ ရေဟှို မ္လစ်ရေစီးမျိုး သူ့ရဲ့ ဇပ်ပေါ့‑က်ထဲဟှ မှုထုလိုက်ဟှယ်။
16 အယ်ဘေမဲ့ မ္လေဂီးဟှာ အယ်မီးမဟှို ကူညီပေးဟှယ်။ မ္လေဂီးဟှာ သူ့ရဲ့ ဇပ်ပေါ့‑က်ဟှို ဖွမ့်ဘီး နဂါးရဲ့ ဇပ်ပေါ့‑က်ထဲဟှ မှုထုလိုက်ဟှူ မ္လစ်ရေဟှို မျိုခ္လလိုက်ဟှယ်။
17 အယ်ခီမာ နဂါးဟှာ အယ်မီးမဟှို ဒေါသထွပ်ဘီး ဘုရားသခင်ရဲ့ ပညတ်တော်လေဟှို စောန့်ထီးဟှူ သူလေန ယေရှုန ဆိုင်ဟှူ၊ သတ်သေခံချစ်လေဟှို ရဟှားဟှူ သူလေ ဖြစ်ဂေ့ဟှူ၊ အယ်မီးမရဲ့ မျိုးနွယ်ထဲဟှ ကျန်နေဟှူ သူလေဟှို စစ်တိုက်ဟှို့တွပ် ထွပ်ဟှားဘီး၊
18 နဂါးဟှာ ပန်လယ်ရဲ့ သဲပ္လန်မာ ရပ်နေဟှယ်။