10
ထိုနောက် အမ္မုန် ရှင် ဘုရင်သည် သေ သား တော်ဟာနုန် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။ ဒါဝိဒ် ကလည်းဟာနုန် အဘ နာဟတ် သည် ငါ့ အား ကျေးဇူး ပြု သောကြောင့်သူ၏သား ငါကျေးဇူး ပြု မည်ဟုဆို လျက်သူ ၏အဘ သေရာတွင် နှစ်သိမ့် စေခြင်းငှါ ကျွန် တို့ကို စေလွှတ် ဒါဝိဒ် ၏ကျွန် တို့သည် အမ္မုန် ပြည် သို့ရောက် ကြ၏။ အမ္မုန် အမျိုး မှူးမတ် တို့သည် မိမိ တို့အရှင် ဟာနုန် ထံသို့ ဝင်၍၊ ဒါဝိဒ် သည် စိတ်တော်ကို နှစ်သိမ့် စေ သောသူတို့ ကိုစေလွှတ် ရာတွင် ခမည်းတော် ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့ တော်ကိုစစ်ဆေး စူးစမ်း ဖျက်ဆီး ခြင်းငှာ သာသူ ၏ကျွန် တို့ကိုစေလွှတ် သည် မ ဟုတ်လော ဟု လျှောက် ကြသော် ဟာနုန် သည် ဒါဝိဒ် ၏ကျွန် တို့ကို ယူ ပြီးလျှင်မုတ်ဆိတ် တခြမ်း ကိုရိတ် အဝတ် ကိုတင်ပါး တိုင်အောင် ဖြတ် ပြီးမှ လွှတ်လိုက် လေ၏။ ထိုသိတင်းကို ဒါဝိဒ် သည်ကြား သောအခါထိုလူ တို့သည် အလွန် ရှက် သောကြောင့် သူ တို့ကို ဆီးကြို စေခြင်းငှါ စေလွှတ် သင် တို့သည် မုတ်ဆိတ် ရှည် မှီတိုင်အောင်ယေရိခေါ မြို့မှာ နေ ကြလော့။ ထိုနောက် မှပြန် လာကြလော့ဟု မှာ ထားတော်မူ၏။ အမ္မုန် အမျိုးသား တို့က၊ ငါတို့သည်ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင်လူကို စေလွှတ် ၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသောရှုရိ လူခြေသည် သူရဲနှစ် သောင်း၊ မာခ မင်းကြီး ၏ လူ တထောင်တောဘ မြို့သား တသောင်း နှစ်ထောင်တို့ကို ငှား ကြ၏။ ထိုသိတင်းကို ဒါဝိဒ် သည်ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသောသူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။ အမ္မုန် အမျိုးသား တို့သည် ထွက် မြို့တံခါးဝ မှာ စစ် ခင်းကျင်း ကြ၏။ ဇောဘမြို့၊ ရဟောဘ မြို့၊ တောဘ မြို့မှလာသော ရှုရိ လူနှင့် မာခါ မင်းကြီး၏ လူတို့သည် လွင်ပြင် တခြားစီ နေကြ၏။ ယွာဘ သည်လည်းရှေ့ ၌၎င်းနောက် ၎င်း စစ် မျက်နှာ နှစ်ဘက်ရှိ သည်ကို မြင် လျှင်၊ ဣသရေလ လူတို့ တွင် သန်မြန်သောသူရှိသမျှ တို့ကို ရွေးကောက် ၍ ရှုရိ လူ တို့ တဘက်၌စစ်ခင်းကျင်း ၏။ 10  ကြွင်း သောသူတို့ကို အမ္မုန် အမျိုးသား တို့တစ်ဘက်၌ စစ်ခင်းကျင်း စေခြင်းငှါညီ အဘိရှဲ လက် သို့ အပ် လျက် 11  ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။ 12  ရဲရင့် သောစိတ်ရှိ၍ ငါ တို့လူမျိုးငါ တို့ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလိုတော်ရှိသည် အတိုင်းစီရင် တော်မူ စေသတည်းဟု ဆို ပြီးမှ 13  သူ ပါသော လူများနှင့်တကွရှုရိ လူတို့ကို စစ်တိုက် ခြင်းငှါ ချဉ်း သွားသောအခါရှုရိလူတို့သည် ပြေး ကြ၏။ 14  ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင်သူတို့သည်လည်း အဘိရှဲ ရှေ့ မှာပြေး မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း အမ္မုန် ပြည်မှ ထွက် ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။ 15  ရှုရိ လူတို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် တဖန် စည်းဝေး ကြ၏။ 16  ဟာဒဒေဇာ မင်းသည်လည်း စေလွှတ် မြစ် တစ်ဘက် နေသော ရှုရိ လူတို့ကိုခေါ် သဖြင့်သူတို့သည် ဟေလံ မြို့သို့ရောက် လာကြ၏။ ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ် မင်းရှောဗက် သည်လည်း အုပ်ရ၏။ 17  ထိုသိတင်းကိုကြား လျှင်ဒါဝိဒ်သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ယော်ဒန် မြစ် ကို ကူး သဖြင့် ဟေလံ မြို့သို့ ရောက် လေ၏။ ရှုရိ လူတို့သည် ဒါဝိဒ် တစ်ဘက်၌ စစ်ခင်းကျင်း တိုက် သောအခါ 18  ဣသရေလ အမျိုးသားရှေ့ မှာ ပြေး ကြ၏။ ဒါဝိဒ် သည်လည်း ရှုရိ မြင်း ရထားစီးသူရဲခုနစ် ထောင်၊ ခြေသည်သူရဲလေးသောင်း တို့ကိုသတ် ဗိုလ်ချုပ် မင်းရှောဗက် ကိုလည်း ထိခိုက် သဖြင့် သူသည် ထို အရပ်၌ သေ ၏။ 19  ဟာဒဒေဇာ ၌ ကျွန် ခံသောမင်းကြီး အပေါင်း တို့သည် ဣသရေလ အမျိုးရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင်၊ ဣသရေလ အမျိုးနှင့် မိဿဟာယ ဖွဲ့၍ ကျွန် ခံကြ၏။ ထိုသို့ ရှုရိ လူတို့သည် နောက် တဖန် အမ္မုန် အမျိုးသား တို့ကို စစ်မ ကူ ဝံ့ကြ။