11
အခါလည်၍ ရှင် ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါဒါဝိဒ် သည် ယွာဘ နှင့် ကျွန် များ၊ ဣသရေလ အမျိုးသားများအပေါင်း တို့ကို စေလွှတ် သဖြင့်သူတို့သည် အမ္မုန် အမျိုးသား တို့ကို တိုက်ဖျက် ရဗ္ဗာ မြို့ကို ဝိုင်းထား ကြ၏။ ဒါဝိဒ် သည် ကိုယ်တိုင်ယေရုရှလင် မြို့၌ နေ လေ၏။ နောက်တနေ့ညဦးယံ ဒါဝိဒ် သည် လျောင်းစက် ရာမှ နန်း တော်မိုး ပေါ် မှာ စင်္ကြံ သွားစဉ်တွင်၊ အလွန် အဆင်း လှ သောမိန်းမ တယောက်ရေချိုး သည်ကို မြင် တော်မူ၏။ ထို မိန်းမ ကား အဘယ်သူနည်းဟုစေလွှတ် မေးမြန်း လျှင်ဧလျံ သမီးဟိတ္တိ လူဥရိယ ၏မယား ဗာသရှေဘ ဖြစ်ပါသည်ဟု လျှောက် လေ၏။ တဖန် လူ ကိုစေလွှတ် သဖြင့်ထိုမိန်းမကို အထံ တော်သို့ ခေါ် ခဲ့၍ ရှက်တင် လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေး နှင့် စင်ကြယ် အောင်ပြု၍ မိမိ အိမ် သို့ ပြန် ပြီးမှ ပဋိသန္ဓေ ရှိသဖြင့် ဒါဝိဒ် ထံသို့ လူကိုစေလွှတ် ကျွန်မ ၌ ပဋိသန္ဓေ ရှိပါ၏ဟု လျှောက် စေသော် ဒါဝိဒ် သည် ယွာဘ ဆီသို့ လူကိုစေလွှတ် ဟိတ္တိ လူ ဥရိယ ကို ငါ့ ထံသို့ စေလွှတ် ရမည်ဟု မှာလိုက်သည် အတိုင်းယွာဘ သည်စေလွှတ် ၍၊ ဥရိယ ရောက် လာသောအခါ ဒါဝိဒ် က၊ ယွာဘ ကျန်းမာ ၏လော။ လူ များကျန်းမာ ၏လော။ စစ်တိုက် ၍ အောင်မြင် သလောဟုမေးမြန်း ပြီးမှ သင့် အိမ် သို့ သွား ခြေ ဆေး လော့ဟု မိန့် တော်မူသည်အတိုင်းဥရိယ သည် နန်း တော်မှ ထွက် သူ နောက်မှ ခဲဘွယ် စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။ သို့ရာတွင် ဥရိယ သည်မိမိ အိမ် သို့ သွား ဘဲ၊ မိမိ အရှင် ၏ကျွန် အပေါင်း တို့နှင့်အတူ နန်း တော်တံခါးဝ ၌ အိပ် လေ၏။ 10  ဥရိယ သည် မိမိ အိမ် သို့ သွား ကြောင်းကို နားတော်လျှောက် လျှင် ဒါဝိဒ် က၊ သင်သည်ခရီး သွားရာမှ ရောက် လာသည်မ ဟုတ်လော။ သင့် အိမ် သို့ အဘယ်ကြောင့် သွား ဘဲနေသနည်းဟု ဥရိယ ကို မေး သော် 11  ဥရိယ က၊ သေတ္တာ တော်နှင့် ဣသရေလ အမျိုး၊ ယုဒ အမျိုးသားတို့သည် တဲ နေ ကြပါ၏။ သခင် ယွာဘ နှင့် သခင် ၏ကျွန် များတို့သည် လွင်ပြင် တည်း ရကြပါ၏။ ကျွန်တော် သည် ကိုယ် အိမ် သို့ သွား ၍ စား သောက် လျက် မယား နှင့် ပျော်မွေ့ လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်းထိုသို့ ကျွန်တော်မ ပြု ပါဟု ဒါဝိဒ် အား လျှောက် လေ၏။ 12  ဒါဝိဒ် ကလည်း မြို့၌ ယနေ့ နေ ဦးလော့။ နက်ဖြန် နေ့ ငါလွှတ်လိုက် မည်ဟုမိန့် တော်မူသည်အတိုင်းဥရိယ သည်ထို နေ့၊ နက်ဖြန် နေ့၊ ယေရုရှလင် မြို့၌ နေ ၏။ 13  ဒါဝိဒ် သည်လည်း ဥရိယကိုခေါ် ရှေ့ တော်၌ စား သောက် လျက် ယစ်မူး သည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦး မှာ မိမိ အိမ် သို့ သွား ဘဲ၊ အရှင် ၏ ကျွန် တို့နှင့်အတူ အိပ် ခြင်းငှါ ထွက်သွား လေ၏။ 14  နံနက် မှာ ဒါဝိဒ် သည် မှာစာ ကိုရေး ဥရိယ လက် တွင် ယွာဘ သို့ ပေးလိုက် ၏။ 15  မှာစာချက် ဟူမူကားကျပ်တည်း စွာစစ်တိုက် ရာ တပ်ဦး ဥရိယ ကို ခန့်ထား ပြီးမှသူသည် ရန်သူလက် သို့ ရောက်၍ သေ စေခြင်းငှါ တပ်များကို ရုပ်သိမ်း လော့ဟု ပါသတည်း။ 16  အမိန့်တော်အတိုင်း ယွာဘ သည်မြို့ ကို ကြည့်ရှု ပြီးမှခွန်အား ကြီးသော သူရဲ ရှိရာ အရပ် ဥရိယ ကို ခန့်ထား လေ၏။ 17  မြို့သား တို့သည် ထွက် ယွာဘ နှင့် စစ် ပြိုင်သောအခါဒါဝိဒ် ၏ကျွန် အချို့တို့သည် သေ ကြ၏။ ဟိတ္တိ လူဥရိယ သည်လည်း သေ ၏။ 18  ထိုနောက် ယွာဘ သည် စစ် သိတင်း အလုံးစုံ ကို ဒါဝိဒ် အား ကြား လျှောက်စေခြင်းငှါလူကိုခေါ်၍၊ 19  သင် သည်ရှင်ဘုရင် ထံ တော်၌ စစ် သိတင်း ကို အကုန်အစင် ကြား လျှောက် ပြီးလျှင် 20  ရှင် ဘုရင်သည် အမျက် တော်ထွက် သင်တို့သည် စစ် ပြိုင်သောအခါ၊ မြို့ အနီးသို့ အဘယ်ကြောင့် ချဉ်းကပ် ကြသနည်း။ မြို့ရိုး ပေါ် က ပစ် မည်ကို သိ လော။ 21  ယေရုဗ္ဗေရှက် သား အဘိမလက် ကို အဘယ်သူ လုပ်ကြံ သနည်း။ သေဗက် မြို့မှာ မိန်းမ တယောက်သည် ကြိတ်ဆုံ ကျောက်တဖဲ့ ကို မြို့ရိုး ပေါ် က ပစ်ချ အဘိမလက်သေ သည်မ ဟုတ်လော။ မြို့ရိုး အနီးသို့ အဘယ်ကြောင့် ချဉ်းကပ် ကြသနည်းဟု မိန့် တော်မူလျှင်ကိုယ်တော် ၏ ကျွန် ဟိတ္တိ လူ၊ ဥရိယ သေ ကြောင်းကို လျှောက် ရမည် ဟု မှာထား ၍ စေလွှတ်လေ၏။ 22  ယွာဘ မှာထားသည်အတိုင်း ထိုတမန် သည် သွား ဒါဝိဒ် အား ကြားလျှောက် သည်ကား၊ 23  ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော် တို့ကို နိုင် သဖြင့်လွင်ပြင် တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝ တိုင်အောင် လှန်၍ တိုက်ကြပါ၏။ 24  လေးသမားတို့သည် မြို့ရိုး ပေါ် က ကိုယ်တော် ကျွန် တို့ကို ပစ် ကိုယ်တော်ကျွန် အချို့သေ ကြပါ၏။ ကိုယ်တော် ကျွန် ဟိတ္တိ လူ၊ ဥရိယ သည်လည်း သေ ပါ၏ဟု လျှောက် လျှင် 25  ဒါဝိဒ် ကလည်း အမှုကြောင့် စိတ် ပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ ကို ကျပ်တည်း စွာ တိုက် လျက် လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန် အားဖြင့်ယွာဘ ကို မှာလိုက် လေ၏။ 26  ဥရိယ သေ ကြောင်း ကို သူ၏မယား ကြား သောအခါခင်ပွန်း ကြောင့် ငိုကြွေး မြည်တမ်းလျက် နေ၏။ 27  ငိုကြွေး မြည်တမ်းချိန် လွန် မှ၊ ဒါဝိဒ် သည် လူကို စေလွှတ် ၍ ထိုမိန်းမကို နန်း တော်သို့ ခေါ် စေသဖြင့်သူသည် မိဖုရား အဖြစ် သို့ ရောက်၍ သား ယောက်ျားကို ဘွားမြင် လေ၏။ သို့ရာတွင် ဒါဝိဒ် ပြု သော အမှု သည် ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောအမှုဖြစ်သတည်း။