9
တဖန် ဒါဝိဒ် က၊ ငါသည် ယောနသန် အတွက် ကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါရှောလု အဆွေအမျိုး တစုံတယောက် ကျန်ကြွင်း သေး သလော ဟုမေး သော်၊ ဇိဘ အမည် ရှိသော ရှောလု ၏အဆွေအမျိုး နှင့်ဆိုင်သော ကျွန် တယောက်ကို အထံ တော်သို့သွင်း၍ ရှင် ဘုရင်က၊ သင် သည် ဇိဘ မှန်သလောဟုမေး လျှင်ကိုယ်တော် ကျွန် မှန်ပါသည်ဟု ပြန်လျှောက် လေ၏။ ရှင် ဘုရင်ကလည်းဘုရား သခင့်အလိုတော်အတိုင်း ငါကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါရှောလု အဆွေအမျိုး တစုံတယောက် မျှမ ရှိသလော ဟု မေး လျှင် ဇိဘ က၊ ယောနသန် ခြေဆွံ့ သောသား တယောက်ရှိပါသေး ၏ဟု လျှောက် သော်၊ ရှင် ဘုရင်က၊ သူ သည်အဘယ်မှာ ရှိသနည်းဟုမေး ပြန်လျှင်ဇိဘ က၊ လောဒေဗာ ရွာ၊ အမျေလ သား မာခိရ အိမ် ၌ ရှိ ပါသည်ဟု လျှောက် ၏။ ထိုအခါ ဒါဝိဒ် သည် စေလွှတ် ရှောလု ၏သား ဖြစ်သော ယောနသန် ၏သား မေဖိဗောရှက် ကို၊ လောဒေဗာ ရွာ၊ အမျေလ သား မာခိရ အိမ် မှ ခေါ် ခဲ့၍၊ သူသည်အထံ တော်သို့ ရောက် သောအခါ ပြပ်ဝပ် လျက် ရှိခိုး လေ၏။ ဒါဝိဒ် ကလည်းမေဖိဗောရှက် ဟုခေါ် လျှင်ကိုယ်တော် ကျွန် ရှိ ပါသည်ဟုလျှောက် လေ၏။ ဒါဝိဒ် ကလည်း စိုးရိမ် နှင့်။ သင် ၏အဘ ယောနသန် အတွက် ငါသည်သင် ဆက်ဆက်ကျေးဇူး ပြု မည်။ သင့် အဘို့ ရှောလု ပိုင်သမျှ သောမြေ ကို ငါပြန် ပေးမည်။ သင် သည် နေ့တိုင်း အစဉ်ငါ့ စားပွဲ စား ရမည်ဟုဆို သော်၊ မေဖိဗောရှက်က၊ ကျွန်တော် ကဲ့သို့ ဖြစ်ရသော ခွေး သေ ကောင်ကို ကိုယ်တော်ကြည့်ရှု ရမည်အကြောင်းကိုယ်တော် ကျွန် သည် အဘယ်သို့ သောသူဖြစ်ပါသနည်း ဟု ဦးချ ပြန်လျှောက် ၏။ ထိုအခါ ရှင် ဘုရင်သည် ရှောလု ၏ကျွန် ဇိဘ ကို ခေါ် ရှောလု နှင့် သူ ၏အဆွေအမျိုး များ ပိုင်ထိုက်သမျှ တို့ ကို သင့် သခင် ၏သား အား ငါပေး ပြီ။ 10  သင် သည်သင် ၏သား ကျွန် တို့နှင့်တကွ လယ် လုပ် သင့် သခင် ၏သား စားစရာ ဘို့ အသီးအနှံကို သွင်း ရမည်။ သို့ရာတွင် သင့် သခင် ၏သား မေဖိဗောရှက် သည် နေ့တိုင်း အစဉ် ငါ့ စားပွဲ အစာ စား ရမည်ဟု မိန့် တော်မူ၏။ ဇိဘ သား တဆယ် ငါး ယောက်နှင့် ကျွန် နှစ် ဆယ်ရှိ၏။ 11  ဇိဘ ကလည်းကျွန်တော် သခင် အရှင် မင်းကြီးသည် ကိုယ်တော် ကျွန် ကို မှာ ထားတော်မူသမျှ အတိုင်းကိုယ်တော် ကျွန် ပြု ပါမည်ဟု နားတော်လျှောက် ၏။ ထိုနောက်မေဖိဗောရှက် သည် ရှင်ဘုရင် ၏သားရင်း ကဲ့သို့ စားပွဲ တော်၌ အစာစား ရ၏။ 12  မေဖိဗောရှက် မိက္ခါ အမည် ရှိသောသား ငယ် တယောက်ရှိ၏။ ဇိဘ အိမ် ၌ နေ သောသူအပေါင်း တို့သည်လည်း မေဖိဗောရှက် ၏ ကျွန် ဖြစ်ကြ၏။ 13  ထိုသို့ မေဖိဗောရှက် သည် ယေရုရှလင် မြို့၌ နေ ရှင်ဘုရင် ၏စားပွဲ တော်၌ နေ့တိုင်း အစဉ်စား ရ၏။ ခြေ နှစ် ဘက်ဆွံ့ သောသူဖြစ်၏။