13
1 တဖန် ထာဝရဘုရား သည်၊ မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
2 လူ သည် ကိုယ် အရေ ၌ အဖူး ဖြစ်စေ ၊ ယားနာ ဖြစ်စေ ၊ နူကွက် ဖြစ်စေ၊ နူ သောလက္ခဏာပေါ် လျှင် ၊ ထိုသူကို ယဇ်ပုရောဟိတ် အာရုန် ထံ သို့ဖြစ်စေ ၊ သူ ၏သား ယဇ်ပုရောဟိတ် တစုံ တယောက်ထံ သို့ဖြစ်စေခေါ် ခဲ့ရမည်။
3 ယဇ် ပုရောဟိတ်သည်၊ ထိုသူ၏ အရေ ၌ ပေါ်သော အနာ ကို ကြည့်ရှုသောအခါ၊ အနာ ၌ ရှိသောအမွေး သည် ဖြူ လျှင် ၎င်း၊ အနာ သည် အရေ အောက်၌ စွဲဟန် ရှိလျှင်၎င်း နူနာ မှန်၏။ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ကြည့်ရှု ပြီးမှ ၊ မ စင်ကြယ်ဟု စီရင်ရမည်။
4 ကိုယ် အရေ ၌ ရှိသောနူကွက် သည် ဖြူ လျှင် ၎င်း၊ အရေ အောက်၌ စွဲဟန် မ ရှိ၊ အမွေး မ ဖြူ လျှင်၎င်း၊ ယဇ် ပုရောဟိတ်သည်၊ အနာ ရှိသောသူကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
5 သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာ သည် အရေ ၌ မ တိုးမလျော့နေလျှင် ၊ တဖန် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
6 တဖန် သတ္တမ နေ့ ၌ ကြည့်ရှု ၍ အနာ သည် အရေ ၌ မ တိုးပွား ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ယားနာသက်သက် ဖြစ်၏။ မိမိ အဝတ် ကို လျှော် ၍ စင်ကြယ် ရ၏။
7 စင်ကြယ် စေခြင်းငှါ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြီးမှ ၊ နောက်တဖန် ယားနာ တိုးပွား ပြန်လျှင် ၊ ယဇ် ပုရောဟိတ် ကြည့်ရှု ပြန်၍၊
8 ယားနာ တိုးပွား သည်ကိုမြင် သောအခါ ၊ ထိုသူ သည် မ စင်ကြယ်ဟု စီရင်ရမည်။ နူနာ ဖြစ်၏။
9 နူနာ စွဲသောသူ ကို ယဇ်ပုရောဟိတ် ထံ သို့ခေါ် ခဲ့ရမည်။
10 ယဇ်ပုရောဟိတ် ကြည့်ရှု ၍ ၊ အရေ ၌ ထ သော အဖူးနှင့်တကွ အမွေး သည် ဖြူ လျှင် ၎င်း၊ အဖူး ၌ အသား စို ရှိလျှင်၎င်း၊
11 ကိုယ် အရေ ၌ ဟောင်း သော နူနာ ဖြစ်၏။ ထိုသူသည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်၍ ချုပ် ထားသဖြင့် ၊ သူ သည် မ စင်ကြယ်ဘဲနေရမည်။
12 နူနာ သည် အရေ ၌ တိုးပွား ၍ အနာ စွဲသော သူတကိုယ်လုံး ၊ ခေါင်း ထိပ်မှ သည် ခြေဘဝါး တိုင်အောင် ၊ ယဇ်ပုရောဟိတ် ကြည့်ရှု လေရာရာ ၌ နူနာ နှံ့ပြား လျှင်၊
13 ထိုသို့ တကိုယ်လုံး အနာ နှံ့ပြား သောသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင် ၍ စီရင်ရမည်။ တကိုယ်လုံး ဖြူ သည်ဖြစ်၍စင်ကြယ် ၏။
14 သို့မဟုတ် အသား စို ပေါ် လျှင် မ စင်ကြယ်။
15 ယဇ် ပုရောဟိတ်သည် အသား စို ကို ကြည့်ရှု ၍ ထိုသူ သည် မ စင်ကြယ်ဟု စီရင်ရမည်။ အသား စို သည် မ စင်ကြယ်။ နူနာ အမှန်ဖြစ်၏။
16 အသား စို သည် ခြားနား ၍ ဖြူ ပြန်လျှင် ၊ ယဇ်ပုရောဟိတ် ထံ သို့တဖန် လာ ရမည်။
17 ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာ ဖြူ ပြန်သည်ကိုမြင် လျှင် ၊ ထိုအနာ ရှိသောသူ စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရသဖြင့် သူ သည် စင်ကြယ် ၏။
18 ကိုယ် အရေ ၌ အနာစိမ်း ဖြစ် ၍ ပျောက် ပြီးမှ၊
19 အနာ ရွတ်၌ ဖြူ သောအဖူး ဖြစ်စေ ၊ ဖြူ နီ သော အနူ ကွက်ဖြစ်စေ၊ ပေါ် လာသည်ကို ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍၊
20 အရေ အောက်၌ စွဲဟန် ရှိ၍ အမွေး ဖြူ လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ အနာစိမ်း ထဲက ထွက်သော နူနာ ဖြစ်၏။
21 ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ ဖြူ သောအမွေး မ ရှိ၊ အရေ အောက်၌ မ စွဲ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
22 အရေ ၌ တိုးပွား လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ ဖြစ်၏။
23 သို့မဟုတ် နူကွက် မ ရွေ့၊ မ တိုးပွား လျှင် အနာစိမ်း ရွတ် ဖြစ်၏။ ထိုသူ စင်ကြယ် ၏ဟု စီရင်ရမည်။
24 အရေ အသား ၌ မီး လောင် နာရှိ ၍ ၊ မီးလောင်နာ အသားစို၌ ဖြူ နီ သော နူကွက် ရှိ လျှင်၊
25 ယဇ် ပုရောဟိတ်သည် ကြည့်ရှု ရမည်။ နူကွက် အမွေး ဖြူ ၍ အရေ အောက်၌ စွဲဟန် ရှိလျှင် ၊ မီး လောင်နာ ထဲက ထွက် သော နူနာ ဖြစ်၏။ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ မှန်၏။
26 ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ နူကွက် ၌ ဖြူ သော အမွေး မ ရှိ၊ အရေ အောက်၌ မ စွဲ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
27 သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ နူကွက်သည် အရေ ၌ တိုးပွား လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ ဖြစ်၏။
28 သို့မဟုတ် နူကွက် မ ရွေ့ အရေ ၌ မ တိုးပွား ခပ်မည်းမည်း ဖြစ်လျှင် ၊ မီ လောင်နာ အဖူး ဖြစ်၏။ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မီး လောင်သော အနာရွတ် သက်သက်ဖြစ်၏။
29 ယောက်ျား မိန်းမ သည်လည်း ၊ ခေါင်း ၌ ဖြစ်စေ ၊ မေး ၌ ဖြစ်စေ၊ အနာ ပေါက်၍၊
30 ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ အရေ အောက်၌ စွဲဟန် နှင့်တကွ အမွေး ဝါဝါ ပါးပါး ရှိလျှင် ၊ ထိုသူ မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ခေါင်း ၌ဖြစ်စေ ၊ မေး ၌ဖြစ်စေ၊ ဗောက်နူနာ ဖြစ်၏။
31 ထိုအနာ ကို ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ အရေ အောက်၌ စွဲဟန် မ ရှိ၊ နက် သော အမွေး လည်း မ ရှိလျှင် ၊ ထိုအနာ ပေါက်သောသူကို၊ ယဇ် ပုရောဟိတ်သည် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
32 သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အနာ မ တိုးပွား ၊ ပါးသောအမွှေး မ ရှိ ၊ အရေ အောက်၌ စွဲဟန် လည်း မ ရှိလျှင်၊
33 ထိုသူ၏ အမွေးကိုရိတ် ရမည်။ အနာ အမွေးကိုကား မ ရိတ် ရ။ တဖန် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
34 သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အရေ ၌ အနာ မ တိုးပွါး ၊ အရေ အောက်၌ မ စွဲလျှင် ၊ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မိမိ အဝတ် ကို လျှော် ၍ စင်ကြယ် ရ၏။
35 စင်ကြယ် စေပြီးမှ ၊ နောက်တဖန် ဗောက်နူနာ တိုးပွါး လျှင်၊
36 ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြန်၍ အနာ တိုးပွါး သည်မှန်လျှင် ၊ ယဇ် ပုရောဟိတ်သည် ဝါ သောအမွေး ကို မ ရှာ ရ။ ထိုသူ သည် မ စင်ကြယ်။
37 သို့မဟုတ် ဗောက်နူနာ သည် ရပ် နေဟန်ရှိ၍ နက် သော အမွေး ပေါက် လျှင် ၊ အနာ ပျောက် ၍ ထိုသူ သည် စင်ကြယ် သောကြောင့် ၊ ယဇ် ပုရောဟိတ်က ထိုသူ သည် စင်ကြယ် ၏ဟု စီရင်ရမည်။
38 ယောက်ျား မိန်းမ သည်လည်း ၊ ကိုယ် အရေ ၌ ဖြူ သောနူကွက် ရှိ ၍၊
39 ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ မွဲ သောအဆင်းရှိလျှင်၊ အရေ ၌ ပေါက် သော ညှင်း ဖြစ်၏။ ထိုသူ သည် စင်ကြယ် ၏။
40 ဆံပင် ကျွတ် သောသူ သည်၊ ခေါင်းပြောင် သော်လည်း စင်ကြယ် ၏။
41 နဖူး ဆံ ကျွတ် သောသူ သည် နဖူးပြောင် သော်လည်းစင်ကြယ် ၏။
42 ပြောင် သောခေါင်း၌ ဖြစ်စေ ၊ ပြောင် သောနဖူး၌ ဖြစ်စေ၊ ဖြူ နီ သောအနာ ပေါက် လျှင် ၊ ထိုပြောင်ရာ၌ ပေါက်သော နူနာဖြစ်၏။
43 ထိုအခါ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ကိုယ် အရေ ၌ နူနာ ထင် သကဲ့သို့ ၊ ပြောင် ရာ၌ ပေါက်သော အနာ ၏အဖူး ဖြူ နီ လျှင်၊
44 ထိုသူ သည် မ စင်ကြယ်။ လူ နူ ဖြစ်၏။ ခေါင်း ၌ အနာ ပေါက်သောကြောင့်၊ အလျှင်းမ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။
45 နူနာ စွဲသောသူသည် စုတ် သော အဝတ် ကို ဝတ် ရမည်။ ခေါင်း ကို မ ဖုံး၊ အထက် နှုတ်ခမ်းကို ဖုံး လျက် ၊ မ စင်ကြယ်၊ မ စင်ကြယ်ဟု ဟစ်ကြော် ရမည်။
46 ထိုအနာ စွဲသည် ကာလ ပတ်လုံး ၊ သူသည် ညစ်ညူး ၏ မ စင်ကြယ်သည်ဖြစ်၍တယောက် တည်းနေ ရမည်။ သူ့ နေရာ သည် တပ် ပြင် မှာ ရှိရမည်။
47 ၎င်း နည်းနူနာ စွဲသော အဝတ် သည်၊ ပိတ် အဝတ် ဖြစ်စေ ၊ သိုးမွေး အဝတ်ဖြစ်စေ၊
48 ရက်ကန်း ပင်ဖြစ်စေ ၊ ရက်ကန်း သားဖြစ်စေ၊ သားရေ ဖြစ်စေ၊ သားရေ နှင့်လုပ် သော အသုံးအဆောင် ဖြစ်စေ၊
49 အဝတ် ၌ စွဲသောအနာသည် ခပ်စိမ်းစိမ်း ၊ ခပ်နီနီ ရှိလျှင်၊ နူနာ ဖြစ် ၏။ ယဇ်ပုရောဟိတ် အား ပြ ရမည်။
50 ယဇ် ပုရောဟိတ်သည် အနာ စွဲသော အဝတ်ကို ကြည့်ရှု ၍ ခုနစ် ရက် ပတ်လုံးလုံခြုံ စွာ ထားရမည်။
51 သတ္တမ နေ့ ၌ တဖန်ကြည့်ရှု ၍ အဝတ် ၌ အနာ တိုးပွါး လျှင် ၊ ရက်ကန်း ပင်ဖြစ်စေ ၊ ရက်ကန်း သားဖြစ်စေ၊ သားရေ ဖြစ်စေ ၊ သားရေနှင့် လုပ် သော အရာ ဖြစ်စေ၊ မ စင်ကြယ်။ စားတတ်သော နူနာ စွဲပြီ။
52 ထိုအဝတ် ကို မီး ရှို့ရမည်။ စားတတ်သော နူနာ စွဲသော ရက်ကန်း ပင်၊ ရက်ကန်း သား၊ ပိတ် အဝတ်၊ သိုးမွေး အဝတ်၊ သားရေ အသုံး အဆောင်ကို မီး ရှို့ ရမည်။
53 ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်၌ အနာ မ တိုးပွါး လျှင်၊
54 အနာ စွဲသောအရာကို ဆေး လျော်စေမည်အကြောင်း ၊ ယဇ်ပုရောဟိတ် စီရင် ၍ တဖန် ခုနစ် ရက် ပတ်လုံး လုံခြုံ စွာ ထားရမည်။
55 ဆေး လျှော် ပြီးမှ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြန်၍ ၊ အနာ မ တိုးပွါး သော်လည်း ၊ အဆင်း မ ခြားနား လျှင် ၊ မ စင်ကြယ်။ မီး ရှို့ ရမည်။ အတွင်း ၌ ဖြစ်စေ ၊ ပြင် ၌ ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။
56 ဆေး လျှော်ပြီးမှ ၊ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အနာ သည် ခပ်မည်းမည်း ဖြစ်လျှင် ၊ အဝတ် ၊ သားရေ ၊ ရက်ကန်း ပင်၊ ရက်ကန်း သားထဲက အနာကွက်ကို ဆုတ် ဖဲ့ရမည်။
57 နောက် တဖန် ထိုရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်၌ အနာပေါ် ပြန်လျှင် ၊ တိုးပွား တတ်သောအနာ ဖြစ်၏။ ထိုသို့အနာ စွဲသောဥစ္စာကို မီး ရှို့ ရမည်။
58 ရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်ဟူသမျှ ကို ဆေး လျှော်၍ အနာ ပျောက် လျှင် ၊ ဒုတိယ အကြိမ် ဆေး လျှော်၍ စင်ကြယ် ရ၏။
59 ဤရွေ့ကား ၊ စင်ကြယ် သည်၊ မ စင်ကြယ်သည်ကို စီရင်စေခြင်းငှါ ၊ နူနာ စွဲသော ပိတ် အဝတ်၊ သိုးမွေး အဝတ် ၊ ရက်ကန်း ပင်၊ ရက်ကန်း သား၊ သားရေ အသုံး အဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။