14
တဖန် မောရှေ အား ထာဝရဘုရား က၊ နူနာ စွဲသောသူသည် စင်ကြယ် စေသောနေ့ ကျင့်ရသောတရား ဟူမူကား ထိုသူကို ယဇ်ပုရောဟိတ် ထံ သို့ခေါ် ခဲ့ပြီးမှ ယဇ် ပုရောဟိတ်သည်၊ တပ် ပြင် သို့ ထွက် ကြည့်ရှု သောအခါနူနာ ပျောက် သည်မှန်လျှင် စင်ကြယ် စေခြင်းကို ခံရသောထိုသူအဘို့ အသက် ရှင်၍ စင်ကြယ် သော ငှက် နှစ် ကောင်၊ အာရဇ် သစ်သားနီမောင်း သောကြိုးဟုဿုပ် ပင်ညွန့်တို့ကို မှာ လိုက်၍ စီး သောရေ ကိုထည့်သော မြေ အိုး ထဲ ၌ငှက် တကောင် ကိုသတ် စေပြီးမှ အာရဇ် သစ်သားနီမောင်း သောကြိုးဟုဿုပ် ပင်ညွန့်နှင့်တကွအသက် ရှင်သော ငှက် ကိုယူ ငှက် သွေး ရောပြီးသော ရေ နှစ် ပြီးလျှင် နူနာစင်ကြယ် စေရသော လူအပေါ် မှာ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ထိုသူ သည် စင်ကြယ် သည်ဟု စီရင်ရမည်။ ထိုနောက် အသက် ရှင်သော ငှက် ကို ဟင်းလင်း သော အရပ် လွှတ် လိုက်ရမည်။ စင်ကြယ် စေရသောသူသည် မိမိ အဝတ် ကို လျှော် မိမိ ဆံပင် ကို အကုန် အစင်ရိတ် ပြီးမှစင်ကြယ် စေခြင်းငှါ ရေချိုး ရမည်။ ထိုနောက်တပ် ထဲ သို့ ဝင် မိမိ တဲ ပြင် ခုနစ် ရက် နေ ရမည်။ သတ္တမ နေ့ မိမိ ဆံပင်မုတ်ဆိတ်မျက်ခုန်းမွေး အစရှိသော ကိုယ်မွေး ရှိသမျှ ကို ရိတ် ၍၊ မိမိ အဝတ် ကို လျှော် ပြီးမှရေချိုး စင်ကြယ် ရ၏။ 10  အဋ္ဌမ နေ့ လည်းအပြစ် မရှိ၊ အခါ မလည်သော သိုးသငယ် အထီးနှစ် ကောင်၊ အမ တကောင် ကို၎င်းဘောဇဉ်ပူဇော်သက္ကာ ဘို့၊ ဆီ ရော သော မုန့်ညက် သုံး ဩမဲနှင့် ဆီ လောဃ ကို၎င်း ယူ ပြီးလျှင် 11  စင်ကြယ် စေသော ယဇ် ပုရောဟိတ်သည်၊ စင်ကြယ် စေအပ်သော လူ ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ ထာဝရဘုရား ရှေ့ တော်၌ ထိုပူဇော်သက္ကာနှင့်တကွ ဆက် ရမည်။ 12  သိုးသငယ် အထီးတကောင် ကို ယူ ပြီးလျှင် ဒုစရိုက် ဖြေရာယဇ်ဘို့ ပူဇော် ထာဝရဘုရား ရှေ့ တော် ၌ ချီလွှဲ သော ပူဇော်သက္ကာဘို့ ဆီ တလောဃ နှင့်တကွ ချီလွှဲ ရမည်။ 13  ထိုသိုးသငယ် ကို အပြစ် ဖြေရာ ယဇ်ကောင်၊ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ်သန့်ရှင်း ရာဌာန သတ် ရမည်။ အကြောင်း မူကား၊ အပြစ် ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက် ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်း ပေ၏။ 14  ယဇ် ပုရောဟိတ်သည် ဒုစရိုက် အပြစ်ဖြေရာ ယဇ်ကောင်အသွေး ကိုယူ စင်ကြယ် စေရသောသူ၏ လက်ျာ နား ပျဉ်း ၎င်း၊ လက်ျာ လက်မလက်ျာ ခြေမ ၎င်းထည့် ရမည်။ 15 ဆီအချို့ကိုလည်း ယူ၍၊ မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊ 16  ထို ဆီ ကို မိမိ လက်ျာ လက်ညှိုး နှင့် တို့ယူ၍ ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ရမည်။ 17  မိမိ လက် ကြွင်း သောဆီ ကို စင်ကြယ် စေရသောသူ ၏ လက်ျာ နား ပျဉ်း ၎င်း၊ လက်ျာ လက်မလက်ျာ ခြေမ ၎င်း ရှိသောဒုစရိုက် ဖြေရာ ယဇ်ကောင်အသွေး အပေါ် မှာ ထည့် ရမည်။ 18  မိမိလက် ကြွင်း သေးသောဆီ ကို၊ စင်ကြယ် စေရသောသူ ၏ခေါင်း ပေါ် မှာ လောင်း ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။ 19  ထိုမှတပါး၊ စင်ကြယ် စေရသော သူအဘို့ အပြစ် ဖြေခြင်းငှါအပြစ် ဖြေရာယဇ်ကို ပူဇော် နောက် တဖန် မီး ရှို့ရာယဇ်ကောင်ကိုသတ် ရမည်။ 20  မီး ရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ယဇ် ပလ္လင်ပေါ် မှာ ပူဇော် သဖြင့် ထိုလူအဘို့ အပြစ် ဖြေခြင်းကို ပြု၍သူသည်သန့်ရှင်း ရ၏။ 21  ထိုသူ သည် ဆင်းရဲ ဤမျှလောက်မ တတ် နိုင်လျှင်ချီလွှဲ မိမိ အပြစ် ဖြေခြင်းကို ပြုစရာဘို့ဒုစရိုက် ဖြေရာယဇ် သိုးငယ် တကောင် ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ဆီ ရော သော မုန့်ညက် တဩမဲနှင့် ဆီ တလောဃ ကို၎င်း၊ 22  တတ်နိုင် သမျှအတိုင်းခို နှစ် ကောင်၊ သို့မဟုတ် ချိုး ကလေး နှစ် ကောင်၊ အပြစ် ဖြေရာ ယဇ်ဘို့တကောင်မီး ရှို့ရာယဇ်ဘို့တကောင် ကို၎င်းယူ၍၊ 23  မိမိ စင်ကြယ် ခြင်းအလိုငှါထာဝရဘုရား ရှေ့ တော်တွင် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ ယဇ်ပုရောဟိတ် ထံ သို့၊ အဋ္ဌမ နေ့ ဆောင် ခဲ့ပြီးမှ 24  ယဇ် ပုရောဟိတ်သည် ဒုစရိုက် အပြစ်ဖြေရာ ယဇ်သိုးသငယ် နှင့် ဆီ တလောဃ ကို ယူ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာပူဇော်သက္ကာဘို့ ချီလွှဲ ရမည်။ 25  ထိုသိုးသငယ် ကိုသတ် ပြီးလျှင်အသွေး ကိုယူ စင်ကြယ် စေရသောသူ၏ လက်ျာ နား ပျဉ်း ၎င်း၊ လက်ျာ လက်မလက်ျာ ခြေမ ၎င်း ထည့် ရမည်။ 26  ဆီ အချို့ကိုလည်း မိမိလက်ဝဲ လက်ဝါး လောင်း ပြီးလျှင် 27  ထို ဆီ ကို မိမိ လက်ျာ လက်ညှိုး နှင့် ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ရမည်။ 28  မိမိ လက် ကြွင်းသောဆီ ကို စင်ကြယ် စေရသောသူ၏ လက်ျာ နား ပျဉ်း ၎င်း၊ လက်ျာ လက်မလက်ျာ ခြေမ ၎င်း ရှိသောဒုစရိုက် ဖြေရာ ယဇ်ကောင်အသွေး ပေါ် မှာထည့် 29  မိမိ၌ ကြွင်း သေးသော ဆီ ကို ထိုလူခေါင်း အပေါ် မှာ လောင်း ၍၊ သူ့ အဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။ 30  ထိုသူသည် တတ် နိုင်သမျှအတိုင်း ခို နှစ်ကောင်ဖြစ်စေချိုး ကလေး နှစ်ကောင်ဖြစ်စေ၊ 31  အပြစ် ဖြေရာယဇ်ဘို့ တကောင်ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ မီး ရှို့ရာယဇ်ဘို့တကောင် ကို ဆောင်ခဲ့၍၊ ယဇ် ပုရောဟိတ်သည် ပူဇော်လျက်၊ ထိုသူအဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။ 32  ရွေ့ကား၊ နူနာ စွဲ၍ မိမိ စင်ကြယ် စေ ခြင်းငှါ တတ် နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သော တရား ဖြစ်သတည်းဟု မိန့်တော်မူ၏။ 33  ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊ 34  သင် တို့ပိုင် ထိုက်ရာ၊ ငါ ပေး သော ခါနာန် ပြည် သို့ သင်တို့ရောက် သောအခါသင် တို့နေရာ ထိုပြည် တွင် အိမ် တစုံတခု၌ နူနာ ကို ငါစွဲစေလျှင် ၎င်း 35  အိမ်ရှင်သည် ယဇ်ပုရောဟိတ် ထံ သို့သွား အကျွန်ုပ် အိမ် ကို နူနာ စွဲဟန် ရှိပါ၏ဟု ပြောဆို လျှင် ၎င်း၊ 36  ထို အိမ် ရှိသမျှ တို့သည်၊ မ စင်ကြယ် ရာသို့ ရောက်မည်ကို စိုးရိမ်၍၊ ယဇ် ပုရောဟိတ်သည် နူနာ ကို အကြည့် အရှုမ ဝင်မှီ၊ ရှိသမျှကို ထုတ် စေခြင်းငှါ စီရင် ရမည်။ ထိုနောက် ယဇ် ပုရောဟိတ်သည် ထိုအိမ် ကို အကြည့် အရှုဝင် 37  အနာ ကို ကြည့်ရှု သောအခါကျောက်ထရံ ချိုင့်ရာတို့၌ ခပ်စိမ်းစိမ်းခပ်နီနီ ဖြစ်၍၊ ကျောက်ထရံ ထဲ ၌အနာစွဲဟန် ရှိလျှင် 38  အိမ် တံခါး ပြင်သို့ ထွက် ထိုအိမ် ကို ခုနစ် ရက် ပတ်လုံးပိတ် ထားရမည်။ 39  သတ္တမ နေ့ ယဇ် ပုရောဟိတ်သည် အကြည့် အရှုလာ ကျောက်ထရံ အနာ တိုးပွား လျှင် 40  အနာ စွဲသော ကျောက် တို့ကို နှုတ် ပယ်၍မြို့ ပြင် စင်ကြယ်သော အရပ် ပစ် ထားစေခြင်းငှါ ယဇ် ပုရောဟိတ် စီရင် 41  ထိုအိမ် ကို အတွင်း ပတ်လည်၌ ခြစ် စေရမည်။ ခြစ် ၍ကျသော အမှုန့် ကိုလည်း မြို့ ပြင် စင်ကြယ်သောအရပ် သွန် ပစ်ရမည်။ 42  အရင်ကျောက် အစား အခြား သော ကျောက် ကိုယူ ထည့်ပြီးလျှင်အသစ် သော အင်္ဂတေနှင့် မွမ်းမံ ရမည်။ 43  ထိုသို့ ကျောက် ကို နှုတ် ပယ်၍ အိမ် ကိုခြစ် ခြင်း၊ အသစ်မွမ်းမံ ခြင်းကို ပြုပြီးမှ ၊ တဖန် အနာစွဲ ပြန်လျှင်၊ 44  ယဇ်ပုရောဟိတ် လည်း အကြည့် အရှုလာ ထိုအိမ် အနာ တိုးပွါး သည် မှန်လျှင်၊ စားတတ်သော နူနာ ဖြစ်၏။ ထိုအိမ် သည် မစင်ကြယ် သောကြောင့်၊ 45  ကျောက်သစ်သားအင်္ဂတေ ရှိသမျှ ကို ဖြိုဖျက် မြို့ ပြင် စင်ကြယ်သော အရပ် သို့ ယူ သွားရမည်။ 46  ထိုမှတပါး၊ ထိုအိမ်ကို ပိတ် ထားသည် ကာလ ပတ်လုံးအထဲ သို့ ဝင် မိသောသူသည်၊ ညဦး တိုင်အောင် စင်ကြယ်။ 47  ထိုအိမ် အိပ် သောသူ၊ စား သောက်သောသူသည်၊ မိမိ အဝတ် ကို လျှော် ရမည်။ 48  ယဇ် ပုရောဟိတ်သည် အကြည့် အရှုလာ သောအခါအိမ် ကို အသစ်မွမ်းမံ ပြီးမှ အနာ တိုးပွါး လျှင်အနာ ပျောက် သောကြောင့် ထိုအိမ် သည် စင်ကြယ် ၏ဟု စီရင်ရမည်။ 49  ထိုအိမ် ကို စင်ကြယ် စေခြင်းငှါ ငှက် နှစ် ကောင်၊ အာရဇ် သစ်သားနီမောင်း သောကြိုးဟုဿုပ် ပင်ညွန့် တို့ကိုယူ 50  စီး သောရေ ကို ထည့်သောမြေ အိုး ထဲ ၌ငှက် တကောင် ကိုသတ် ပြီးမှ 51  အာရဇ် သစ်သားဟုဿုပ် ပင်ညွှန့်၊ နီ သောကြိုးအသက် ရှင်သော ငှက် ကို ယူ ငှက် သွေး ရောသော ရေ နှစ် ပြီးလျှင်ထိုအိမ် ကို ခုနစ် ကြိမ် တိုင်အောင်ဖြန်း ရမည်။ 52  ထိုသို့ ငှက် သွေး အစရှိသည်တို့နှင့် ထိုအိမ် ကို စင်ကြယ် စေပြီးမှ 53  အသက် ရှင်သော ငှက် ကို မြို့ ပြင် ဟင်းလင်း သောအရပ် လွှတ် လိုက်၍ထိုအိမ် အဘို့အပြစ် ဖြေ ခြင်းကို ပြုလျှင်စင်ကြယ် ခြင်း ရှိလိမ့်မည်။ 54  ရွေ့ကား၊ စင်ကြယ် သည်၊ မ စင်ကြယ်သည်ကို ပိုင်းခြား သိစေခြင်းငှါ၊ ဗောက်နူနာ အစရှိသော နူနာ အမျိုးမျိုးအဝတ် ၌ စွဲသောနူနာအိမ် စွဲသောနူနာ၊ အဖူး ယားနာနူကွက် နှင့်ဆိုင်သော နူနာ တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။ 55  56  57