12
တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ မိန်းမ သည် ပဋိသန္ဓေယူ၍ သား ယောက်ျားကို ဘွားမြင် ပြီးလျှင်ဥတုရောက်၍ ခုနစ် ရက် စင်ကြယ်သကဲ့သို့ ခုနစ်ရက် မစင်ကြယ်နေရမည်။ အဋ္ဌမ နေ့ သားယောက်ျားအား အရေဖျား လှီးခြင်းကို ပြုရမည်။ ထိုနောက် အမိသည် စင်ကြယ် စေခြင်းနှင့် ဆိုင်သော အသွေး ရှိ၍၊ အရက် သုံး ဆယ်သုံး ရက် ပတ်လုံးနေ ရမည်။ စင်ကြယ် စေခြင်းနေ့ ရက်မ စေ့ မှီတိုင်အောင်သန့်ရှင်း သောအရာကို ကိုင် ရ။ သန့်ရှင်း ရာ ဌာနတော်သို့ သွား ရ။ သားမိန်းမ ကို ဘွားမြင် လျှင်ဥတုရောက်သကဲ့သို့ တဆယ် လေးရက်ပတ်လုံးမ စင်ကြယ်နေရမည်။ စင်ကြယ် စေခြင်းနှင့် ဆိုင်သောအသွေး ရှိ၍၊ အရက် ခြောက် ဆယ်ခြောက် ရက် ပတ်လုံးနေ ရမည်။ သား ယောက်ျားဖြစ်စေမိန်းမ ဖြစ်စေ၊ စင်ကြယ် စေခြင်းနေ့ ရက်ကာလစေ့ သောအခါမီး ရှို့ရာယဇ် ဘို့ အခါ မလည်သော သိုးသငယ် တကောင်၊ အပြစ် ဖြေရာယဇ်ဘို့ ချိုး ကလေး တကောင်၊ သို့မဟုတ်ခို တကောင်ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့၊ ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ တော်၌ ပူဇော် ထိုမိန်းမ အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့်သူသည် အသွေး သွန် ခြင်းအပြစ်မှ သန့်ရှင်း ရလိမ့်မည်။ သိုးသငယ် ကို မ တတ် နိုင်လျှင်ခို နှစ် ကောင်ဖြစ်စေချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ မီး ရှို့ရာယဇ်ဘို့ တကောင်အပြစ် ဖြေရာယဇ်ဘို့ တကောင် ကို ဆောင် ခဲ့၍ယဇ် ပုရောဟိတ်သည် သူ့ အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့်သူသည် သန့်ရှင်း ရလိမ့်မည်။ ဤ ရွေ့ကား၊ သား ယောက်ျား၊ သားမိန်းမ ကို ဘွားမြင် သော အမိနှင့် ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။