12
ဘုရားသခင်ရဲ့ မှုတော်ဟှို ဆောန်ဟှို့တွပ် ဖယ်မျိုးသတ်ရှင်ရဟှို့ကြောန်း
1 အယ်မျိုးဖြစ်ကြောန့် ညီကို မောန်နှမလေ၊ ဘုရားသခင်ရဲ့ ကရုဏာတော်အားဖြင့် နန်းနို့လေဟှို ငါတိုက်တွန်းနှိုးဆော်ရှင်ဇာဟှ နန်းနို့လေရဲ့ ကိုယ်ခန္ဓာဟှို ဘုရားသခင် နှစ်သက်ဟှူ သန့်ရှင်းရှင်း လတ်ခဏာဘောန်းဇောင်န ပ္လဲ့ဇောင်ဟှူ သတ်ရှင်ရှင်း ယဇ်ဖြစ် ဆစ်ကပ်ပူဇော်ဂေ့ပါ။ အယ်မျိုးပြုဟှူဇာဟှ နန်းနို့လေဟှာ မှန်ကန်ဟှူ ဝတ်ပြုကိုးကွယ်ရှင်း ဖြစ်လေဟှယ်။
2 နန်းနို့လေဟှာ လောကီ ပေါင်သဏ္ဌာန်ဟှို ဆောန်ဂေ့န။ ကောန်းမြတ်ဟှူဇာ၊ စောင်လင်ဟှူဇာဖြစ်ဟှူ ဘုရားသခင် လိုတော်ရှိဟှူဇာဟှာ ဖယ်မျိုးဇာဖြစ်ဟှယ် ဆိုဇာဟှို ပိုင်းခြားနိုင်ဟှို့တွပ် စိနှလောင်းဟှို သစ်ပြုပြင်ရှင်းအားဖြင့် ပေါင်သဏ္ဌာန် ပ္လောန်းလဲရှင်း ရှိဂေ့ပါ။
3 နန်းနို့လေဟှာ ကိုယ့်ကိုယ်ကိုယ် တိုင်းထက်လွန် ထန်ဘဲနေဟှို့တွပ် ငါခံရဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို အားကိုးဘီးဟှာ မှာကြားရှင်ပါဟှယ်။ နန်းနို့လေဟှို ဘုရားသခင်ခွဲဝီပေးဟှူ ယောင်ကြည်ရှင်း တိုင်းတာန ကိုယ့်ကိုယ်ကိုယ် ထန်သင့်ဟှူတိုင်း ထန်မှတ်ဂေ့ပါ။
4 ဥပမာ ကိုယ်ခန္ဓာ တခုမာရှိဟှူ အင်္ဂါစိပိုင်းလေဟှာ တူညီဘဲဟှူလောက်ဆောန်မှု ကိုယ်စီရှိဟှူမျိုး၊
5 ဘောင်ဂီးဖြစ်ဟှူ နို့လေဟှာလည်း ခရစ်တော်န တလောင်းတဝဒဲဖြစ်ဘီး ဂူလောင်းဟှာ ကိုယ်ခန္ဓာရဲ့ ကွဲပြားခြားနားဟှူ အင်္ဂါစိပိုင်းလေဖြစ်န ရှင်းရှင်း ပေါန်းစည်းဟှားဇာဖြစ်ဘီး၊
6 နို့လေမာ ပေးအပ်တော်မူဟှူ ကျေးဇူးတော်တိုင်း ထူးထူးပြားပြားရှိဟှူ ဆုကျေးဇူးတော်လေဟှို ရရှိဂေ့ဟှယ်။ အယ်ကြောန့် အယ်ဆုကျေးဇူးဟှာ ပရောဖက်ပြု ဟောပြောရှင်းဖြစ်ဟှယ် ဆိုဟှာ ယောင်ကြည်မှု ပမာဏဟှို ရဟှူတိုင်း ပရောဖက်ပြု ဟောပြောစေ။
7 ဓမ္မမှုဆောန် ရာဟှို ရဟှယ် ဆိုဟှာ ဓမ္မမှုဟှို ဆောန်ရွပ်စေ။ ဆောင်းမဩဝါဒ ပေးဟှူသူ ဖြစ်ဟှယ် ဆိုဟှာ အယ်မှုဟှို လောက်ဆောန်စေ။
8 တိုက်တွန်းအားပေးဟှူသူ ဖြစ်ဟှယ် ဆိုဟှာ တိုက်တွန်းအားပေးရှင်းမှုဟှို ပြုစေ။ ဝီမျှပေးကမ်းသူဟှာ ရစ်ရစ်ရောရော ပေးကမ်းစေ။ စီမံအောက်ချောက်ဟှူ သူဟှာ လောင်းလဝီရိယန စီမံအောက်ချောက်စေ။ သူတပါးဟှို မစသနားရှင်းမှုဟှို ပြုသူဟှာ စေတနာစိန ကူညီမဇစေ။
9 မြစ်တာဟှာ ဟန်ဆောန်မှုကင်းစေပါ။ ကောန်းဘဲဇာလေဟှို ရွံမူးဂေ့ပါ။ ကောန်းမြတ်ဟှူဇာလေဟှို ဆည်းပူးဂေ့ပါ။
10 ညီကို မောန်နှမရှင်းရှင်း၊ ရှစ်ဟှူမြစ်တာအားဖြင့်၊ ရှင်းရှင်းရှစ်ခင်ကြင်နာဘီး ချီးမွမ်းဟှူနေရာမာ သူများဟှို ကိုယ့်ထတ် ချီးမြှော့‑က်ဂေ့ပါ။
11 အားထုရဟှို့နေရာမာ ပျင်းကိုးဘဲန၊ စိအားထတ်သန်ဘီး ဘုရားသခင်ရဲ့ မှုတော်ဟှို ဆောန်ရွပ်ဂေ့ပါ။
12 မျှော်လင့်ရှင်းနှိုက် ဝန်းသာဘီး၊ ဆင်းရဲဒေါက်ခခံရဟှူ ခီမာ သီးခံဂေ့ပါ။ ဆုတောန်းရှင်းမှုဟှို မြဲဒမ်းပြုဂေ့ပါ။
13 ဆင်းရဲဟှူ သန့်ရှင်းသူလေဟှို ဝီမျှပေးကမ်းဂေ့ပါ။ ဧည့်သည်လေဟှို ကြိုးစားဘီး ဧည့်ဝတ်ပြုဂေ့ပါ။
14 နန်းနို့လေဟှို ညှဉ်းဆဲဟှူသူလေတွပ် ကောန်းဂျီးပေးဘီး၊ ကီဆဲဘဲန မြစ်တာပို့ဂေ့ပါ။
15 ဝန်းသာသူလေနတူးဒူ ဝန်းသာဘီး၊ ငိုဟှူသူလေနတူးဒူ ငိုဂေ့ပါ။
16 ရှင်းရှင်း စိဝန်းမကွဲဘဲ ညီးညီညွတ်ညွတ် ရှိဂေ့ပါ။ ထောန်လွှားဟှူစိမှေ့ဘဲန နှိခ္လဟှူ သူလေဟှို လတ်ခံဂေ့ပါ။ ကိုယ့်ကိုယ်ကိုယ် ပညာရှိဆိုဘီး ထန်မှတ်ဂေ့န။
17 ဖယ်သူ့ဟှိုမှလည်း ပ္လန်ဘီးရန်တုံ့ပ္လန်န။ လူလေရှေ့မာ အသရေရှိတင့်တယ်အောင် ပြုကျင့်ဂေ့ပါ။
18 လူတိုင်းန တတ်နိုင်ဟှူမျှ သင့်မြတ်အောန်နေဂေ့ပါ။
19 ရှစ်ရဟှူသူလေ၊ သူများလေ နန်းနို့ဟှို ပြစ်မှားဟှာ ကိုယ်တိုင် ပ္လန်ဘီးရန်တုံ့ပ္လန်ဂေ့န၊ ဘုရားသခင်ဟှဘဲ့ စီရင်တော်မူပါစေ။ ဘုရားသခင် မိန့်တော်မူဇာဟှ “ငါဟှာ ပြစ်တရားဟှို စီရင်ပိုင်ဟှယ်။ ပြစ်ရှိဟှူတိုင်း ငါဆပ်ပေးမယ်” ဆိုဘီး ကျမ်းစာလာလေဟှယ်။
20 အယ်ကြောန့် ကျမ်းစာလာဇာဟှ “နန့်ရန်သူဟှာ စားရမဲ့သော့‑က်ရမဲ့ ဖြစ်ဟှူ ခီမာ စားဇာကျွေးပါ။ ရေငတ်နေဟှယ် ဆိုဟှာ သော့‑က်ဟှို့ရေပေးပါ။ အယ်မျိုးပြုရှင်းအားဖြင့် နန်ဟှာ သူ့ရဲ့ ခေါန်းထတ်မာ မီးခဲဟှို ပေါင်ဟှားလေ့မယ်” ဆိုဘီး ဖော်ပြဟှားဟှယ်။
21 ဆိုးအားဖြင့် ရှောင်းခံန၊ ကောန်းအားဖြင့်ဘဲ့ ဆိုးဟှိုနိုင်ယူပါ။