11
ဘုရားသခင်ရဲ့ ကရုဏာတော်ကြောန်း
+အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှ သူ့ရဲ့လူမျိုးနွယ်ဟှို ပယ်လိုက်ဘီလော၊ ဆိုဘီး မေးမယ် ဆိုဟှာ လောင်းဝပယ်ဟှ! ငါကိုယ်တိုင်ဘဲ့ ဣသရေလလူမျိုးဖြစ်ဘီး အာဗြဟံဟှနေ ဆင်းသတ်လာဟှူ ဗင်္ယာမိန်နွယ်ဖြစ်ဟှယ်။ ဘုရားသခင်ဟှာ စစဒူးဟှ သူဝီးကော့‑က်ဟှူ သူ့လူမျိုးလေဟှို စွန့်ပယ်တော်မူဟှ။ ပရောဖက်ဧလိယဟှ ဣသရေလ လူမျိုးလေရဲ့ မိုက်မဲမှုဟှို ဘုရားသခင်နား ကြားလျှော့‑က်ဟှူ ကြောန်းရာဟှို ကျမ်းစာမာ ဖယ်မျိုးဖော်ပြဟှားနူးဆိုဇာ နန်းနို့သိဂေ့လေဟှယ်။ သူဟှ “အိုး၊ ဘုရားသခင်၊ သူးနို့လေဟှာ ကိုယ်တော်ရဲ့ ပရောဖက်လေဟှို သတ်ဘီးဟှာ ယဇ်ပလ္လင်လေဟှို ဖြိုဖျစ်ဂေ့ပါဘီ။ ကျွန်တော်တယော့‑က်ဒဲဘဲ့ ကျန်ရစ်ဘီး ကျွန်တော်ဟှိုလည်း သတ်ဟှို့ရှာနေဂေ့ပါဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။ အယ်မျိုးလျှော့‑က်ဟှူ ခီမာ ဘုရားသခင်ဟှ ဧလိယဟှို ဖယ်မျိုး ဗျာဒိတ်ပေးဟှယ်နူး။ ဘုရားသခင်ဟှ “ဗာလရှေ့မာ ဒူးထော့‑က်ဝတ်ပြုဘဲသူ ၇,၀၀၀ ဟှို ငါ့တွပ် ချန်ဟှားဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်မျိုးဘဲ့ ခုကာလမာလည်း ကျေးဇူးတော်အားဖြင့် ဝီးကော့‑က်ခံရဟှူသူ ကြွင်းကျန်ရှိသေးဟှယ်။ ကျေးဇူးတော်အားဖြင့် ဝီးကော့‑က်ရှင်းခံရဟှယ် ဆိုဟှာ ကိုယ့်ရဲ့ကျင့်အားဖြင့် မှုဟှ။ ကိုယ့်ရဲ့ကျင့်ကြောန့် ဆိုဟှာလည်း ကျေးဇူးတော်စစ်မှန် မှုဟှ။
အယ်ဆိုဟှာ ဖယ်မျိုးပြောရမယ်နူး။ ဣသရေလလူမျိုးလေဟှာ သူးနို့ကြိုးစားဘီး ရှာဖွေဇာဟှို တွိဂေ့ဟှ။ အယ်ရာဟှို ဝီးကော့‑က်ရှင်းခံရသူလေဘဲ့ တွိရဘီး ကျန်ဟှူသူလေဟှာ မှောန်မိုက်ဖောင်းလွှမ်းကြောန့်နေဂေ့ဟှယ်။ ကျမ်းစာဟှ “ဘုရားသခင်ဟှာ သူးနို့လေရဲ့ စိနှလောင်းဟှို မိုက်စေတော်မူဘီး ဗြင်ဘဲဟှူမျစ်စိန၊ ကြားဘဲနားဟှို ပေးတော်မူဘီ” ဆိုဘီး လာလေဟှယ်။ အယ်ကြောန့် အယ်နေ့ထိ သူးနို့လေဟှာ မဗြင်နိုင် မကြားနိုင်ဂေ့ဟှ။ နော့‑က်ဘီး ဒါဝိဒ်ဟှလည်း၊
“သူးနို့ရဲ့ စားဗွဲဟှာ သူးနို့တွပ် ကျော့ကွမ်းဟှူမျိုး၊
ထောန်ချော့‑က်ဟှူမျိုး၊ မှားယွင်းစေတတ်ဟှူရာဟှူမျိုး၊ လတ်တုံ့ပ္လန်ဇာမျိုး ဖြစ်ပါစေ။
10 သူးနို့ရဲ့ မျစ်စိ ကေ့ဟှို့ ဗြင်ဘဲနေအောင် ကွယ်ပါစေ။
သူးနို့ရဲ့ ခါးလည်းဘဲ့ မြဲဒမ်း ကူးပါစေ” ဆိုဘီး ဆိုဟှားလေဟှယ်။
11 အယ်မျိုးဆိုဟှာ ဣသရေလလူမျိုးလေ ထိမိဘီး လဲဂေ့ဘီလော။ လဲဂေ့ဟှ! သူးနို့လေ ပြစ်မှားဟှူဇာအားဖြင့် လူမျိုးခြားလေဆီဟှို ကယ်တန်ရှင်း သတ်ရော့‑က်စေဘီး အယ်မှုရာအားဖြင့် ယုဒလူမျိုးလေရဲ့ နာလိုဘဲဟှူ စိဟှို ဖြစ်ပေါ်လာစေဟှယ်။ 12 သူးနို့လေရဲ့ ပြစ်ကျူးလွန်မှုဟှာ လောကီသားလေရဲ့ ကြွယ်ဝမှုဟှို ဖြစ်စေဘီး သူးနို့လေရဲ့ ဆောင်းရှောင်းမှုဟှာ လူမျိုးခြားလေဟှို ကောန်းဂျီးဖြစ် စေဟှယ် ဆိုဟှာ သူးနို့ရဲ့ ပ္လဲ့ဇောင်မှုဟှာ ဖယ်မျှလော့‑က်များဟှူ ကျိုးဟှို ဖြစ်စေလေ့မယ်နူး။ လူမျိုးခြားလေ ကယ်တန်ရှင်း ခံရဟှူကြောန်း
13 အယ်ကြောန့် လူမျိုးခြားဖြစ်ဟှူ နန်းနို့ဟှို ငါပြောရှင်ဇာဟှ၊ ငါဟှာ လူမျိုးခြားလေနဆိုင်ဟှူ တမန်တော်ဖြစ်ဘီး ငါ့ရဲ့ မှုဆောန်လောက်ငန်းဟှို ဂေါင်ယူဝါကြွားဘီး 14 တနည်းအားဖြင့် ငါ့လူမျိုးလေရဲ့ မနာလိုစိဟှို ဖြစ်ပေါ်စေရှင်းအားဖြင့် သူးနို့လေထဲဟှ လူတချို့ဟှို ကယ်တန်နိုင်ဟှို့တွပ် မျှော်လင့်နေပါဟှယ်။ 15 ဖြားဖြစ်ကြောန်နူးဆိုဟှာ သူးနို့လေပစ်ပယ်ခံရဟှူဇာဟှ လောကသားလေတွပ် မိတ်သဟာယဖွဲ့ရှင်းခွမ့် ဖြစ်ဟှယ် ဆိုဟှာ၊ သူးနို့ဟှို ပ္လန်ဘီးလတ်ခံဟှူဇာဟှာ သေဟှားဘီးသူလေ သတ်ပ္လန်ရှင်လာဟှူဇာမျိုး ဖြစ်လေ့မယ် မှုဟှလော။
16 ရင်ဦးဆောင်းနယ်ဟှူ မုညစ်ဟှာ သန့်ရှင်းဟှယ်ဆို တအိုးလောင်း သန့်ရှင်းလေ့မယ်။ သစ်ပြစ် သန့်ရှင်းဟှယ် ဆိုဟှာ ကိုင်းခတ်လေ ဂူလောင်း သန့်ရှင်းလေ့မယ်။ 17 အယ်ဘေမဲ့ တချို့ သံလွင်ခတ်ဟှို ခွတ်ဖြတ်ဘီး၊ ရိုင်းဟှူ သံလွင်ဗန်ဖြစ်ဟှူ နန်းနို့လေဟှို အယ်မူသံလွင်ဗန်ငုထတ်မာ ကိုင်းဆစ်စိုက်ပျိုးဟှူကြောန့် သံလွင်ဗန်ရဲ့ သစ်ပြစ်ဟှနေဘီး ဆီနှစ်န ဩဇာဟှို မျှဝီခံစားဟှူ သူဖြစ်လာဟှယ် ဆိုဟှာ 18 အယ်မူကိုင်းခတ်လေထတ်မာ ဝါကြွားဟှူစိ ရှိဂေ့န။ ဝါကြွားဟှယ် ဆိုဟှာလည်း နန်ဟှာ သစ်ပြစ်ဟှို ထော့‑က်မဟှူ ဇာမှုဟှ။ သစ်ပြစ်ဟှ နန့်ဟှိုထော့‑က်မဟှူ ဇာဖြစ်ဟှယ်။
19 အယ်ဘေမဲ့ နန်ဟှ “ကျွန်တော့်ဟှို ကိုင်းဆစ်ကူးဟှို့တွပ် အယ်မူကိုင်းခတ်လေဟှို ခွတ်ပစ်ခံရဟှယ်” ဆိုဘီး ပြောလေ့မယ်။ 20 နန်းနို့ပြောဟှူတိုင်း မှန်ဟှယ်။ သူးနို့လေဟှာ ယောင်ကြည်ဘဲကြောန့် ခွတ်ပစ်ခံရဘီး နန်းနို့လေဟှာ ယောင်ကြည်ဂေ့ဟှူကြောန့် တည်နေလေဟှယ်။ အယ်ဘေမဲ့ မော့‑က်မာထောန်လွှားဟှူစိ မှေ့ဘဲန ကြော့‑က်ရွံ့ဟှူ စိရှိဂေ့ပါ။ 21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှ နဂိုသံလွင်ဗန်ရဲ့ ကိုင်းခတ်ဟှို ဗြောဘဲန ခွတ်ပစ်ဟှယ် ဆိုဟှာ နန်းနို့လေဟှိုလည်း ဗြောဟှို့ မှုဟှ။ 22 အယ်ကြောန့် ဘုရားသခင်ရဲ့ ပြင်းထန်ဟှူစီရင်ရှင်းန ကျေးဇူးပြုရှင်းလေဟှို ကေ့ဂေ့ပါ။ ပြင်းထန်ဟှူစီရင်ရှင်းဟှာ လဲဟှူသူလေထတ်မာရှိဘီး ဘုရားသခင်ရဲ့ ကျေးဇူးပြုတော်မူရှင်းကြောန်းရာဟှ၊ နန်ဟှာ အယ်မူကျေးဇူးတော်န တည်နေမယ် ဆိုဟှာ ဘုရားသခင်ရဲ့ ကရုဏာတော်ဟှာ နန့်ထတ်မာရှိဟှယ်။ တည်ဘဲနနေဟှာ နန်လည်း ခွတ်ပစ်ရှင်းခံရလေ့မယ်။ 23 ယုဒလူမျိုးလေဟှာ ယောင်ကြည်ဘဲဟှူစိဟှို စွန့်ပစ်ဘီး ယောင်ကြည်မယ် ဆိုဟှာ ပန်ငုထတ်မာ နော့‑က်ထပ်စိုက်ပျိုးဟှို့တွပ် ဘုရားသခင်တတ်နိုင်တော်မူဟှယ်။ 24 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူမျိုးခြားလေဖြစ်ဟှူ နန်းနို့လေဟှို နဂိုရိုင်းဟှူသံလွင်ဗန်ဟှနေ ခွတ်ယူဘီးဟှာ ယဉ်ဟှူသံလွင်ဗန်မာ ကိုင်းဆစ်ဘီး စိုက်ပျိုးရဟှယ် ဆိုဟှာ၊ ယဉ်ဟှူသံလွင်ဗန်ရဲ့ နဂိုကိုင်းလေဖြစ်ဟှူ ယုဒလူမျိုးလေဟှို ပ္လန်ဘီးလာစိုက်ပျိုးမယ် ဆိုဟှာ ပိုဘီး ဟှာ လွယ်ကူလေ့မယ် မှုဟှလော။
လူလေဂူလောင်းဟှို ဘုရားသခင်ထားဟှူ ကရုဏာတော်ကြောန်း
25 ညီကို မောန်နှမလေ၊ နန်းနို့လေဟှာ ကိုယ့်ကိုယ်ကိုယ် ပညာသတိရှိဟှူသူ ဆိုဘီး ထန်မှတ်ဘဲနေဟှို့တွပ် အယ်မူလျှို့ဝှပ်နတ်နဲဟှူရာဟှို သိဘဲန နေစေရှင်ဟှ။ အယ်မူလျှို့ဝှပ်နတ်နဲဟှူရာဟှ ဣသရေလ လူမျိုးလေမာ မာကျောခတ်ထန်ဟှူ သူတချို့ ရှိဟှူဇာကြောန်းဟှ လူမျိုးခြားလေ စောင်းစောင်လင်းလင် ဝမ်ရော့‑က်လာဟှူ ခီထိဖြစ်ဘီး၊ 26 အယ်ဘီးမှ ဣသရေလ လူမျိုးလေဟှာ ကယ်တန်ရှင်းခံရလေ့မယ် ဖြစ်ဟှယ်။ ကျမ်းစာဟှ၊
“ကယ်တန်ဟှူ သခင်ဟှာ ဇိအုန်တောန်ဟှနေ ကြွလာဘီး၊
ယာကုပ်မျိုးနွယ်ထဲဟှနေ တရားဘဲဟှူမှုလေ ဂူလောင်းဟှို ဖယ်ရှားတော်မူလေ့မယ်။
27 သူးနို့လေရဲ့ ပြစ်လေဟှို ငါဖယ်ရှားပေးဟှူ ခီမာ
သူးနို့လေဟှို ငါပေးဟှူ ပဋိညာဉ်တရားဟှ အယ်မျိုး တရားဘဲ့ ဖြစ်ဟှယ်” ဆိုဘီး လာလေဟှယ်။
28 ကောန်းမြတ်ဟှူ ဒန်းကောန်းအားဖြင့် သူးနို့လေဟှာ နန်းနို့တွပ်ကြောန့် ရန်သူလေ ဖြစ်လာဂေ့ဘီး ဝီးကော့‑က်တော်မူဟှူ ဇာအားဖြင့် ရှေးဘိုးဘေးလေကြောန်းကြောန့် ရှစ်ရဟှူသူ ဖြစ်လာဂေ့ဟှယ်။ 29 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ပေးတော်မူဟှူ ဝီးကော့‑က်ရှင်း ကောန်းဂျီးမင်္ဂလာဟှာ ပ္လောန်းလဲမှုမှေ့တတ်ဟှ။ 30 နန်းနို့လေဟှာ စဒူးဟှ ဘုရားသခင်ရဲ့ စကားတော်ဟှို နားထောန်ဘဲနေဟှူလည်းဘဲ့ ခု သူးနို့လေ နားထောန်ဘဲနေကြောန့် နန်းနို့လေဟှာ ကရုဏာတော်ဟှို ခံစားရဂေ့ဟှယ်။ 31 အယ်မျိုးဘဲ့ ဘုရားသခင်ရဲ့ ကရုဏာတော်ဟှို နန်းနို့ခံစားရဟှူမျိုး ယုဒလူမျိုးလေလည်း ကရုဏာဟှို ခံစားရဟှို့တွပ် ဘုရားသခင်ရဲ့ စကားတော်ဟှို ခု * နားထောန်ဘဲ နေရဂေ့ဟှယ်။ 32 ဘုရားသခင်ဟှာ သူ့ရဲ့ ကရုဏာတော်ဟှို လူလေ ဂူလောင်း ခံစားရရှိဟှို့တွပ် လူလေဟှို နားမထောန်ရှင်းအားဖြင့် ချောက်ဟှားလေဟှယ်။
ဘုရားသခင်ရဲ့ ဂေါင်တော်ဟှို ချီးမွမ်းဟှူကြောန်း
33 ဘုရားသခင်ရဲ့ ပညာန ဉာဏ်တော်ဟှာ ရရာတိုင်းဘဲ့ နတ်နဲလွန်းပါဟှယ်! စီရင်တော်မူချစ်လေဟှို ဖယ်သူလည်း လေ့လာဟှိကူနိုင်ဟှ။ ဖယ်သူရှင်းပြနိုင်ဟှူကြောန့်နူး။ ကြွတော်မူဟှူလမ်းလေဟှို လိုက်ရှာဟှူလည်းဘဲ့ တွိလည်းမတွိ မှီလည်းမမှီနိုင်ဟှ။ 34 ကျမ်းစာဟှ
“ဖယ်သူဟှ ဘုရားသခင်ရဲ့ စိတော်ဟှို သိနူး။
ဖယ်သူဟှ ကိုယ်တော်ရဲ့ တိုင်ပင်ခံဖြစ်ဖူးနူး။
35 ကိုယ့်ဟှို ကျေးဇူးဆပ်ရအောန်၊
ဖယ်သူဟှ ကိုယ်တော့်ဟှို ကျေးဇူးပြုဖူးနူး” ဆိုဘီး ဖော်ပြဟှားဟှယ်။
36 + ရှိမျှဂူလောင်းဟှာ ကိုယ်တော်ရဲ့ ထဲဟှ ကိုယ်တော်အားဖြင့် ကိုယ်တော်ရဲ့ တွပ်ဘဲ့ ဖြစ်လေဟှယ်။ ကိုယ်တော်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ! အာမင်။
+ 11:1 ဖိ ၃.၅ * 11:31 တချို့ မူရင်းလတ်ရေးမူလေမာ ခု၊ ဆိုဇာဟှာ မှေ့ဟှ။ + 11:36 ၁ ကော ၈.၆