11
ယောင်ကြည်ရှင်းကြောန်း
1 ယောင်ကြည်ရှင်း ဆိုဇာဟှာ ကိုယ်မျှော်လင့်ဟှူ ဇာလေဟှို မျစ်မှော့‑က်ပြုဟှူဇာ ဖြစ်ဟှယ်။ ဗြင်ရသေးဘဲဇာလေဟှို သိမှတ်စွဲလန်းရှင်းကြောန်း ဖြစ်ဟှယ်။
2 အယ်မူ ယောင်ကြည်ရှင်း ပါရမီကြောန့် ရှေးလူဂီးလေဟှာ ဘုရားသခင်ရဲ့ ထော့‑က်ခံချီးကျူးဟှူဇာဟှို ခံရဂေ့ဟှယ်။
3 ခုဗြင်ရဟှူ ဇာလေဟှာ ရင်းရင်ဒူးဟှ ထန်ရှားဟှူ ဇာလေထဲဟှ ဖြစ်ဟှူဇာမှုဘဲ စကြဝဠာဟှာ ဘုရားသခင်ရဲ့ စကားတော်အားဖြင့် ဖြစ်လာဟှူဇာဟှို နို့လေဟှာ ယောင်ကြည်မှုအားဖြင့် သိဂေ့ဟှယ်။
4 အာဗေလဟှာ ကာဣန ပူဇော်ဟှူ ယဇ်ထတ် ပိုဘီး မြတ်ဟှူ ယဇ်ဟှို ယောင်ကြည်ရှင်းအားဖြင့် ဘုရားသခင်ဟှို ပူဇော်ဟှယ်။ အယ်မျိုးယဇ်ဟှို ပူဇော်ဟှူကြောန့် သူဟှာ ဖြောန့်မတ်ဟှယ် ဆိုဘီး သတ်သေခံဟှူဇာဟှို ရလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ ပူဇော်သကာဟှို သိမှတ်ပြုတော်မူဟှယ်။ အယ်ကြောန့် အာဗေလဟှာ သေဟှားဘီ ဖြစ်ဟှူလည်းဘဲ့ အယ်မူ ယောင်ကြည်ရှင်းအားဖြင့် ခု တရားဟောနေသေးဟှယ်။
5 ဧနောက်ဟှာ ယောင်ကြည်ရှင်းအားဖြင့် သေရှင်းန လွတ်ဟှားဘီး ဘဝကူးပ္လောန်းခွမ့် ရဟှယ်။ ဘုရားသခင်ဟှာ သူ့ဟှို ဘဝပ္လောန်းစေဟှူကြောန့် နော့‑က်ထပ်ခါ သူ့ဟှို တွိရဟှမ်း။ သူဟှာ ဘဝပ္လောန်းခန် ဘုရားသခင်ရဲ့ စိတော်န တွိဟှူသူ ဖြစ်ဟှယ် ဆိုဘီး သတ်သေခံဟှူ ဇာဟှို ရလေဟှယ်။
6 ယောင်ကြည်ရှင်းမှေ့ဟှ ဆိုဟှာ ဘုရားသခင်ရဲ့ စိတော်န တွိနိုင်ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်နားဟှို ချဉ်းကပ်ဟှူ သူဟှာ ဘုရားသခင် ရှိဟှယ် ဆိုဇာဟှိုရော၊ ကိုယ်တော့်ဟှို ရှာဟှူသူဟှို ကျိုးပေးတော်မူဟှယ် ဆိုဇာဟှိုရော ယောင်ကြည်ရမယ်။
7 နောဧဟှာ ဗြင်ရသေးဘဲဟှူ မှုရာလေဟှို ဖော်ပြဟှူ ဗျာဒိတ်တော်ဟှို ခံရဘီးမှ ယောင်ကြည်ရှင်းအားဖြင့် ကြော့‑က်ရွံ့ဟှူ စိရှိဟှူကြောန့် သူ့ရဲ့ အီသူအီသားလေဟှို ကယ်တန်ဟှို့တွပ် သန်းဖောဟှို ဆော့‑က်လေဟှယ်။ အယ်မူ ယောင်ကြည်ရှင်းအားဖြင့် လောကသားလေရဲ့ ပြစ်ဟှို စီရင်ဘီးဟှာ ယောင်ကြည်ရှင်းန ယှဉ်ဟှူ ဖြောန့်မတ်ရှင်းဟှို မွီခံရလေဟှယ်။
8 အာဗြဟံဟှာ သူမွီခံရမယ့် ပြည်ဟှို ထွပ်ဟှားဟှို့တွပ် ဘုရားသခင် ခေါ်တော်မူဟှူ ခီမာ သူသွားဟှူ ရပ်ဒေသဟှို သူကိုယ်တိုင် သိဘဲန ယောင်ကြည်ရှင်းအားဖြင့် နာခံဘီး ထွပ်ဟှားလေဟှယ်။
9 သူဟှာ ယောင်ကြည်ရှင်းအားဖြင့် ဂဒိထားတော်မူဟှူ ပြည်မာ ဧည့်သယ်ဖြစ်န နေလေဟှယ်။ သူ့မျိုးဘဲ့ ဂဒိတော်ဟှို မွီခံရဟှူ သူလေဖြစ်ဟှူ ဣဇာက်၊ ယာကုပ်ဟှူမျိုး တဲလေန နေလေဟှယ်။
10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ ဘုရားသခင် တည်ထောန် ပြုစုတော်မူဟှူ၊ ခိုင်ခံ့တည်မြဲဟှူ ဗြို့ဟှို မျှော်လင့်ဟှူကြောန့် ဖြစ်ဟှယ်။
11 သူ့ရဲ့မယား စာရာဟှလည်း ရွယ်လွန်ဘီး သားရနိုင်ဘဲဟှူ ခီမာ ဗိုက်ရနိုင်ဟှူ ခွမ့်တဂိုးဟှို ယောင်ကြည်ရှင်းအားဖြင့် ခံရလေဟှယ်။ သူ ဟှာ ဂဒိပေးဟှူ သူဟှို သစ်စာရှိဟှယ် ဆိုဘီး မှတ်ယူဟှူကြောန့် ဖြစ်ဟှယ်။
12 အယ်မူ မှုရာအားဖြင့် လူသေနတူဟှူ သူတယော့‑က်ဟှာ ရေတွပ်အားဖြင့် ကောန်းဂန်ဟှ ကြယ်ဟှူမျိုး၊ ပန်လယ်ကမ်းနားဟှ ရေတွပ်နိုင်ဘဲဟှူ သဲလောင်းလေမျိုး လူလေ ဂူလောင်းရဲ့ ဖတယော့‑က် ဖြစ်လေဟှယ်။
13 ခုပြောဟှူ လူလေဟှာ ဂဒိတော်န စပ်ဆိုင်ဟှူ ကျိုးကျေးဇူးလေဟှို ခံစားရဘဲ ဝီးဟှနေဘဲ့ဗြင်ဘီး စိနှလောင်းန ဖတ်ယမ်းဘီးဟှာ သူးနို့လေဟှာ မ္လေဂီးမာ ဧည့်သယ် ဖြစ်ဟှယ် ဆိုဇာဟှို ထန်းထန်ရှားရှား ဝန်ခံဘီး ယောင်ကြည်ရှင်းစိန သေလွန်ဟှားဂေ့လေဟှယ်။
14 အယ်မျိုး ဝန်ခံဟှူ သူလေဟှာ သူးနို့လေရဲ့ နေရင်းပြည်ဟှို ကြိုးစားရှာဂေ့ဟှယ် ဆိုဘီး ပြတ်ပြတ်သားသား ပြောဆိုဂေ့ဟှယ်။
15 အယ်သူလေဟှာ သူးနို့ထွပ်လာဟှူ ပြည်ဟှို တကယ် အော့‑က်မေ့မယ် ဆိုဟှာ ပ္လန်နိုင်ဟှူ ခွမ့်လမ်း ရှိဂေ့ဟှယ်။
16 အယ်ဘေမဲ့ အယ်ပြည်ဟှို အော့‑က်မေ့ဘဲ အယ်ပြည်ထတ် သာလွန်ဟှူ ကောန်းဂန်ရွှေပြည်ဟှို တောန်းတဂေ့လေဟှယ်။ အယ်ကြောန့် ဘုရားသခင်ဟှာ သူးနို့ရဲ့ ဘုရား ဆိုဘီး ခေါ်ဟှူဇာဟှို ယှစ်တော်မူဟှ။ သူးနို့နေဟှို့ ဗြို့ဟှိုလည်း တည်ထောန်တော်မူဘီ။
17 အာဗြဟံဟှာ စောင်ဇမ်းရှင်းဟှို ခံရဟှူ ခီမာ ယောင်ကြည်ရှင်းအားဖြင့် သားဣဇာက်ဟှို ပူဇော်လေဟှယ်။ ဂဒိတော်လေဟှို ရဟှူသူဟှာ တယော့‑က်ဒဲရှိဟှူ သားဟှို ပူဇော်ဟှို့တွပ် ပြင်ဆင်လေဟှယ်။
18 အယ်သားန ပတ်သတ်ဘီး “ဣဇာက်အားဖြင့်ဘဲ့ နန့်မျိုးနွယ် တည်ရမယ်” ဆိုဟှူ ဂဒိတော်လေဟှို ခံရဟှူသူဟှာ သူ့မာ တယော့‑က်ဒဲရှိဟှူ သားဟှို ပူဇော်လေဟှယ်။
19 အယ်မျိုး ပူဇော်ဟှူ ခီမာ သေရှင်းဟှနေ ပ္လန်ရှင်ဘီး ထမြော့‑က်ဟှို့တွပ် ဘုရားသခင် တတ်နိုင်ဟှယ် ဆိုဇာဟှို သူအော့‑က်မေ့လေဟှယ်။ အယ်သားဟှို ဆိုရိုးစကားအားဖြင့် သေဒွမ်းထဲဟှ ပ္လန်ရလေဟှယ်။
20 ဣဇာက်ဟှာလည်း ယောင်ကြည်ရှင်းအားဖြင့် နော့‑က်ဖြစ်လာမယ့် ရာလေဟှို ရည်ဇူးဘီး ယာကုပ်န ဧသောဟှို ကောန်းဂျီးပေးလေဟှယ်။
21 ယာကုပ်လည်း သေခီနီးလာဟှူ ခီမာ ယောင်ကြည်ရှင်းအားဖြင့် ယောသပ်သား နှေ့ယော့‑က်ဟှို ကောန်းဂျီးပေးဘီး သူ့တောန်အူးထိဟှို မှီဘီးဟှာ ဘုရားသခင်ဟှို ကိုးကွယ်လေဟှယ်။
22 ယောသပ်ဟှာ သေခါနီးဟှူ ခီမာ ယောင်ကြည်ရှင်းအားဖြင့် ဣသရေလ လူမျိုးလေ အဲဂုတ္တုပြည်ဟှ ထွပ်မြော့‑က်ဟှို့ ကြောန်းရာဟှို ပြောဘီး သူသေခါနီးမာ သူ့ရိုးန ပတ်သတ်ဘီး မှာဟှားလေဟှယ်။
23 မောရှေဟှို မွီးဖွားဘီးန ရှစ်ဇာကောန်းဟှူ သားဂန်းဟှားဖြစ်ဇာဟှို သူ့မိဖဗြင်ဟှူ ခီမာ ယောင်ကြည်ရှင်းအားဖြင့် မန်းဂီးရဲ့ မိန့်ဟှို ကြော့‑က်ဘဲ သောင်းလ လောင်းလောင်း သူ့ဟှို ဝှပ်ဟှားလေဟှယ်။
24 မောရှေဟှာ သတ်ရွယ်ကီးလာဟှူ ခီမာ ယောင်ကြည်ရှင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဖာရောမန်းဂီး သမီးတော်ရဲ့ သားဆိုဘီး ခေါ်ဟှူခွမ့်ဟှို ငြင်းပယ်ဘီးဟှာ၊
25 ပြစ်ရှိဟှူ ကာမဂေါင်ဟှို ရှစ်ဟှားခံစားရဟှူ ဇာထတ် ဘုရားသခင်ရဲ့ လူမျိုးတော်လေနတူးဒူ ဆင်းရဲဒေါက်ခခံရဟှူ ဇာဟှို ယောင်ကြည်ရှင်းအားဖြင့် ဝီးကော့‑က်လေဟှယ်။
26 သူဟှာ နော့‑က်ရလာမယ့် ကျိုးဟှို မျှော်လင့်ဟှူကြောန့် ခရစ်တော်တွပ် ခံရဟှူ ကဲ့ရဲ့ပြစ်တန်ရှင်းဟှို အဲဂုတ္တုပြည်ရဲ့ စည်းဇိမ်ထတ် ပိုဘီး မြတ်ဟှူ စည်းဇိမ်ဖြစ်ဟှယ် ဆိုဘီး ယောင်ကြည်ရှင်းအားဖြင့် မှတ်ယူလေဟှယ်။
27 ယောင်ကြည်ရှင်းအားဖြင့် မန်းဂီးရဲ့ မျစ်တော်ဟှို ကြော့‑က်ဘဲန အဲဂုတ္တုပြည်ဟှို စွန့်ဘီးသွားလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ မျစ်စိန ဗြင်ရဘဲဟှူ ဘုရားသခင်ဟှို ဗြင်ရဟှူမျိုး တည်ကြည်မှု ရှိလေဟှယ်။
28 သားဦးလေဟှို ဖျစ်ဆီးဟှူသူဟှာ ဣသရေလ လူမျိုးလေရဲ့ သားဦးလေဟှို ဒန်ခတ်ဘဲနေဟှို့တွပ် ယောင်ကြည်ရှင်းအားဖြင့် ပသခါပွဲဟှို စီမံဘီးဟှာ ခွဗော့‑က်တိုင်လေဟှို သွီးန ဖျန်းလေဟှယ်။
29 ဣသရေလ လူမျိုးလေဟှာ ကူးကြောန်းသွားရဟှူမျိုး ယောင်ကြည်ရှင်းအားဖြင့် ဧဒုံပန်လယ်ရဲ့ လယ်မာ ခေဂျင်ရှော့‑က်သွားရလေဟှယ်။ သူးနို့လေမျိုး အဲဂုတ္တုလူမျိုးလေ နော့‑က်ဟှ လိုက်ဟှူ ခီမာ ရေမ္လုပ်ဘီး သေဂေ့လေဟှယ်။
30 ယေရိခေါဗြို့ဟှို ခွန်နစ်ရစ် လောင်းလောင်း လှည့်ပတ်ဘီးမှ ယောင်ကြည်ရှင်းအားဖြင့် ဗြို့ရိုးပြိုလဲလေဟှယ်။
31 ကောန်းဘဲဟှူ မီးမ ရာခပ်ဟှာ ယောင်ကြည်ရှင်းအားဖြင့် ဣသရေလ သူလျှိုလေဟှို မိဆွေဖွဲ့ဘီး ငြီးချမ်းမှုအားဖြင့် လတ်ခံဟှူကြောန့် ယောင်ကြည်ဘဲဟှူ သူလေနတူးဒူ ပျစ်စီးရှင်းခံရဟှ။
32 နော့‑က်ထပ် ဖယ်မျိုး ကြောန်းရာလေဟှို ပြောပြရအူးမယ်နူး။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖေသ၊ ဒါဝိဒ်၊ ရှမွေလဟှနေစဘီး ပရောဖက်လေကြောန်းဟှို ပြောပြဟှို့ ကူဟှ။
33 အယ်သူလေဟှာ ယောင်ကြည်ရှင်းအားဖြင့် တခြား တိုင်းနိုင်ငံလေဟှို အောန်ဟှယ်။ ဖြောန့်မတ်ရှင်းအားဖြင့် အောက်ချောက်ဟှယ်။ ဘုရားသခင်ရဲ့ ဂဒိတော်ဟှို ဝမ်စားဟှယ်။ ခြင်္သေ့နှောက်ဟှို ပိဟှယ်။
34 တော့‑က်လောန်နေဟှူ မီးရှီဟှို ငြီးစေဟှယ်။ ထားလတ်နပ်ဘေးဟှ လွတ်ဟှယ်။ နာဟှနေ လွတ်မြော့‑က်ဘီး ကျမ်းမာရဟှယ်။ စစ်တိုက်ဟှူ ခီမာ စွမ်းရည်ခွန်အားန ပ္လဲ့ဝရဟှယ်။ တခြားလူမျိုးလေရဲ့ တပ်လေဟှို တိုက်ယူဖျစ်ဆီးရှင်း မှုရာလေဟှို ပြုဂေ့လေဟှယ်။
35 မီးမလေလည်း ယောင်ကြည်ရှင်းအားဖြင့် သေဟှားဘီးဟှူ သူးနို့သားလေ သတ်ပ္လန်ရှင်လာဇာဟှို ပ္လန်ရဂေ့ဟှယ်။
တချို့လူလေဟှာ ပိုဘီး မြတ်ဟှူ ထမြော့‑က်ရှင်းဟှို ရော့‑က်ရှင်ကြောန့် လွတ်မြော့‑က်ဟှူ ဇာဟှို ခံယူဘဲ ရစ်ရစ်ဆစ်ဆစ် ညှဉ်းဆဲဇာဟှို ခံဂေ့လေဟှယ်။
36 တချို့လူလေဟှာ ကဲ့ရဲ့ခံရဘီး၊ ရိုက်ခံရဘီး တချို့လူလေဟှာ ထောန်ထဲမာ သံကြိုးန ခယ်ဟှားဇာဟှို ခံရလေဟှယ်။
37 သူးနို့ လေဟှာ က္လော့‑က်ခဲန ပစ်ခံရရှင်းလေ၊ လွှန ပိုင်းပိုင်း တိုက်ဖြတ်ခံရရှင်းလေ၊ စောင်ဇမ်း နှော့‑က်ယှစ်ခံရရှင်းလေ၊ ထားန သတ်ခံရရှင်းလေ၊ ဆင်းရဲရှင်းလေ၊ ညှဉ်းဆဲနှိစစ်ခံရဘီး သိုးသရေလေ၊ ဘဲ့သရေလေဟှို ဝတ်ဘီး လှည့်လည် သွားလာရဂေ့ဟှယ်။
38 အယ်လောကဟှာ အယ်သူလေန ထိုက်တန်ဟှ။ သူးနို့လေဟှာ တောကန္တာရလေ၊ တောန်တန်းလေ၊ လှိုင်ဂူလေန မ္လေတွမ်းလေမာ လှည့်လည်ဘီး နေရလေဟှယ်။
39 အယ်လူလေ ဂူလောင်းဟှာ ယောင်ကြည်ရှင်းအားဖြင့် ထော့‑က်ခံ ချီးကျူးဟှူဇာဟှို ခံရဟှူလည်းဘဲ့ ဂဒိတော်တိုင်း ကျိုးကျေးဇူးလေဟှို ခံရဂေ့ဟှ။
40 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူလေဟှာ နို့လေပါဘဲ စောင်လင်ရှင်းဟှို ရော့‑က်ဘဲနေဟှို့တွပ် ဘုရားသခင်ဟှာ နို့လေတွပ်ကြောန့် ပိုဘီး မြတ်ဟှူ ကျေးဇူးဟှို ကြံစည်တော်မူလေဟှယ်။