10
1 ပညတ်တရားဟှာ နော့‑က်ဖြစ်လာမယ့် ကောန်းကျိုးလေရဲ့ ရိလော့‑က်ဘဲ့ဖြစ်ဘီး အယ်မူဇာလေဟှာ ပေါင်သဏ္ဌာန် စစ်မှန်မှုဘဲဟှူကြောန့် နှစ်စဉ်မပြတ် ပူဇော်ဟှူ ယဇ်အားဖြင့် ကိုယ်တော်နားဟှို ချဉ်းကပ်ဟှူ သူလေဟှို စောင်လင်စေနိုင်ဟှ။
2 တကယ်ဟှိ စောင်လင်စေနိုင်ဟှယ် ဆိုဟှာ ဝတ်ပြုဟှူ သူလေဟှာ တခါဒဲန စင်ကြယ်ရှင်းဟှို ရော့‑က်ဘီးမှ နော့‑က်ထပ် ပြစ်ရှိနေသေးဟှယ် ဆိုဘီး သံဝေဂတရား ရဇာကြောန်း လောင်းဝမှေ့ဘဲကြောန့် အယ်ယဇ်လေဟှို တခါဒဲ ပူဇော်ဘီးဟှာ နော့‑က်ထပ် ပူဇော်ဘဲန နေမယ်မှုဟှလော။
3 ခုဆို ယဇ်ပူဇော်ရှင်းအားဖြင့် ပြစ်လေဟှိုဘဲ့ နှစ်စဉ်နှစ်တိုင်း ပ္လန်အော့‑က်မေ့ ဒိရစေဟှယ်။
4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နွားသွီး၊ ဘဲ့သွီးဟှာ ပြစ်လေဟှို ဖယ်ရှားပေးနိုင်ဘဲကြောန့် ဖြစ်ဟှယ်။
5 အယ်ကြောန့် ခရစ်တော်ဟှာ အယ်လောကဟှို ဆင်းကြွလာဟှူ ခီမာ၊
“ကိုယ်တော်ဟှာ ယဇ်န ပူဇော်သကာဟှို လိုတော်မှေ့ဘဲကြောန့်
ကျွန်တော့်တွပ် ကိုယ်ခန္ဓာဟှို ပြင်ဆင်တော်မူဘီ။
6 ကိုယ်တော်ဟှာ မီးရှို့ရာယဇ်န ပြစ်ဖြေရာယဇ် ရှိဟှူမျှဟှို နှစ်သက်တော်မူဟှ။
7 အယ်ခီမာ ကျွန်တော်ဟှ ကျမ်းစာလိမာ ကျွန်တော်ဟှို ရည်ရွယ်ဘီး ရေးဟှားတိုင်း ‘အို၊ ဘုရားသခင် ကျွန်တော်ဟှာ
ကိုယ်တော်ရဲ့ လိုတော်ဟှို ဆောန်ဟှို့တွပ်
ကျွန်တော် လာပါဟှယ်’ ကျွန်တော်ဝန်ခံပါဟှယ်” ဆိုဘီး လျှော့‑က်ဆိုလေဟှယ်။
8 ပထမနေန “ကိုယ်တော်ဟှာ ပညတ်တရားအရ ပူဇော်ဟှူ ရာလေဖြစ်ဟှူ ယဇ်ကောန်န ပူဇော်သကာလေ၊ မီးရှို့ရာယဇ်န ပြစ်ဖြေရာ ယဇ်လေရှိဟှူမျှဟှို လိုတော်မှေ့ဟှ နှစ်သက်တော်မူရှင်းလည်း မှေ့ဟှ” ဆိုဘီး ဆိုဟှယ်။
9 အယ်ဘီးန “အို၊ ဘုရားသခင် ကျွန်တော်ဟှာ ကိုယ်တော်ရဲ့ လိုတော်ဆောန်ဟှို့တွပ် လာပါဟှယ်” ဆိုဘီး ပြောရာမာ ဒုတိယ ယဇ်ပူဇော်ရှင်းဟှို တည်စေဟှို့တွပ် ပထမ ယဇ်ပူဇော်ရှင်းဟှို ပယ်လေဟှယ်။
10 အယ်လိုတော်တိုင်းဘဲ့ ယေရှုခရစ်ရဲ့ ကိုယ်ခန္ဓာဟှို တခါဒဲပူဇော်ဟှူ ဇာအားဖြင့် နို့လေဟှာ စင်ကြယ်ရှင်းဟှို ရော့‑က်ဂေ့လေဟှယ်။
11 ယဇ်ပုရောဟိတ် ဆိုဇာဟှ နေ့တိုင်းဝတ်ပြုဘီး ပြစ်လေဟှို ဖြေနိုင်ဘဲဟှူ ယဇ်ဟှို ခါဘီးခါ ပူဇော်နေရဟှယ်။
12 အယ်ဘေမဲ့ ခရစ်တော်ဟှာ ပြစ်ဟှိုဖြေဟှို့တွပ် ယဇ်တခုဒဲဟှို ပူဇော်ဘီးဟှာ ဘုရားသခင်ရဲ့ ညာဖတ်မာ မြဲဒမ်းထိုင်ဘီး
13 သူ့ရဲ့ ရန်သူလေဟှို သူ့ခေအော့‑က်ဟှို ခ္လဟှားခန်ခီထိ မျှော်လင့်ဘီး နေတော်မူဟှယ်။
14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ကိုယ့်ကိုယ်ကိုယ် တခါဒဲပူဇော်ဟှူ ဇာအားဖြင့် သန့်ရှင်းရှင်းခံရဟှူ သူလေဟှို ထာဝရစောင်လင် စေတော်မူဟှယ်။
15 သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ နို့လေဟှို သတ်သေခံဟှူဇာဟှ၊
16 “နော့‑က်ကာလမာ သူးနို့လေဟှို ငါပေးဟှူ ပဋိညာဉ်တရားဟှ
ငါဘုရားသခင်ဟှာ ငါ့ပညတ်လေဟှို
သူးနို့လေရဲ့ စိနှလောင်းထဲဟှို သွမ်းပေးမယ်။
သူးနို့လေရဲ့ စိဝိညာဉ်ထတ်မာ ရေးဟှားမယ်” ဆိုဘီး မိန့်တော်မူဘီးန
17 နော့‑က်ထပ် “သူးနို့လေရဲ့ ပြစ်မှားရှင်းန လွန်ကျူးရှင်း ဘောန်းဇောင်ဟှို အော့‑က်မေ့ဘဲန နေမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
18 အယ်ပြစ်လေဟှို လွှတ်ဘီးဟှာ နော့‑က်တခါ ပြစ်ဖြေဟှူ ပူဇော်သကာလေဟှို ဆစ်သဟှို့ လိုဟှမ်း။
ဘုရားသခင်နားဟှို ချဉ်းကပ်ဂေ့ဟှို့ကြောန်း
19 အယ်ကြောန့် ညီကို မောန်နှမလေ ယေရှုရဲ့ သေခံတော်မူရှင်းအားဖြင့် နို့လေဟှာ သန့်ရှင်းဆောင်း ဌာနတော်ထဲဟှို သွီးတော်ဟှို မှီပြုဘီး ဆီးတားမှေ့ဘဲ ဝမ်ခွမ့်ရဂေ့ဟှယ်။
20 အယ်သွီးတော်အားဖြင့် ကိုယ်တော်ဟှာ သူ့ရဲ့ ကိုယ်ခန္ဓာဖြစ်ဟှူ လိုက်ကာဟှနေဘီး ဘုရားသခင်ရဲ့ ရှေ့တော်ဟှို ရော့‑က်ဟှူ သတ်လမ်းသစ်ဟှို ဖွမ့်ပေးတော်မူဘီ။
21 အယ်လော့‑က်နမကဟှ နို့လေမာ ဘုရားသခင်ရဲ့ အီတော်ဟှို အောက်စိုးဟှူ ယဇ်ပုရောဟိတ်မန်း ရှိဟှူဖြစ်ကြောန့်
22 နို့လေရဲ့ စိနှလောင်းဟှို ဆိုးညစ်ဟှူ စိသဘောန ကင်းစေဟှို့တွပ် ပတ်ဖျမ်းရှင်းဟှို ခံယူဘီး ကိုယ်ခန္ဓာဟှိုလည်း စင်ကြယ်ဟှူ ရေအားဖြင့် ဆေးကြောဘီး ယောင်ကြည်ရှင်းနဆိုင်ဟှူ စိခ္လမှု ပ္လဲ့ပ္လဲ့ဝဝန မှန်ကန်ဟှူ စိနှလောင်းအားဖြင့် ဘုရားသခင်နားဟှို တိုးဝမ်ဂေ့ဇို့။
23 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဂဒိထားတော်မူဟှူ သူဟှာ သစ်စာန ပ္လဲ့ဇောင်တော်မူဟှူကြောန့် ဖော့‑က်ပ္လန်ဘီး ယီးယိုင်သွားဘဲ နို့လေဝန်ခံဟှူ မျှော်လင့်ရှင်းဟှို စွဲစွဲမြဲမြဲဆုပ်ကိုင်ဟှားဂေ့ဇို့။
24 နို့လေဟှာ မြစ်တာထားဟှို့န ကောန်းဟှူကျင့်ဟှို ကျင့်စေဟှို့တွပ် ယော့‑က်ဟှိုယော့‑က် ဖြားမျိုး တိုက်တွန်း နှိုးဆော်ရမယ် ဆိုဇာဟှို ဆင်ခြင်ဂေ့ဇို့။
25 လူတချို့ ထောင်းဇံရှိဟှူတိုင်း ရှင်းရှင်းစည်းဝေးရှင်းဟှို ရှောန်လွှဲဘဲနေဟှို့တွပ် ရှင်းရှင်း အားပေးဘီး တိုက်တွန်း နှိုးဆော်ဂေ့ဇို့။ ခီကာလ နီးလာဇာဟှို ထော့‑က်ဘီး ပိုဘီး ကြိုးစားဂေ့ဇို့။
26 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သမ္မာတရားဟှို သိဘီးမှ ကိုယ့်လိုဟှို လိုက်ဘီး ပ္လန်ပြစ်မှားမယ် ဆိုဟှာ နော့‑က်ထပ် ပြစ်ဖြေဟှို့ယဇ်ဟှို ပူဇော်ခွမ့်မှေ့ဘဲ၊
27 ရရာတိုင်း ပြင်းထန်ဟှူ ဒန်စီရင်ရှင်းဟှို ခံရမယ် ဆိုဘီး ကြော့‑က်ဇာကောန်းဟှူဇာဟှို မျှော်လင့်ရဟှူကြောန်း ရှိဟှူကြောန့် ငြင်းဆန်ဟှူ သူလေဟှို ဖျစ်ဆီးဟှို့တွပ် ဘုရားသခင်ရဲ့ မျစ်တော်မီးလောန်ဇာဟှို ခံရဟှို့ကြောန်းရှိဟှယ်။
28 မောရှေရဲ့ ပညတ်တရားဟှို ပယ်ဟှူသူဟှာ သတ်သေခံ နှေ့ယော့‑က်၊ သောင်းယော့‑က် ရှိဟှယ် ဆိုဟှာ သနားညှာတာရှင်းဟှို ခံရဘဲန သေခံရဟှယ်။
29 အယ်လော့‑က်နမကဟှ ဘုရားသခင်ရဲ့ သားတော်ဟှို ခေနနန်းဘီး ကိုယ့်ဟှို စင်ကြယ်စေဟှူ ပဋိညာဉ်တရားရဲ့ သွီးတော်ဟှို စင်ကြယ်ဘဲဟှူဇာ ဆိုဘီး ထန်မှတ်ဘီးဟှာ ဆုကျေးဇူးဟှို ပေးဟှူ ဝိညာဉ်တော်ဟှို ထီမဲ့မြင်ပြုဟှူ သူဟှာ ဖယ်မျှလော့‑က်ကီးဟှူ ဒန်ဟှို ခံရမယ်ဆိုဇာ နန်းနို့လေ ဖယ်မျိုးထန်ဂေ့နူး။
30 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “ငါဟှာ ပြစ်တရားဟှို စီရင်ပိုင်ဟှယ်။ ပြစ်ရှိဟှူတိုင်း ငါဆပ်ပေးမယ်” ဆိုဟှူဇာန “ဘုရားသခင်ဟှာ သူ့ရဲ့ လူစုတော်လေတွပ် တရားစီရင်မယ်” ဆိုဘီး မိန့်တော်မူဟှူ သခင်ဟှို နို့လေသိဂေ့ဟှယ်။
31 သတ်ရှင်တော်မူဟှူ ဘုရားသခင်ရဲ့ လတ်တော်ဟှို က္လရော့‑က်ဟှူ မှုဟှာ ကြော့‑က်ဇာကောန်းဟှူ မှုဖြစ်ဟှယ်။
32 နန်းနို့လေဟှာ ဘုရားသခင်ရဲ့ လန်းရောန်ဟှို ခံယူဘီးန ဆင်းရဲဒေါက်ခဟှို ခံစားရဘီး ပြင်းထန်ဟှူ တိုက်ခိုက်ရှင်းဟှို သီးခံဘီးဟှူ ရင်းရင်ဒူးဟှ နေ့ရစ်လေဟှို ဒိရဂေ့ပါ။
33 နန်းနို့လေဟှာ တခါတလေ လူလေရှေ့မာ ကဲ့ရဲ့ညှဉ်းဆဲဇာဟှို ခံရဂေ့ဟှယ်။ တခါတလေလည်း တခြားသူလေ ကဲ့ရဲ့ညှဉ်းဆဲဇာဟှို ခံရဟှူ ခီမာ နန်းနို့လည်း ထပ်တူထပ်မျှခံဟှို့တွပ် ဆင်သင့်ရှိဂေ့ဟှယ်။
34 နန်းနို့လေဟှာ ထောန်က္လနေဟှူ သူလေတွပ်ကြောန့် စာနာစိရှိဟှူမျှမှုဘဲ ကိုယ့်ပစ်စီး အောက်စာလေဟှို သူများဖျစ်ဆီးဟှူလည်းဘဲ့ ကိုယ်သောင်းစွဲဟှို့တွပ် ကောန်းဂန်ဘောင်မာ ပိုဘီး မြတ်ဘီး စဉ်မြဲတည်ဟှူ ဘဏ္ဍာရှိဟှယ် ဆိုဇာဟှို သိဟှူကြောန့် လုယူဖျစ်ဆီးခံရဇာဟှို ဝန်းသာဟှူ စိန သီးခံဂေ့ဟှယ်။
35 အယ်ကြောန့် ရရာတိုင်း ကီးမားဟှူ ကျိုးနယှဉ်ဟှူ နန်းနို့ရဲ့ ရဲရင့်မှုစိဟှို စွန့်လွှတ်ဂေ့န။
36 ဘုရားသခင်ရဲ့ လိုတော်ဟှို ဆောန်ဘီးမှ ဂဒိတော်တိုင်း ကျိုးဟှို ရဟှို့တွပ် သီးခံရှင်းစိရှိရမယ်။
37 ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊
“ကြွလာမယ့် သူဟှာ
ခီဆိုင်းဘဲ
ကြာခန်မာ ရော့‑က်လာလေ့မယ်။
38 ဖြောန့်မတ်ဟှူ သူဟှာ ယောင်ကြည်ရှင်းအားဖြင့် သတ်ရှင်လေ့မယ်။
အယ်ဘေမဲ့ ရွေ့လျော့ဖော့‑က်ပ္လန်ဟှာ ငါ့စိဝိညာဉ်ဟှာ
အယ်သူဟှို နှစ်သက်မှု မှေ့ဟှ” ဆိုဘီး ဘုရားသခင် မိန့်တော်ရှိဟှယ်။
39 နို့လေဟှာ ပျစ်စီးရှင်းဟှို ရော့‑က်ဟှို့တွပ် ရွေ့လျှော့ ဖော့‑က်ပ္လန်ဟှူ သူလေ မှုဟှ။ စိဝိညာဉ်ဟှာ ကယ်တန်ရှင်းဟှို ရော့‑က်ဟှို့တွပ် ယောင်ကြည်ဟှူ သူလေ ဖြစ်ဂေ့ဟှယ်။