123
ကောင်းကင် ဘုံ၌ ကျိန်းဝပ် တော်မူ သောဘုရား၊ ကိုယ်တော် ကို အကျွန်ုပ် မျှော် ကြည့် ပါ၏။ ကျွန် တို့သည် သခင် လက် ကို ၎င်း၊ ကျွန် မတို့သည် သခင်မ လက် ကို ၎င်းမျှော် ကြည့်သည်နည်းတူအကျွန်ုပ် တို့ သည် ကယ်မ သနားတော်မူခြင်းကျေးဇူးကို မ ခံမှီတိုင်အောင်၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ကို မျှော် ကြည့်လျက်နေကြပါ၏။ အို ထာဝရဘုရား ကယ် မသနားတော်မူပါ။ အကျွန်ုပ်တို့သည် အလွန် အရှက် ကွဲခြင်းကိုခံရ ပါသည် ဖြစ်၍ကယ် မသနားတော်မူပါ။ မထီမဲ့မြင် ပြုသောသူတို့ ၏ ကဲ့ရဲ့ ခြင်းကို၎င်း၊ မာနကြီး သောသူတို့ ၏ အရှက်ခွဲ ခြင်းကို၎င်း၊ အကျွန်ုပ် တို့ ၏ ဝိညာဉ် သည် အလွန် ခံရ ပါ၏။