122
ငါတို့သည် ထာဝရဘုရား ၏ အိမ် တော်သို့ သွား ကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြ သောအခါငါသည် ဝမ်းမြောက် ခြင်းရှိ၏။ အို ယေရုရှလင် မြို့၊ သင် ၏တံခါး တို့အတွင်း ၌ ငါ တို့သည်ရပ် ၍ နေ ကြလိမ့်မည်။ ယေရုရှလင် မြို့သည် စေ့စပ် သော မြို့ ကဲ့သို့ တည် ၏။ အမျိုး အနွှယ်တို့သည် ထို မြို့သို့တက် ကြ၏။ ဣသရေလ အမျိုး ထုံးစံ ရှိသည်အတိုင်းထာဝရ ဘုရား၏ အမျိုးအနွယ် တို့သည် ထာဝရဘုရား ၏ နာမတော် ကို ချီးမွမ်း ခြင်းငှါ တက်သွားကြ၏။ ထို မြို့၌ တရား စီရင်ရာပလ္လင်ဒါဝိဒ် မင်းမျိုး ရာဇပလ္လင် တို့ သည်တည် ကြ၏။ ယေရုရှလင် မြို့ ငြိမ်ဝပ် မည်အကြောင်းဆုတောင်း ကြလော့။ ထို မြို့ကို မြတ်နိုး စုံမက်သောသူတို့ သည် ချမ်းသာ ရကြပါစေသော။ သင် ၏မြို့ရိုး အတွင်း ၌ ငြိမ်ဝပ် ခြင်း၊ သင် ၏ဘုံ ဗိမာန်တို့၌ ချမ်းသာ ခြင်းရှိ ပါစေသော။ သင် ငြိမ်ဝပ် ခြင်းရှိပါစေသောဟု ငါ သည် ညီအစ် ကိုအတွက်အဆွေ ခင်ပွန်းတို့အတွက် ပြော ဆို ပါမည်။ ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော် ကိုထောက် ၍၊ သင် အကျိုး ကို ရှာ ပါမည်။