120
အကျွန်ုပ် သည် ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ထာဝရဘုရားသည် နားထောင် တော်မူ၏။ အိုထာဝရဘုရားအကျွန်ုပ် အသက် ကို သစ္စာ မရှိသော နှုတ် မှ ၎င်း၊ လှည့်စား တတ်သော လျှာ မှ ၎င်း ကယ်နှုတ် တော်မူပါ။ အိုလှည့်စား တတ်သောလျှာသင် သည်အဘယ် ကျေးဇူး ရှိ သနည်း။ အဘယ် အကျိုး ကိုခံရသနည်း။ အားကြီး သောသူ ၏ ထက် သောမြှား ကဲ့သို့ ၎င်း၊ ရသမ် သစ်သားမီးခဲ ကဲ့သို့၎င်း ဖြစ်၏။ ငါသည် မေရှက် ပြည်၌ တည်းခို ကေဒါ တဲ နေရ သည် အရာမှာ အ မင်္ဂလာရှိ၏။ ငြိမ်သက် ခြင်းကို မုန်း သောသူတို့ နှင့်အတူငါ့ ဝိညာဉ် သည် ကြာမြင့် စွာနေ ရပါသည်တကား။ ငါ သည် ငြိမ်သက် ခြင်းဘက်မှာနေ၏။ ငါပြော လျှင် မူကားသူ တို့သည် စစ်တိုက် ခြင်းငှါ အလိုရှိကြ၏။