119
ထာဝရဘုရား ၏ တရား လမ်း လွဲမတိမ်း၊ လိုက်သွား သောသူတို့ သည် မင်္ဂလာ ရှိကြ၏။ သက်သေခံ တော်မူချက်တို့ကို စောင့် ၍၊ ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ရှာ သောသူတို့ သည် မင်္ဂလာ ရှိကြ၏။ ထိုသူတို့သည် ဒုစရိုက် ကိုမ ပြုလမ်းခရီး တော်၌ လိုက်သွား တတ်ကြ၏။ အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့် ဘို့ရာကိုယ်တော် သည် ဩဝါဒ ပေး တော်မူပြီ။ ကိုယ်တော် ၏ အထုံးအဖွဲ့ များကို စောင့် နိုင်မည် အကြောင်းအကျွန်ုပ် သည် လမ်း ဖြောင့် ပါစေသော။ အကျွန်ုပ် သည် ပညတ် တော် အလုံးစုံ တို့ကို ထောက်ထား သောအခါရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ရပါ၏။ ဖြောင့်မတ် စွာ စီရင် တော်မူချက်များကို အကျွန်ုပ် လေ့ကျက် ပြီးမှဂုဏ်တော်ကို ဖြောင့် သော သဘော နှင့် ချီးမွမ်း ပါမည်။ ကိုယ်တော် ၏ အထုံးအဖွဲ့ များကို စောင့် ပါမည်။ အကျွန်ုပ် ကို ရှင်းရှင်း စွန့်ပစ် တော် မ မူပါနှင့်။ လူပျို သည် မိမိ သွားသောလမ်း ကို အဘယ်သို့ သန့်ရှင်း စေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ် တော် အတိုင်း သတိ ပြုရမည်။ 10  အကျွန်ုပ် သည် ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ရှာ ပါ၏။ ပညတ် တော်လမ်း မှ လွဲစေတော်မ မူပါနှင့်။ 11  ကိုယ်တော် ကို မ ပြစ်မှား ဘဲ နေနိုင်မည် အကြောင်းဗျာဒိတ် တော်ကို နှလုံး ထဲ မှာ သိုထား ပါပြီ။ 12  အို ထာဝရဘုရား ကိုယ်တော် သည် မင်္ဂလာ ရှိတော်မူ ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။ 13  စီရင် တော်မူရာ နှုတ် တော်ထွက် အလုံးစုံ တို့ကို အကျွန်ုပ် သည် ကိုယ်နှုတ် နှင့် ဟောပြော ပါ၏။ 14  ခပ်သိမ်း သော စည်းစိမ် ဥစ္စာကို ရဘိသကဲ့သို့ သက်သေခံ တော်မူရာလမ်း ဝမ်းမြောက် ပါ၏။ 15  ပေးတော်မူသောဩဝါဒ ကို ဆင်ခြင် လမ်း ခရီး တော်တို့ကို ကြည့်ရှု ပါ၏။ 16  အထုံးအဖွဲ့ တော်တို့၌ မွေ့လျော် ပါ၏။ နှုတ် ကပတ် တော်ကို မ မှတ်ဘဲမ နေပါ။ 17  ကိုယ်တော် ၏ ကျွန် သည် အသက်ရှင် နှုတ်ကပတ် တော်ကို စောင့် နိုင်ပါမည်အကြောင်းကျေးဇူး ပြုတော်မူပါ။ 18  တရား တော်၌ အံ့ဘွယ် သောအရာတို့ကို မြင် နိုင် ပါမည်အကြောင်းအကျွန်ုပ် ၏မျက်စိ တို့ကို ဖွင့် တော်မူပါ။ 19  အကျွန်ုပ် သည် မြေကြီး ပေါ် မှာ ဧည့်သည် ဖြစ်ပါ ၏။ ပညတ် တော်တို့ကို ဝှက်ထား တော်မ မူပါနှင့်။ 20  စီရင် တော်မူချက်တို့ကို အစဉ် မပြတ်တောင့်တ သောအားဖြင့်အကျွန်ုပ် ၏ စိတ် နှလုံးကြေကွဲ လျက် ရှိပါ၏။ 21  မာနကြီး သောသူနှင့် ပညတ် တော်တို့ကို လွန်ကျူး ၍၊ အကျိန် ခံရသောသူတို့ ကို ကိုယ်တော်ဆုံးမ တော်မူ၏။ 22  အကျွန်ုပ်သည် သက်သေခံ တော်မူချက်တို့ကို စောင့် ပါသည် ဖြစ်၍ကဲ့ရဲ့ ခြင်း၊ မထီမဲ့မြင် ပြုခြင်းနှင့် ကင်းလွတ် စေတော်မူပါ။ 23  မင်း တို့သည် အကျွန်ုပ် တဘက် ၌ ထိုင် ပြော ကြ ပါ၏။ ကိုယ်တော် ၏ ကျွန် မူကား၊ အထုံးအဖွဲ့ တော်တို့ကို ဆင်ခြင် လျက်နေပါ၏။ 24  သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော် ရာ၊ အကျွန်ုပ် တိုင်ပင် ရာ ဖြစ်ကြပါ၏။ 25  အကျွန်ုပ် ၏ အသက် သည် မြေမှုန့် မှီဝဲ လျက် ရှိပါ၏။ နှုတ်ကပတ် တော်အတိုင်း အသက်ရှင် စေတော်မူပါ။ 26  အကျွန်ုပ်သည် ကိုယ် အကျင့် တို့ကိုဘော်ပြ ကိုယ်တော်သည် နားထောင် တော်မူပြီ။ အထုံးအဖွဲ့ တော် တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။ 27  ပေးတော်မူသောဩဝါဒ လမ်း ကို အကျွန်ုပ် နားလည် စေတော်မူပါ။ သို့ပြုလျှင် အံ့ဘွယ် သော အမှုတော် တို့ကို ဆင်ခြင် အောက်မေ့ပါမည်။ 28  အကျွန်ုပ် ဝမ်းနည်း ခြင်းအားဖြင့် စိတ် နှလုံးအရည် ယိုလျက် ရှိပါ၏။ နှုတ်ကပတ် တော်အတိုင်း တည်ကြည် စေတော်မူပါ။ 29  မုသာ လမ်း ကို အကျွန်ုပ် ရှောင် ပါမည် အကြောင်းကယ်မ ၍တရား တော်ကိုပေး သနားတော်မူ ပါ။ 30  သစ္စာ လမ်း ကို အကျွန်ုပ်ရွေး ပါပြီ။ စီရင် တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာထား ပါပြီ။ 31  သက်သေခံ တော်မူချက်တို့၌ မှီဝဲ ပါပြီ။ အို ထာဝရဘုရား အရှက်ကွဲ စေတော်မ မူပါနှင့်။ 32  အကျွန်ုပ် ဉာဏ် ကို ပွင့် စေတော်မူသည်ဖြစ်၍ပညတ် တော်လမ်း သို့ အလျင် အမြန်လိုက်ပါမည်။ 33  အို ထာဝရဘုရား အထုံးအဖွဲ့ တော်လမ်း ကို အကျွန်ုပ် အား သွန်သင် တော်မူပါ။ အဆုံး တိုင်အောင်လိုက် သွားပါမည်။ 34  ဉာဏ် ကိုပေး တော်မူပါ။ တရား တော်ကို စောင့် ပါမည်။ စိတ် နှလုံးအကြွင်းမဲ့ စောင့် ပါမည်။ 35  ပညတ် တော်လမ်း အကျွန်ုပ် ကို ပို့ဆောင် တော်မူ ပါ။ ထို လမ်း ကို နှစ်သက် ပါ၏။ 36  အကျွန်ုပ် စိတ် နှလုံးကို လောဘ ဘက် သို့မဟုတ်သက်သေခံ တော်မူချက်တို့ ဘက်သို့ ဆွဲ တော်မူပါ။ 37  အနတ္တ ကို ပမာဏ မပြုစေခြင်းငှါ အကျွန်ုပ် မျက်စိ ကို အခြားသို့ လွှဲ တော်မူပါ။ လမ်းခရီး တော်၌ အကျွန်ုပ် အသက်ရှင် စေတော်မူပါ။ 38  ကိုယ်တော် ကို ကြောက်ရွံ့ သော ကိုယ်တော် ၏ ကျွန် ဗျာဒိတ် တော်ကို တည် စေတော်မူပါ။ 39  အကျွန်ုပ် ကြောက် သော ကဲ့ရဲ့ ခြင်းကို ပယ် ပျောက်စေတော်မူပါ။ စီရင် တော်မူချက်တို့သည် ကောင်းမွန် ကြပါ၏။ 40  ပေးတော်မူသောဩဝါဒ များကို တောင့်တ ပါ၏။ ဖြောင့်မတ် ခြင်းတရားတော်အားဖြင့် အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ 41  အို ထာဝရဘုရား ဗျာဒိတ် တော်အတိုင်း ကရုဏာ တော်တည်းဟူသောကယ်တင် တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ် ရောက် ပါစေသော။ 42  ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ် တော်ကို ကိုးစား သည်ဖြစ်၍ကဲ့ရဲ့ သောသူ ၏စကား ကို ချေ စရာ အကြောင်းရှိရပါလိမ့်မည်။ 43  စီရင် တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့် သည် ဖြစ်၍အကျွန်ုပ် ၏ နှုတ် ထဲက သစ္စာ စကား ကို အလျှင်း ရုပ်သိမ်း တော်မ မူပါနှင့်။ 44  ကိုယ်တော် ၏တရား ကို မ ခြားမလပ် အစဉ်အမြဲ ကျင့်စောင့် ပါမည်။ 45  ပေးတော်မူသောဩဝါဒ များကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍အဆီးအတား မရှိဘဲ သွား လာရ ပါ၏။ 46  သက်သေခံ တော်မူချက်တို့ကို မင်း များထံမှာ ပြန်ပြော ရှက်ကြောက် ခြင်းနှင့်ကင်းလွတ် ပါလိမ့်မည်။ 47  အကျွန်ုပ်သည် နှစ်သက် သော ပညတ် တော်တို့၌ မွေ့လျော် ပါမည်။ 48  နှစ်သက် သော ပညတ် တော် တို့အား လက် တို့ကို ချီ အထုံးအဖွဲ့ တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည်။ 49  အကျွန်ုပ် မြော်လင့် စရာအကြောင်းကိုယ်တော် ၏ကျွန် ထားတော်မူသောနှုတ်ကပတ် တော်ကို အောက်မေ့ တော်မူပါ။ 50  ဗျာဒိတ် တော်အားဖြင့် အကျွန်ုပ် အသက်ရှင် သည် ဖြစ်၍၊ ဆင်းရဲ ကိုခံရစဉ်တွင်ထို နှုတ်ကပတ်တော်သည် အကျွန်ုပ် သက်သာ စရာအကြောင်းဖြစ်ပါ၏။ 51  မာနကြီး သောသူတို့သည် အကျွန်ုပ် ကို အလွန် ကဲ့ရဲ့ သော်လည်း၊ ကိုယ်တော် ၏ တရား လမ်းကို အကျွန်ုပ် မ ရှောင် ပါ။ 52  အို ထာဝရဘုရား ရှေး ကာလ၌ စီရင် တော်မူချက်တို့ကို အကျွန်ုပ် အောက်မေ့ ကိုယ်ကိုကိုယ်နှစ်သိမ့် စေပါ၏။ 53  တရား တော်ကို စွန့်ပယ် သော အဓမ္မ လူတို့ ကြောင့်အကျွန်ုပ် ၌ ပူလောင် သောစိတ် စွဲလန်း လျက် ရှိပါ၏။ 54  အကျွန်ုပ် ဧည့်သည် နေရာအိမ် တွင် အထုံးအဖွဲ့ တော်တို့သည် အကျွန်ုပ် သီချင်း ဆိုရာအကြောင်း ဖြစ် ကြပါ၏။ 55  အို ထာဝရဘုရား ညဉ့် အချိန်၌ နာမတော် ကို အကျွန်ုပ် အောက်မေ့ တရား တော်ကို စောင့် ပါ၏။ 56  ပေးတော်မူသောဩဝါဒ များကို နားထောင် သောအားဖြင့် အား ရပါ၏။ 57  အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ် ၏ အဘို့ ဖြစ်တော်မူ၏။ နှုတ်ကပတ် စကားတော်တို့ကို နားထောင် ပါမည်ဟု အကျွန်ုပ်ပြော ထားပါပြီ။ 58  ကျေးဇူးတော်ကိုခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ် နှလုံးအကြွင်းမဲ့ တောင်းပန် ပါ၏။ ဗျာဒိတ် တော်အတိုင်း အကျွန်ုပ် ကို သနား တော်မူပါ။ 59  ကိုယ် လိုက်ရာလမ်း ကို ဆင်ခြင် သောအခါသက်သေခံ တော်မူချက်တို့သို့ လှည့် ၍လိုက် ပါ၏။ 60  ပညတ် တော်တို့ကို စောင့် ခြင်းငှါ ဖင့် မနွှဲ အလျင် အမြန်ပြုပါ၏။ 61  တရားသောသူ အစည်း အဝေးတို့သည် အကျွန်ုပ် ကိုဝိုင်း ကြသော်လည်း၊ အကျွန်ုပ်သည် တရား တော်ကို မ မေ့ မလျော့ပါ။ 62  တရား သဖြင့် စီရင် တော်မူချက်တို့ကိုထောက် ၍ ဂုဏ်တော်ကို ချီးမွမ်း ခြင်းငှါသန်းခေါင် အချိန်၌ အကျွန်ုပ် ထ တတ်ပါ၏။ 63  ကိုယ်တော် ကို ကြောက်ရွံ့ သောသူ၊ ပေးတော်မူသော ဩဝါဒ ကို နားထောင် သောသူရှိသမျှ တို့နှင့် အကျွန်ုပ် ပေါင်းဘော် တတ်ပါ၏။ 64  အိုထာဝရဘုရားမြေကြီး သည် ကရုဏာ တော် နှင့်ပြည့်ဝ ပါ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။ 65  အိုထာဝရဘုရားနှုတ်ကပတ် တော်အတိုင်း ကိုယ်တော် ၏ကျွန် ကျေးဇူး ပြု တော်မူ၏။ 66  ပညတ် တော်တို့ကို အကျွန်ုပ် ယုံကြည် သည် ဖြစ်၍ကောင်း သော ဉာဏ် နှင့် ပညာ တော်အတတ်ကို သွင်း ပေးတော်မူပါ။ 67  အကျွန်ုပ် သည် ဆင်းရဲ ခံမှီလမ်း လွဲပါ၏။ ယခု မူကားဗျာဒိတ် တော်အတိုင်း ကျင့်စောင့် ပါ၏။ 68  ကိုယ်တော် သည် ကောင်း သောသဘော၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။ 69  မာနကြီး သောသူတို့ သည် အကျွန်ုပ် တဘက် မုသာ စကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသ များကို စိတ် နှလုံးအကြွင်းမဲ့ ကျင့် ပါ၏။ 70  သူ တို့နှလုံး သည် ဆီဥ ကဲ့သို့ ခဲ လျက်ရှိ၏။ အကျွန်ုပ် မူကား၊ ကိုယ်တော် ၏တရား ၌ မွေ့လျော် ပါ၏။ 71  အထုံးအဖွဲ့ တော်တို့ကို သွန်သင် စေခြင်းငှါအကျွန်ုပ် ဆင်းရဲ ခံရသော ကျေးဇူး သည် ကြီးပါ၏။ 72  နှုတ် တော်ထွက် တရား တော်သည် ရွှေ ငွေ အထောင် အသောင်းထက်မကအကျွန်ုပ် သာ၍ကောင်း ပါ၏။ 73  ကိုယ်တော် ၏ လက် တို့သည် အကျွန်ုပ် ကို ဖန်ဆင်း ပုံ သဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ် တော် တို့ကို အကျွန်ုပ်သင် နိုင်သော ဉာဏ် နှင့် ပြည့်စုံစေတော်မူပါ။ 74  နှုတ်ကပတ် တော်ကို အကျွန်ုပ် မြော်လင့် သောကြောင့် ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့သည် အကျွန်ုပ် ကို မြင် ဝမ်းမြောက် ကြပါလိမ့်မည်။ 75  အို ထာဝရဘုရား စီရင် တော်မူချက်တို့သည် ဟုတ်မှန် ကြောင်း ကို၎င်းသစ္စာ တော်နှင့်အညီအကျွန်ုပ် ကို ဆင်းရဲ စေတော်မူကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။ 76  ကိုယ်တော် ၏ ကျွန် မိန့် တော်မူချက်အတိုင်းကရုဏာ တော်သည် အကျွန်ုပ် ကို ချမ်းသာ ပေးပါ စေသော ဟု ဆုတောင်းပါ၏။ 77  ကိုယ်တော် ၏ တရား သည် အကျွန်ုပ် မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင် မည် အကြောင်းသနား စုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။ 78  မာနကြီး သောသူတို့ သည် ရှက်ကြောက် ကြ ပါစေသော။ အကြောင်း မရှိဘဲ အကျွန်ုပ် ၌ မ တရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ် မူကား ကိုယ်တော် ၏ ဥပဒေသ များကို ဆင်ခြင် အောက်မေ့ပါမည်။ 79  ကိုယ်တော် ကို ကြောက်ရွံ့ သောသူ၊ သက်သေ ခံ တော်မူချက်တို့ကို သိ သောသူတို့သည် အကျွန်ုပ် ထံသို့ လှည့် ကြပါစေသော။ 80  ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည် အကြောင်းအကျွန်ုပ် နှလုံး သည် အထုံးအဖွဲ့ တော်တို့၌ စုံလင် ပါစေသော။ 81  အကျွန်ုပ် ၏ ဝိညာဉ် သည် ကယ်တင် တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အား လျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ် တော် ကိုမြော်လင့် ပါ၏။ 82  အကျွန်ုပ် ကို အဘယ် ကာလမှ ချမ်းသာ ပေး တော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ် မျက်စိ တို့သည် ဗျာဒိတ် တော်ကို မြော်လင့်လျက်အား ကုန်ပါ၏။ 83  မီးခိုး ရှိသောသားရေ ဘူးကဲ့သို့ အကျွန်ုပ်ဖြစ် ပါ ၏။ သို့သော်လည်း၊ အထုံးအဖွဲ့ တော်တို့ကို မ မေ့ မလျော့ပါ။ 84  ကိုယ်တော် ၏ ကျွန် နေရသော နေ့ရက် ကာလ အဘယ် မျှလောက်ကြာရပါမည်နည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့အားအဘယ် ကာလမှ တရား ဆုံးဖြတ် တော်မူမည်နည်း။ 85  မာနကြီး သောသူ၊ ကိုယ်တော် ၏ တရား ကို လွန်ကျူးသောသူတို့ သည် အကျွန်ုပ် အဘို့ တွင်း များကို တူး ကြပါပြီ။ 86  အလုံးစုံ သော ပညတ် တော်တို့သည် သစ္စာ နှင့် ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်း မရှိဘဲ အကျွန်ုပ် ကိုညှဉ်းဆဲ ကြသည် ဖြစ်၍၊ မစ တော်မူပါ။ 87  သူတို့သည် အကျွန်ုပ် ကို မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းလု ပါပြီ။ သို့သော်လည်းကိုယ်တော် ၏ ဥပဒေသ များကို အကျွန်ုပ် စွန့် ပါ။ 88  ကရုဏာ တော်ရှိသည်အတိုင်း အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ နှုတ် တော်ထွက် ဗျာဒိတ် တော် ကို စောင့် ပါမည်။ 89  အိုထာဝရဘုရားနှုတ်ကပတ် တော်သည် ကောင်းကင် ဘုံ၌ အစဉ် အမြဲတည် ပါ၏။ 90  သစ္စာ တော်သည် လူမျိုး အဆက်ဆက်မြဲမြံပါ၏။ မြေကြီး ကို တည် စေတော်မူသဖြင့်သူသည်အမြဲ နေပါ၏။ 91  ခပ်သိမ်း သောအရာတို့သည် ကိုယ်တော် ၏ ကျွန် ဖြစ်၍ စီရင် တော်မူသည်နှင့်အညီယနေ့ တိုင်အောင်အမြဲ နေကြပါ၏။ 92  အကျွန်ုပ် သည် ကိုယ်တော် ၏ တရား ၌မွေ့လျော် ခြင်းမ ရှိလျှင်၊ အထက်က ဆင်းရဲ ခံစဉ် ပျက်စီး ပါပြီ။ 93  ကိုယ်တော် ၏ ဥပဒေ များကို အစဉ် မေ့ မလျော့နိုင်ပါ။ အကြောင်း မူကား၊ ထို ဥပဒေသများအားဖြင့်အကျွန်ုပ် ကို အသက်ရှင် စေ တော်မူ၏။ 94  အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော် ၏ ဥပဒေသ များကို ရှာဖွေ လိုက်စစ်သောကြောင့် အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ 95  အကျွန်ုပ် ကို ဖျက်ဆီး ခြင်းငှါ တရားသောသူတို့ သည် စောင့် လျက်နေကြပါ၏။ သို့သော်လည်းသက်သေခံ တော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက်မေ့ ပါမည်။ 96  ခပ်သိမ်း သော စုံလင် ခြင်း၏ အဆုံး ကို အကျွန်ုပ် မြင် ပါပြီ။ ပညတ် တရားတော်မူကား၊ အလွန် ကျယ်ဝန်း ပါ၏။ 97  ကိုယ်တော် ၏တရား ကို အကျွန်ုပ်သည် အလွန် နှစ်သက် ပါ၏။ တနေ့လုံး ဆင်ခြင် အောက်မေ့လျက် နေပါ၏။ 98  ပညတ် တရားတော်သည် အကျွန်ုပ် ၏ ရန်သူ တို့ ထက်အကျွန်ုပ် ကိုသာ၍ ပညာရှိစေပါ၏။ ပညတ် တရား တော်သည် အကျွန်ုပ် အစဉ် တည်ပါ၏။ 99  သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ် သည် ဆင်ခြင် အောက်မေ့သောကြောင့်အကျွန်ုပ် ၏ ဆရာ အပေါင်း တို့ထက် သာ၍နားလည် ပါ၏။ 100  ကိုယ်တော် ၏ ဥပဒေသ များကို စောင့် သောကြောင့် အသက်ကြီး သူတို့ထက် သာ၍ဉာဏ် ကောင်း ပါ၏။ 101  နှုတ်ကပတ် တော်ကို စောင့် လိုသောငှါမကောင်း သောလမ်း ရှိသမျှ တို့ကို လွှဲ ရှောင်ပါ၏။ 102  ကိုယ်တော် သည် သွန်သင် တော်မူသောကြောင့်စီရင် တော်မူချက်တို့မှ အကျွန်ုပ်လွှဲ ၍ မ သွားပါ။ 103  မိန့် တော်မူချက်တို့သည် အကျွန်ုပ် အာခေါင် အလွန် ချိုကြပါ၏။ ခံတွင်း ထဲမှာ ပျားရည် ထက် သာ၍ချိုကြပါ၏။ 104  ကိုယ်တော် ၏ ဥပဒေသ များအားဖြင့်အကျွန်ုပ် သည် ဉာဏ် တိုးပွား ၍ မိစ္ဆာ လမ်း ရှိသမျှ တို့ကို မုန်း ပါ၏။ 105  နှုတ်ကပတ် တော်သည် အကျွန်ုပ် ခြေ ရှေ့ မှာ မီးခွက် ဖြစ်၍အကျွန်ုပ် လမ်း ခရီးကို လင်း စေပါ၏။ 106  ဖြောင့်မတ် စွာ စီရင်တော်မူချက်တို့ကို စောင့် ပါမည် ဟု အကျွန်ုပ်ကျိန်ဆို သည် အတိုင်း ပြု ပါမည်။ 107  အို ထာဝရဘုရား အကျွန်ုပ် သည် အလွန် ဆင်းရဲ ခြင်းကို ခံရပါ၏။ နှုတ်ကပတ် တော်အတိုင်း အသက်ရှင် စေတော်မူပါ။ 108  အိုထာဝရဘုရားအကျွန်ုပ်သည် စေတနာ စိတ် ရှိ၍၊ ကိုယ် နှုတ် နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက် တော်မူပါ၏။ စီရင် တော်မူချက်တို့ကိုလည်းအကျွန်ုပ် ၌ သွန်သင် တော်မူပါဟု တောင်းပန်ပါ၏။ 109  အကျွန်ုပ် အသက် သည် ကိုယ် လက် အစဉ် ရှိပါ ၏။ သို့သော်လည်းတရား တော်ကို မ မေ့ မလျော့ပါ။ 110  တရားသောသူတို့ သည် အကျွန်ုပ် ဘို့ ကျော့ကွင်း ကို ထောင် ထားကြပါ၏။ သို့သော်လည်းကိုယ်တော် ၏ ဥပဒေသ များမှ လွှဲ ၍ မ သွားပါ။ 111  သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်း ရာ ဖြစ်၍ကိုယ်အမွေ ဥစ္စာဘို့ အစဉ် အမြဲခံယူပါ၏။ 112  အထုံးအဖွဲ့ တော်တို့ကို အဆုံး တိုင်အောင် အစဉ် လိုက် ခြင်းအလိုငှါကိုယ် စိတ်နှလုံး ကို တိုက်တွန်း ပါ၏။ 113  အကျွန်ုပ်သည် အဓမ္မ လူတို့ကို မုန်း ကိုယ်တော် ၏တရား ကို နှစ်သက် ပါ၏။ 114  ကိုယ်တော် သည် အကျွန်ုပ် ၏ အကွယ် အကာ၊ အကျွန်ုပ် ၏ ဒိုင်း လွှားဖြစ်တော်မူ၏။ နှုတ်ကပတ် တော်ကို မြော်လင့် လျက်နေပါ၏။ 115  ဒုစရိုက် ကို ပြုသောသူတို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။ ငါ သည် ဘုရား သခင်၏ ပညတ် တော်တို့ကို ကျင့် စောင် မည်။ 116  အကျွန်ုပ်သည် အသက်ရှင် ပါမည် အကြောင်းမိန့် တော်မူချက်အတိုင်း ထောက်မ တော်မူပါ။ အကျွန်ုပ် မြော်လင့် ခြင်းအကြောင်းမှ ရှက် မကြောက်ပါစေနှင့်။ 117  အကျွန်ုပ်သည် ချမ်းသာ ရပါမည်အကြောင်းမစ တော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို အစဉ် အမြဲထောက်ရှု ပါမည်။ 118  အထုံးအဖွဲ့ တော်တို့မှ လွှဲ သွားသမျှ သောသူတို့ ကို ပယ် တော်မူ၏။ သူ တို့ပရိယာယ် သည် မုသာ ဖြစ်ပါ၏။ 119  တရားသော မြေသားအပေါင်း တို့ကို ချော် ကဲ့သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေ ခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက် ပါ၏။ 120  ကိုယ်တော် ကို ထိတ်လန့် သဖြင့်အကျွန်ုပ် သည် ကြက်သီး မွေးညှင်းထ၍စီရင် တော်မူချက်တို့မှ ကြောက် ပါ၏။ 121  အကျွန်ုပ်သည် တရား ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို ပြု ပါပြီ။ ညှဉ်းဆဲ သောသူတို့ လက်၌ အကျွန်ုပ် ကို ပစ် ထားတော်မ မူပါနှင့်။ 122  ကိုယ်တော် ၏ ကျွန် အဘို့ အလိုငှါ အာမခံ တော်မူပါ။ မာနကြီး သောသူတို့သည် အကျွန်ုပ် ကို မ နှိပ်စက် ကြ ပါစေနှင့်။ 123  ကယ်တင် တော်မူခြင်းကျေးဇူးကို၎င်းဖြောင့်မတ် ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ် တော်ကို၎င်း၊ အကျွန်ုပ် မျက်စိ သည် မျှော်၍ အား ကုန်ပါပြီ။ 124  ကရုဏာ တော်ရှိသည်အတိုင်းကိုယ်တော် ၏ ကျွန် ပြု အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူပါ။ 125  အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန် ဖြစ်ပါ၏။ သက်သေခံ တော်မူချက်တို့ကိုနားလည် နိုင်သော ဉာဏ် ကိုပေး သနားတော်မူပါ။ 126  အို ထာဝရ ဘုရား၊ စီရင် တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရား တော်ကို ပယ် ကြပါ၏။ 127  အကျွန်ုပ်မူကား၊ ပညတ် တော်တို့ကို ရွှေ ထက်မကရွှေစင် ထက် သာ၍နှစ်သက် ပါ၏။ 128  သို့ဖြစ်လျှင်ကိုယ်တော်၏ ဥပဒေသ အလုံးစုံ တို့ သည် ဖြောင့် ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာ လမ်း ရှိသမျှ တို့ ကို မုန်း ပါ၏။ 129  သက်သေခံ တော်မူချက်တို့သည် အံ့ဩ ဘွယ် ဖြစ်၍အကျွန်ုပ် ဝိညာဉ် သည် စောင့်ရှောက် တတ်ပါ၏။ 130  နှုတ်ကပတ် တော်ကို ဖွင့် ပြခြင်းသည် အလင်း ကိုပေး ၍၊ မ လိမ္မာသောသူတို့ကို လိမ္မာ စေတတ်ပါ၏။ 131  ပညတ် တော်တို့ကို အကျွန်ုပ် တောင့်တ အားကြီးသဖြင့်နှုတ် ကို ဖွင့် ပန်း တိုက်ပါ၏။ 132  နာမတော် ကို ချစ် သောသူတို့ ၌ ပြု တော်မူတတ် သည်အတိုင်းအကျွန်ုပ် ကို ကြည့်ရှု ကယ် မသနား တော်မူပါ။ 133  မိန့် တော်မူချက် အစဉ်အတိုင်းအကျွန်ုပ် ခြေ လှမ်းတို့ကို ဖြောင့် စေတော်မူပါ။ အကျွန်ုပ် ကို အဘယ် မည် သော ဒုစရိုက် မျှအစိုး ရပါစေနှင့်။ 134  လူ တို့၏ ညှဉ်းဆဲ ခြင်းထဲက အကျွန်ုပ် ကို ရွေးနှုတ် တော်မူပါ။ ကိုယ်တော် ၏ဥပဒေသ များကို စောင့် ပါမည်။ 135  မျက်နှာ တော်၏အလင်းကို ကိုယ်တော် ၏ ကျွန် အပေါ် မှာ ထွန်းလင်း စေ၍အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူပါ။ 136  သူတပါးများတို့သည် တရား တော်ကို မ စောင့် သောကြောင့်အကျွန်ုပ် မျက်စိ တို့မှ မျက်ရည် သည် မြစ် ရေ ကဲ့သို့စီး ပါ၏။ 137  အို ထာဝရဘုရား ကိုယ်တော် သည် ဖြောင့်မတ် တော်မူ၏။ စီရင် တော်မူချက်တို့သည် ဖြောင့်မတ် ကြပါ ၏။ 138  ထား တော်မူသောသက်သေခံ တော်မူချက်တို့ သည်လည်း တရား နှင့်ညီ၍ သစ္စာ မြဲကြပါ၏။ 139  ရန်သူ တို့သည် စကား တော်တို့ကို မေ့လျော့ သောကြောင့် စွဲလန်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကို ညှဉ်းဆဲ ပါ၏။ 140  နှုတ်ကပတ် တော်သည် အလွန် စင်ကြယ် သည် ဖြစ်၍ကိုယ်တော် ၏ကျွန် သည် နှစ်သက် ပါ၏။ 141  အကျွန်ုပ် သည် ငယ် သောသူ၊ မထီမဲ့မြင် ပြုခြင်း ကို ခံရသောသူဖြစ် ပါ၏။ သို့သော်လည်းကိုယ်တော် ၏ ဥပဒေသ များကို မ မေ့ မလျော့ပါ။ 142  ဖြောင့်မတ် တော်မူခြင်းသည် နိစ္စ ထာဝရ ဖြောင့်မတ် ခြင်းဖြစ်ပါ၏။ ကိုယ်တော် ၏တရား သည် သစ္စာ တရားဖြစ်ပါ၏။ 143  ဆင်းရဲ ညှိုးငယ် ခြင်းသို့ရောက် သော်လည်းပညတ် တော်တို့သည် အကျွန်ုပ် မွေ့လျော် ရာဖြစ်ပါ၏။ 144  သက်သေခံ တော်မူချက်တို့သည် အစဉ် အမြဲဖြောင့် ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင် ပါမည် အကြောင်းဉာဏ် ကိုပေးသနားတော်မူပါ။ 145  အကျွန်ုပ်သည် စိတ် နှလုံးအကြွင်းမဲ့ အော်ဟစ် ပါ၏။ အိုထာဝရဘုရား နားထောင် တော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို စောင့် ပါမည်။ 146  ကိုယ်တော် ကို အော်ဟစ် ပါ၏။ ကယ်တင် တော်မူ ပါ။ သက်သေခံ တော်မူချက်တို့ကို စောင့် ပါမည်။ 147  မိုဃ်း မလင်းမှီ အကျွန်ုပ် အော်ဟစ် တတ်ပါ၏။ နှုတ်ကပတ် တော်ကို မြော်လင့် လျက်နေပါ၏။ 148  ဗျာဒိတ် တော်တို့ကို ဆင်ခြင် အောက်မေ့လိုသောငှါညဉ့်ယံ မလွန်မှီ အကျွန်ုပ် နိုး တတ်ပါ၏။ 149  အို ထာဝရဘုရား ကရုဏာ တော်ရှိသည် အတိုင်း အကျွန်ုပ် စကား ကို နားထောင် တော်မူပါ။ စီရင် တော်မူချက်နှင့်အညီ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ 150  ကောင်းသောအကြံအစည်၌ ကျင်လည် သောသူတို့ သည် အနီးသို့ချဉ်း ကြပါ၏။ သူတို့သည် ကိုယ်တော် ၏တရား နှင့် ဝေး ကြပါ၏။ 151  အို ထာဝရဘုရား ကိုယ်တော် သည် နီး တော်မူ၏။ အလုံးစုံ သော ပညတ် တော်တို့သည် သစ္စာ ဖြစ်ကြပါ ၏။ 152  သက်သေခံ တော်မူချက်တို့ကို အစဉ် အမြဲထား တော်မူကြောင်း ကို၊ ရှေ့ဦးစွာ မှစ၍ အကျွန်ုပ်သိ ပါ၏။ 153  အကျွန်ုပ် ခံရ သောဆင်းရဲခြင်းကို ကြည့်ရှု ကယ်နှုတ် တော်မူပါ။ ကိုယ်တော် ၏တရား ကို မ မေ့ မလျော့ပါ။ 154  အကျွန်ုပ် အမှု ကို စောင့် အကျွန်ုပ် ကိုရွေးနှုတ် တော်မူပါ။ ဗျာဒိတ် တော်အားဖြင့် အသက်ရှင် စေတော်မူပါ။ 155  တရားသောသူတို့သည် အထုံးအဖွဲ့ တော်တို့ကို မ ရှာ သောကြောင့်ကယ်တင် ခြင်းနှင့် ဝေး ကြပါ၏။ 156  အိုထာဝရဘုရားသနား စုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝ ပါ၏။ စီရင် တော်မူချက်နှင့်အညီအကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ 157  အကျွန်ုပ် ကို ညှဉ်းဆဲ သောသူနှင့် ရန်ဘက် ပြု သောသူတို့ သည် များ ကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ် သည် သက်သေခံ တော်မူချက်တို့မှ လွှဲ ၍မ သွားပါ။ 158  သစ္စာ မရှိသောသူတို့ကို အကျွန်ုပ်သည်မြင် စိတ်နာ ပါ၏။ အကြောင်း မူကား၊ သူတို့သည် ဗျာဒိတ် တော် စကားကို နား ထောင်ဘဲ နေကြပါ၏။ 159  ကိုယ်တော် ၏ ဥပဒသ များကို အကျွန်ုပ် နှစ်သက် ကြောင်း ကို မှတ် တော်မူပါ။ အိုထာဝရဘုရား ကရုဏာ တော်ရှိသည်အတိုင်းအကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ 160  နှုတ်ကပတ် တော်အလုံးစုံ တို့သည် ဟုတ်မှန် ပါ ၏။ တရား သဖြင့် စီရင် တော်မူချက်ရှိသမျှ တို့သည် အစဉ် အမြဲတည် ကြပါ၏။ 161  အစိုး ရသောသူတို့ သည် အကြောင်း မရှိဘဲ အကျွန်ုပ် ကို ညှဉ်းဆဲ ကြသော်လည်းအကျွန်ုပ် စိတ် နှလုံးသည် စကား တော်ကို ကြောက်ရွံ့ ပါ၏။ 162  လက် ရဥစ္စာများ ကို တွေ့ သကဲ့သို့ ဗျာဒိတ် တော် စကားကြောင့် အကျွန်ုပ် ဝမ်းမြောက် ပါ၏။ 163  မုသာ စကားကို ကြား ပျင်းရွံရှာ ပါ၏။ တရား တော်ကိုကား နှစ်သက် ပါ၏။ 164  ဖြောင့်မတ် စွာ စီရင် တော်မူချက်များကြောင့် ကိုယ်တော် ကို တရက် လျှင် ခုနစ် ကြိမ် ချီးမွမ်း တတ်ပါ၏။ 165  တရား တော်ကို နှစ်သက် သောသူတို့ ၌ ကြီးစွာ သော ငြိမ်ဝပ် ခြင်း ရှိပါ၏။ သူ တို့စိတ်ပျက် စရာအကြောင်းမ ရှိပါ။ 166  အိုထာဝရဘုရားကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် ပညတ် တော်တို့ကို ကျင့် ပါ၏။ 167  သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ် ဝိညာဉ် သည် စောင့် ပါ၏။ အလွန် နှစ်သက် ပါ၏။ 168  ကိုယ်တော် ၏ ဥပဒေသ တို့နှင့် သက်သေခံ တော်မူချက်တို့ကို စောင့် ပါ၏။ အကျွန်ုပ် အကျင့် ရှိသမျှ တို့သည် ရှေ့ တော်၌ရှိကြပါ၏။ 169  အို ထာဝရဘုရား အကျွန်ုပ် အော်ဟစ် သံသည် ရှေ့ တော်သို့ ရောက် ပါစေသော။ နှုတ်ကပတ် တော် အတိုင်း ဉာဏ် ကိုပေး သနားတော်မူပါ။ 170  အသနား ခံသောစကားသည် ရှေ့ တော်သို့ ရောက် ပါစေသော။ ဗျာဒိတ် တော်အတိုင်း အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ 171  အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူသောအခါ အကျွန်ုပ် ၏နှုတ် သည် ချီးမွမ်း ခြင်းကို မြွက်ဆို ပါမည်။ 172  အလုံးစုံ သော ပညတ် တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ်၍အကျွန်ုပ် လျှာ သည် ဗျာဒိတ် တော်ကို သီချင်း ဆိုရပါမည်။ 173  ကိုယ်တော် ၏ ဥပဒေသ များကို နှစ်သက် ပါသည် ဖြစ်၍လက် တော်သည် အကျွန်ုပ် ကို မစ ပါစေ သော။ 174  အို ထာဝရဘုရား ကယ်တင် တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် တောင့်တ ပါ၏။ တရား တော်သည် လည်း အကျွန်ုပ် မွေ့လျော် ရာ ဖြစ်ပါ၏။ 175  အကျွန်ုပ် သည် အသက် ရှင် ကိုယ်တော် ကို ချီးမွမ်း ပါစေသော။ စီရင် တော်မူချက်တို့သည် အကျွန်ုပ် ကို မစ ကြပါစေသော။ 176  ပျောက် သော သိုး ကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ။ ကိုယ်တော် ၏ ကျွန် ကိုရှာ တော်မူပါ။ အကျွန်ုပ်သည် ပညတ် တော်တို့ကို မ မေ့ မလျော့ပါ။