35
မောရှေ သည်၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း ကို စည်းဝေး စေ၍ထာဝရဘုရား မိန့် တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား၊ ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်သည် သင် တို့၌ သန့်ရှင်း သောနေ့၊ ထာဝရဘုရား အဘို့ ငြိမ်ဝပ် စွာ နေရသော ဥပုသ် နေ့ဖြစ် ၏။ ထိုနေ့ အလုပ် လုပ် သော သူ မည်သည်ကား အသေ ခံရမည်။ သင် တို့နေရာ အရပ်၌ ဥပုသ် နေ့ မှာ မီး ကို မ မွေး ရဟု ဆင့်ဆို ၏။ တဖန် မောရှေ သည်၊ ဣသရေလ အမျိုးသား ပရိသတ် အလယ်၌ ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို သည်ကား၊ သင် တို့တွင် ထာဝရဘုရား အား လှူသော အလှူ ကို ပြင်ဆင် ကြလော့။ ကြည်ညို သော စေတနာစိတ် ရှိသမျှ သောသူတို့ သည်၊ ရွှေငွေကြေးဝါ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချောဆိတ် မွေး၊ အနီ ဆိုးသောသိုး ရေတဟာရှ သားရေအကာရှ သစ် သား၊ လိမ်း ရန် ဆီ ဘော်ဘို့မီးရှို့ရာနံ့သာ ပေါင်း မွှေး ဘော်ဘို့ ရာနံ့သာ မျိုး၊ မီး ထွန်းစရာဆီ ရှဟံ ကျောက်ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီ စရာကျောက် မြတ်တည်းဟူသောထာဝရဘုရား အား လှူ သောအလှူကို ဆောင် ခဲ့ကြလော့။ 10  သင် တို့တွင် လိမ္မာ သောသူ ရှိသမျှ တို့သည်လာ 11  တဲ တော်နှင့် အပေါ်တဲအပေါ်တဲအဖုံးရွှေချောင်းပျဉ်ပြားကန့်လန့်ကျင်တိုင်ခြေစွပ် တို့ကို၎င်း၊ 12  သေတ္တာ နှင့် သူ ၏ထမ်းဘိုးသေတ္တာအဖုံးကာ ရသော ကုလားကာ ကို၎င်း၊ 13  စားပွဲ နှင့် သူ ၏ထမ်းဘိုးသူ ၏တန်ဆာ ရှိသမျှ နှင့် ရှေ့ တော်မုန့် ကို၎င်း၊ 14  မီး ထွန်းစရာဘို့ မီးခုံ နှင့် သူ ၏တန်ဆာမီးခွက် များ၊ မီး ထွန်းစရာဆီ ကို၎င်း 15  နံ့သာ ပေါင်းရှို့သော ပလ္လင် နှင့် သူ ၏ထမ်းဘိုးလိမ်း ရန်ဆီမွှေး သော နံ့သာ ပေါင်း၊ တဲ တော်တံခါး ဝ ကာရန် ကုလားကာ ကို၎င်း၊ 16  မီးရှို့ ရာယဇ်ပူဇော်သော ပလ္လင် နှင့် ကြေးဝါ ဆန်ခါထမ်းဘိုးတန်ဆာ ရှိသမျှအင်တုံ နှင့် ခြေထောက် ကို၎င်း၊ 17  တဲတော်ဝင်း ကုလားကာတိုင်ခြေစွပ်ဝင်း တံခါးဝ ကာစရာ ကုလားကာ ကို၎င်း၊ 18  တဲ တော်တံသင်ဝင်း တံသင် ကြိုး များကို၎င်း၊ 19  သန့်ရှင်း ရာဌာန၌ အမှုတော်ကို ထမ်း စရာအဝတ်ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား ဝတ်၍ သန့်ရှင်း သော အဝတ် ကို၎င်း၊ ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း လုပ် ရကြမည်ဟု ဆင့်ဆို ၏။ 20  ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ မောရှေ ထံ မှ ထွက်သွား ကြ၍ 21  မိမိ စိတ်နှလုံး နှိုးဆော် သော သူကြည်ညိုသောစေတနာစိတ် သဘောရှိသော သူ အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်လုပ် ဘို့ ၎င်းအမှု တော်ထမ်းစရာဘို့ ၎င်း၊ သန့်ရှင်း သောအဝတ် ကို၎င်း၊ ထာဝရဘုရား အား လှူသောအလှူ ကို ဆောင် လျက် လာကြ၏။ 22  ကြည်ညိုသော စေတနာ စိတ် ရှိသောယောက်ျား မိန်းမ တို့သည်၊ လက်ကောက်နားတောင်းလက်စွပ်နှာခေါင်းဘူး၊ ရွှေ တန်ဆာ ရှိသမျှ ကို ဆောင် ခဲ့သဖြင့်လှူ သောသူ အသီးအသီး တို့သည်၊ ထာဝရဘုရား အား ရွှေ ကို လှူကြ၏။ 23  ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချောဆိတ် မွေး၊ အနီ ဆိုးသောသိုး ရေတဟာရှ သားရေ ရှိ သော သူ တိုင်း ဆောင် ခဲ့၏။ 24  ငွေ နှင့် ကြေးဝါ ကို လှူ သောသူတိုင်း ထာဝရဘုရား အား လှူ လေ၏။ အမှုတော်နှင့်ယှဉ်သော အလုပ် လုပ်စရာဘို့ အကာရှ သစ် သားရှိ သော သူတိုင်း လည်း ဆောင် ခဲ့လေ၏။ 25  ရက်ကန်းတတ် သော မိန်းမ အပေါင်း တို့လည်းကိုယ် လက် နှင့် ရက် ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ရက် သမျှကို ဆောင် ခဲ့ကြ၏။ 26  မိမိ ဉာဏ် နှိုးဆော် သော မိန်းမ အပေါင်း တို့သည် ဆိတ် မွေးကို ရက် ကြ၏။ 27  သူကြီး တို့သည်လည်းရှဟံ ကျောက်ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီ စရာကျောက် ကို၎င်း၊ 28  မီး ထွန်းစရာဘို့ လိမ်း ရန် ဆီ ဘော်ဘို့ မီးရှို့ရာ နံ့သာ ပေါင်းမွှေး ဘော်ဘို့ ရာနံ့သာ မျိုးနှင့် ဆီ ကို၎င်း ဆောင်ခဲ့ကြ၏။ 29  ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသော အလုပ် အမျိုးမျိုး ရှိသမျှအဘို့ဣသရေလ အမျိုးသား တို့တွင် ကြည်ညိုသော စေတနာစိတ် နှိုးဆော် သော ယောက်ျား မိန်းမ အပေါင်း တို့သည်၊ ထာဝရဘုရား အား ကြည်ညို သောစိတ် နှင့် လှူ ကြ၏။ 30  တဖန် မောရှေ က၊ နားထောင် ကြလော့။ ထာဝရဘုရား သည် ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ ကို အမည် ဖြင့် ခန့် ထားတော်မူပြီ။ 31  သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ်ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့်အမျိုးမျိုး သောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာ နှင့်တကွသိပ္ပံ အတတ်အမျိုးမျိုး ကိုပေး၍၊ ဘုရားသခင် ၏ဝိညာဉ် တော်နှင့်ပြည့်စုံ စေတော်မူပြီ။ 32  33  34  သူ နှင့် ဒန် အမျိုးသား အဟိသမက် ၏သား အဟောလျဘ သည်၊ သူတပါးအား အတတ်သင် ပေးနိုင် မည်အကြောင်းဉာဏ် ကိုပေး တော်မူပြီ။ 35  ထိုသူ တို့သည် ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ကို ချယ်လှယ် တတ်သောသူ ၏အလုပ်၊ ရက် တတ်သောသူ၏အလုပ်၊ အနည်းနည်းလုပ်တတ်သောသူ၏အလုပ်ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အမျိုးမျိုးရှိသမျှ တို့ကို လုပ် တတ်မည် အကြောင်းဉာဏ် ပညာနှင့် ပြည့်စုံ တော်မူပြီ။