34
တဖန် ထာဝရဘုရား က၊ အရင် ကျောက်ပြားနှစ်ပြားနှင့်တူ အောင် ကျောက် ပြားနှစ် ပြားကို ခုတ် လော့။ သင်ချိုးဖဲ့ သော အရင် ကျောက် ပြား၌ စကား ပါ သည်အတိုင်း နောက်ကျောက် ပြားပေါ် မှာ ငါရေး ထားမည်။ နက်ဖြန်နံနက် သင်သည် အသင့် နေလျက်၊ သိနာ တောင် ပေါ် သို့ တက် တောင် ထိပ် ငါ့ ရှေ့ မှာကိုယ်ကို ပြ လော့။ သင် နှင့်အတူ အဘယ်သူမျှမ တက် ရ။ တောင် တပြင်လုံး လူ ကို မ ထင်ရှား စေနှင့်။ တောင် ခြေရင်း ၌ သိုး နွား တို့ကို ကျက်စား ရာမ ပြုစေနှင့်ဟု မောရှေ အား မိန့် တော်မူ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်းအရင် ကျောက် ပြားနှင့်တူ အောင် ကျောက်ပြားနှစ် ပြားကို ခုတ် ပြီးမှမောရှေ သည် နံနက် စောစောထ ထိုကျောက် ပြားနှစ် ပြားကို ကိုင် လျက်သိနာ တောင် ပေါ် သို့ တက် လေ၏။ ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ထို အရပ်၌ မောရှေ အနား မှာရပ် လျက်၊ ထာဝရဘုရား ၏နာမ တော်ကို ကြွေးကြော် တော်မူ၏။ ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက်ထာဝရဘုရားထာဝရဘုရားချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊ အထောင် အသောင်းများသောသူတို့အား သနားခြင်းကျေးဇူး တရားကို စောင့် တော်မူထသော၊ အဓမ္မ ကျင့်ခြင်း၊ တရားတော်ကို လွန်ကျူး ခြင်း၊ ပြစ်မှားခြင်းအပြစ် တို့ကို ဖြေလွှတ် သော်လည်းအချည်းနှီးသက်သက်ဖြေလွှတ် တော်မ မူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘ တို့၏ အပြစ် ကိုသား တို့၌ ဆပ်ပေး စီရင်တော်မူသောဘုရား သခင်ဟု ကြွေးကြော် တော်မူ၏။ မောရှေ သည် အလျင်အမြန် ဦး ညွှတ်ချ၍ ကိုးကွယ် လျက် အိုဘုရားရှင်အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာ လျှင်အကျွန်ုပ်အရှင် သည် အကျွန်ုပ် တို့နှင့်အတူ ကြွ တော်မူပါစေသော၊ အကျွန်ုပ်တောင်းပန် ပါ၏။ ဤ လူမျိုးသည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်သော်လည်းအကျွန်ုပ် တို့ပြစ်မှားမိသော ဒုစရိုက် အပြစ် များကို လွှတ် အကျွန်ုပ် တို့ကို ကိုယ်တော်အမွေ ဥစ္စာဘို့ သိမ်းယူတော်မူပါဟုလျှောက် လျှင် 10  ထာဝရဘုရားက၊ ကြည့်ရှု လော့။ ငါ ပဋိညာဉ် ပြု ၏။ မြေကြီး ပေါ်မှာ လူမျိုး ပြု စဖူးသော အံ့ဘွယ် သောအမှုတို့ကို သင် ၏လူမျိုး ရှေ့ မှာ ငါပြု မည်။ သင် တို့အဘို့ ငါ ထာဝရဘုရား ပြု ရသော အမှုသည် ကြောက်မက် ဘွယ်သောအမှု ဖြစ်ကြောင်း ကို သင် ပေါင်းဘော် သော လူ အပေါင်း တို့သည် မြင် ရကြလိမ့်မည်။ 11  ယနေ့ ငါ မှာ ထားသော စကားကို မှတ် လော့။ သင့် ရှေ့ မှာ အာမောရိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ကို ငါ နှင်ထုတ် မည်။ 12  သင် သည် ယခုသွားသော ပြည်သူ ပြည်သားတို့နှင့် မိဿဟာယ ဖွဲ့ သဖြင့်၊ သင့် အလယ်၌ တိုက်မိ၍ လဲစရာ အကြောင်းမ ဖြစ် စေခြင်းငှာကိုယ်ကိုကိုယ်သတိ ပြုလော့။ 13  သူ တို့ယဇ်ပလ္လင် များကို ဖျက်ဆီး ရမည်။ သူ တို့ရုပ်တု ဆင်းတုများကို ချိုးဖဲ့ ရမည်။ သူ တို့ အာရှရ ပင် များကို ခုတ် လှဲရမည်။ 14  အခြား သောဘုရား ကို သင်သည် မ ကိုးကွယ် ရ။ အပြစ် ရှိယုံလွယ်အမည် ရှိသောထာဝရဘုရား သည် အပြစ်ရှိသည်ဟု ယုံ လွယ်သော ဘုရား သခင်ဖြစ်တော်မူ၏။ 15  သင်သည် ထိုပြည်သူ ပြည်သားတို့နှင့် မိဿ ဟာယဖွဲ့ သဖြင့်၊ သူတို့သည် မိမိ တို့ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ထိုဘုရား တို့အား ယဇ် ပူဇော်သောအခါ၊ သင့် ကို ခေါ် သင်သည် ထိုယဇ် ကောင်ကို စား မည်ဟူ၍၎င်း၊ 16  သင်သည် သူ တို့ သမီး များကိုယူ ၍၊ ကိုယ် သား တို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီး တို့သည် မိမိ တို့ ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ သင် ၏သား တို့ကို ထိုဘုရား တို့နှင့် မှားယွင်း စေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။ 17  သင်သည် ကိုယ် အဘို့ သွန်း သော ဘုရား တို့ကို မ လုပ် ရ။ 18  သင်သည် အဗိဗ အဲဂုတ္တု ပြည်မှ ထွက် သောကြောင့်ငါပညတ် သည်အတိုင်းအဗိဗ တွင် ခုနစ် ရက် ပတ်လုံးတဆေး မဲ့မုန့်ကို စား ၍ အဇုမ ပွဲကို ခံ ရမည်။ 19  သားဦး အပေါင်း တို့သည် ငါ့ ဥစ္စာဖြစ်ကြ၏။ သင် ၏တိရစ္ဆာန် တို့တွင်လည်းနွား ဖြစ်စေသိုး ဖြစ်စေ၊ သားဦး အပေါင်း တို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်မြည်း သားဦး ကို သိုး သငယ်နှင့် ရွေး ယူရမည်။ 20  ရွေး လိုလျှင်မြည်း သငယ်၏လည်ပင်းကို ချိုး ရမည်။ သင် ၏သားဦး အပေါင်း တို့ကို ရွေး ရမည်။ ငါ့ ထံသို့ အဘယ်သူမျှလက်ချည်း ပေါ် မလာရ။ 21  ခြောက် ရက် ပတ်လုံးအလုပ်လုပ် ရမည်။ သတ္တမ နေ့ရက် ငြိမ်ဝပ် စွာ နေရမည်။ လယ် လုပ်ရာ ကာလ၊ အသီးအနှံ သိမ်းရာကာလဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ် စွာ နေရမည်။ 22  ဂျုံ စပါးကို သိမ်း စရှိသည်ကာလခုနစ်သိတင်း ပွဲ ကို၎င်း၊ နှစ် လဲ သောအခါ သိုထား ပွဲ ကို၎င်း ခံ ရမည်။ 23  သင် တို့အမျိုးသား ယောက်ျားအပေါင်း တို့သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်တည်းဟူသောထာဝရ အရှင်ဘုရား သခင့် ရှေ့ တော်၌ တနှစ် လျှင် သုံး ကြိမ် မျက်နှာပြ ရကြမည်။ 24  တပါးအမျိုးသား များကို သင် တို့ရှေ့ က ငါနှင်ထုတ် သင် တို့နေရာနယ် ကို ငါ ကျယ် စေမည်။ သင် ၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ တနှစ် တွင် သုံး ကြိမ် မျက်နှာပြ သွား သောအခါသင် ၏မြေ ကို အဘယ်သူ မျှမ တပ်မက် ရ။ 25  ငါ့ ယဇ်ကောင် အသွေး ကို တဆေး နှင့် ရော၍ မ ပူဇော် ရ။ ပသခါ ပွဲ ယဇ်ကောင် ကို၊ နံနက် တိုင်အောင် ကြွင်း စေရ။ 26  သင် ၏မြေ ၌ အဦး သီးသော အသီးအနှံအကောင်းဆုံး ကို သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော်ထဲသို့ ဆောင် သွင်းရမည်။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် ပြုတ် မချက်ရ။ 27  စကား များကို ရေး ထားလော့။ ဤ စကား များလာသည် အတိုင်း သင် မှစ၍ ဣသရေလ အမျိုးနှင့် ငါပဋိညာဉ် ပြု သည်ဟု မောရှေ အား မိန့် တော်မူ၏။ 28  ထို အရပ်မှာ မောရှေသည် အစာ ကို မ စားရေ ကို မ သောက် ဘဲအရက် လေးဆယ် ပတ်လုံးထာဝရဘုရား အထံတော်၌ နေ လေ၏။ ကျောက် ပြားပေါ် မှာ ပဋိညာဉ် စကားပညတ် တော်ဆယ် ပါးကို ရေး ထားတော်မူ ၏။ 29  မောရှေ သည် သက်သေခံ ချက် ကျောက် ပြားနှစ် ပြားကို ကိုင် လျက်၊ သိနာ တောင် ပေါ်မှ ဆင်းသက် သောအခါမိမိ နှင့် ဘုရား သခင်နှုတ်ဆက် တော်မူသောကြောင့်မိမိ မျက်နှာ အရေ ထွန်းပ ကြောင်း ကို မိမိမ သိ 30  အာရုန် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ မောရှေ ကို မြင် သောအခါသူ ၏မျက်နှာ အရေ ထွန်းပ သောကြောင့်သူတို့သည် မချဉ်း ကပ်ဝံ့ကြ။ 31  မောရှေ သည် သူ တို့ကို ခေါ် အာရုန် နှင့် ပရိသတ် သူကြီး တို့သည် ချဉ်းကပ် ကြလျှင်မောရှေ သည် နှုတ်ဆက် လေ၏။ 32  ထိုနောက် ဣသရေလ အမျိုးသား အပေါင်း တို့သည် ချဉ်းကပ် ကြလျှင်သိနာ တောင် ပေါ် မှာ ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို သူ တို့အား ဆင့်ဆို လေ၏။ 33  မောရှေ သည် သူ တို့အား ဟောပြော ၍ မပြီး မှီ မိမိ မျက်နှာ ကို ဖုံးအုပ်လေ၏။ 34  ထာဝရဘုရား ရှေ့ တော်သို့ ဝင် ၍လျှောက်သောအခါ ထွက် မှီတိုင်အောင်မျက်နှာဖုံး ကို ချွတ် ထား၏။ တဖန် ထွက် အမိန့် တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆို ၏။ 35  သူ ၏မျက်နှာ အရေ ထွန်းပ ကြောင်း ကို ဣသရေလ အမျိုးသား တို့သည် မြင် ကြလျှင်တဖန် အထဲသို့ ဝင်၍ မ လျှောက် မှီတိုင်အောင်မိမိ မျက်နှာ ကို ဖုံးအုပ် ပြန်၏။