8
အာတဇေရဇ် မင်းကြီး လက်ထက် ငါ နှင့်အတူ ဗာဗုလုန် မြို့မှ ထွက်သွား သောသူ အဆွေအမျိုးသူကြီး တို့၏ သားစဉ်မြေးဆက်စာရင်း ဟူမူကား ဖိနဟတ် အမျိုး ဂေရရှုံဣသမာ အမျိုး ဒံယေလဒါဝိဒ် အမျိုး ဟတ္တုတ် ရှေခနိ အမျိုး ဖာရုတ် အနွယ် ထဲက ဇာခရိ နှင့် စာရင်း ဝင်သူ ယောက်ျား ပေါင်းတရာ ငါး ကျိပ်။ ပါဟတ်မောဘ အမျိုးဇေရာယ သား ဧလျောနဲ နှင့် ယောက်ျား ပေါင်းနှစ် ရာ၊ ရှေခနိ အမျိုး ယဟာဇေလ သား နှင့် ယောက်ျား ပေါင်းသုံး ရာ အာဒိန် အမျိုး ယောနသန် သား ဧဗက် နှင့် ယောက်ျား ပေါင်းငါး ကျိပ်၊ ဧလံ အမျိုးအာသလိ သား ယေရှာယ နှင့် ယောက်ျား ပေါင်းခုနစ် ကျိပ်၊ ရှေဖတိ အမျိုး မိက္ခေလ သား ဇေဗဒိ နှင့် ယောက်ျား ပေါင်းရှစ် ကျိပ်၊ ယွာဘ အမျိုး ယေဟေလ သား ဩဗဒိ နှင့် ယောက်ျား ပေါင်းနှစ် ရာတကျိပ် ရှစ် ယောက်၊ 10  ရှေလောမိတ် အမျိုးယောသိဖိ သား နှင့် ယောက်ျား ပေါင်းတရာ ခြောက် ကျိပ်၊ 11  ဗေဗဲ အမျိုးဗေဗဲ သား ဇာခရိ နှင့် ယောက်ျား ပေါင်းနှစ် ကျိပ် ရှစ် ယောက်၊ 12  အာဇဂဒ် အမျိုးဟက္ကတန် သား ယောဟနန် နှင့် ယောက်ျား ပေါင်းတရာ တကျိပ် 13  အဒေါနိကံ အမျိုးသား တို့တွင်နောက်ကျ သောသူ၊ ဧလိဖလက်ယေယေလရှေမာယ နှင့် ယောက်ျား ပေါင်းခြောက် ကျိပ်၊ 14  ဗိဂဝဲ အမျိုးသား ဥသဲဇဗ္ဗုဒ် နှင့် ယောက်ျား ပေါင်းခုနစ် ကျိပ်တည်း။ 15  ထိုလူများတို့ကို အဟာဝ မြို့သို့ စီး သော မြစ် နား မှာ ငါစုဝေး စေ၍သုံး ရက် ပတ်လုံးတဲ ၌ နေကြ၏။ လူ များ နှင့် ယဇ် ပုရောဟိတ်များတို့ကို ငါစစ်ဆေး လေဝိ သား တယောက်ကိုမျှ မ တွေ့ သောအခါ 16  လူကြီးဧလျေဇာအရေလရှေမာယနာသန်ဇာခရိမေရှုလံပညာရှိယာရိပ်ဧလနာသန် တို့ကို ခေါ် 17  ကသိဖိ မြို့သူကြီး ဣဒေါ ထံ သို့ မှာစာနှင့် စေလွှတ် လျက်ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ ၏ ညီအစ်ကို ဘုရား ကျွန်တို့သည်၊ ငါ တို့ဘုရား သခင့် အိမ် တော်အမှု စောင့်များကို ပေး စေခြင်းငှါ ၊ သူတို့အား အဘယ်သို့ပြောဆိုရမည်ကို ငါမှာလိုက်၏။ 18  ထိုသူတို့သည် ငါ တို့၏ဘုရား သခင့်တန်ခိုးကျေးဇူးတော်ကြောင့်ဣသရေလ သား လေဝိ ၏သား မဟာလိ အမျိုးသားပညာရှိ တယောက်ရှေရဘိ နှင့် သူ ၏ပေါက်ဘော် တကျိပ် ရှစ် ယောက်၊ 19  ဟာရှဘိ နှင့် မေရာရိ အမျိုး ယေရှာယ နှင့် သူ ၏ ပေါက်ဘော် နှစ် ကျိပ်၊ 20  လေဝိ သားအမှု ကိုဆောင်ရွက်စေခြင်းငှါဒါဝိဒ် နှင့် မှူး တော်မတ် တော်ခန့် ထားသော ဘုရား ကျွန်များ၊ စာရင်းဝင်သည်အတိုင်း၊ နှစ် ရာနှစ် ကျိပ်တို့ကို ခေါ်ခဲ့ ကြ၏။ 21  ထိုအခါ ဥစ္စာ များမှစ၍သူငယ် များနှင့်တကွငါ တို့သွားစရာ မှန် သောလမ်း ကို ဘုရား သခင်၌ရှာ ရှေ့ တော်မှာ ခြိုးခြံ စွာကျင့် ခြင်းငှါအဟာဝ မြစ် နားတွင်အစာ ရှောင်ရာအချိန်ကို ငါကြော်ငြာ ၏။ 22  အကြောင်း မူကား၊ ကျွန်တော်တို့ ဘုရား သခင်ကို ရှာ သောသူအပေါင်း တို့သည်၊ တန်ခိုးကျေးဇူးတော်ကိုခံ ရကြလိမ့်မည်။ ကိုယ်တော် ကို စွန့် သောသူအပေါင်း တို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက် တော်သက်ရောက်လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင် အား လျှောက် ထားသောကြောင့် လမ်း တွင် ရန်သူ လက်နှင့်လွတ်စေခြင်းငှါ လိုက်၍ပို့ ရသောစစ် သူရဲ၊ မြင်းစီး သူရဲ၊ တတပ်ကိုရှင်ဘုရင် တောင်း ဝံ့၊ ရှက်ကြ၏။ 23  ထိုအမှုကြောင့်၊ ငါတို့သည်အစာ ရှောင်၍ငါ တို့ ဘုရား သခင်ကို ဆုတောင်း လျက်နေကြ၏။ ဘုရားသခင်လည်း နားထောင် တော်မူ၏။ 24  ထိုအခါ ယဇ်ပုရောဟိတ် အကြီး တကျိပ် နှစ် ပါး၊ ရှေရဘိဟာရှဘိ နှင့် သူ တို့ညီအစ်ကို တကျိပ် ကို ငါရွေး ထားပြီးလျှင် 25  ရှင်ဘုရင် မှစ၍အတွင်းဝန်မှူး တော်မတ်တော်၊ စည်းဝေးသော ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ငါ တို့၏ဘုရား သခင့် အိမ် တော်အဘို့ လှူ သောပူဇော် သက္ကာ၊ ရွှေငွေတန်ဆာ တည်းဟူသော၊ 26  ငွေ အခွက် ခြောက် ထောင် ငါး ပိဿာ၊ ငွေ တန်ဆာ အခွက် တထောင်ရွှေ အခွက် တထောင် 27  ရွှေ ဒင်္ဂါးတထောင် အချိန်ရှိသောရွှေ အင်တုံ နှစ် ဆယ်၊ ရွှေ နှင့် အမျှမြတ် သော ရွှေကြေးဝါ စစ် ဖလား နှစ် လုံးတို့ကို ငါချိန် အပ် လျက် 28  သင် တို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း ကြ၏။ ဤတန်ဆာ တို့သည်လည်း သန့်ရှင်း သောတန်ဆာဖြစ်ကြ၏။ ဤငွေ နှင့် ဤရွှေ သည်လည်းဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား အား ကြည်ညို သောစိတ် နှင့် လှူသောရွှေငွေဖြစ်၏။ 29  ယေရုရှလင် မြို့၊ ထာဝရဘုရား ၏အိမ် တော် အခန်း တို့တွင် ယဇ်ပုရောဟိတ် အကြီးလေဝိ သား၊ ဣသရေလ အဆွေအမျိုးသူကြီး တို့ရှေ့ မှာ မချိန် မှီတိုင်အောင် ကြည့်ရှု စောင့်ရှောက် ကြလော့ဟု မှာထား၏။ 30  30ထိုသို့ချိန် သော ရွှေငွေ တန်ဆာ တို့ကို ယေရုရှလင် မြို့၊ ငါ တို့၏ဘုရား သခင်အိမ် တော်သို့ ပို့ဆောင် ခြင်းငှာ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည်ခံယူ ကြ၏။ 31  31ပဌမ တဆယ် နှစ် ရက်နေ့တွင်ငါတို့သည် အဟာဝ မြစ် မှ ထွက် ယေရုရှလင် မြို့သို့ ခရီးသွား ကြ၏။ လမ်း နား ၌ ချောင်း ၍နေသောရန်သူ လက် မှငါ တို့၏ ဘုရား သခင့်တန်ခိုးတော်ကြောင့် လွတ် လျက် 32  32ယေရုရှလင် မြို့သို့ ရောက် သုံး ရက် နေ ကြ၏။ 33  33စတုတ္ထ နေ့ တွင် ငါ တို့ ဘုရား သခင်၏ အိမ် တော်၌ဖိနဟတ် သား ဧလာဇာ နှင့် လေဝိ အမျိုးယောရှု သား ယောဇဗဒ်ဗိနွိ သား နောဒိ တို့သည် ဝိုင်း၍ကြည့်ရှုလျက်၊ 34  34ဥရိ သား ယဇ်ပုရောဟိတ် မေရမုတ် သည် ထိုရွှေ ငွေ တန်ဆာ ရှိသမျှတို့ကို ရေတွက် ချိန်တွယ် ၍ တနေ့ ခြင်း တွင် အချိန် ပေါင်း ကို မှတ်သား လေ၏။ 35  35သိမ်း သွားခြင်းကိုခံရသောလူစုထဲက ထွက် လာ သောသူတို့ သည်လည်း၊ ဣသရေလ အမျိုးများတို့အဘို့ နွား တဆယ် နှစ် ကောင်၊ သိုး ထီးကိုး ဆယ်ခြောက် ကောင်၊ သိုး သငယ်ခုနစ် ဆယ်ခုနစ် ကောင်၊ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တဆယ် နှစ် ကောင်တို့ကို၊ ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရဘုရား အား မီး ရှို့ရာယဇ်ကို ပူဇော် ကြ၏။ 36  36ရှင်ဘုရင် အမိန့် တော်အမှာတော်တို့ကို ကိုယ်စား တော်မင်း၊ မြစ် အနောက် ဘက် မြို့ဝန် တို့၌အပ် သူတို့ သည် ဣသရေလအမျိုး နှင့် ဘုရား သခင့် အိမ် တော်ကို ပြုစု ကြ၏။