7
ထိုနောက်ပေရသိ ရှင်ဘုရင် အာတဇေရဇ် လက်ထက် ယဇ်ပုရောဟိတ် အကြီး အာရုန် ဧလာဇာဖိနဟတ်အဘိရွှဗုက္ကိ ဩဇိဇေရဟိမေရာယုတ်အာဇရိအာမရိ အဟိတုတ်ဇာဒုတ်ရှာလ္လုံဟိလခိအာဇရိစရာယ တို့မှ ဆင်းသက်သောသူ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော မောရှေ ၏ပညတ္တိ ကျမ်းစာကို လေ့ကျက် သောဆရာ ဖြစ်သော သူဧဇရ သည် ဗာဗုလုန် မြို့ မှ ထွက်သွား ၏။ ထိုသူ တောင်း သမျှ ကို သူ ၏ဘုရား သခင်ထာဝရဘုရား တန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေး သနား တော်မူ၏။ အာတဇေရဇ် မင်းကြီး နန်းစံခုနစ် နှစ် တွင်အချို့ သော ဣသရေလ အမျိုးသားယဇ်ပုရောဟိတ်လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်တို့သည် လည်းယေရုရှလင် မြို့သို့ လိုက်သွား ကြ၏။ ရှင်ဘုရင် နန်းစံခုနစ် နှစ်ပဉ္စမ တွင် ဧဇရ သည် ယေရုရှလင် မြို့သို့ ရောက် လေ၏။ ပဌမ တရက် နေ့တွင်ဗာဗုလုန် မြို့မှ ထွက်၍၊ ပဉ္စမ တရက် နေ့တွင်မိမိ ဘုရား သခင်တန်ခိုးကျေးဇူးတော်ကြောင့်ယေရုရှလင် မြို့သို့ ရောက် လေ၏။ 10  အကြောင်း မူကား၊ ဧဇရ သည် ထာဝရဘုရား ၏ တရား တော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှါ ၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလ အမျိုး၌ သွန်သင် ခြင်းငှါ ၎င်း သဘောကျသောသူဖြစ်၏။ 11  ထာဝရဘုရား ၏ပညတ် စကားနှင့် ဣသရေလ အမျိုး၌ ထုံးဖွဲ့ တော်မူချက်တို့ကို လေ့ကျက်သော ဆရာ ယဇ်ပုရောဟိတ် ဧဇရ အားအာတဇေရဇ် မင်းကြီး ပေး တော်မူသော အမိန့်တော်စာ ချက်ဟူမူကား 12  ဘုရင် တို့၏ဘုရင် အာတဇေရဇ် သည် ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင့်တရား ကျမ်းတတ်ဆရာယဇ်ပုရောဟိတ် ဧဇရ ခပ်သိမ်း သော မင်္ဂလာဖြစ်စေ သောဟူ၍ဤ မည်သောကာလတွင် မှာလိုက်၏။ 13  ငါ့ နိုင်ငံ ရှိသောဣသရေလ အမျိုးသား၊ ယဇ် ပုရောဟိတ်လေဝိ သားတို့တွင် ယေရုရှလင် မြို့သို့ ကိုယ် အလို အလျောက်သွား ချင်သောသူ ရှိသမျှ တို့သည် သင် နှင့်အတူ လိုက်သွား ရမည်အကြောင်းငါ အမိန့် တော်ရှိ၏။ 14  အကြောင်း မူကား၊ သင် ၏ဘုရား သခင့်တရား ကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒ ပြည်ယေရုရှလင် မြို့၌ တရားအမှုများကို မေးမြန်း စစ်ဆေးစေခြင်းငှါ ၎င်း၊ 15  ယေရုရှလင် မြို့မှာ ကျိန်းဝပ် တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်အားရှင် ဘုရင်နှင့် အတွင်းဝန် တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သောရွှေ ငွေ နှင့်တကွ 16  ဣသရေလအမျိုးသား၊ ယဇ် ပုရောဟိတ်တို့သည် ယေရုရှလင် မြို့၏ဘုရား အိမ် တော်အဘို့ အလိုလို လှူ၍ ဗာဗုလုန် ပြည် ၌ သင်ရ နိုင်သမျှသော ရွှေ ငွေ ကို ဆောင်သွား စေခြင်းငှါ၎င်း၊ ရှင် ဘုရင်နှင့် အတွင်းဝန် ခုနစ် ပါး စေလွှတ် ၏။ 17  ထိုငွေ ကိုယူပြီးလျှင်နွားသိုး ထီး၊ သိုး သငယ်နှင့်တကွ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာတို့ကို အလျင် အမြန်ဝယ် ၍၊ ယေရုရှလင် မြို့၌ ရှိသော သင် တို့၏ ဘုရား အိမ် တော် ယဇ် ပလ္လင် ပေါ် မှာ ပူဇော် ရမည်။ 18  ကျန် ကြွင်းသော ရွှေ ငွေ ကို သင် နှင့် သင့် ညီအစ်ကို တို့ ပြုချင်သမျှအတိုင်း၊ သင် တို့၏ ဘုရား သခင်အလို တော်နှင့်အညီ ပြု လော့။ 19  သင် ၏ဘုရား အိမ် တော်ဝတ်ပြု စရာဘို့ သင် အပ် ပေးသော တန်ဆာ များကိုလည်းယေရုရှလင် မြို့၏ ဘုရား သခင့်ရှေ့ တော်တွင် သိုထား လော့။ 20  သင် ၏ဘုရား သခင့် အိမ် တော်အဘို့ လိုသေး သောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာ တော်ထဲက ထုတ် ၍ဝယ်လော့။ 21  ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင့် တရား ကို လေ့ကျက်သော ဆရာ၊ ယဇ်ပုရောဟိတ် ဧဇရ တောင်း သမျှ အတိုင်း 22  ငွေ အခွက်တထောင်၊ ဂျုံ ဆန်ကောရ တရာစပျစ်ရည် ဗတ်တရာဆီ ဗတ် တရာ နှင့်တကွ ဆား မည်မျှ မဆို၊ မြစ် အနောက် ဘက်၌နေသောအခွန် ဝန်အပေါင်း တို့ သည် အလျင် အမြန်ပေးရမည်အကြောင်း၊ ငါ ရှင် ဘုရင် အာတဇေရဇ် အမိန့် တော်ရှိ၏။ 23  ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင်မှာ ထား တော်မူသမျှ အတိုင်းထိုဘုရား သခင်၏ အိမ် တော် အဘို့ ကြိုးစား ၍လုပ်ဆောင် စေ။ ရှင် ဘုရင်နှင့် ဆွေ တော်မျိုးတော်အပေါ် သို့ အဘယ်ကြောင့် အမျက် တော် သက်ရောက်ရမည်နည်း။ 24  ထိုမှတပါး၊ ယဇ်ပုရောဟိတ်လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်၊ ဘုရား သခင်၏ အိမ် တော်အမှု စောင့် တစုံတယောက်၌ မျှငွေတော်ကို မခွဲစေနှင့်။ အခွန် တော်အကောက် တော်ကို မခံမယူစေနှင့် ဟုငါမှာလိုက်၏။ 25  သင် ဧဇရ သည်လည်းသင် ၏ဘုရား သခင်တရား ကို နားလည်သော၊ မြစ် အနောက် ဘက်သား အပေါင်း တို့တွင်တရား မှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ၎င်း၊ မင်း များ၊ တရား သူကြီးများကို သင် ၏ဘုရား သင့် ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့် ထားလော့။ 26  သင် ၏ဘုရား သခင့်တရား နှင့် ရှင် ဘုရင်အမိန့် တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေ သတ်ခြင်း၊ နှင်ထုတ် ခြင်း၊ ဥစ္စာ သိမ်းယူ ခြင်း၊ ထောင် ထဲမှာ လှောင်ထားခြင်းတည်းဟူသောရာဇဝတ်တစုံတခုကို အလျင် အမြန် ခံစေဟု အမိန့်တော်စာ၌ပါသတည်း။ 27  ယေရုရှလင် မြို့၏ ဗိမာန် တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင် စိတ် နှလုံးထဲ သို့ သွင်းပေး တော်မူထသောရှင်ဘုရင် ရှေ့အတွင်းဝန် များ၊ ဗိုလ်မင်း များရှေ့ မှာ ငါ့အား အခွင့်ပေးတော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။ 28  ထိုသို့ ငါ ၏ဘုရား သခင်ထာဝရဘုရား တန်ခိုးတော်ကြောင့်ငါ သည် ခွန်အား ရှိ၍ ငါ နှင့်အတူ လိုက် သွား ရသောဣသရေလ အမျိုး အကြီး အကဲတို့ကို စုဝေး စေ၏။