6
ဘုရားသခင်ရဲ့ နာမတော်န တရားတော်ဟှို ကဲ့ရဲ့ခံရဘဲနေအောန် စေခံဟှူ ကျွန်ထမ်းဘိုးအော့‑က်မာ ရှိဟှူသူလေဟှာ ကိုယ့်ရဲ့ သခင်လေဟှို ပ္လဲ့ပ္လဲ့ဝဝ ရိုသေထိုက်ဟှူသူ ဖြစ်ဟှယ် ဆိုဘီး မှတ်ယူဂေ့ပါ။ ကိုယ့်ရဲ့သခင်ဟှာ ယောင်ကြည်သူ ဖြစ်ဟှယ် ဆိုဟှာ သူးနို့လေဟှာ ညီကို မောန်နှမလေဘဲ့ ဖြစ်ဟှယ် ဆိုဘီး ထီမဲ့မြင်လောက်ဘဲန ပိုကောန်းအောန် စေခံဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းကောန်းစေခံရှင်းရဲ့ကျိုးဟှို ခံစားရဟှူသူဟှာ ကိုယ်ရှစ်ရဟှူ ယောင်ကြည်သူလေ ဖြစ်ဟှူကြောန့် ဖြစ်ဟှယ်။ နန်ဟှာ အယ်မူဇာလေဟှို သွန်သန်ဘီး တိုက်တွန်းနှိုးဆော်ပါ။
ဆရာတုယောန်လေန စစ်မှန်ဟှူ စည်းဇိမ်ကြွယ်ဝရှင်းကြောန်း
ခြားနားဟှူ ယူဝါဒဟှို သန်ပေးဘီး နို့လေရဲ့ သခင်ယေရှုခရစ်ရဲ့ မှန်ကန်ပ္လဲ့ဇောင်ဟှူ တရားစကားန ဘုရားဝတ်မာ မွေ့လျော်ရှင်းန ဆိုင်ဟှူ သွန်သန်ရှင်းလေဟှို လိုက်နာဘဲနေဟှူသူဟှာ ဘဝင်မြင့်ဘီး ဖယ်ဇာဟှိုလည်း နားလည်ဘဲ ဂြင်းခူလော့‑က်ဟှူဇာန စကားလောင်း သောင်းနှုံးထတ်မာဘဲ့ အာရောင်စိုက်ဘီး ဂြင်းခူလောက်ဟှို့တွပ်ဘဲ့ စွဲလမ်းနေသူ ဖြစ်ဟှယ်။ အယ်ပြုမူကြောန့် နာလိုမူးထားဟှူ ဇာလေ၊ ငြင်းပွားတတ်ဟှူ ဇာလေ၊ စော်ကားတတ်ဟှူ ဇာလေ၊ ဆိုးဝါးဟှူ သံသယစိဖြစ်ဟှူ ဇာလေဟှိုဘဲ့ ဖြစ်စေတတ်ဟှယ်။ အယ်မျိုး စိနှလောင်းယိုယွင်းဘီး သမ္မာတရားဟှိုသိဘဲ ဘုရားဝတ်မာ မွေ့လျော်ဟှူဇာဟှ ရရာတိုင်း ကီးဟှူ ကျိုးစီးပွားဘဲ့ ဖြစ်ဟှယ် ဆိုဘီး ထန်တတ်ဟှူ လူလေကြားမာ ပီးဆောင်းနိုင်ဘဲဟှူ ဂြင်းခူမှုလေဟှို ဖြစ်စေတတ်ဟှယ်။
ရောင့်ရဲဟှူစိ ရှိမယ် ဆိုဟှာ ဘုရားဝတ်မာ မွေ့လျော်ရှင်းဟှ ကီးမားဟှူ ကျိုးစီးပွားဘဲ့ ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ အယ်လောကထဲဟှို ဖယ်ဇာဟှိုလည်း ယူလာဟှို့ရဘဲဟှူမျိုး ထွပ်ဟှူ ခီမာလည်း ဖယ်ဇာဟှိုလည်း ယူဟှားနိုင်ဂေ့ဟှ။ အယ်မျိုးဖြစ်ကြောန့် နို့လေဟှာ စားဇာန ဝတ်ဇာရှိဟှယ် ဆိုဟှာ ရှိဟှို့မျှန ကျေနပ်ရောင့်ရဲဂေ့ဇို့။ ကြွယ်ဝရှင်ဟှူ သူလေဟှာ ပြစ်သွီးဆောန်ရှင်းဟှို ခံရဘီး မိုက်မဲဖျစ်ဆီးတတ်ဟှူ တတ်မတ်မှုလေရဲ့ ထောန်ချော့‑က်ထဲဟှို က္လရော့‑က်တတ်ဂေ့ဟှယ်။ အယ်မျိုးအားဖြင့် လူလေဟှာ ကျိုးနဲရှင်းလေ၊ ပျစ်စီးရှင်းလေနဘဲ့ နစ်မွန်းတတ်ဂေ့ဟှယ်။ 10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကပ်မတ်ရှင်းဟှာ ကောန်းဘဲဇာလေ ဂူလောင်းရဲ့ ရင်းမြစ်ဖြစ်ဟှယ်။ လူတချို့ဟှာ ကပ်ဟှို မတ်ဂေ့ဟှူကြောန့် ယောင်ကြည်ရှင်း လမ်းဟှနေ လွဲဟှားဘီး ပူပန်ရှင်း ဝေဒနာလေန ကိုယ့်ကိုယ်ကိုယ် ထိုးဖော့‑က်ဘီး နာကျင်စေဂေ့ဘီ။
ကိုယ်ရေးကိုယ်တာ ညွှန်ကြားချစ်လေကြောန်း
11 အယ်မျိုးဖြစ်ဟှူကြောန့် အို၊ ဘုရားသခင်ရဲ့လူ၊ နန်ဟှာ အယ်မူဇာ ဂူလောင်းဟှို ရှောန်ကြဉ်ဘီး ဖြောန့်မတ်ရှင်း၊ ဘုရားဝတ်မာ မွေ့လျော်ရှင်း၊ ယောင်ကြည်ရှင်း၊ ရှစ်ရှင်း၊ သီးခံရှင်း၊ နူးညံ့သိမ်မွေ့ရှင်းလေဟှို မှီအောန်လိုက်ပါ။ 12 ယောင်ကြည်ရှင်းန ဆိုင်ဟှူ ကောန်းဟှူ တိုက်ပွဲဟှို တိုက်ဘီး ထာဝရသတ်ဟှို ရယူပါ။ နန်ဟှာ အယ်မူသတ်တွပ် ဘုရားသခင် ခေါ်ယူတော်မူရှင်းဟှို ခံရဘီး ရရာတိုင်း များဟှူ သတ်သေလေရှေ့မာ နန့်ရဲ့ ယောင်ကြည်ရှင်းဟှို ဝန်ခံလေဘီ။ 13 +ဂူလောင်းတွပ် သတ်ပေးတော်မူဟှူ ဘုရားသခင် ရှေ့တော်မာရော၊ ပုန္တိပိလတ်ရဲ့ ရှေ့မာ သတ်သေခံဟှူ ခီမာ ကောန်းဟှူ ဝန်ခံချစ်ဟှို ပေးတော်မူဟှူ ယေရှုခရစ် ရှေ့တော်မာရော နန့်ဟှို ညွှန်ကြားဟှူဇာဟှ 14 နန်ဟှာ နို့လေရဲ့ သခင်ယေရှုခရစ် ပေါ်ထွပ်လာဟှူ ခီထိ အယ်ပညတ်လေဟှို စွန်းထင်းကင်းဘီး ပြစ်တန်ဇာ မှေ့ဘဲနေအောင် စောန့်ထီးပါ။ 15 မင်္ဂလာရှိတော်မူဟှူ တပါးဒဲဟှူသခင်၊ မန်းဂီးလေရဲ့ မန်းဂီး၊ သခင်လေရဲ့ သခင် ဖြစ်တော်မူဟှူ ဘုရားသခင်ဟှာ ခီကာလရော့‑က်ဟှူ ခီမာ ကိုယ်တော့်ဟှို ထန်ရှားပေါ်ထွပ် စေတော်မူလေ့မယ်။ 16 ဘုရားသခင် တပါးဒဲဘဲ့ သေရှင်းန ကင်းတော်မူဟှယ်။ ကိုယ်တော်ဟှာ ဖယ်သူလည်း ချဉ်းကပ်နိုင်ဘဲဟှူ လန်းရောန်ထဲမာ ကိန်းဝပ်တော်မူဟှယ်။ ကိုယ်တော့်ဟှို ဖယ်သူလည်း ဗြင်ဖူးဘဲဟှူမျိုး ဗြင်လည်းဗြင်နိုင်ဟှ။ ကိုယ်တော်ဟှာ ဂေါင်တော်န ထာဝရ ဖောင်းသရေတော် ရှိတော်မူပါစေ။ အာမင်။
17 အယ်လောကမာ ကပ်ပေါဟှူ သူလေဟှာ မာန်မာနစိန ကင်းလွတ်ဘီး မြဲဘဲဟှူ စည်းဇိမ် အောက်စာလေဟှို ကိုးစားဘဲန နို့လေခံစားဟှို့တွပ် ရှိမျှဂူလောင်းဟှို ကြွယ်ကြွယ်ဝဝ ပေးသနားတော်မူဟှူ သတ်ရှင်တော်မူဟှူ ဘုရားသခင်ဟှို မျှော်လင့်ကိုးစားရဟှို့ ကြောန်းန၊ 18 သူတပါးဟှို ကောန်းဟှူမှုဟှို ပြုဘီး ကောန်းဟှူ ကျင့်လေဟှို ကျင့်ရှင်းအားဖြင့် ကြွယ်ကြွယ်ဝဝ ရစ်ရစ်ရောရော ဝီငှပေးကမ်းတတ်ဟှို့တွပ် သူးနို့လေဟှို ဆောန်းမသွန်သန်ပါ။ 19 အယ်နည်းအားဖြင့် သူးနို့လေဟှာ နော့‑က်ဘဝတွပ် ခိုင်ခံ့ဟှူ အုပြစ်ဖြစ်ဟှူ ဘဏ္ဍာဟှို စုဆောန်းရာ ရော့‑က်ဘီး စစ်မှန်ဟှူ သတ်ဟှို ရလေ့မယ်။
20 အို၊ တိမောသေ၊ နန့်မာ ငါအပ်ပေးဟှားဟှူ ရာဟှို စောန့်ရှော့‑က်ပါ။ ဘုရားတရားန ဆိုင်ဘဲ ကျိုးမှေ့ဘဲဟှူ စကားလေန သိပညာဆိုဘီး မှားယွင်းဘီးခေါ်ဟှူ ကွဲလွဲဆန့်ကျင်ဟှူ ရာလေဟှို ရှောန်ရှားပါ။ 21 တချို့လူလေဟှာ သိပညာဟှို ဝန်ခံ ပြုစုရှင်းအားဖြင့် ယောင်ကြည်ရှင်း တရားလမ်းဟှနေ လွဲဟှားဂေ့ဘီ။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့လေ ဂူလောင်းနတူးဒူး ရှိဂေ့ပါစေ။
+ 6:13 ယော ၁၈.၃၇