5
စာစောန်န သိုးသားဂန်းဟှားကြောန်း
အယ်ဘီးန ပလ္လင်ထတ်မာ ထိုင်ဟှူသခင်ရဲ့ ညာဖတ်လတ်မာ ထဲရောပ္လန်ရော နှေ့ဖတ်လောင်း စာလောင်းလေ ရေးဟှားဘီး၊ မှတ်လတ်ခဏာတန်ဘီး တဇိခွန်နစ်ခုန ပိဟှားဟှူ စာစောန်တစောန် ရှိနေဇာဟှို ငါဟှာ ဗြင်ရဟှယ်။ အယ်ခီမာ ရရာတိုင်း ခွန်အားကီးဟှူ ကောန်းဂန်တမန်တပါးဟှာ “ဖယ်သူဟှာ အယ်စာစောန်ဟှို ဖွမ့်ဘီး အယ်တဇိလေဟှို ခွာထိုက်နူး” ဆိုဘီး သံက္လယ်ဂီးန ကြေညာနေဇာဟှို ငါဟှာ ဗြင်ရဟှယ်။ အယ်ဘေမဲ့ ကောန်းဂန်မာဖြစ်စေ၊ မ္လေဂီးထတ်မာဖြစ်စေ၊ မ္လေဂီးအော့‑က်မာ*ဘဲ့ဖြစ်စေ စာစောန်ဟှိုဖွမ့်ဘီး ကေ့နိုင်ဟှူသူ ဖယ်သူလည်း မှေ့ဟှ။ အယ်စာစောန်ဟှို ဖွမ့်ဘီးဟှာကေ့ဟှို့တွပ် ထိုက်တန်ဟှူသူ ယော့‑က်လည်း တွိဘဲဟှူကြောန့် ငါဟှာ ရရာတိုင်း ငိုဟှယ်။ အယ်ခီမာ သတ်ကီးဟှူသူ တပါးဟှာ “ငိုန၊ ကေ့ကေ့။ ယုဒမျိုးနွယ်ဟှနေ ပေါ်လာဟှူခြင်္သေ့၊ ဒါဝိဒ်ရဲ့ မူလရင်းမြစ်ဖြစ်ဟှူ သခင်ဟှာ အောန်မြင်ဟှူကြောန့် အယ်စာစောန်န တဇိခွန်နစ်ချစ်ဟှို ဖွမ့်နိုင်ဟှယ်။” ဆိုဘီး ငါ့ဟှိုပြောဟှယ်။
အယ်ဘီးန သေသတ်ခံဟှားရဟှူ ပေါင်ဖြစ်နေဟှူ သိုးသားဂန်းဟှားဟှာ ပလ္လင်န သတ္တဝါလေးပါးရဲ့ ကြားထဲဟှ သတ်ကီးဟှူ သူလေရဲ့လယ်မာ ရပ်နေဇာဟှို ငါဗြင်ရဟှယ်။ အယ်သိုးသားဂန်းဟှားမာ ချိုခွန်နစ်ရှောန်းန မျစ်စိခွန်နစ်လောင်းရှိဟှယ်။ အယ်မျစ်စိလေဟှာ မ္လေဂီးတဗ္လန်လောင်းဟှို လွှတ်လိုက်ခံရဟှူ ဘုရားသခင်ရဲ့ ဝိညာဉ်ခွန်နစ်ပါး ဖြစ်ဟှယ်။ သိုးသားဂန်းဟှားဟှာ လာဘီး ပလ္လင်ထတ်မာ ထိုင်နေဟှူသခင်ရဲ့ ညာဖတ်လတ်မာရှိဟှူ စာစောန်ဟှို ယူလိုက်ဟှယ်။ အယ်စာစောန်ဟှို ယူလိုက်ဟှူ ခီမာ သတ္တဝါလေးပါးန သတ်ကီးဟှူသူ နှေ့ဆယ့်လေးပါးဟှာ သန့်ရှင်းသူလေရဲ့ ဆုတောန်းချစ်လေဖြစ်ဟှူ မီးရှို့ဟှူ နံ့သာပေါန်းန ပ္လဲ့နေဟှူ ရွှေဖလားလေဟှိုရော၊ စောန်းလေဟှိုလည်း ကိုင်ဟှားဂေ့ဘီး သိုးသားဂန်းဟှားရှေ့မာ ပျပ်ဝပ်ဘီး၊ ကိုယ်တော်ရှင်ဟှာ သေသတ်ရှင်းဟှို ခံရဟှူကြောန့်
“တိုင်းနိုင်ငံ ဂူလောင်းမာရှိဟှူ သာသာစကားလေ မျိုးမျိုးပြောဂေ့ဟှူ
လူမျိုးလေထဲဟှနေဘီး ကျွန်တော့်ဟှားလေဟှို ယူဘီး၊ သွီးတော်န ဘုရားသခင်တွပ် ဖိုးခပေးဘီး ဝီးကော့‑က်လိုက်ဟှယ်။
အယ်ကြောန့် ကိုယ်တော်ဟှာ အယ်စာစောန်ဟှို ယူဘီး တဇိလေဟှို ဖွမ့်ထိုက်ဟှူသူ ဖြစ်ပါဟှယ်။
10 +ကျွန်တော့်ဟှားလေရဲ့ ဘုရားသခင်ရှေ့မာ မန်းဂီးနေနရော၊ ယဇ်ပုရောဟိတ်နေနရော ခန့်ဟှားဘီး၊
မ္လေဂီးထတ်မာ အောက်ချောက်ရဟှူခွမ့်ဟှို ပေးဟှယ်” ဆိုဘီး
ချင်းသစ်ဟှို ဆိုဂေ့ဟှယ်။
11 အယ်ခီမာ ငါဟှာ ကေ့လိုက်ဟှူ ခီမာ ပလ္လင်ပတ်ပတ်လည်မာရော၊ သတ္တဝါလေးပါးန သတ်ကီးဟှူလူလေရဲ့ ပတ်ပတ်လည်မာရော၊ ရပ်ဘီးနေဟှူ ကောန်းဂန်တမန်လေရဲ့ သံဟှို ကြားရဟှယ်။ အယ်ကောန်းဂန်တမန်လေဟှာ သီးသန်းကုဋေ ကဘဲန ဘောင်ဂီးဘဲ့ရှိဟှယ်။ 12 သူးနို့ဟှာ
“သေသတ်ခံရဟှူ သိုးသားဂန်းဟှားဟှာ
တဂိုး၊ စည်းဇိမ်၊ ဉာဏ်ပညာ၊ ခွန်အားစွမ်းရည်၊ ဖောင်းသရေတော်၊ ဖောင်းအာနုဘော်၊
ချီးမွမ်းရှင်းဟှို ခံထိုက်ဟှယ်” ဆိုဘီး
သံက္လယ်ဂီးန ပြောဆိုဂေ့ဟှယ်။ 13 နော့‑က်ထပ် ကောန်းဂန်၊ မ္လေဂီး၊ မ္လေဂီးအော့‑က်ဟှ ပန်လယ်ရဲ့ နေရာတိုင်းမာ သတ္တဝါဂူလောင်းဟှ
“ပလ္လင်ထတ်မာ ထိုင်နေဟှူသခင်န သိုးသားဂန်းဟှားဟှာ
ကမ္ဘာဆစ်ဆစ် ချီးမွမ်းရှင်းဟှို ခံရပါစေ။
ဖောင်းကီးတော်မူပါစေ”
ဆိုဘီး သံက္လယ်ဂီးန ပြောဂေ့ဇာဟှို ငါဟှာ ကြားဟှယ်။ 14 သတ္တဝါလေးပါးဟှ “အာမင်” ဆိုဘီး ပ္လန်ပြောဂေ့ဟှယ်။ သတ်ကီးဝါဂီးလေဟှလည်း ပျပ်ဝပ်ဘီး ကိုးကွယ်ဂေ့ဟှယ်။
* 5:3 မ္လေဂီးအော့‑က်မာ၊ မရဏာနိုင်ငံ အယ်မျိုးမှုဘဲနေဟှာ လူသေလေရဲ့ ကမ္ဘာ (ရှု ၁.၁၈)။ + 5:10 ဗျာ ၁.၆