5
ယောင်ကြည်ရှင်းအားဖြင့် ဘုရားသခင်နှိုက်ငြီသတ်ရှင်း
အယ်ကြောန့် ယောင်ကြည်ရှင်းအားဖြင့် ဖြောန့်မတ်ဟှယ် ဆိုဘီး သိမှတ်ပြုခံရဟှူ နို့လေဟှာ သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ရဲ့ ငြီသတ်ရှင်းဟှို ရရှိဂေ့ဟှယ်။* အယ်သခင်ဟှို နို့လေယောင်ကြည်ဂေ့ကြောန့် အယ်မျိုး ကျေးဇူးတော်ဟှို ခံစားရဟှူဇာ ဖြစ်ဟှယ်။ အယ်ကြောန့် ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို မျှော်လင့်ဘီးဟှာ နို့လေ ဝါကြွားဘီး ဝမ်းမြော့‑က်ဂေ့ဟှယ်! အယ်လော့‑က်နကဟှ ဆင်းရဲဒေါက်ခလေနှိုက်လည်း ဝါကြွားဝန်းသာမှုရှိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဆင်းရဲဒေါက်ခလေဟှာ သီးခံရှင်းဟှို ဖြစ်စေကြောန့် ဖြစ်ဟှယ်။ သီးခံမှုဟှာ ခံနိုင်ရည် ခွန်အားဟှိုရဘီး ဘုရားသခင်ရဲ့ မျစ်နှာသာဟှို ပိုဘီး ခံစားရလေဟှယ်။ ဘုရားသခင်ရဲ့ မျစ်နှာသာဟှလည်းဘဲ့ မျှော်လင့်ရှင်းဟှို တိုးပွားစေဟှယ်။ အယ်မျှော်လင့်ရှင်းဟှလည်း ယှစ်ကြော့‑က်စိပျစ်မှုလေန လွတ်ကင်းစေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှိုပေးသနားတော်မူဟှူ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ ဘုရားသခင်ရဲ့ မြစ်တာတော်ဟှို နို့လေရဲ့နှလုံးသားထဲဟှို သွန်းလောင်းပေးတော်မူဟှူကြောန့် ဖြစ်လေဟှယ်။
နို့လေဟှာ ကျိုးနဲဖြစ်နေခီမာ ခီတန်မှ ခရစ်တော်ဟှာ တရားဘဲဟှူ သူလေတွပ်ကြောန့် သေခံတော်မူဟှယ်။ ဖြောန့်မတ်ဟှူ သူလေတွပ်ကြောန့် သေခံပေးဟှို့သူ ရှိဟှို့ခဲယဉ်းဟှယ်။ သူတော်ကောန်းတွပ်ကြောန့် သေခံရဲဟှူသူလေ ရှိရှင်ဟှာရှိလေ့မယ် မှန်စေဝေါ့။ အယ်ဘေမဲ့ နို့လေပြစ်ရှိနေဟှူ ခီမာဘဲ့ ခရစ်တော်ဟှာ နို့လေတွပ် သေခံတော်မူဟှူဇာအားဖြင့်၊ ဘုရားသခင်ဟှာ နို့လေဟှို ဖယ်မျှလော့‑က် ရှစ်နူးဆိုဇာဟှို ထန်းထန်ရှားရှား ဖော်ပြတော်မူလေဟှယ်! အယ်ကြောန့် ခုခီမာ ခရစ်တော်ရဲ့ သွီးတော်အားဖြင့် ဖြောန့်မတ်ဟှယ် ဆိုဘီး သိမှတ်ပြုခံရဟှူ နို့လေဟှာ ကိုယ်တော်အားဖြင့် ဘုရားသခင်ရဲ့ မျစ်တော်ဟှနေ ပိုဘီး ကယ်တန်ခံရလေ့မယ်! 10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ ဘုရားသခင်ရဲ့ ရန်သူလေ ဖြစ်ဂေ့ဟှူလည်းဘဲ့ ကိုယ်တော်ဟှာ သားတော်ဟှို သေခံစေရှင်းအားဖြင့် နို့လေဟှို သူ့ရဲ့မိဆွေလေ ဖြစ်စေတော်မူဟှယ်။ ခု နို့လေဟှာ ဘုရားသခင်ရဲ့ မိဆွေလေဖြစ်ဂေ့ဟှူကြောန့် ခရစ်တော်ရဲ့ သတ်တော်အားဖြင့် ကယ်တန်ရှင်းကျေးဇူးဟှို ပိုဘီး ဟှာ ခံရဂေ့လေ့မယ်! 11 အယ်လော့‑က်နမကဘဲ မိတ်သဟာယဖွဲ့ရှင်းခွမ့်န ကျေးဇူးတော်ဟှို ခုခံစားစေဟှူ၊ နို့လေသခင် ယေရှု ခရစ်တော်အားဖြင့် ဘုရားသခင်နှိုက် ဝါကြွားဝန်းသာရှင်း ရှိဂေ့လေဟှယ်။
အာဒံန ခရစ်တော်ဟှို နှိုင်းယှဉ်ဟှူကြောန်း
12 အယ်မူကြောန်းရာဟှ ပြစ်တရားဟှာ လူတယော့‑က်အားဖြင့် အယ်လောကထဲဟှို ဝမ်ရော့‑က်လာဘီး၊ အယ်ပြစ်တရားအားဖြင့် သေရှင်းတရား ဝမ်ရော့‑က်လာဘီး လူလေ ဂူလောင်းဟှာ ပြစ်ရှိဟှူကြောန့် သေဂေ့ရလေဟှယ်။ 13 ပညတ်တရားဟှို ပေးခန်ကဒဲဟှ အယ်လောကမာ ပြစ်ရှိဟှူဇာ ဖြစ်ဟှယ်။ ဖယ်ပညတ်တရားမှ မှေ့ဘဲနေဟှာ ပြစ်ရှိဟှယ် ဆိုဘီး မှတ်ယူဟှို့ကြောန်း မှေ့ဟှ။ 14 အယ်ဘေမဲ့ သေရှင်းတရားဟှာ အာဒံ လတ်ထတ်ဟှနေစဘီး မောရှေ လတ်ထတ်ထိ လူလေ ဂူလောင်းဟှို စိုးရလေဟှယ်။ အာဒံ ပြစ်မှားဟှူမျိုး ပြစ်မှားဘဲဟှူ သူလေဟှိုလည်း စိုးရလေဟှယ်။
အယ်မူအာဒံဟှာ နော့‑က်ကြွလာမယ့်သူရဲ့ ပေါင်ပမာ ဖြစ်လေဟှယ်။ 15 အယ်ဘေမဲ့ ပြစ်မှားဟှူ သဘောန ကျေးဇူးတော် သဘောတူဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တယော့‑က်သောသူ အာဒံ ပြစ်ကျူးလွန်ဟှူကြောန့် လူလေ ဂူလောင်း သေရဟှယ် ဆိုဟှာ တယော့‑က်သောသူ ယေရှု ခရစ်တော်အားဖြင့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောန့် ကျေးဇူးတော်ရဲ့ ကျိုးဟှို လူလေ ဂူလောင်းနှိုက် ပိုဘီး ကြွယ်ဝပ္လဲ့ဇောင်လေဟှယ်။ 16 နော့‑က်ဘီး လူတယော့‑က် ပြစ်မှားဟှူဇာန ကျေးဇူးတော်ဟှာ တူဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တရားစီရင်ခီမာ ပြစ်ကြောန့် “ဒန်ခံစေ” ဆိုဘီး စီရင်ဟှယ် ဆိုဟှာ ကျေးဇူးတော်ဟှ ပြစ်ဘောင်ဂီးရှိနေဘေမဲ့ “လွတ်စေ!” ဆိုဘီး စီရင်ခ္လမှတ်လေဟှယ်။ 17 နော့‑က်ဘီးဟှာ လူတယော့‑က် ပြစ်မှားကြောန့် သေရှင်းတရားဟှာ အယ်သူအားဖြင့် စပြုဘီး ဝမ်ရော့‑က်လာဟှယ် ဆိုဟှာ တယော့‑က်သောသူဖြစ်ဟှူ ယေရှုခရစ်တော်ရဲ့ လောက်ဆောန်ရှင်းအားဖြင့် ဘုရားသခင်ရဲ့ ကြွယ်ဝဟှူ ကျေးဇူးတော်န ဖြောန့်မတ်ရှင်း ကောန်းဂျီးဟှို ခံစားခွမ့်ရဟှူ သူလေဟှာ ယေရှုခရစ်အားဖြင့် သတ်ရှင်ဘီး စိုးစံလေ့မယ်!
18 အယ်ကြောန့် လူတယော့‑က်ဟှ ပြစ်ကျူးလွန်ဟှူ ဇာအားဖြင့် လူလေ ဂူလောင်းဟှာ ပြစ်စီရင်ဇာဟှို ခံရဂေ့ဟှူမျိုး လူတယော့‑က်ရဲ့ ဖြောန့်မတ်ရှင်းအားဖြင့် လူလေ ဂူလောင်းဟှာလည်း ပြစ်စီရင်ဟှူဇာဟှ လွတ်ဘီးဟှာ ထာဝရသတ်န ဆိုင်ဟှူ ဖြောန့်မတ်ရှင်းဟှို ရလေဟှယ်။ 19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူတယော့‑က် နားထောန်ဘဲကြောန့် လူလေ ဂူလောင်း ပြစ်ထဲဟှို က္လရော့‑က်ဟှူမျိုး လူတယော့‑က် နားထောန်ရှင်းအားဖြင့် လူလေ ဂူလောင်းဟှာ ဘုရားသခင်ရဲ့ ရှေ့တော်မာ ဖြောန့်မတ်ရှင်းဟှို ရဂေ့လေဟှယ်။
20 နော့‑က်ဘီး ပညတ်တရားဟှာ ကျူးလွန်ဟှူ ပြစ်လေဟှို ထန်ရှားစေဟှို့တွပ် ဝမ်ရော့‑က်လာဟှူကြောန့် ဒုစရိုက်ပြစ်လေဟှာ ပွားများလာဟှယ်။ အယ်ဘေမဲ့ ပြစ်ပွားများလေလေ ကျေးဇူးတော်ဟှာ ပိုဘီး ကြွယ်ဝလေလေ ဖြစ်ဟှယ်။ 21 အယ်မျိုးဖြစ်ကြောန့် ပြစ်တရားဟှာ သေရှင်းတရားအားဖြင့် စိုးရဟှူမျိုး ကျေးဇူးတော်ဟှာ ဖြောန့်မတ်ရှင်း အားဖြင့်စိုးရဘီး နို့လေရဲ့သခင် ယေရှု ခရစ်တော်အားဖြင့် ထာဝရသတ်ဟှို ရရှိစေဟှယ်။
* 5:1 ရရှိဂေ့ဟှယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ နို့လေမာရှိပါစေ၊ ဆိုဘီး ပါရှိဟှယ်။ 5:2 နို့လေ ဝါကြွားဘီး ဝမ်းမြော့‑က်ဂေ့ဟှယ်၊ အယ်မျိုးမှုဘဲနေဟှာ နို့လေ ဝါကြွားဂေ့ဇို့။ 5:9 ခရစ်တော်ရဲ့ သွီးတော်အားဖြင့်၊ အယ်မျိုးမှုဘဲနေဟှာ ခရစ်တော်ရဲ့ သေခံတော်မူရှင်းအားဖြင့်။