2
ဆရာတုယောန်လေကြောန်း
1 အယ်ဘေမဲ့ ပရောဖက် တုယောန်လေဟှာ ယုဒလူမျိုးလေထဲမာ ပေါ်လာဂေ့ဟှူမျိုး နန်းနို့လေထဲမာလည်း ပရောဖက် တုယောန်လေ ပေါ်လာဂေ့လေ့မယ်။ အယ်သူလေဟှာ ပျစ်စီးရှင်းဟှို ရော့‑က်စေမယ့် မှားယွင်းဟှူ ယူဝါဒလေဟှို ခိုးခိုးဝှပ်ဝှပ်န ယူဆောန်လာဂေ့ဘီး ကိုယ့်ဟှို ဖိုးခန ဝီးဝယ်တော်မူဟှူ သခင်ဟှို ပစ်ပယ်ဘီး ကိုယ့်ထတ်ဟှို ရရာတိုင်း ဗြန်ဟှူ ပျစ်စီးမှုဟှို ရော့‑က်စေဟှူ ပရောဖက် တုယောန်လေဟှာ နန်းနို့လေမာ ရှိဂေ့လေ့မယ်။
2 ရရာတိုင်းများဟှူ လူလေလည်း သူးနို့လေရဲ့ ညစ်ညူးဟှူ ကောန်းဘဲဟှူ ကျင့်ဓလေ့နော့‑က်ဟှို လိုက်ပါရှင်းအားဖြင့် သမ္မာတရားလမ်း အသရေဟှာ ပျစ်စီးလေ့မယ်။
3 သူးနို့လေဟှာ လောဘစိန ချော့မော့ဟှူ စကားလေဟှို ပြောဘီး နန်းနို့လေဟှို မ္လတ်ထုလေ့မယ်။ ရှေးကာလဟှနေဘီး သူးနို့ဟှို ပြစ်ဒန်စီရင်မယ့် သခင်ဟှာ ဆင်သင့်ရှိနေတော်မူဟှယ်။ သူးနို့ဟှို သုတ်သင်ဖျစ်ဆီးမယ့် သခင်ဟှာ အိငိုက်တော်မူဟှ။
4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ပြစ်မှားဟှူ ကောန်းဂန်တမန်လေဟှို ဗြောဘဲန ငရဲထဲမာ ထီးသီးဟှားဘီး တရားစီရင်ဟှို့တွပ် မှောန်မိုက်ထဲမာ သံကြိုးန ခယ်ဟှားတော်မူလေဟှယ်။
5 ရှေးလောကဓာတ်ဟှိုလည်း ဗြောတော်မူဟှ။ ဖြောန့်မတ်ရှင်းတရားဟှို ဟောဟှူ နောဧန လူခွန်နစ်ယော့‑က်ဟှို ကယ်တန်တော်မူဘီး ဘုရားဟှို ကိုးကွယ်ဘဲဟှူ လောကီသား ဂူလောင်းဟှို ရေလွှမ်းမိုးစေတော်မူဟှယ်။
6 သောဒုံန ဂေါမောရဗြို့ဟှို ပြစ်ဒန်စီရင်တော်မူဘီး မီးလောန်စေရှင်းအားဖြင့် နော့‑က်တခီမာ တရားဘဲဟှူကျင့်ဟှို ကျင့်ဟှူ သူလေတွပ် ပေါင်သတ်သေဟှို ထားတော်မူလေဟှယ်။
7 အယ်ခီမာ တရားဘဲဟှူ သူလေရဲ့ ညစ်ညူးဟှူ ကျင့်အားဖြင့် စိနှော့‑က်ယှစ်ခံရဟှူသူ ဖြောန့်မတ်ဟှူ လောတဟှို ကယ်နှုတော်မူဟှယ်။
8 အယ်ဖြောန့်မတ်ဟှူသူဟှာ တရားဘဲဟှူ သူလေနတူးဒူ နေရဟှူ ခီမာ သူးနို့လေရဲ့ အဓမ္မမှုရာလေဟှို ဗြင်ရကြားရဟှူကြောန့် သူ့ရဲ့ ဖြောန့်မတ်ဟှူ စိဝိညာဉ်မာ ရရာတိုင်း ညှဉ်းဆဲခံရလေဟှယ်။
9 အယ်ကြောန့် ဘုရားဝတ်မာ မွေ့လျော်ဟှူသူလေဟှို စောင်ဇမ်း နှော့‑က်ယှစ်မှုထဲဟှ ကယ်နှုဟှို့တွပ်န တရားဘဲဟှူ သူလေဟှို တရားစီရင်ဟှူ နေ့ရစ်မာ ပြစ်ဒန်ခံစေဟှို့ ချောက်နှောင်ဟှားဟှို့တွပ် ဘုရားသခင် တတ်နိုင်တော်မူလေဟှယ်။
10 ထူးသဖြင့် ညစ်ညူးဟှူ တတ်မတ်မှုအားဖြင့် သွီးသားဇာတိ နော့‑က်ဟှို လိုက်ဘီး အာဏာစစ်ဟှို ထီမဲ့မြင်ပြုဟှူ သူလေဟှို အယ်မျိူး ချောက်ဟှားတော်မူလေ့မယ်။
အယ်သူလေဟှာ တင့်ရဲဟှူသူ မာန်မာနထောန်လွှားဟှူ သူလေဖြစ်ဘီး ကြော့‑က်ရွံ့မှုမှေ့ဘဲ ဖောင်းတဂိုးကီးဟှူ သူလေဟှို ကဲ့ရဲ့စော်ကားတတ်လေဟှယ်။
11 ကောန်းဂန်တမန်လေဟှာ သူးနို့လေထတ် ခွန်အား တဂိုးကီးဟှူလည်းဘဲ့ ဘုရားသခင် ရှေ့တော်မာ သူးနို့လေဟှို ကဲ့ရဲ့ပြစ်တန်ဘီး စီရင်ရှင်းဟှို ပြုဂေ့ဟှ။
12 သူးနို့လေဟှာ ဖမ်းဆီးဖျစ်ဆီးဟှို့တွပ် ပေါ့‑က်ဖွားလာဟှူ၊ သိပညာမဲ့ဘီး ဆင်ခြင်တုံတရား မှေ့ဘဲဟှူ လိဆန်လေမျိုး ဖြစ်ဂေ့ဘီး ကိုယ်နားလည်ဘဲဟှူ ဇာလေဟှို ကဲ့ရဲ့ဘီး ပြောဆိုတတ်ဂေ့ဟှယ်။ သူးနို့လေဟှာ သိဉာဏ်မှေ့ဘဲဟှူ လိဆန်လေ ပျစ်စီးဟှူမျိုး ပျစ်စီးရဂေ့လေ့မယ်။
13 တရားဘဲဟှူဇာရဲ့ ဖိုးခနေန တရားဘဲဟှူ ပြုရှင်းဟှို ခံရဂေ့လေ့မယ်။ သူးနို့လေဟှာ နေ့ဖတ်မာ သော့‑က်စားယစ်မောရှင်းလေဟှို ပျော်ရွှင်ရှင်း ဖြစ်ဟှယ် ဆိုဘီး ထန်မှတ်ဂေ့တတ်ဟှယ်။ နန်းနို့နတူးဒူ စားသော့‑က်ဟှူ ခီမာ ကိုယ့်ရဲ့ မှားယွင်းဟှူ သဘောန မွေ့လျော်ဂေ့ဘီး နန်းနို့လေမာ ညစ်ကြေးစွန်းကွက်ဟှူမျိုး ဖြစ်ဂေ့ဟှယ်။
14 သူးနို့ဟှာ ဖော့‑က်ပ္လန်ဟှူ ကိလေသာန ပ္လဲ့ဝဟှူ မျစ်စိကြောန့် ဒုစရိုက်ဟှို ပြုဘဲနေနိုင်ဂေ့ဟှ။ သူးနို့လေဟှာ တည်ကြည်မှု စိနှလောင်းမှေ့ဘဲဟှူ သူလေဟှို ပြစ်ထဲဟှို သွီးဆောန်တတ်ဂေ့ဟှယ်။ လောဘလွန်ကြူးမှုမာ ကျင်လည်ဘီး ကီရှင်းခံရဟှူ သားမီးလေဖြစ်ဂေ့ဟှယ်။
15 သူးနို့လေဟှာ ဖြောန့်မတ်ဟှူလမ်းဟှ ထွပ်ဟှူကြောန့် လမ်းလွဲဟှားဘီး တရားဘဲဟှူ နည်းလမ်းအားဖြင့် ရဟှားဟှူ ဖိုးခဟှို နှစ်သက်ဟှူ ဗောသော်ရဲ့သား ဗာလမ်ရဲ့ လမ်းစဉ်ဟှို လိုက်ဂေ့ဟှယ်။
16 အယ်ဘေမဲ့ ဗာလမ်ဟှာ တရားဘဲနရဟှူခဟှို တတ်မတ်ဟှူကြောန့် ကိုယ်ပြုဟှူ ဒုစရိုက်အားဖြင့် ဆောင်းမရှင်းဟှို ခံရဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ မြည်းဟှာ လူ့ဘာသာအားဖြင့် စကားပြောဘီး အယ်ပရောဖက်ရဲ့ မိုက်မဲမှုဟှို တားမြစ်လေဟှယ်။
17 အယ်သူလေဟှာ ရေမှေ့ဘဲဟှူ ရေတွမ်းမျိုး၊ လေတိုက်ဟှူကြောန့် လွမ့်ပါဟှားဟှူ မိုးတီမျိုး ဖြစ်ဂေ့ဟှယ်။ သူးနို့လေတွပ် ထာဝရမှောန်မိုက်ဟှို သိုဟှားလေဟှယ်။
18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ မှားယွင်းမှုထဲမာ ကျင်လည်ဂေ့ဟှူ သူလေထဲဟှ လွတ်မြော့‑က်ခါဇရှိဟှူ သူလေဟှို ဝါကြွားဟှူ ချည်းနှီးစကားလေဟှို သောင်းဘီး သွီးသားဇာတိတတ်မတ်ရှင်း၊ ကာမဂေါင် လိုက်စားရှင်းအားဖြင့် ပြစ်ထဲဟှို သွီးဆောန်တတ်ဂေ့ဟှယ်။
19 သူးနို့လေဟှာ လွှတ်ရှင်းခွမ့်ရှိဟှယ် ဆိုဘီး ဝန်ခံရဲ့န ကိုယ်ကိုယ်တိုင် ပျစ်စီးမှုရဲ့ ကျေးကျွန်လေ ဖြစ်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူဟှို နိုင်ဟှူဇာဟှာ လူ့ရဲ့သခင် ဖြစ်ဟှယ်။
20 နို့လေရဲ့ သခင်န ကယ်တန်ရှင်ဖြစ်ဟှူ ယေရှုခရစ်ဟှို သိကျွမ်းရှင်းအားဖြင့် လောကီညစ်ညူးမှုန လွတ်ကင်းဘီးမှ နော့‑က်ထပ်တခါ ထောန်ချော့‑က်မိဘီး ရှောင်းဟှယ် ဆိုဟှာ နော့‑က်ဖြစ်ဟှူဇာဟှာ ရှေ့ဖြစ်ဟှူ ဇာထတ် ပိုဘီး ဆိုးလေဟှယ်။
21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖြောန့်မတ်ဟှူ လမ်းဟှို သိရဲ့န ကိုယ့်ဟှို ပေးအပ်ဟှားဟှူ သန့်ရှင်းဟှူ ပညတ်တော်ဟှို စွန့်ပစ်ဟှူဇာထတ် အယ်မူတရားလမ်းဟှို သိဘဲနနေရဟှူဇာဟှ ပိုဘီး ကောန်းဟှယ်။
22 “ခွီးဟှာ ကိုယ့်ရဲ့ အန်ဖတ်ဟှို ပ္လန်စားတတ်ဟှယ်။ ရေချိုးပေးဟှားဟှူ ဝပ်ဟှာလည်း ဇီးဗ္လစ်အိုင်မာ ပ္လန်ဘီး လူးတတ်ဟှယ်” ဆိုဘီး ပြောဟှူ မှန်ဟှူ စကားပေါင်ဟှာ အယ်သူလေအားဖြင့် ပ္လဲ့ဇောင်လေဟှယ်။