5
ဘုရားသခင်ရဲ့ သိုးစုကြောန်း
1 သင်းတော်လူဂီး တယော့‑က်ဖြစ်ဘီး ခရစ်တော်ရဲ့ ဆင်းရဲဒေါက်ခ ဝေဒနာလေဟှို တွိဗြင်ရဟှူ သတ်သေခံဟှူသူန ထန်ရှားလာမယ့် ဖောင်းသရေတော်ဟှို မျှဝီခံစားဟှူသူဖြစ်ဟှူ ငါပေတရုဟှာ နန်းနို့မာရှိဟှူ လောက်ဖော်ဆောန်ဖတ်လေဖြစ်ဟှူ သင်းတော်လူဂီးလေဟှို တိုက်တွန်းနှိုးဆော်ပါဟှယ်။
2 နန်းနို့မာရှိဟှူ ဘုရားသခင်ရဲ့ သိုးစုလေဟှို အောက်ထီးဟှူမှုမာ တာဝန်ရမှုဘဲ ဘုရားသခင်ရဲ့ လိုတော်တိုင်း စိအားထတ်သန်ဘီး ဝန်းသာရှင်းအားဖြင့် စောန့်ထီးဂေ့ပါ။ စင်ကြယ်ဘဲဟှူ ကျိုးစီးပွားဟှို တတ်မတ်ဟှူကြောန့်မှုဘဲ စေတနာစိအားဖြင့် ကေ့ရှုအောက်ထီးဂေ့ပါ။
3 နန်းနို့ သီးသီးအောက်ချောက်ဟှူ သင်းတော်လေဟှို အာဏာသောင်းဘီး စိုးတရပြုရှင်းမှုဘဲ၊ သိုးစုလေရှေ့မာ ပေါင်သတ်သေကောန်းဟှူသူ ဖြစ်စေဂေ့ပါ။
4 အယ်မျိုးဆိုဟှာ သိုးထီးဂီး ပေါ်ထွပ်လာဟှူ ခီမာ နန်းနို့လေဟှာ ညှိုးနွမ်းတတ်ဘဲဟှူ၊ ဖောင်းကီးဟှူ ပန်းဦးရစ်သရဖူဟှို ရဂေ့လေ့မယ်။
5 အယ်မျိုးဘဲ သတ်ငယ်ဟှူသူလေ၊ လူဂီးလေရဲ့ စကားဟှို နားထောန်ဂေ့ပါ။ နန်းနို့ရှင်းရှင်း တယော့‑က်အော့‑က်ယော့‑က် စိနှိခ္လရှင်းတန်ဆာဟှို ဆင်ယင်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ “မာနထောန်လွှားဟှူ သူလေဟှို ဘုရားသခင်ဟှာ ဆီးတားဘီး စိနှိခ္လဟှူသူလေဟှို ကျေးဇူးပြုတော်မူဟှယ်။”
6 အယ်ကြောန့် ခီတန်ဟှယ် ဆိုဟှာ နန်းနို့လေဟှို ချီးမြော့‑က်ဟှို့တွပ် ဘုရားသခင်ရဲ့ ဖောင်းကီးဟှူ လတ်တော်အော့‑က်မာ ကိုယ့်ကိုယ်ကိုယ် နှိခ္လဂေ့ပါ။
7 ဘုရားသခင်ဟှာ နန်းနို့လေဟှို စောန့်ရှော့‑က်တော်မူဟှူကြောန့် နန်းနို့လေရဲ့ စိုးရိမ်ပူပန်မှုလေ ရှိဟှူမျှဟှို ကိုယ်တော်နှိုက် အပ်ဂေ့ပါ။
8 သမ္မာဒိရှိရှိန အိဘဲန စောန့်နေဂေ့ပါ။ နန်းနို့လေရဲ့ ရန်သူဖြစ်ဟှူ မာရ်နတ်ဟှာ ဟောက်ဟှူ ခြင်္သေ့ဟှူမျိုး ဖယ်သူ့ဟှို မျိုရမယ်နူး၊ ဆိုဘီး လှည့်လည်ဘီး လိုက်ရှာနေဟှယ်။
9 အယ်ကြောန့် ယောင်ကြည်ရှင်းမာ ခိုင်းခိုင်ခန့်ခန့် ရပ်တည်ဘီး မာရ်နတ်ဟှို ဆီးတားဂေ့ပါ။ တကမ္ဘာလောင်းမာရှိဟှူ နန်းနို့လေရဲ့ ညီကို မောန်နှမလေလည်း အယ်မျိုး ဆင်းရဲဒေါက်ခလေန ရင်ဆိုင်ကျော်လွှား နေရဟှူကြောန်းဟှို သိမှတ်ဂေ့ပါ။
10 ယေရှုခရစ်တော်အားဖြင့် နို့လေဟှို ထာဝရ ဖောင်းသရေတော်ထဲဟှို ခေါ်တော်မူဟှူကျေးဇူး ဂူလောင်းဟှို ပြုတော်မူဟှူ ဘုရားသခင်ဟှာ ဆင်းရဲဒေါက်ခလေဟှို ရှစ်ဟှားခံစားရဟှူ နန်းနို့လေဟှို စောင်လင်စေဘီး တည်ကြည်ခိုင်ခံ့ မြဲမြံစေတော်မူလေ့မယ်။
11 ဘုရားသခင်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။
နော့‑က်ဆောင်းနှောက်ဆစ်စကား
12 ငါဟှာ နန်းနို့လေဟှို တိုက်တွန်းနှိုးဆော်ဘီး နန်းနို့ မှီပြုဟှူ အယ်ဇာလေဟှာ ဘုရားသခင်ရဲ့ စစ်မှန်ဟှူ ကျေးဇူးတော်ဖြစ်ဟှယ် ဆိုဇာဟှို သတ်သေခံဘီး အယ်စာဟှို ရေးဘီးမှ ငါစိထန်ဟှူတိုင်း နန်းနို့မှုမာ သစ်စာရှိဟှူညီကို သိလွာနုလတ်န ခုပေးလိုက်ပါဟှယ်။
13 ငါ့သား မာကုဟှနေစဘီး ဗာဗုလုန်ဗြို့မာရှိဟှူ နန်းနို့နတူးဒူ ဝီးကော့‑က်ခံရဟှူသင်းတော်ဟှာ နန်းနို့လေဟှို နှောက်ဆစ်ဂေ့ပါဟှယ်။
14 ယော့‑က်နယော့‑က် မြစ်တာနမ်းန နှောက်ဆစ်ဂေ့ပါ။
ခရစ်တော်နှိုက်ရှိဂေ့ဟှူ နန်းနို့လေ ဂူလောင်းမာ ငြီသတ်ရှင်းရှိဂေ့ပါစေ။