3
လန်န မယားကြောန်း
+အယ်မျိုးဘဲ့ မယားဖြစ်ဟှူသူလေ ကိုယ့်လန်ရဲ့ အောက်စိုးမှုဟှို ဝန်ခံဂေ့ပါ။ အယ်နည်းအားဖြင့် နန်းနို့လေမာ ဘုရားသခင်ရဲ့ စကားတော်ဟှို ယောင်ကြည်ဘဲဟှူ လန်လေရှိဟှယ် ဆိုဟှာ နန်းနို့လေရဲ့ ရိုသေကြော့‑က်ရွံ့မှုန သန့်ရှင်းစင်ကြယ်ဟှူ သတ်တာအားဖြင့် ယောင်ကြည်လာဂေ့လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေ သန့်ရှင်းစင်ကြယ်ဘီး ဖယ်လော့‑က် စိထားဖ္လူစင်ရှင်းန ဘုရားတရားဟှို ကြော့‑က်ရွံ့ရိုသေရှင်းဟှို သူးနို့လေ ဗြင်တွိရဟှူကြောန့် ဖြစ်ဟှယ်။ +နန်းနို့လေရဲ့ လှပပြင်ဆင်ရှင်းဟှာ ဆားဗန်ကျစ်ရှင်း၊ ရွှေတန်ဆာဆင်ရှင်း၊ ဝတ်စားဆင်ရှင်းလေဖြစ်ဟှူ ပ္လန်ပန်းဆင်ရင်မှုလေ ဖြစ်စေဘဲန၊ နူးညံ့သီမွေ့ဘီး တည်ငြိမ်ဟှူ စိသဘောဖြစ်ဟှူ ဖော့‑က်ပ္လန်ပျစ်စီးရှင်းန ကင်းဟှူ၊ စိနှလောင်းနဆိုင်ဟှူ ထဲဟှဝိညာဉ်လူရဲ့ တန်ဆာဆင်ရှင်း ဖြစ်စေဂေ့ပါ။ အယ်မျိုးဇာဟှ ဘုရားသခင်ရဲ့ ရှေ့တော်မာ ရရာတိုင်း ဖိုးကီးဇာ ဖြစ်ဟှယ်။ ဘုရားသခင်ဟှို မျှော်လင့်ကိုးစားဟှူ ရှေးကာလဟှ သန့်ရှင်းဟှူ မီးမလေလည်း အယ်မျိုးဘဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဆာဆင်ဘီး စာရာဟှာ အာဗြဟံဟှို သခင် ဆိုဘီး ခေါ်ဘီး နာခံဟှူမျိုး ကိုယ့်ရဲ့ လန်လေဟှို နာခံဂေ့ပါ။ နန်းနို့လေဟှာ ဖယ်မျိုးမှုရာလေဟှိုမှ ကြော့‑က်ရွံ့ဘဲန ကောန်းဟှူ ကျင့်ဟှို ကျင့်မယ် ဆိုဟှာ စာရာရဲ့ သားမီးလေ ဖြစ်ဂေ့လေ့မယ်။
+လန်လေ နန်းနို့လေဟှာ ကိုယ့်မယားဟှ အားနွဲ့ဟှူသူ ဖြစ်ဇာဟှို စာနာထော့‑က်ထားဘီး သတ်နဆိုင်ဟှူ ကျေးဇူးတော်ဟှို တူးဒူ မွီဆစ်ခံဟှူသူဖြစ် တန်ဖိုးထားဘီး တူးဒူ ပေါန်းသင်းနေထိုင်ဂေ့ပါ။ အယ်မျိုးမှ နန်းနို့ ဆုတောန်းဟှူ ခီမာ တားဆီးဖြစ်ဘဲန နေလေ့မယ်။
သုစရိုက်ဟှို ပြုဟှူကြောန့် ဆင်းရဲခံဟှူကြောန်း
နော့‑က်ဆောင်း ခြောင်ငုံဘီး ပြောရမယ် ဆိုဟှာ နန်းနို့ ဂူလောင်းဟှာ တစိတဝန်းဒဲရှိဂေ့ပါ။ ကြင်နာတတ်ဟှူသဘော၊ ညီကိုရှင်းရှင်း ရှစ်တတ်ဟှူသဘော၊ သနားစောင်မတ်တတ်ဟှူ သဘောန နှိခ္လဟှူ သဘော ရှိဂေ့ပါ။ နန်းနို့လေဟှာ ကောန်းဂျီးမင်္ဂလာဟှို မွီဆစ်ခံရဟှို့တွပ် ခေါ်တော်မူရှင်းဟှို ခံရဂေ့ဟှူကြောန့် ဆိုးဟှို ဆိုးန ကဲ့ရဲ့ပြစ်တန်ရှင်းဟှို ကဲ့ရဲ့ပြစ်တန်ရှင်းန တုံ့ပ္လန်ဘဲ ကောန်းဂျီးဟှိုဘဲ့ ပေးဂေ့ပါ။ 10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာလာဟှူဇာဟှ၊
“သတ်ရှင်ဇာဟှို နှစ်သက်ဘီး
ကောန်းဟှူနေ့ရစ်ဟှို ဗြင်တွိရှင်ဟှူ သူဟှာ
ကိုယ့်ရဲ့လျှာဟှို ချောက်တီးရမယ်။
ကိုယ့်ရဲ့နှောက်ဟှိုလည်း ချောက်တီးဘီး မုသားဟှို ပြောဇေန။
11 ကောန်းဘဲဟှူ ဒုစရိုက်ဟှိုရှောန်ဘီး ကောန်းဟှူ သုစရိုက်ဟှို ပြုရမယ်။
သင့်သင့်တင့်တင့် နေထိုင်ဘီး ငြီးချမ်းမှုတွပ် ကြိုးစားရမယ်။
12 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ဖြောန့်မတ်ဟှူသူဟှို ကေ့ရှု စောန့်ရှော့‑က်တော်မူဘီး
သူးနို့လေရဲ့ ဆုတောန်းသံဟှို နားညောန်းတော်မူဟှယ်။
အယ်ဘေမဲ့ ဒုစရိုက်ပြုဟှူ သူလေနားဟှ ဘုရားသခင်ဟှာ မျစ်နှာလွှဲတော်မူဟှယ်။”
13 နန်းနို့လေဟှာ ကောန်းဟှူမှုလေမာ စိအားထတ်သန်ဟှူသူ ဖြစ်ဟှယ် ဆိုဟှာ ဖယ်သူ ညှဉ်းဆဲမယ်နူး။ 14 +အယ်ဘေမဲ့ ဖြောန့်မတ်ဟှူတရားကြောန့် ဆင်းရဲဒေါက်ခ ခံရဟှယ် ဆိုဟှာ နန်းနို့လေဟှာ မင်္ဂလာရှိလေဟှယ်။ ဖယ်သူ့ဟှိုလည်း ကြော့‑က်ဂေ့န။ 15 နန်းနို့ စိနှလောင်းထဲမာ ခရစ်တော်ဟှို ရှင်သခင်ဖြစ် ရိုသေဂေ့ပါ။ နန်းနို့မျှော်လင့်ရှင်းရဲ့ ကြောန်းရာဟှို မေးဂေ့ဟှူသူ ရှိဟှူမျှဟှို လေးလေးစားစားန ဖြေရှင်းပြောဆို ပေးနိုင်ဟှို့တွပ် မြဲဒမ်း ဆင်သင့်ဖြစ်နေဂေ့ပါ။ 16 အယ်ဘေမဲ့ နူးညံ့သီမွေ့ဟှူစိ ကြော့‑က်ရွံ့ ရိုသေဟှူစိန ကြည်လင်ဟှူ စိနှလောင်းအားဖြင့် ဖြေရှင်းပြောဆိုဂေ့ပါ။ အယ်မျိုးဆိုဟှာ ခရစ်တော်နှိုက်ရှိဟှူ နန်းနို့လေရဲ့ ကောန်းဟှူ သတ်ရှင်နေထိုင်မှုဟှို ကဲ့ရဲ့ ရှုတ်ခ္လဟှူသူလေဟှာ နန်းနို့ဟှို ပေါက်ခတ် ပြောဆိုဟှူတွပ်ကြောန့် ယှစ်ရဂေ့လေ့မယ်။ 17 ဖြားဖြစ်ကြောန်နူးဆိုဟှာ ကောန်းဟှူသုစရိုက်ဟှို လောက်ဟှူကြောန့် ဆင်းရဲဒေါက်ခရော့‑က်ရှင်းဟှာ ဘုရားသခင်ရဲ့ လိုတော်ရ ဖြစ်ဟှယ် ဆိုဟှာ ကောန်းဘဲဟှူဇာဟှို လောက်ဘီး ခံရရှင်ထတ် ပိုဘီး ကောန်းပါဟှယ်။ 18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော်ဟှာ ကိုယ်ခန္ဓာတော်အားဖြင့် သေဟှားဘီး*၊ ဝိညာဉ်တော်အားဖြင့် သတ်ရှင်ဇာဟှို ရော့‑က်တော်မူဟှူကြောန့် နို့လေဟှို ဘုရားသခင်နားဟှို ပို့ဆောန်ဟှို့တွပ် ဖြောန့်မတ်တော်မူဟှူ သူဟှာ ဖြောန့်မတ်ဘဲဟှူ သူလေတွပ် ဒုစရိုက်ပြစ်လေကြောန့် တခါဒဲ ခံတော်မူဟှယ်။ 19 အယ် ဝိညာဉ်တော်အားဖြင့်လည်း ကြွဟှားတော်မူဘီး ခုထောန်ထဲမာ ချောက်ဟှားဟှူ ဝိညာဉ်လေဟှို တရားဟောလေဟှယ်။ 20 အယ် ဝိညာဉ်လေဟှာ ရှေးကာလဟှ နောဧလတ်ထတ်မာ လူနဲစုဖြစ်ဟှူ လူရှစ်ယော့‑က်ဟှို ရေအားဖြင့် ကယ်ဆယ်ဟှူ သန်းဖောဟှို ဆော့‑က်လောက်ဟှူ ခီမာ ဘုရားသခင်ဟှာ စိရှယ်ရှယ်န စောန့်ဟှူလည်းဘဲ့ နားထောန်ဘဲဟှူ ဝိညာဉ်လေ ဖြစ်ဟှယ်။ 21 အယ်မျိုး ဥပမာတိုင်းဘဲ့ ခုခီမာ ဗတ္တိဇံဟှာ ယေရှုခရစ် ထမြော့‑က်တော်မူရှင်းအားဖြင့် နို့လေဟှို ကယ်တန်လေဟှယ်။ ဗတ္တိဇံဆိုဟှူဇာဟှာ ကိုယ်ကာယရဲ့ ညစ်ကြေးဆေးရှင်းဟှို ဆိုလိုဇာမှုဟှ။ ကိုယ့်ကိုယ်ကိုယ် သိဟှူစိ ကောန်းကောန်းကြည်လင်ဘီး ဘုရားသခင်ရှေ့မာ ဝန်ခံရှင်းဟှို ဆိုလိုဇာဖြစ်ဟှယ်။ 22 အယ်သခင်ဟှာ ကောန်းဂန်ဘောင်ဟှို ကြွဝမ်တော်မူဘီး ကောန်းဂန်တမန်လေ အာဏာစစ်တဂိုးလေဟှို အောက်စိုးဘီး ဘုရားသခင်ရဲ့ ညာဖတ်မာ ရှိနေတော်မူလေဟှယ်။
+ 3:1 ဧ ၅.၂၂; ကော ၃.၁၈ + 3:3 ၁ တိ ၂.၉ + 3:7 ဧ ၅.၂၅; ကော ၃.၁၉ + 3:14 မ ၅.၁၀ * 3:18 သေဟှားဘီး၊ မူရင်းလတ်ရေးမူလေ ဘောင်ဂီးထဲမာ ဝေဒနာခံဟှယ်၊ ဆိုဘီး ပါရှိဟှယ်။