15
ရှေးလူဂီးလေရဲ့ ထောင်းဒန်းစဉ်လာကြောန်း
(မာကု ၇.၁–၁၃)
1 အယ်ဘီးန ယေရုရှလင်ဗြို့ဟှ ဖာရိရှဲတချို့န ကျမ်းပြုဆရာတချို့ဟှာ ယေရှုနားဟှို လာဘီးဟှာ
2 “ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ ရှေးလူဂီးလေရဲ့ ထောင်းဒန်းစဉ်လာလေဟှို ဖြားဖြစ်ကြောန့် ခ္လိုးဖော့‑က်ဂေ့ပါနူး။ သူးနို့ဟှာ လက်ဆေးဘဲန စာစားလေဟှယ်!” ဆိုဘီး ကိုယ်တော့်ဟှို မေးလျှော့‑က်ဂေ့ဟှယ်။
3 ကိုယ်တော်ဟှ “ဖြားဖြစ်ကြောန့် ဘုရားသခင်ရဲ့ ပညတ်တော်ဟှို ခ္လိုးဖော့‑က်ဘီးဟှာ နန်းနို့လေရဲ့ ထောင်းဒန်းစဉ်လာလေဟှို လိုက်နာကျင့်သောင်းဂေ့နူး။
4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ ပညတ်တော်ဟှ ‘မိဖဟှို ရိုသေပါ။ မိဖဟှို ကီဆဲဟှူ သူဟှာ သေဒန်က္လခံစေ’ ဆိုဘီး မိန့်တော်မူဟှားဟှယ်။
5 အယ်ဘေမဲ့ နန်းနို့လေ သွန်သန်ဇာဟှ တဇောင်တယော့‑က်ဟှာ ကိုယ့်ဖ အယ်မျိုးမှုဘဲနေဟှာ ကိုယ့်မိဟှို ပေးကမ်းထော့‑က်ပံ့ဟှို့တွပ် ပစ်စီး အောက်စာလေရှိဟှူ လည်းဘဲ့ အယ်ပစ်စီး အောက်စာလေဟှာ ‘ဘုရားသခင်တွပ် လှူဝတ္ထုဖြစ်ဟှယ် ဆိုဘီး ပြောလေဟှယ်။’
6 အယ်သူဟှာ ကိုယ့်ဖဟှို ဂေါင်ပြုဟှို့လိုအပ်ဟှ ဆိုဘီး သွန်သန်ပေးလေဟှယ်။ အယ်မျိုးဘဲ့ နန်းနို့လေဟှာ နန်းနို့ရဲ့ ထောင်းဒန်းစဉ်လာလေတွပ် ဘုရားသခင်ရဲ့ ပညတ်တော်ဟှို ပယ်ဂေ့လေဟှယ်။
7 သူတော်ကောန်း ယောန်ဆောန်ဟှူသူလေ! နန်းနိုလေ ကြောန်းဟှို ဘုရားသခင်ဟှာ ဟေရှာယအားဖြင့် ပရောဖက်ပြုဟှားဇာဟှ
8 “ ‘အယ်လူလေဟှာ သူးနို့ရဲ့ နှောက်န ငါ့ဟှို ရိုသေလေဟှယ်။
သူးနို့ရဲ့ စိနှလောင်းဟှာ ငါ့န ဝီးလှဟှယ်။
9 သူးနို့ဟှာ ငါ့ဟှို အလဂါး သတ်သတ် ကိုးကွယ်ဂေ့ဟှယ်။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေရဲ့ ပညတ်လေဟှို ဩဝါဒလေဖြစ် သွန်သန်ပေးကြောန့်ဖြစ်ဟှယ်!’ ” ဆိုဘီး ဖြေတော်မူလေဟှယ်။
လူဟှို ညစ်ညူးစေဟှူဇာလေကြောန်း
(မာကု ၇.၁၄–၂၃)
10 အယ်ဘီးမှ ယေရှုဟှာ လူအောက်ဂီးဟှို သူ့နားဟှို ခေါ်ဘီးဟှာ “နားထောန်ဘီး နားလည်ဂေ့ပါ!
11 လူဟှို ညစ်ညူးစေဟှူဇာလေဟှာ လူ့ရဲ့ဇပ်ပေါ့‑က်ထဲဟှို ဝမ်ဟှူဇာလေ မှုဟှ။ လူ့ရဲ့ဇပ်ပေါ့‑က်ထဲဟှ ထွပ်လာဟှူဇာလေဟှဘဲ့ လူဟှို ညစ်ညူးစေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
12 တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဘီးဟှ “ဖာရိရှဲလေဟှာ မိန့်တော်မူဟှူ စကားဟှို ကြားဘီး မျစ်ဖြစ်ဟှားဂေ့ဇာဟှို ကိုယ်တော်သိဘဲ့လော” ဆိုဘီး မေးဂေ့ဟှယ်။
13 ကိုယ်တော်ဟှလည်း “ကောန်းဂန်ဘောင်ဟှ ငါရဲ့ဖ စိုက်ပျိုးဘဲဟှူပန်လေ ဂူလောင်းဟှို ပြစ်ဟှနေ နှုပစ်ရလေ့မယ်။
14 သူးနို့လေဟှို စိုးရိမ်ဂေ့န! သူးနို့လေဟှာ လူကန်းဟှို လမ်းပြဟှူ လူကန်းလေဘဲ့ဖြစ်ဟှယ်။ လူကန်းဟှ လူကန်းဟှို လမ်းပြမယ် ဆိုဟှာ နှေ့ယော့‑က်လောင်း တွမ်းထဲဟှို က္လလေ့မယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
15 ပေတရုဟှ “အယ်ပေါင်ဥပမာဟှို ကျွန်တော်ဟှားလေဟှို ရှင်းပြတော်မူပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
16 ယေရှုဟှ “နန်းနို့လေဟှာ ခုခီထိ ဉာဏ်ပညာမဲ့နေသေးဟှယ်။
17 လူ့ရဲ့ဇပ်ပေါ့‑က်ထဲဟှို ဝမ်ဟှူဇာလေဟှာ စာအီထဲဟှို ရော့‑က်ဟှားဘီးဟှာ နော့‑က်ဖေးအီထဲဟှို စွန့်ပစ်လိုက်ဟှယ် ဆိုဇာဟှို နန်းနို့လေ နားလည်သေးဟှလော။
18 ဇပ်ပေါ့‑က်ထဲဟှ ထွပ်လာဟှူဇာလေဟှာ နှလောင်းထဲဟှ ထွပ်လာဘီး လူဟှို ညစ်ညူးစေတတ်ဟှူဇာလေ ဖြစ်ဟှယ်။
19 ကောန်းဘဲဟှူကြံစည်ရှင်း၊ လူ့သတ်ရှင်း၊ အီထောန်ရေးဖော့‑က်ပ္လန်ရှင်း၊ ကာမဂုဏ်လိုက်စားရှင်း၊ ခိုးယူရှင်း၊ မှန်ဘဲဟှူသတ်သေခံရှင်း၊ သူများဟှိုစော်ကားရှင်းလေဟှာ နှလောင်းထဲဟှ ထွပ်လာဟှယ်။
20 အယ်မူဇာလေဟှာ လူဟှို ညစ်ညူးစေဇာလေ ဖြစ်ဟှယ်။ အယ်ဘေမဲ့ လတ်ဆေးဘဲန စာစားဇာဟှာ လူဟှို ညစ်ညူးစေဇာ မှုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
မီးမတယော့‑က်ရဲ့ ယောင်ကြည်ရှင်းကြောန်း
(မာကု ၇.၂၄–၃၀)
21 ယေရှုဟှာ အယ်မူရပ်ဟှနေ ထွပ်ခွာတော်မူဘီးဟှာ တုရုဗြို့န ဇိဒုန်ဗြို့ရဲ့ ကျေးဝါလေဟှို ကြွဟှားလေဟှယ်။
22 အယ်ဒေသမာနေဟှူ ခါနာန်လူမျိုးဖြစ်ဟှူ မီးမတယော့‑က်ဟှာ ကိုယ်တော်နားဟှို လာဘီး “သခင်၊ ဒါဝိဒ်ရဲ့သားတော်! ကျွန်မဟှို သနားတော်မူပါ! ကျွန်မသမီးဟှာ နတ်ဆိုးဝမ်ဘီး ရရာတိုင်း နှိစစ်ခံနေရပါဟှယ်” ဆိုဘီး အော်ဟစ်လေဟှယ်။
23 အယ်ဘေမဲ့ ကိုယ်တော်ဟှာ စကားတခွန်းလည်း ပ္လန်ပြောဟှ။ တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဘီးဟှာ “အယ်မီးမဟှို ဝီးဂီးဟှို သွားစေတော်မူပါ! သူဟှာ အော်ဟစ်ဆူညံဘီး နော့‑က်ဟှနေ လိုက်နေပါဟှယ်!” ဆိုဘီး တောန်းလျှော့‑က်ဂေ့လေဟှယ်။
24 ကိုယ်တော်ဟှ “ငါဟှာ ဣသရေလလူမျိုးလေရဲ့ ပျော့‑က်နေဟှူ သိုးလေနားဟှိုဘဲ့ စေလွတ်ရှင်းခံရဟှယ်” ဆိုဘီး ပ္လန်ဖြေတော်မူလေဟှယ်။
25 အယ်မီးမဟှာ လာဘီး ကိုယ်တော်ရှေ့မာ ပျပ်ဝပ်ဘီး “သခင်၊ ကျွန်မဟှို ကယ်မတော်မူပါ!” ဆိုဘီး လျှော့‑က်လေဟှယ်။
26 ယေရှုဟှ “သားမီးလေရဲ့ စားဇာဟှို ယူဘီးဟှာ ခွီးဟှို ကျွေးအပ်ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
27 အယ်မီးမဟှလည်း “မှန်ပါဟှယ်သခင်၊ ခွီးလေဟှာ သူးနို့သခင်ရဲ့ စားဗွဲဟှ က္လလာဟှူ စားကြွင်းစားကျန်လေဟှို စားရဂေ့ပါဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
28 အယ်ကြောန့် ယေရှုဟှ “နန်ဟှာ ယောင်ကြည်မှုကီးမားဟှူ မီးမဖြစ်ဟှယ်! နန့်အလိုရှိဟှူတိုင်း နန့်မာဖြစ်စေ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။ အယ်ခီမာဘဲ့ အယ်မီးမရဲ့ သမီးဟှာ ကျန်းမာဟှားလေဟှယ်။
လူလေဘောင်ဂီးဟှို ကျန်းမာစေဟှူကြောန်း
29 ယေရှုဟှာ အယ်ရပ်ဟှနေ ထွပ်ဟှားဘီးဟှာ ဂါလိလဲအိုင်နားဟှို ကြွဟှားဘီးန တောန်ထတ်ဟှိုတတ်ဘီး ထိုင်လေဟှယ်။
30 လူအောက်ဂီးဟှာ ကိုယ်တော်နားဟှို လာဘီး ခေသန်ဘဲသူလေ၊ မျစ်စိဗြင်ဘဲသူလေ၊ ကိုယ်အင်္ဂါချို့တဲ့သူလေ၊ စကားအဟှူ သူလေန တခြားရောဂါသယ်လေ ရှိဟှူမျှဟှို ခေါ်ဆောန်လာဘီးဟှာ ယေရှုရဲ့ ခေတော်ရင်းမာ ခ္လဟှားဂေ့ဟှယ်။ ကိုယ်တော်ဟှာ သူးနို့ဟှို ကျန်းမာစေဟှယ်။
31 စကားအဟှူ သူလေဟှာ စကားပြောလာဟှယ်။ ခေသန်ဘဲဟှူ သူလေဟှာ လမ်းရှော့‑က်လာဟှယ်။ မျစ်စိကန်းဟှူ သူလေဟှာ ဗြင်လာဂေ့ဇာဟှို ကေ့နေဟှူ လူအောက်ဂီးဟှာ ရရာတိုင်း အံ့ဩဟှားဂေ့ဘီး ဣသရေလ လူမျိုးလေရဲ့ ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှယ်။
လူလေးထောန်ဟှို ကျွေးဟှူကြောန်း
(မာကု ၈.၁–၁၀)
32 ယေရှုဟှာ တဗဲ့တော်လေဟှို သူ့နားဟှို ခေါ်ဘီးဟှာ “အယ်လူလေဟှို ငါသနားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ သောင်းရစ်လောင်းလောင်း ငါနတူးဒူ နေဂေ့ဘီး သူးနို့မာလည်း စားဟှို့မှေ့ဘီ။ သူးနို့ဟှို ဖြားဇာလည်းကျွေးဘဲန ပ္လန်ဟှားဇာဟှို ငါလိုရှင်ဟှ။ အယ်မျိုးပ္လန်စေမယ် ဆိုဟှာ လမ်းမာအားပြတ်ဂေ့မယ်” ဆိုဘီး မိန့်တော်မူဟှယ်။
33 တဗဲ့တော်လေဟှ “အယ်လူအောက်ဂီးဟှို ဝအောန်ကျွေးဟှို့တွပ် ကျွန်တော်ဟှားလေဟှာ အယ်တောထဲမာ ဖယ်မျိုးရနိုင်ဟှို့နူး” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
34 ယေရှုဟှ “နန်းနို့လေမာ မုဖယ်လော့‑က်ရှိနူး” ဆိုဘီး မေးလိုက်ခီမာ
သူးနို့ဟှ “မုခွန်နှေ့လောင်းန ငါးနဲနဲဟှားရှိပါဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်ဂေ့ဟှယ်။
35 အယ်ကြောန့် ယေရှုဟှ လူအောက်ဂီးဟှို မ္လေဂီးထတ်မာထိုင်နေဟှို့ မိန့်တော်မူဟှယ်။
36 မုခွန်နှေ့လောင်းန ငါးဟှိုယူဘီးဟှာ ဘုရားသခင်ဟှို ကျေးဇူးချီးမွမ်းဘီးန မုနငါးဟှို ဖဲ့ဘီးဟှာ တဗဲ့တော်လေဟှို ပေးဟှယ်။ တဗဲ့တော်လေဟှလည်း လူလေဟှို ပေးဂေ့ဟှယ်။
37 သူးနို့လေ ဂူလောင်းဟှာ စားဘီးဟှာ ဗိုက်ပ္လဲ့ဟှားဂေ့ဟှယ်။ အယ်ဘီးန တဗဲ့တော်လေဟှာ ကြွင်းကျန်လေဟှို ကော့‑က်သီးလိုက်ဟှူဇာ ခွန်နှေ့တောန်းပ္လဲ့ ရဂေ့လေဟှယ်။
38 စားဟှူသူလေဟှာ မီးမန သားဂန်းဟှားလေပါဘဲန ယော့‑က်ကျားလေဘဲ့ ၄,၀၀၀ ရှိဟှယ်။
39 အယ်ဘီးန ယေရှုဟှာ လူလေဟှို ပ္လန်လွှတ်ဘီးန လှေစီးဘီး မာဂဒလဝါဟှို ကြွဟှားတော်မူဟှယ်။