မဿဲ
မဿဲ ရေးဟှားဟှူ ခရစ်တော်ရဲ့ ဒန်းကောန်း
နိဒါန်း
မဿဲ ရေးဟှားဟှူ ခရစ်တော်ရဲ့ ဒန်းကောန်းဟှာ ဓမ္မသစ်ကျမ်းထဲမာ ယေရှုခရစ်တော်ရဲ့ သတ်တော်စဉ်ဟှို ဖော်ပြဟှားဟှူ ကျမ်းလေးစောန်ထဲဟှ တစောန်ဖြစ်ဟှယ်။ အယ်ကျမ်းတစောန်စီဟှို “ဧဝံဂေလိ” ဆိုဘီး ခေါ်ဟှယ်။ “ဒန်းကောန်း” ဆိုဘီး ဓိပါယ်ရဟှယ်။ ယေရှု သေဆောင်းဘီးန အယ်ကျမ်းလေဟှို မဿဲ၊ မာကု၊ လုကာန ယောဟန်လေဟှ ရေးဟှားဟှယ်။ ကျမ်းစာပညာရှင်လေဟှာ မဿဲရေးဟှားဟှူ ဒန်းကောန်းရဲ့ နေ့ရစ်ဟှို တိတိက္လက္လ သိဂေ့ဟှ။ အယ်ဘေမဲ့ အယ်ကျမ်းဟှာ ခရစ်တော် မွီးဘီးန ၆၀ ခုနှစ်လောက်ဟှ ဖြစ်နိုင်ဟှယ်။ အယ်ကျမ်းဟှို ရေးသားဟှူ နေရာဟှိုလည်း သိဂေ့ဟှ။ အယ်ဘေမဲ့ အယ်ကျမ်းဟှို ပါလတိန (ပါလက်စတိုင်း) န ယေရုရှလင်ဗြို့မာ ရေးဟှားဟှယ် ဆိုဘီး ခန့်မှန်းဂေ့ဟှယ်။
မဿဲဟှာ ကျမ်းရေးသူဖြစ်ဘီး ယေရှုရဲ့ တဗဲ့ ဖြစ်လာဟှို့တွပ် ကိုယ်တော်ခေါ်ခန်ဒူးဟှ သူဟှာ ခွန်ကော့‑က်မား တယော့‑က်ဖြစ်ဟှယ်။ သူ့ဟှို လေဝိ နာမယ်နလည်း သိဂေ့ဟှယ်။ မဿဲဟှာ တမန်တော် ဆယ့်နှေ့ပါးထဲဟှ တပါးဖြစ်ဘီး သူဟှာ ယုဒလူမျိုး စာဖတ်မားလေတွပ် ရေးဟှားဟှယ်။ အယ်မူဇာဟှာ ဓမ္မဟောန်းကျမ်းဟှို ရည်ညွန်းဟှားဟှူ ကျမ်းပိုဒ်ပေါန်း ခြော့‑က်ဆယ်ကျော်အားဖြင့် ရှင်းရှင်းလန်းလန်းဟှား ဗြင်နိုင်ဟှယ်။ ယေရှုဟှာ ပရောဖက်ပြုခံဟှားရဟှူ၊ ဘုရားသခင်ရဲ့ ဝီးကော့‑က်ဟှားဟှူ ကယ်တန်ရှင် မေရှိယဖြစ်ဟှယ် ဆိုဇာဟှို ပြဟှို့တွပ် မဿဲဟှ ရည်ရွယ်လေဟှယ်။ မဿဲဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်းဟှိုလည်း ဘောင်ဂီး ရေးဟှားဟှယ်။ ယုဒလေဟှာ မေရှိယဟှို နိုင်ငံရေးနဆိုင်ဟှူ နိုင်ငံရဲ့ မန်းဂီး ဖြစ်လာဟှို့တွပ် မျှော်လင့်ဟှားဟှယ်။ မဿဲဟှာ ဝိညာဉ်ရေးန ဆိုင်ဟှူ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဖော်ပြလိုက်ဇာအားဖြင့် အယ်မျိုး ယောင်ကြည်မှုတွပ် ကီးမားဟှူ စိန်ခေါ်မှုဖြစ်ဟှယ်။
အယ်ကျမ်းရဲ့ ရည်ညွန်းချစ်လေ ဂူလောင်းဟှာ ဓမ္မဟောန်းကျမ်းဟှို ရည်ညွန်းဟှားဟှူကြောန့် မဿဲရေးဟှားဟှူ ဒန်းကောန်းဟှာ ဓမ္မသစ်ကျမ်း စပြုဟှို့တွပ် ကျမ်းကောန်းတဆူ ဖြစ်လေဟှယ်။ အယ်ကျမ်းဟှာ ကျမ်းနှေ့စောန်လောင်းဟှို ခိဆစ်ပေးဟှားဟှယ်။ မဿဲဟှာ ဓမ္မဟောန်းကျမ်းရဲ့ ပထမဆောင်း ငါးကျမ်းဖြစ်ဟှူ မောရှေရဲ့ ကျမ်းလေရဲ့ ပေါင်စံနတူဟှို့တွပ် ကြိုးစားဟှားနိုင်ဟှယ် ဆိုဘီး ကျမ်းစာပညာရှင်လေဟှလည်း ကြံပြုဟှားလေဟှယ်။ ယေရှုရဲ့ တောန်ထတ်တရားတော်ဟှာ (၅—၇) မောရှေဟှို ဘုရားသခင်ပေးလိုက်ဟှူ ပညတ်တော်န နှိုင်းယှဉ်ကေ့နိုင်ဟှယ် (တရားဟောရာကျမ်း ၁၉.၃—၂၃.၃၃)။
ကြောန်းရာ ကျဉ်းချောက်
၁။ မဿဲဟှာ ယေရှုခရစ်တော်ရဲ့ မွီးဖွားဟှူကြောန်းဖြစ်ဟှူ ဧဝံဂေလိ ဒန်းကောန်းဟှို ပြောပြဟှားဟှူဇာန ကိုယ်တော်ရဲ့ သာသနာ စပြုဟှူဇာအားဖြင့် စတန်ဟှားဟှူကြောန်း (၁.၁—၄.၂၅)
၂။ မဿဲဟှ ယေရှုရဲ့ သာသနာန ကိုယ်တော်ရဲ့ သွန်သန်ချစ် ဘောင်းဂီးဟှို ဖော်ပြဟှားဟှူကြောန်း (၅.၁—၂၅.၄၆)
၃။ မဿဲရဲ့ ဆောင်းသတ်ပိုင်းမာ ကိုယ်တော်ရဲ့ သေဟှားဟှူဇာန ထမြော့‑က်ဇာဟှာ ယေရှုသာသနာရဲ့ ဇာတ်ရှီဗြင့်ဆောင်း ဖြစ်ဟှူကြောန်း (၂၆.၁—၂၈.၂၀)
1
ယေရှုခရစ်တော်ရဲ့ ဘိုးဘေးလေကြောန်း
(လုကာ ၃.၂၃–၃၈)
အာဗြဟံန ဒါဝိဒ်လေဟှနေဘီးဟှာ မွီးဖွားဆင်းသတ်လာဟှူ ယေရှုခရစ်တော်ရဲ့ ဆွေဇင်မျိုးဆစ်စာရင်းမာ အယ်မျိုးဖြစ်လေဟှယ်။
 
အာဗြဟံဟှာ ဣဇာက်ရဲ့ဖ ဖြစ်ဟှယ်။
ဣဇာက်ဟှာ ယာကုပ်ရဲ့ဖ၊
ယာကုပ်ဟှာ ယုဒန သူ့ညီကိုလေရဲ့ဖ၊
ယုဒဟှာ တာမာနရဟှူ သားလေဖြစ်ဟှူ ဖာရက်န ဇာရရဲ့ဖ၊
ဖာရက်ဟှာ ဟေဇရုံရဲ့ဖ၊
ဟေဇရုံဟှာ အာရံရဲ့ဖ၊
အာရံဟှာ အမိနဒပ်ရဲ့ဖ၊
အမိနဒပ်ဟှာ နာရှုန်ရဲ့ဖ၊
နာရှုန်ဟှာ စာလမုန်ရဲ့ဖ၊
စာလမုန်ဟှာ ရာခပ်နရဟှူ ဗောဇရဲ့ဖ၊
ဗောဇဟှာ ရုသနရဟှူ သြဗက်ရဲ့ဖ၊
ဩဗက်ဟှာ ယေရှဲရဲ့ဖ၊
ယေရှဲဟှာ ဒါဝိဒ်မန်းဂီးရဲ့ဖ။
 
ဒါဝိဒ်မန်းဂီးဟှာ ဥရိယရဲ့မယားဖြစ်ဖူးဟှူ မီးမနရဟှူသား ရှောလမုန်ရဲ့ဖ ဖြစ်လေဟှယ်။
ရှောလမုန်ဟှာ ရောဗောင်ရဲ့ဖ၊
ရောဗောင်ဟှာ အဘိယရဲ့ဖ၊
အဘိယဟှာ အာသရဲ့ဖ၊
အာသဟှာ ယောရှဖက်ရဲ့ဖ၊ ယောရှဖက်ဟှာ ယဟောရံရဲ့ဖ၊
ယဟောရံဟှာ ဩဇိရဲ့ဖ၊
ဩဇိဟှာ ယောသံရဲ့ဖ၊
ယောသံဟှာ အာခတ်ရဲ့ဖ၊
အာခတ်ဟှာ ဟေဇကိရဲ့ဖ၊
10 ဟေဇကိဟှာ မနာရှေရဲ့ဖ၊
မနာရှေဟှာ အာမုန်ရဲ့ဖ၊
အာမုန်ဟှာ ယောရှိရဲ့ဖ၊
11 ဗာဗုလုန်ဗြို့ဟှို ဣသရေလလူမျိုးလေ ဖမ်းဆောန်ခံရဟှူ ခီမာ ယောရှိရဲ့သားလေဟှ ယေခေါနိန ညီကိုလေဖြစ်လေဟှယ်။
 
12 ဗာဗုလုန်ဗြို့ဟှို ဣသရေလလူမျိုးလေ ဖမ်းဆောန်ခံရဘီးန၊
ယေခေါနိဟှာ ရှာလသေလရဲ့ဖ ဖြစ်ဟှယ်။
ရှာလသေလဟှာ ဇေရုဗဗေလရဲ့ဖ၊
13 ဇေရုဗဗေလဟှာ အာဗျုန်ရဲ့ဖ၊
အာဗျုန်ဟှာ ဧလျာကိမ်ရဲ့ဖ၊
ဧလျာကိမ်ဟှာ အာဇော်ရဲ့ဖ၊
14 အာဇော်ဟှာ ဇာဒုတ်ရဲ့ဖ၊
ဇာဒုတ်ဟှာ အာခိမ်ရဲ့ဖ၊
အာခိမ်ဟှာ ဧလုဒ်ရဲ့ဖ၊
15 ဧလုဒ်ဟှာ ဧလာဇာရဲ့ဖ၊
ဧလာဇာဟှာ မဿန်ရဲ့ဖ၊
မဿန်ဟှာ ယာကုပ်ရဲ့ဖ၊
16 ယာကုပ်ရဲ့သားဟှာ မာရိရဲ့လန် ယောသပ် ဖြစ်လေဟှယ်။ အယ်မူမာရိဟှာ ခရစ်တော်* ဆိုဘီး နာမယ်ရှိဟှူ ယေရှုရဲ့မိ ဖြစ်လေဟှယ်။
 
17 အယ်မျိုး မျိုးဆစ်ပေါန်းဟှာ အာဗြဟံဟှနေဘီး ဒါဝိဒ်ထိ ဆယ့်လေးဆစ်၊ ဒါဝိဒ်ဟှနေဘီး ဗာဗုလုန်ဗြို့ဟှို နယ်နှင်ဒန် ခံရခန်ခီထိ ဆယ့်လေးဆစ်၊ ဗာဗုလုန်ဗြို့ဟှို နယ်နှင်ဒန် ခံရဘီးန ခရစ်တော် မွီးလာဟှူ ခီထိ ဆယ့်လေးဆစ် ဖြစ်လေဟှယ်။
ယေရှုခရစ် မွီးဖွားလာဟှူကြောန်း
(လုကာ ၂.၁–၇)
18 +ယေရှုခရစ်တော် မွီးဖွားလာဟှူ ကြောန်းရာဟှ အယ်မျိုးဖြစ်ဟှယ်။ မိခင်မာရိဟှာ ယောသပ်န မင်္ဂလာဆောန်ဟှို့တွပ် စေ့စပ်ဘီး တူးဒူနေခန်မာ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့် ဗိုက်ပိုက်နေလေဟှယ်။ 19 သူ့လန် ယောသပ်ဟှာ ဖြောန့်မတ်ဟှူသူ ဖြစ်ဟှူကြောန့် မာရိဟှို လူဘောင်လယ်မာ ယှစ်ရဘဲနေအောန် တိတိဟှား ကွာရှင်းမယ် ဆိုဘီး ကြံစည်ဟှားလေဟှယ်။ 20 အယ်မျိုး ကြံစည်နေခီမာ အိမတ်ထဲမာ ယောသပ်ဟှို ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှ “ဒါဝိဒ်အမျိုး ယောသပ်၊ နန့်မယား မာရိရဲ့ ဗိုက်တွပ် စိုးရိမ်န။ အယ်ဗိုက်ဟှာ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ တဂိုးအားဖြင့် ရလာဟှူဗိုက်ဖြစ်လေဟှယ်။ 21 +သူဟှာ သားယော့‑က်ကျားဟှို မွီးလေ့မယ်။ အယ်မူသားဟှာ သူ့ရဲ့လူလေဟှို ပြစ်ဟှနေဘီး ကယ်တန်ပေးမယ့်သူ ဖြစ်ဟှယ်။ အယ်ကြောန့် ယေရှု ဆိုဘီး နာမယ်ပေးရမယ်” ဆိုဘီး ပြောလေဟှယ်။
22 အယ်ကြောန်းရာဟှ ရှေးပရောဖက်လေအားဖြင့် ပြောဟှားဟှူ ဘုရားသခင်ရဲ့ ဗျာဒိတ်တော် ပ္လဲ့ဇောင်ဟှားလေဟှယ်။ 23 ဗျာဒိတ်ပြုဟှားဇာဟှ “ကေ့ရှုဂေ့။ ပျိုမဟှာ ဗိုက်ပိုက်ဘီး သားဟှို မွီးဖွားလေ့မယ်။ အယ်သားဟှို ဧမာနွေလ ဆိုဘီး နာမယ်ပေးရမယ်” (ဧမာနွေလရဲ့ နတ်ဓိပါယ်ဟှာ “နို့လေနတူးဒူရှိဟှူ ဘုရားသခင်” ဆိုဘီး ဓိပါယ်ရလေဟှယ်)။
24 ယောသပ်ဟှာ အိယာဟှ နိုးလာဘီးန ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ပြောဟှားတိုင်း မာရိဟှို သူ့မီးမဖြစ် လတ်ထတ် ပေါန်းသင်းလိုက်လေဟှယ်။ 25 +အယ်ကြောန့် အယ်သားဟှို မွီးဖွားခီရော့‑က်ခန်ထိ တူးဒူအိဘဲန နေလေဟှယ်။ အယ်သားဟှိုလည်း ယေရှု ဆိုဘီး နာမယ်ပေးလေဟှယ်။
* 1:16 ခရစ်တော်၊ မန်းဂီးရာတွပ် ဘုရားသခင်ဟှ ဝီးကော့‑က်ဟှားဟှူ ကယ်တန်ရှင် ဆိုဘီး ဓိပါယ်ရဟှယ်။ + 1:18 လု ၁.၂၇ + 1:21 လု ၁.၃၁ + 1:25 လု ၂.၂၁