13
ယေရှုဟှာ ဗိမာန်တော်ပျစ်စီးမယ့်ဇာဟှို ပြောဟှူကြောန်း
(မဿဲ ၂၄.၁–၂; လုကာ ၂၁.၅–၆)
1 ယေရှုဟှာ ဗိမာန်တော်ဟှနေ ထွပ်ဟှားနေဒူးမာ၊ တဗဲ့တော်လေထဲဟှ တယော့‑က်ဟှ “ဆရာ၊ ကေ့ကေ့! ရရာတိုင်းအံ့ဩဘွယ်ကောန်းဟှူ က္လော့‑က်တောင်းလေန ဆော့‑က်ဦးလေ!” ဆိုဘီး ကိုယ်တော့်ဟှို ပြောလေဟှယ်။
2 ယေရှုဟှ “အယ်ဆော့‑က်ဦးဂီးလေဟှို နန်းနို့ ဗြင်ဘဲ့လော။ က္လော့‑က်တောင်းလေ တလောင်းလည်း အယ်ဆော့‑က်ဦးရဲ့ ရင်နေရာမာ ကျန်ဂေ့ဟှို့ မှုဟှ။ က္လော့‑က်တောင်းလေ အားလောင်း ပြိုက္လလေ့မယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
ဆင်းရဲဒေါက်ခန ညှဉ်းဗန်းနှိစစ်ဇာလေကြောန်း
(မဿဲ ၂၄.၃–၁၄; လုကာ ၂၁.၇–၁၉)
3 ယေရှုဟှာ သံလွင်တောန်ထတ်မာ ဗိမာန်တော်ဖတ်ဟှို မျစ်နှာမူဘီး ထိုင်နေဟှူ ခီမာ ပေတရု၊ ယာကုပ်၊ ယောဟန်န အန္ဒြေလေဟှာ ကိုယ်တော်နားဟှို တိတိဟှား လာဂေ့ဟှယ်။
4 သူးနို့လေဟှ “အယ်ဇာလေဟှ ဖယ်ခီမာ ဖြစ်လာလေ့မယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေဟှို ပြောပြပါ၊ အယ်ဘီးဟှာ အယ်ဇာလေ အားလောင်း ပ္လဲ့ဇောင်ဟှို့ ဖြားနိမိတ် ဖြစ်လာလေ့မယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေဟှို ပြောပြပါ” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
5 ယေရှုဟှ “နန်းနို့ဟှို ဖယ်သူလည်း လှည့်ဇားနိုင်အောန် ဒိထားဂေ့။
6 လူလေဘောင်ဂီးဟှာ ငါ့နာမန ရော့‑က်လာဘီး ပြောဇာဟှ ‘ငါ့ဟှာ အယ်လူဘဲ့ ဖြစ်ဟှယ်!’ ဆိုဘီး လူလေဘောင်ဂီးဟှို လှည့်ဇားဂေ့လေ့မယ်။
7 နန်းနို့လေဟှာ စစ်ပွဲလေန စစ်ပွဲဒန်းလေဟှို ကြားရဟှူ ခီမာ ထိလန့်ဟှားဂေ့န။ အယ်ဇာလေဟှ ဖြစ်ရမယ်။ အယ်ဘေမဲ့ ဆောင်းဟှာရော့‑က်သေးဟှ။
8 လူမျိုးလေဟှာ သူးနို့ရှင်းရှင်း တိုက်ခိုက်လေ့မယ်။ နိုင်ငံလေဟှာ သူးနို့ရှင်းရှင်း တိုက်ခိုက်လေ့မယ်။ နေရာတိုင်းမာလည်း မ္လေငလျင်လေ လှော့‑က်လေ့မယ်။ အယ်ဘီးဟှာ စားဇာ ရှားပါးလေ့မယ်။ အယ်ဇာလေဟှာ သားမွီးဟှူ ဝေဒနာရဲ့ စဖြစ်လေဟှယ်။
9 “နန်းနို့ ကိုယ်တိုင်ဟှာ ဒိရှိရမယ်။ နန်းနို့ဟှာ ဖမ်းခံရဂေ့ဘီး တရားရောင်းဟှို ခေါ်ဟှား ခံရဂေ့လေ့မယ်။ ဝါလယ်ဇရပ်လေမာလည်း နန်းနို့ဟှာ ရိုက်ခံရလေ့မယ်။ နန်းနို့ဟှာ ဗြို့ဝန်မန်းလေန မန်းဂီးလေ ရှေ့မာ မတ်တတ်ရပ်ဘီးဟှာ သူးနို့ဟှို ငါ့တွပ် သတ်သေဖြစ်စေလေ့မယ်။
10 အယ်ဘေမဲ့ ဆောင်းရော့‑က်ခန်မာ ဒန်းကောန်းဟှို လူမျိုးဂူလောင်းဟှို ဟောပြောရလေ့မယ်။
11 နန်းနို့ဟှို ဖမ်းဘီး တရားရောင်းဟှို ခေါ်ဟှားဂေ့ဟှူ ခီမာ ဖြားမျိုးပြောရမယ် ဆိုဇာဟှို ကြိုတန်ဘီး စိုးရိမ်ဂေ့န။ ခီရော့‑က်လာဟှူ ခီမာ နန်းနို့ဟှို ဖော်ပြဟှူ စကားလေဟှို ပြောဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်စကားဟှို နန်းနို့ပြောနေဇာ မှုဟှ သန့်ရှင်းဟှူဝိညာဉ်တော် ပြောနေဇာဖြစ်ဟှယ်။
12 လူလေဟှာ သူးနို့ရဲ့ ညီကိုရင်းဟှို သေစေဟှို့တွပ် အပ်ဂေ့လေ့မယ်။ အယ်ဘီးဟှာ ဖလေဟှ သူးနို့ရဲ့ သားမီးလေဟှို သေစေဟှို့တွပ် လောက်လေ့မယ်။ သားမီးလေဟှလည်း သူးနို့ရဲ့ မိဖလေဟှို ရန်ပြုဘီးဟှာ သေစေဟှို့တွပ် လောက်လေ့မယ်။
13 ငါ့နာမကြောန့် လူတိုင်းဟှ နန်းနို့လေဟှို မူးတီးလေ့မယ်။ အယ်ဘေမဲ့ ဆောင်းထိ တည်ကြည်ဟှူလူဟှာ ကယ်တန်ရှင်းဟှို ခံရလေ့မယ်။
ရွံဇာကောန်းဟှူ ဇာလေကြောန်း
(မဿဲ ၂၄.၁၅–၂၈; လုကာ ၂၁.၂၀–၂၄)
14 “ ‘ရွံဇာကောန်းဟှူဇာ’ ဟှာ မှေ့အပ်ဘဲ့ဟှူ နေရာမာ ရှိနေဇာဟှို နန်းနို့လေဟှာ ဗြင်ရဂေ့လေ့မယ်။” စာဖတ်လူဟှာ အယ်ဓိပါယ်ဟှို နားလည်ပါစေ! “အယ်ဆိုဟှာ ယုဒနယ်မာရှိဟှူ လူလေဟှာ တောန်ထတ်ဟှို ပ္လေးဂေ့စေ။
15 အီးခေါန်မိုးထတ်မာ ရှိဟှူလူဟှာ အော့‑က်ဟှို ဆင်းဘီး အီထဲဟှို ဝမ်ဘီးဟှာ ဖြားဇာလည်း ယူစေန။
16 လယ်ထဲမာ ရှိဟှူ လူဟှာ သူ့ရဲ့ ဝတ်လောင်ဟှို ယူဟှို့တွပ် အီဟှို ပ္လန်စေန။
17 အယ်နေ့ရစ်ဟှာ ဝန်းရှင်မလေန သားရှင်မိလေ ရရာတိုင်း ခတ်ခဲလေ့မယ်!
18 အယ်ဇာလေဟှာ ဆောန်းကာလမာ ဖြစ်ဘဲဟှို့တွပ် ဆုတောန်းဂေ့!
19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင် ဖန်ဆင်းဟှူ ကမ္ဘာဦးစဟှနေ ခုခီထိ အယ်နေ့ရစ်လေရဲ့ ရရာတိုင်း ဆိုးဝါးဟှူ ဆင်းရဲဒေါက်ခမျိုး ဖြစ်ဖူးဟှ။ နော့‑က်ထပ်လည်း အယ်မျိုး ဖြစ်လေ့ဟှို့ မှုဟှ။
20 ဘုရားသခင်ဟှာ အယ်နေ့ရစ်လေဟှို ရှယ်စေမယ် ဆိုဟှာ ဖယ်လူလည်း သတ်ရှင်ဘီး လွတ်လေ့ဟှို့ မှုဟှ။ အယ်ဘေမဲ့ ကိုယ်တော် ဝီးကော့‑က်ဟှားဟှူ လူလေတွပ် အယ်နေ့ရစ်လေဟှို တိုစေလေ့မယ်။
21 “အယ်ကာလမာ ယော့‑က်ယော့‑က်ဟှ ‘ကေ့ကေ့။ အယ်နားမာ ခရစ်တော် ရှိဟှယ်! ဟှိုနားမာ ခရစ်တော် ရှိဟှယ်!’ ဆိုဘီး နန်းနို့ဟှို ပြောမယ် ဆိုဟှာ အယ်လူဟှို ယောင်ကြည်ဂေ့န။
22 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော် တုယောန်လေန ပရောဖက် တုယောန်လေဟှာ ပေါ်လာလေ့မယ်။ ဖြစ်နိုင်မယ် ဆိုဟှာ သူးနို့လေဟှာ ဘုရားသခင် ဝီးကော့‑က်ဟှားဟှူ လူလေဟှိုလည်း လှည့်ဇားနိုင်ဟှို့တွပ် အံ့ဩဘွယ်လေန နိမိတ်လတ်ခဏာလေဟှို ပြဂေ့လေ့မယ်။
23 အယ်ကြောန့် နန်းနို့ဟှာ ဒိနနေဂေ့! ငါဟှာ အယ်ဇာလေ ဂူလောင်းဟှို နန်းနို့ဟှို ကြိုတန်ဘီး ပြောပြဟှားဟှယ်။
လူ့ရဲ့သား ပ္လန်ကြွလာဟှို့ကြောန်း
(မဿဲ ၂၄.၂၉–၃၁; လုကာ ၂၁.၂၅–၂၈)
24 “ဒေါက်ခဆင်းရဲလေ က္လရော့‑က်လာဟှူ နေ့ရစ်လေမာ နေဟှာ မိုက်ဟှားလေ့မယ်။ လဟှာလည်း လန်းဟှို့မှုဘီ။
25 ကြယ်လေဟှာ ကောန်းဂန်ဟှနေ ကွီက္လလေ့မယ်။ အယ်ဘီးဟှာ အာကာသ တဂိုးလေဟှာ လှောက်ဂေ့လေ့မယ်။
26 အယ်ခီမာ မိုးတီထဲမာ ကီးမားဟှူ တဂိုးတော်န ဖောင်းသရေတော်လေနတူးဒူ လူ့ရဲ့သား ကြွလာဇာဟှို လူလေဟှာ ဗြင်ရဂေ့လေ့မယ်။
27 အယ်ဘီးန လူ့ရဲ့သားဟှာ ကောန်းဂန်တမန်လေဟှို ရပ်လေးမျစ်နှာဟှို စေလွှတ်ဘီး မ္လေဂီးစွန်းဟှနေ တခြားတဖတ်စွန်းထိ ဘုရားသခင်ရဲ့ ဝီးကော့‑က်ဟှားဟှူ လူလေဟှို စုသီးလေ့မယ်။
သဖန်းဗန်ရဲ့ သင်ဂန်းဇာကြောန်း
(မဿဲ ၂၄.၃၂–၃၅; လုကာ ၂၁.၂၉–၃၃)
28 “သဖန်းဗန်ဟှနေ သင်ဂန်းဇာ တခုဟှို သန်ယူဂေ့။ အယ်ပန်ရဲ့ ခတ်လေဟှာ နုလာဘီး ဝပ်လေထွပ်လာဟှူ ခီမာ နွီကာလ နီးလာဘီ ဆိုဇာဟှို နန်းနို့ဟှာ သိဂေ့ဟှယ်။
29 အယ်မျိုးဘဲ့ အယ်မူဇာလေ ဖြစ်လာဇာဟှို နန်းနို့ဟှာ ဗြင်ရဟှူ ခီမာ လူ့ရဲ့သားဟှ ခွဗော့‑က်ဝနီးဟှို ရော့‑က်နေဘီ ဆိုဇာဟှို သိမှတ်ဂေ့ပါ။
30 ငါ မှန်တိုင်းပြောမယ်၊ အယ်မူဇာလေ ဂူလောင်း ဖြစ်သေးခန် ခု သတ်ရှင်နေဟှူ လူလေဟှာ လောင်းဝ သေရလေ့ဟှို့ မှုသေးဟှ။
31 ကောန်းဂန်န မ္လေဂီးဟှာ ပျစ်စီးဟှားလေ့မယ်။ အယ်ဘေမဲ့ ငါ့ရဲ့ စကားလေဟှာ လောင်းဝ ပျစ်စီးဟှို့ မှုဟှ။
အယ်နေ့ရစ်ခီနာရီဟှို ဖယ်လူလည်းသိဟှ
(မဿဲ ၂၄.၃၆–၄၄)
32 “အယ်ဘေမဲ့လည်း အယ်နေ့ရစ် နာရီ ရော့‑က်လာဟှူ ခီဟှို ဖယ်လူလည်း သိဂေ့ဟှ ကောန်းဂန်ဘောင်ဟှ ကောန်းဂန်တမန်လေလည်း သိဟှ။ သားတော်လည်း သိဟှ။ ဖတပါးဒဲဘဲ့ သိလေဟှယ်။
33 ဒိပြုဘီး ္နိုးနိုးကြားကြား နေဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ခီဟှာ ဖယ်ခီမှ ရော့‑က်လာမယ် ဆိုဇာဟှို နန်းနို့လေ သိဂေ့ဟှ။
34 အယ်ဇာဟှာ ဝီးဟှို ထွပ်ဟှားဟှူ လူတယော့‑က်န တူဟှယ်။ သူဟှာ သူ့အီဟှို ထားရစ်ဘီး သူ့ရဲ့ စေခံလေဟှို ခွမ့်အာဏာန လောက်ကိုယ်စီ လောက်ဆောန်ဟှို့ မိန့်ပေးဟှားရစ်ဟှယ်။ အယ်ဘီးဟှာ ခွဗော့‑က်စောန့်မားဟှို ဒိနစောန့်ဟှို့ ပြောဟှားရစ်ဟှယ်။
35 အယ်ဆိုဟှာ ဒိနစောန့်ဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အီဇရှင်ဟှာ ဖယ်ခီပ္လန်လာမယ် ဆိုဇာဟှို နန်းနို့လေ သိဂေ့ဟှ။ နေဒန်ဇာခီ၊ ညဉ့်နတ်ခီ၊ မိုးသာထခီ၊ မိုးလန်းစောစောဂီး ခီလေမာ ဖြစ်ရှင်ဖြစ်မယ်။
36 သူဟှာ ရောက်တရစ် ရော့‑က်လာမယ် ဆိုဟှာ နန်းနို့လေ အိမွီနေဇာဟှို တွိစေန။
37 အယ်ဘီးဟှာ နန်းနို့ဟှို ပြောဟှားတိုင်း လူတိုင်းဟှိုလည်း ငါပြောဟှယ်။ ဒိနစောန့်နေဂေ့!” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။