11
ဆုတောန်းနည်း သန်ပေးဟှူကြောန်း
(မဿဲ ၆.၉–၁၃; ၇.၇–၁၁)
တနေ့ ယေရှုဟှာ တနေရာမာ ဆုတောန်းနေဟှယ်။ ကိုယ်တော်ဟှာ ဆုတောန်းပီးဟှားဟှူ ခီမာ တဗဲ့တော်လေထဲဟှ တယော့‑က်ဟှ “သခင်၊ ယောဟန်ဟှာ သူ့တဗဲ့လေဟှို ဆုတောန်းနည်းသန်ပေးမျိုး ကျွန်တော့်ဟှားလေဟှိုလည်း သန်ပေးတော်မူပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
ယေရှုဟှ “နန်းနို့လေ ဆုတောန်းဟှူ ခီမာ
“ ‘ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူဖ၊
ကိုယ်တော်ရဲ့ နာမတော်ဟှို ရိုသေလေးမြတ်ရှင်း ရှိပါစေ။
နိုင်ငံတော် တည်ထောန်ပါစေ။
ကျွန်တော့်ဟှားလေတွပ် လိုအပ်ဟှူ စားဇာဟှို* နေ့စဉ်နေ့တိုင်း ပေးသနားတော်မူပါ။
ကျွန်တော့်ဟှားလေဟှို ပြစ်မှားဟှူ သူလေရဲ့ ပြစ်လေဟှို ကျွန်တော်ဟှားလေ ခွမ့်လွှတ်ပေးဟှူမျိုးဘဲ့
ကျွန်တော့်ဟှားလေရဲ့ ပြစ်လေဟှိုလည်း ခွမ့်လွှတ်ပေးပါ။
ပြစ်သွီးဆောန်ဟှူ နော့‑က်ဟှို လိုက်ပါသွားစေဘဲန၊
ကောန်းဘဲဟှူ ဇာလေဟှလည်း ကယ်နှုပေးပါ’ ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
အယ်ဘီးန ယေရှုဟှာ “နန်းနို့ထဲဟှ ယော့‑က်ယော့‑က်ဟှာ ညဉ့်နတ်ဟှူ ခီမာ အယ်မိဆွေရဲ့ အီဟှိုသွားဘီး ‘မိဆွေ၊ ကျွန်တော့်ဟှို မုသောင်းလောင်းချေးပါ။ ကျွန်တော့်မိဆွေ တယော့‑က်ဟှာ ခရီးဟှနေပ္လန်လာဘီး ကျွန်တော့်အီဟှို ရော့‑က်လာဟှယ်။ သူ့ဟှို ကျွေးဟှို့ ဖြားလည်းမှေ့ဘဲဖြစ်နေဟှယ်!’ ဆိုဘီး ပြောလေဟှယ်။ နန့်မိဆွေဟှာ အီထဲဟှနေ ‘ငါ့ဟှို နှော့‑က်ယှစ်န! ခွဗော့‑က်လည်းပိဟှားပီးဘီ။ ငါ့သားမီးလေန ငါလည်း အိယာဝမ်နေဘီ။ ငါထဘီး နန့်ဟှို ဖြားဇာလည်း ပေးနိုင်ဟှ’ ဆိုဘီး ပ္လန်ပြောလေ့မယ်။ နန်းနို့ဟှို ငါပြောမယ်၊ အယ်လူဟှာ သူ့မိဆွေ ဖြစ်ဟှယ် ဆိုဇာဟှို ထော့‑က်ဘီး ဖြားဇာဟှိုမျှ ထဘီး ပေးဘဲနေဘေမဲ့လည်း အားလျော့ဘဲန တောန်းနေဟှူကြောန့် ထဘီး လိုရှင်ဇာလေ ဂူလောင်းဟှို ပေးလေ့မယ်။ အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ်။ တောန်းဂေ့။ တောန်းမယ် ဆိုဟှာ ရဂေ့လေ့မယ်။ ရှာဂေ့။ ရှာမယ် ဆိုဟှာ တွိဂေ့လေ့မယ်။ ခွဗော့‑က်ဟှို ခေါ့‑က်ဂေ့။ ခေါ့‑က်မယ် ဆိုဟှာ ဖွမ့်ပေးလေ့မယ်။ 10 တောန်းဟှူသူဟှာ ရလေဟှယ်။ ရှာဟှူသူဟှာ တွိလေဟှယ်။ ခွဗော့‑က်ဟှို ခေါ့‑က်ဟှူသူဟှာ ခွဗော့‑က်ဟှို ဖွမ့်ပေးလေ့မယ်။ 11 နန်းနို့မာ ဖယ်မျိုးဖဟှာ သားမီးလေဟှ ငါးဟှို တောန်းဟှူ ခီမာ ငါးဟှို ပေးဘဲန ဗွီဟှို ပေးဟှို့လော။ 12 ကြစ်ဥဟှို တောန်းဟှူ ခီမာ ကန်းမီးဂေါ့‑က်ဟှို ပေးဟှို့လော။ 13 နန်းနို့ဟှာ ကောန်းဘဲဟှူသူလေ ဖြစ်ဘေမဲ့လည်း နန်းနို့ရဲ့ သားမီးလေဟှို ကောန်းဟှူဇာလေဟှိုဘဲ့ ပေးဟှယ် ဆိုဟှာ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ နန်းနို့ဖဟှာ တောင်းဟှူလူလေဟှို သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ပိုဘီး ပေးတော်မူလေ့မယ်!” ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။
ယေရှုန ဗေလဇေဗုလကြောန်း
(မဿဲ ၁၂.၂၂–၃၀; မာကု ၃.၂၀–၂၇)
14 ယေရှုဟှာ အ,နေဟှူ နတ်ဆိုးဟှို နှန်ထုလေဟှယ်။ နတ်ဆိုးထွပ်ဟှားဘီးန အ,နေဟှူသူဟှာ စကားပြောလာဟှူကြောန့် လူအောက်ဂီးဟှာ ရရာတိုင်း အံ့သြဟှားဟှယ်။ 15 +အယ်ဘေမဲ့ လူတချို့ဟှ “ကိုယ်တော်ဟှာ နတ်ဆိုးမန်း ဗေလဇေဗုလဟှ ပေးဟှားဟှူတဂိုးန နတ်ဆိုးလေဟှို နန်ထုဂေ့ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
16 +တချို့ဟှ ယေရှုဟှို စမ်းသပ်ရှင်ဂေ့ဟှူကြောန့် ကောန်းဂန်ဘောင်ဟှ နိမိတ်လတ်ခဏာတခုဟှို ပြကေ့ ဆိုဘီး တောန်းဆိုဂေ့ဟှယ်။ 17 အယ်ဘေမဲ့ ယေရှုဟှာ သူးနို့လေရဲ့ ကြံစည်ဟှို သိနေဟှူကြောန့် “နိုင်ငံတနိုင်ငံမာ လူလေကွဲပြားဘီး ရှင်းရှင်းတိုက်ခိုက်နေမယ် ဆိုဟှာ အယ်နိုင်ငံဟှာ ကြာခန်မာ ပျစ်စီးဟှားလေ့မယ်။ အီထောန်တခုမာ အီသူအီသားလေ ကွဲပြားဘီး ရှင်းရှင်းတိုက်ခိုက်နေမယ် ဆိုဟှာ အယ်အီထောန်ဟှာ ပျစ်စီးဟှားလေ့မယ်။ 18 အယ်ကြောန့် စာတန်ရဲ့ နိုင်ငံဟှာ ကွဲပြားမယ် ဆိုဟှာ ဖယ်မျိုး ရပ်တည်နိုင်မယ်နူး။ ငါဟှာ ဗေလဇေဗုလ ပေးဟှားဟှူတဂိုးန နတ်ဆိုးလေဟှို နှန်ထုဟှယ် ဆိုဘီး နန်းနို့ပြောဂေ့ဟှယ်။ 19 ငါဟှာ ဗေလဇေဗုလ ပေးဟှားဟှူတဂိုးန နတ်ဆိုးလေဟှို နှန်ထုဟှယ် ဆိုဟှာ နန်းနို့ရဲ့ တဗဲ့လေဟှာ ဖယ်သူပေးဟှားဟှူ တဂိုးန နှန်ထုဂေ့နူး။ နန်းနို့ရဲ့ တဗဲ့လေဟှာ နန်းနို့ရဲ့ တရားသူဂီးလေ ဖြစ်ဟှယ်! 20 ငါဟှာ ဘုရားသခင်ရဲ့ တဂိုးတော်အားဖြင့် နတ်ဆိုးလေဟှို နှန်ထုဟှယ်။ အယ်ကြောန့် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ နန်းနို့ထဲမာ တည်ထောန်နေဘီ။
21 “ခွန်အားကီးဟှူလူဟှ လတ်နတ်စောင်န သူ့အီဝမ်းဟှို စောန့်နေဟှူ ခီမာ သူ့အောက်စာလေဟှာ လောင်ခြောင်နေဟှယ်။ 22 အယ်ဘေမဲ့ အယ်သူထတ် ခွန်အားကီးဟှူလူဟှ ရော့‑က်လာဘီး သူ့ဟှို တိုက်ခိုက်အောန်မြင်ဟှားဟှူ ခီမာ သူအားကိုးဟှူ လတ်နတ်စောင်လေဟှို သီးယူဘီး ရရှိဟှားဟှူ ပစ်စီးလေဟှို ခွဲတမ်းခ္လလေ့မယ်။”
23 +“ငါ့ဖတ်မာ နေဘဲဟှူသူဟှာ ငါ့ရန်ဖတ်ဖြစ်ဟှယ်။ ငါ့နတူးဒူ စုသီးဘဲဟှူသူဟှာ ကြဲဖြန့်နေဟှူသူ ဖြစ်လေဟှယ်။
ညစ်ညူးဟှူနတ် ပ္လန်ဝမ်ပူးကြောန်း
(မဿဲ ၁၂.၄၃–၄၅)
24 “ညစ်ညူးဟှူ နတ်ဟှာ လူထဲဟှ ထွပ်ဟှားဘီး ခြော့‑က်ကပ်ဟှူ နေရာမာ ခိုနားရာဟှို ရှာလေဟှယ်။ တွိဟှ ဆိုဟှာ ‘ငါဟှာ နေရာဟောန်းဟှိုဘဲ့ ပ္လန်မယ်’ ဆိုဘီး ပြောလေဟှယ်။ 25 နေရာဟောန်းဟှို ပ္လန်ရော့‑က်ဟှူ ခီမာ သန့်ရှင်းအောန် ခါဟှားဇာဟှို တွိလေဟှယ်။ 26 သူ့ထတ်ပိုဆိုးဟှူ ညစ်ညူးဟှူနတ် ခွန်နစ်ကောန်ဟှို ခေါ်လာဘီးဟှာ အယ်နေရာဟောန်းမာဘဲ့ နေလေဟှယ်။ အယ်ကြောန့် အယ်လူရဲ့ နော့‑က်ဖြစ်ဟှူ ဇာဟှာ ရှေ့ဖြစ်ဟှူ ဇာထတ် ပိုဘီး ဆိုးဝါးလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
စစ်မှန်ဟှူ မင်္ဂလာကြောန်း
27 ယေရှုဟှာ အယ်မျိုးပြောလိုက်ဟှူ ခီမာ လူအောက်ဂီးထဲဟှ မီးမတယော့‑က်ဟှာ ကိုယ်တော့်ဟှို “ကိုယ်တော့်ဟှို မွီးဘီး နို့တိုက်ဟှူ မီးမဟှာ မင်္ဂလာရှိဟှယ်!” ဆိုဘီး လျှော့‑က်လေဟှယ်။
28 အယ်ဘေမဲ့ ယေရှုဟှ “ဘုရားသခင်ရဲ့ စကားတော်ဟှို ကြားဘီး နားထောန်ဟှူလူဟှာ မင်္ဂလာရှိဟှယ်!” ဆိုဘီး ပ္လန်မိန့်တော်မူလိုက်ဇာဟှ၊
နိမိတ်လတ်ခဏာတောန်းဟှူကြာန်း
(မဿဲ ၁၂.၃၈–၄၂)
29 +လူအောက်ဂီးဟှာ ယေရှုနားမာ ဝိုင်းအောင်နေဟှူကြောန့် ကိုယ်တော် မိန့်တော်မူလိုက်ဇာဟှ “ခုခေတ် လူလေဟှာ ရရာတိုင်း ဆိုးညစ်ဂေ့ဟှယ်! သူးနို့ဟှာ နိမိတ်လတ်ခဏာဟှို တောန်းဘေမဲ့ ယောနရဲ့ နိမိတ်လတ်ခဏာမှတပါး ဖယ်နိမိတ်လတ်ခဏာလည်း သူးနို့ဟှို ပြလေ့မယ် မှုဟှ။ 30 နိနဝေဗြို့သားလေတွပ် ယောနဟှာ နိမိတ်လတ်ခဏာဖြစ်ဟှူ မျိုးဘဲ့ အယ်ခေတ် လူလေတွပ် လူ့ရဲ့သားဟှာလည်း နိမိတ်လတ်ခဏာ ဖြစ်လေ့မယ်။ 31 ရှေဘပြည်ဟှ မိဖုရားဟှာ ရှောလမုန် မန်းဂီးရဲ့ စကားဟှို နားထောန်ဟှို့ ဆိုဘီး ဟှိုးဝီးဂီးမာရှိနေဟှူ တိုင်းပြည်ဟှနေ လာဟှယ်။ အယ်နေရာမာ ရှောလမုန်ထတ် ကီးမြတ်ဟှူလူ ရော့‑က်ရှိနေဘီ။ တရားစီရင်တော်မူဟှူ နေ့မာ ရှေဘပြည်ဟှ မိဖုရားဟှာ ထရပ်ဘီး အယ်မူလူလေဟှို ပြစ်တန်စွပ်စွဲလေ့မယ်။ 32 တရားစီရင်ဟှူ နေ့မာ နိနဝေဗြို့သားလေဟှာ ထရပ်ဘီး နန်းနို့ဟှို စွပ်စွဲလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယောနဟောပြောဟှူ တရားဟှို ကြားရဟှူ ခီမာ သူးနို့ဟှာ နောန်ဒရဟှားကြောန့် ဖြစ်ဟှယ်။ အယ်နေရာမာ ယောနထတ် ရရာတိုင်း ကီးမြတ်ဟှူသူ ရှိဟှယ် ဆိုဇာ နန်းနို့ဟှို ငါပြောဟှယ်!”
ကိုယ်ခန္ဓာရဲ့ ဆီမီးအီ
(မဿဲ ၅.၁၅; ၆.၂၂,၂၃)
33 +“ဖယ်လူလည်း ဆီမီးအီဟှို ဖောင်းကွယ်ဘီး ထွန်းဂေ့ဟှ။ ဆီမီးအီဟှို တောန်းအော့‑က်မာ ထားဘီး လည်း ထွန်းဂေ့ဟှ။ အီထဲဟှို ဝမ်လာဟှူ လူလေဟှာ လန်းရောန်ရဟှို့တွပ် ဆီမီးခေါင်ထတ်မာ တန်ဘီး ထွန်းဂေ့ဟှယ်။ 34 မျစ်စိဟှာ ကိုယ်ခန္ဓာတွပ် ဆီမီးအီန တူဟှယ်။ မျစ်စိကောန်းဟှယ် ဆိုဟှာ နန်းနို့ရဲ့ ကိုယ်ခန္ဓာ တခုလောင်း လန်းဟှားဘီး မျစ်စိကောန်းဂေ့ဟှ ဆိုဟှာ နန်းနို့ရဲ့ ကိုယ်ခန္ဓာ တခုလောင်း မိုက်လေ့မယ်။ 35 အယ်ကြောန့် နန်းနို့ရဲ့ လန်းရောန်ဟှို မိုက်ဖြစ်ဘဲအောန် ဒိပြုဂေ့။ 36 နန့်ရဲ့ ကိုယ်ခန္ဓာ တခုလောင်းဟှာ လောင်းဝ မှောန်ဘဲန လန်းနေမယ် ဆိုဟှာ ဆီမီးအီရဲ့ တော့‑က်ပဟှူ လန်းဟှာ နန့်ထတ်မာ ထွန်းလန်းမျိုး နန့်ရဲ့ ကိုယ်ခန္ဓာ တခုလောင်းလည်း လန်းရောန်န တော့‑က်ပနေလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ဖာရိရှဲန ကျမ်းတတ်ဆရာလေဟှို ပြစ်တန်ဟှူကြောန်း
(မဿဲ ၂၃.၁–၃၆; မာကု ၁၂.၃၈–၄၀)
37 ယေရှုဟှာ အယ်မျိုးမိန့်တော်မူဘီးန ဖာရိရှဲတယော့‑က်ဟှာ ကိုယ်တော့်ဟှို သူ့နတူးဒူ စားသော့‑က်ဟှို့ တောန်းလျှော့‑က်ဟှူကြောန့် သူ့ရဲ့ အီထဲဟှို ဝမ်ဘီးန ဗွဲမာ ထိုင်တော်မူလေဟှယ်။ 38 ယေရှုဟှာ လတ်ဆေးဘဲ့န စာစားနေဇာဟှို ဖာရိရှဲ ဗြင်ဟှားဟှူ ခီမာ အံ့ဩဟှားလေဟှယ်။ 39 သခင်ဘုရားဟှ သူ့ဟှို “နန်းနို့ ဖာရိရှဲလေဟှာ စံဟန်းဇားလေရဲ့ ပ္လန်ဖတ်ဟှို စင်ကြယ်အောန် ဆေးဂေ့ဟှယ်။ အယ်ဘေမဲ့ နန်းနို့ရဲ့ စိထဲမာ ကြမ်းဖတ်ရှင်း၊ ဆိုးညစ်ရှင်းလေန ပ္လဲ့နေဟှယ်။ 40 လူမိုက်လေ! ပ္လန်ဖတ်ဟှို ဖန်ဆင်းဟှူ ဘုရားဟှာ တွမ်းဖတ်ဟှိုလည်း ဖန်ဆင်းဟှယ် ဆိုဇာဟှို သိဂေ့ဟှလော။ 41 အယ်ဘေမဲ့ နန်းနို့ရဲ့ ခွပ်လေ၊ စံလေထဲမာ ရှိဟှူဇာလေဟှို ဆင်းရဲသားလေဟှို ပေးကမ်းဂေ့ပါ။ အယ်မျိုးလောက်မယ် ဆိုဟှာ ဂူလောင်းဟှာ နန်းနို့တွပ် စင်ကြယ်ဟှားလေ့မယ်။”
42 “ဖာရိရှဲလေ၊ နန်းနို့ဟှာ အမင်္ဂလာရှိဟှယ်! နန်းနို့ဟှာ ပန်ဇီး၊ စမူစဗားန တခြားဆေးဖပ်ဝမ်ဟှူ ဝပ်ဘောန်းဇောင်ဟှို ဆယ်ဖို့တဖို့ ပေးလှူဂေ့ဟှယ်။ အယ်ဘေမဲ့ တရားမျှတမှုန ဘုရားသခင်ရဲ့ ရှစ်မြစ်တာလေဟှို လျစ်လူရှုဟှားဂေ့ဟှယ်။ နန်းနို့ဟှာ ဆယ်ဖို့တဖို့ဟှို ပေးလှူဟှူ ခီမာ တရားမျှတမှုန ဘုရားသခင်ရဲ့ ရှစ်မြစ်တာဟှို ချန်ဟှားဂေ့ဟှယ်။”
43 “ဖာရိရှဲလေ၊ နန်းနို့ဟှာ အမင်္ဂလာ ရှိဂေ့ဟှယ်! နန်းနို့ဟှာ ဝါလယ်ဇရပ်မာ ဆိုလည်း မြင့်မြတ်ဟှူ နေရာလေဟှိုရော၊ ဆေးမာ ဆိုလည်း လူလေရဲ့ ရိုးရိုသေးသေ နှော့‑က်ဆစ်ရှင်းလေဟှိုရော နှစ်သက်ဂေ့ဟှယ်။ 44 နန်းနို့လေဟှာ အမင်္ဂလာရှိဂေ့ဟှယ်! နန်းနို့ဟှာ မှတ်သားမှေ့ဘဲဟှူ သန်းခ္လိုင်းဒွမ်းန တူဂေ့ဟှယ်။ အယ်တွမ်းလေထတ်မာ သွားနေဟှူ လူလေဟှ သန်းခ္လိုင်းဒွမ်းဖြစ်မှန်း သိဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
45 ကျမ်းတတ်ဆရာ တယော့‑က်ဟှာ ကိုယ်တော့်ဟှို “ဆရာ၊ အယ်မျိုးပြောဇာဟှာ ကျွန်တော့်ဟှားလေဟှိုလည်း စော်ဂါးရာရော့‑က်ပါဟှယ်!” ဆိုဘီး လျှော့‑က်လေဟှယ်။
46 ယေရှုဟှ “ကျမ်းတတ်ဆရာလေ၊ နန်းနို့ လည်းဘဲ့ အမင်္ဂလာ ရှိဂေ့ဟှယ်! နန်းနို့ဟှာ ထမ်းဟှို့ခတ်ဟှူ ဝန်ထောက်လေဟှို လူလေဟှို ထမ်းခိုင်းဂေ့ဟှယ်။ နန်းနို့ကိုယ်တိုင်ဟှ အယ်မူဝန်ထောက်လေဟှို လတ်ဖျားန ထိဂေ့ဟှ။ 47 နန်းနို့ဟှာ အမင်္ဂလာ ရှိဟှယ်! နန်းနို့ရဲ့ ဘိုးဘေးလေ သတ်ဟှားဟှူ ပရောဖက်လေတွပ် နန်းနို့ဟှ သန်းခ္လိုင်းလေဟှို ဆော့‑က်ပေးဂေ့ဟှယ်။ 48 အယ်ကြောန့် နန်းနို့ရဲ့ ဘိုးဘေးလေ ကျူးလွန်ဟှားဟှူ မှုလေတွပ် နန်းနို့ဟှာ သတ်သေလေ ဖြစ်ဂေ့ဟှယ်။ သူးနို့လေဟှာ ပရောဖက်လေဟှို သတ်ဘီး နန်းနို့ဟှ သန်းခ္လိုင်းလေဟှို ဆော့‑က်ပေးဂေ့ဟှယ်။ 49 အယ်ကြောန့် ဘုရားသခင်ရဲ့ ရွှေဉာဏ်တော်န ‘အယ်လူလေထဲဟှို ပရောဖက်လေ၊ စေတမန်လေဟှို ငါစေလွှတ်မယ်။ သူးနို့လေဟှာ အယ်ပရောဖက်လေ၊ စေတမန်လေထဲဟှ တချို့ဟှို ညှဉ်းဆဲဘီး တချို့ဟှို သတ်ဂေ့လေ့မယ်’ ဆိုဘီး မိန့်တော်မူဟှားဟှယ်။ 50 အယ်ကြောန့် ကမ္ဘာတည်ခီဟှနေစဘီး သတ်ခံရဟှူ ပရောဖက်လေရဲ့ သွီးကြောန့် အယ်ခေတ်လူလေဟှာ ပြစ်ဒန်စီရင်ရှင်းဟှို ခံရဂေ့လေ့မယ်။ 51 အာဗေလရဲ့ သွီးဟှနေ ယဇ်ပလ္လင်န ဗိမာန်တော်ကြားမာ သတ်ခံရဂေ့ဟှူ ဇာခရိရဲ့ သွီးထိ ဖြစ်ဟှယ်။ အယ်မူဇာလေ ဂူလောင်းတွပ် အယ်ခေတ်လူလေဟှာ ပြစ်ဒန်စီရင်ရှင်းဟှို ခံရလေ့မယ် ဆိုဇာဟှို ငါမှန်တိုင်း ပြောဟှယ်!
52 “ကျမ်းတတ်ဆရာလေ၊ နန်းနို့ဟှာ အမင်္ဂလာရှိဂေ့ဟှယ်! နန်းနို့ဟှာ သိပညာဗိမာန် ခွဗေါ့‑က်သော့ဟှို သီးဟှားဘီး နန်းနို့ကိုယ်တိုင်လည်း ဝမ်ဂေ့ဟှ။ ဝမ်ဟှို့သူလေဟှိုလည်း တားဆီးဂေ့ဟှယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
53 အယ်နေရာဟှနေ ယေရှုထွပ်ဟှားဟှူ ခီမာ ကျမ်းတတ်ဆရာန ဖာရိရှဲလေဟှာ ကိုယ်တော့်ဟှို စဘီးဟှာ ပြင်းပြင်းထန်ထန် ဝေဖန်ဂေ့ဘီး၊ 54 စကားတော်ထဲမာ မှားရှာဟှို့တွပ် မေးခွန်းလေ ဘောင်ဂီးမေးဂေ့လေဟှယ်။
* 11:3 ကျွန်တော့်ဟှားလေတွပ် လိုအပ်ဟှူ စားဇာဟှို၊ အယ်မျိုးမှုဘဲ့နေဟှာ နတ်ကီးတိုင်တွပ်စာ။ + 11:15 မ ၉.၃၄; ၁၀.၂၅ + 11:16 မ ၁၂.၃၈; ၁၆.၁; မာ ၈.၁၁ + 11:23 မာ ၉.၄၀ + 11:29 မ ၁၆.၄; မာ ၈.၁၂ + 11:33 မ ၅.၁၅; မာ ၄.၂၁; လု ၈.၁၆ 11:33 တချို့ မူရင်းလတ်ရေးမူလေမာ ဆီမီးအီဟှို တောန်းအော့‑က်မာ ထားဘီး၊ ဆိုဇာဟှာ မှေ့ဟှ။