11
လာဇရုသေဟှူကြောန်း
1 ဗေသနိဝါမာနေဟှူ လာဇရုဟှာ နေကောန်းဘဲဖြစ်နေဟှယ်။ ဗေသနိဝါမာ ညီအေးမလေဖြစ်ဂေ့ဟှူ မာရိန မာသဟှာ နေထိုင်ဂေ့ဟှယ်။
2 အယ်မာရိဟှာ သခင်ဘုရားရဲ့ ခေတော်ထတ်ဟှို ဆီမွှီးလောန်းခ္လဘီး ခေတော်ဟှို ဆားဗန်န သုပေးဟှူသူဖြစ်ဟှယ်။ နေကောန်းဘဲဖြစ်နေဟှူ လာဇရုဟှာ သူ့ရဲ့မောင်ဖြစ်ဟှယ်။
3 ညီအေးမနှေ့ယော့‑က်ဟှာ ယေရှုနားဟှို “သခင်၊ ကိုယ်တော်ရှစ်ဟှူလူဟှာ နေကောန်းဘဲ ဖြစ်နေဟှယ်” ဆိုဘီး ဒန်းစကားပို့လိုက်ဂေ့ဟှယ်။
4 အယ်ဒန်းဟှို ယေရှု ကြားလိုက်ခီမာ “အယ်နာဟှာ လာဇရုဟှို သေဟှို့မှုဘဲ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေဘီး ဘုရားသခင်ရဲ့ သားတော်ဟှာလည်း ဖောင်းသရေတော် ထန်ရှားလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
5 ယေရှုဟှာ မာသဟှိုရော၊ သူ့မရဲ့ ညီမဟှိုရော၊ လာဇရုဟှိုရော ရှစ်တော်မူဟှယ်။
6 ကိုယ်တော်ဟှာ လာဇရုရဲ့ဒန်းဟှို ကြားဘေမဲ့လည်း အယ်နေရာမာ နှေ့ရစ်နေနေသေးဟှယ်။
7 အယ်ဘီးန ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို “ယုဒနယ်ဟှို ပ္လန်ဂေ့ဇို့” ဆိုဘီး မိန့်တော်မူလေဟှယ်။
8 တဗဲ့တော်လေဟှ “ဆရာ၊ ယုဒလူလေဟှာ ဆရာ့ဟှို စဒူးဟှဘဲ့သေး က္လော့‑က်ခဲနပစ်ဟှို့ လောက်နေဂေ့ဟှယ်။ အယ်နေရာဟှိုဘဲ့ ပ္လန်ဘီးကြွတော်မူအူးလော” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
9 ယေရှုဟှ “တနေ့မာ ဆယ့်နှေ့နာရီ ရှိဟှယ် မှုဟှလော။ အယ်ကြောန့် နေ့ခီမာ သွားလာဟှူ လူလေဟှာ ခလောက်တိုက်မိဂေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှ လောကရဲ့ လန်းရောန်ဟှို ဗြင်ရဟှယ်။
10 အယ်ဘေမဲ့ ညဉ့်မိုက်ဇာမာ သွားလာဟှူ လူလေဟှာ ခလောက်တိုက်မိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့မာ လန်းရောန်မှေ့ဟှ” ဆိုဘီး ဖြေတော်မူလေဟှယ်။
11 ယေရှုဟှာ အယ်မျိုး မိန့်တော်မူဘီးန “နို့လေရဲ့ မိဆွေ လာဇရုဟှာ အိမွိဟှားဘီ။ သူ့ဟှို နှိုးဟှို့ ငါသွားမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
12 တဗဲ့တော်လေဟှ “သခင်၊ သူဟှာ အိမွိနေဟှယ် ဆိုဟှာ ကျန်းမာလာလေ့မယ်” ဆိုဘီး ဖြေဂေ့ဟှယ်။
13 ယေရှုဟှာ လာဇရုသေဟှားကြောန်းဟှို မိန့်တော်မူနေ ဘေမဲ့လည်း အိမွိနေဇာဟှိုဘဲ့ မိန့်တော်မူနေဟှယ် ဆိုဘီး သူးနို့ထန်နေဂေ့ဟှယ်။
14 အယ်ကြောန့် ယေရှုဟှာ သူးနို့ဟှို “လာဇရု သေဟှားဘီ။
15 အယ်ဘေမဲ့ နန်းနို့လေ ယောင်ကြည်လာဟှို့တွပ်ကြောန့် အယ်နေရာမာ ငါမှေ့ဘဲဇာဟှာ နန်းနို့တွပ် ငါဝန်းသာဟှယ်။ သူ့နားဟှို သွားဂေ့ဇို့” ဆိုဘီး ပွမ့်ပွမ့်လန်းလန်းဟှား မိန့်တော်မူလေဟှယ်။
16 မြွှာဘ္လူး ဆိုဘီး ခေါ်ဟှူ သောမဟှာ သူ့ရဲ့ဖော်လေဟှို “နို့လေအားလောင်း ဆရာနတူးဒူ သေခံဟှို့ လိုက်ဟှားဂေ့ဇို့!” ဆိုဘီး ပြောလေဟှယ်။
သတ်ရှင်ဟှူန ရှင်ပ္လန်ထမြော့‑က်ဟှူ ယေရှုကြောန်း
17 ယေရှု ရော့‑က်လာတော်မူခီမာ လာဇရုဟှို သန်းခ္လိုင်းဂူမာ သင်္ဂြိုဟ်ဟှားဇာ လေးရစ်ရှိနေဘီ ဆိုဇာဟှို တွိဟှားတော်မူဟှယ်။
18 ဗေသနိဝါဟှာ ယေရုရှလင်ဗြို့ဟှနေ နှေ့မိုင်လော့‑က်ဘဲ့ ဝီးဟှယ်။
19 ယုဒလူဘောင်ဂီးဟှာ မာသန မာရိရဲ့မောင် သေဟှားဟှူကြောန့် သူးနို့ဟှို နှစ်သိမ့်ဟှို့ လာဂေ့ဟှယ်။
20 မာသဟှာ ယေရှုကြွလာဟှယ် ဆိုဇာဟှို ကြားဟှူ ခီမာ ကိုယ်တော့်ဟှို ကြိုဆိုဟှို့ ထွပ်ဟှားလေဟှယ်။ မာရိဟှာ အီမာဘဲ့ နေရစ်ဟှယ်။
21 မာသဟှာ ယေရှုဟှို “သခင်၊ ကိုယ်တော်ဟှာ အယ်နေရာမာရှိနေမယ် ဆိုဟှာ ကျွန်မမောင် သေဟှို့ မှုဟှ!
22 အယ်ဘေမဲ့ ခု ကိုယ်တော်ဟှာ ဘုရားသခင်နားမာ တောန်းတော်မူသမျှဟှို ဘုရားသခင် ပေးတော်မူမယ် ဆိုဇာဟှို ကျွန်မသိဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
23 ယေရှုဟှ “နန့်မောင်ဟှာ သတ်ပ္လန်ရှင်လေ့မယ်” ဆိုဘီး သူ့ဟှို မိန့်တော်မူလိုက်ဟှယ်။
24 မာသဟှ “သူဟှာ နော့‑က်ဆောင်းဟှူ နေ့မာ ရှင်ပ္လန်ထမြော့‑က်လေ့မယ် ဆိုဇာဟှို ကျွန်မသိပါဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်ဟှယ်။
25 ယေရှုဟှာ သူ့ဟှို “ငါဟှာ ရှင်ပ္လန်ထမြော့‑က်ရှင်း ဖြစ်ဟှယ်။ သတ်လည်း ဖြစ်ဟှယ်။ ငါ့ဟှို ယောင်ကြည်ဟှူ လူလေဟှာ သေဟှားဘေမဲ့လည်း ပ္လန်ရှင်လေ့မယ်။
26 ငါ့ဟှို ယောင်ကြည်ဘီး သတ်ရှင်နေဟှူ လူလေဟှာ ကာလစဉ်ဆစ် သေရလေ့ဟှို့ မှုဟှ။ အယ်မူဇာဟှို နန်ယောင်ကြည်ဘဲ့လော” ဆိုဘီး မေးတော်မူလေဟှယ်။
27 သူဟှ “ယောင်ကြည်ပါဟှယ်။ သခင်! ကိုယ်တော်ဟှာ လောကဟှို ကြွလာတော်မူဟှူ ဘုရားသခင်ရဲ့ သားတော်၊ မေရှိယ ဖြစ်ဟှယ် ဆိုဇာဟှို ကျွန်မ ယောင်ကြည်ပါဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
ယေရှု ငိုတော်မူကြောန်း
28 မာသဟှာ အယ်မျိုး လျှော့‑က်လိုက်ဘီးန အီဟှို ပ္လန်ဟှားဘီး ညီမမာရိဟှို တိတိဟှားခေါ်လိုက်ဟှယ်။ “ဆရာကြွလာတော်မူဘီ နန့်ဟှို မေးနေဟှယ်” ဆိုဘီး ပြောလိုက်ဟှယ်။
29 မာရိဟှာ အယ်မျိုးကြားလိုက်ခီမာ ဗြန်းဗြန်ဟှား ထွပ်ဟှားဘီးဟှာ ကိုယ်တော်နားဟှို သွားလေဟှယ်။
30 အယ်ခီမာ ယေရှုဟှာ ဝါထဲဟှို ရော့‑က်သေးဘဲ မာသ လာတွိဟှူနေရာမာဘဲ့ ရှိနေသေးဟှယ်။
31 မာရိဟှို နှစ်သိမ့်ပေးဟှို့ အီမာရှိနေဟှူ ယုဒလူလေဟှာ ဗြန်းဗြန်ဟှားထွပ်ဟှားဟှူ မာရိဟှို ဗြင်လိုက်ဟှယ်။ သူးနို့ဟှ ငိုဟှို့တွပ် သန်းခ္လိုင်းဂူဟှို ထွပ်ဟှားဟှယ် ဆိုဘီး ထန်နေဂေ့ဟှယ်။
32 မာရိဟှာ ယေရှုရှိနေဟှူ နေရာဟှို ရော့‑က်ဟှားဘီး ကိုယ်တော့်ဟှို တွိဟှူန ခေတော်ရင်းမာ ဒူးထော့‑က်လေဟှယ်။ “သခင်၊ ကိုယ်တော်ဟှာ အယ်နေရာမာ ရှိနေမယ် ဆိုဟှာ ကျွန်မမောင် သေဟှို့ မှုဟှ!” ဆိုဘီး လျှော့‑က်လေဟှယ်။
33 ယေရှုဟှာ မာရိငိုနေဇာဟှိုရော၊ သူ့နတူးဒူလိုက်လာဟှူ ယုဒလူလေ ငိုနေဇာဟှိုရော ဗြင်ဟှူ ခီမာ ကိုယ်တော်ဟှာ ရရာတိုင်း စိကောန်းဘဲ ဖြစ်ဟှားဟှယ်။
34 ကိုယ်တော်ဟှ “သူ့ဟှို ဖယ်မာ သင်္ဂြိုဟ်ဟှားဂေ့နူး” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။
သူးနို့ဟှ “သခင်၊ ကြွဘီးကေ့တော်မူပါ” ဆိုဘီး ပ္လန်ဖြေတော်မူဂေ့ဟှယ်။
35 ယေရှုဟှာ ငိုတော်မူလေဟှယ်။
36 အယ်ကြောန့် ယုဒလူလေဟှ “ကေ့ပါအူး၊ လာဇရုဟှို ရရာတိုင်း ရှစ်ဇမား!” ဆိုဘီး ပြောနေဂေ့ဟှယ်။
37 အယ်ဘေမဲ့ သူးနို့ထဲဟှ တချို့ဟှ “မျစ်စိကန်းနေဟှူ လူဟှို မျစ်စိပ္လန်ဗြင်အောန် လောက်ပေးဟှယ် မှုဟှလော။ လာဇရုဟှိုလည်း သေဘဲအောန် လောက်ပေးနိုင်ဟှလော” ဆိုဘီး ပြောဂေ့ဟှယ်။
လာဇရုဟှို သတ်ပ္လန်ရှင် စေတော်မူကြောန်း
38 နော့‑က်ထပ်တခါ ဝန်းနဲလာဘီး ယေရှုဟှာ သန်းခ္လိုင်းဂူဟှို ကြွဟှားလေဟှယ်။ အယ်သန်းခ္လိုင်းဂူဝဟှို က္လော့‑က်န ပိဟှားဟှယ်။
39 ယေရှုဟှ “က္လော့‑က်ဟှို ဖယ်ထုလိုက်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
သေဟှားလူရဲ့မယ်ဖြစ်ဟှူ မာသဟှ “သခင်၊ ခုဆိုဟှာ နံနေလေ့မယ်။ သူ့ဟှို သင်္ဂြိုဟ်ဟှားဇာ လေးရစ်ရှိဟှားဘီ!” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
40 ယေရှုဟှာ “နန်ယောင်ကြည်မယ် ဆိုဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ဗြင်ရလေ့မယ် ဆိုဇာ နန့်ဟှို ငါပြောဟှားပီးဘီ မှုဟှလော” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
41 သူးနို့ဟှာ က္လော့‑က်ဟှို ဖယ်ထုလိုက်ဟှယ်။ ယေရှုဟှာ မော့ကေ့ဘီး “ဖ၊ ကျွန်တော့်ရဲ့ စကားဟှို နားထောန်ဟှူကြောန့် ကျေးဇူးတန်ဟှယ်။
42 ဖဟှာ ကျွန်တော့်ရဲ့ စကားဟှို မြဲဒမ်း နားထောန်ဟှယ် ဆိုဇာ နို့သိဟှယ်။ အယ်ဘေမဲ့ ကျွန်တော် အယ်မျိုးပြောဇာဟှ ဖဟှာ ကျွန်တော့်ဟှို စေလွတ်တော်မူဟှယ် ဆိုဇာဟှို အယ်နေရာမာ ရှိနေဟှူ လူလေဟှို သူးနို့ရဲ့ ကျိုးဟှို ကေ့ဘီး ယောင်ကြည်လာစေဟှို့ဘဲ့ ဖြစ်ဟှယ်” ဆိုဘီး ပြောလေဟှယ်။
43 ကိုယ်တော်ဟှာ အယ်မျိုးပြောဘီးန သံကြမ်းကြမ်းန “လာဇရု၊ ထွပ်လာဟှား!” ဆိုဘီး ခေါ်ထုလိုက်ဟှယ်။
44 သေဟှားဟှူလူဟှာ လတ်ခေလေမာ ဝတ်ကြိုးန ခယ်ဟှားဘီး မျစ်နှာမာလည်း ဝတ်န ပတ်ဟှားဘီး ထွပ်လာဟှယ်။ ယေရှုဟှ “သူ့ဟှို ကြိုးဖြေပေးဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
ယေရှုဟှို သတ်ဟှို့တွပ် ကြံစည်ဟှူကြောန်း
(မဿဲ ၂၆.၁–၅; မာကု ၁၄.၁,၂; လုကာ ၂၂.၁,၂)
45 မာရိနားဟှို လာဟှူယုဒလူလေ ဘောင်ဂီးဟှာ ယေရှု ပြုတော်မူဇာလေဟှို ဗြင်ဘီး ကိုယ်တော့်ဟှို ယောင်ကြည်ဂေ့ဟှယ်။
46 အယ်ဘေမဲ့ သူးနို့လေထဲဟှ တချို့ဟှာ ဖာရိရှဲလေနားဟှို ပ္လန်လာဘီးဟှာ ယေရှုပြုတော်မူဇာလေဟှို ပြောပြဂေ့ဟှယ်။
47 အယ်ကြောန့် ဖာရိရှဲလေန ယဇ်ပုရောဟိတ်ဂီးလေဟှာ ယုဒတရားလွှတ်တော်မာ တွိဆောင်ဘီး “နို့လေဖြားမျိုးလောက်ရမယ်နူး။ အယ်လူဟှာ နိမိတ်လတ်ခဏာလေ ဘောင်ဂီး ပြုလောက်နေဟှယ်!
48 အယ်လူဟှို အယ်မျိုးခွမ့်ပေးဟှားမယ် ဆိုဟှာ လူတိုင်းဟှာ သူ့ဟှို ယောင်ကြည်ဟှားလေ့မယ်။ အယ်ဆိုဟှာ ရောမအာဏာပိုင်လေဟှ နို့လေရဲ့ ဗိမာန်တော်န နို့လေရဲ့ လူမျိုးဟှို ဖျစ်ဆီးပစ်လေ့မယ်!” ဆိုဘီး ပြောဂေ့ဟှယ်။
49 သူးနို့လေထဲဟှ အယ်နှစ်မာ ယဇ်ပုရောဟိတ်မန်း ဖြစ်လာဟှူ ကယာဖဟှ “နန်းနို့လေဟှာ ရူးလေဘဲ့!
50 လူမျိုးတမျိုးလောင်း သေကျေပျစ်စီးရဟှို့ထတ် လူတယော့‑က်ဟှ လူလေတွပ် သေရဇာဟှ ရရာတိုင်း ကောန်းဟှယ် ဆိုဇာဟှို နန်းနို့လေ နားလည်ဂေ့ဟှလော” ဆိုဘီး ပြောလေဟှယ်။
51 အယ်မျိုးပြောနေဇာဟှာ သူ့ရဲ့ ကိုယ်ပိုင်ဉာဏ်န ပြောနေဇာ မှုဟှ။ သူဟှာ အယ်နှစ်မာ ယဇ်ပုရောဟိတ်မန်း ဖြစ်လာဟှူကြောန့် ယုဒလူလေတွပ် ယေရှု သေခံပေးတော်မူမယ် ဆိုဇာဟှို ပရောဖက်ပြုနေဇာဖြစ်ဟှယ်။
52 အယ်လူမျိုးတွပ်ဘဲ့မှုဘဲန ဖ္လဲဖ္လဲစင်နေဟှူ ဘုရားသခင်ရဲ့ လူလေလည်းဘဲ့ ခန္ဓာတခုထဲမာ စုဝီးလာဟှို့တွပ် ဖြစ်ဟှယ်။
53 အယ်နေ့ဟှစဘီး ယုဒအာဏာပိုင်လေဟှာ ယေရှုဟှို သတ်ဟှို့တွပ် ကြံစည်ဂေ့ဟှယ်။
54 အယ်ကြောန့် ယေရှုဟှာ ယုဒနယ်မာ ထန်းထန်းရှားရှားဟှား သွားလာဟှမ်း။ အယ်ဘေမဲ့ တောကန္တာရနားဟှ ဧဖရိမ်နာမယ်ရှိဟှူ ဗြို့ဟှို ကြွဟှားဘီး တဗဲ့တော်လေနတူးဒူ နေတော်မူလေဟှယ်။
55 ယုဒလူလေရဲ့ ပသခါပွဲတော်ခီ နီးလာဟှူ ခီမာ တောဝါဟှ လူလေဘောင်ဂီးဟှာ ဘာသာရေးစဉ်လာတိုင်း စင်ကြယ်ဇာလောက်ဟှို့ ပွဲတော်လောက်ခန်မာ ယေရုရှလင်ဗြို့ဟှို တတ်လာဂေ့ဟှယ်။
56 သူးနို့လေဟှာ ယေရှုဟှို လိုက်ရှာနေဂေ့ဟှယ်။ သူးနို့ဟှာ ဗိမာန်တော်ထဲမာ စုရောင်းမိဟှူ ခီမာ “နန်းနို့လေ ဖယ်မျိုးထန်ဂေ့နူး။ သူဟှာ အယ်ပွဲတော်ဟှို လာဟှို့တွပ် သေချာဘဲ့လော” ဆိုဘီး သူးနို့ရှင်းရှင်း မေးနေဂေ့ဟှယ်။
57 ယဇ်ပုရောဟိတ်ဂီးလေန ဖာရိရှဲလေဟှ ဖယ်သူဘဲ့ဖြစ်ဖြစ် ယေရှုရှိဟှူနေရာဟှို သိမယ် ဆိုဟှာ သူ့ဟှို ဖမ်းဆီးဟှို့တွပ် ကြောန်းကြားရမယ် ဆိုဘီး ညွှန်ကြားဟှားဂေ့ဟှယ်။