5
ကြွယ်ဝဟှူ လူလေဟှို ဒိပေးကြောန်း
ကြွယ်ဝဟှူ လူလေ၊ ငါစကားဟှို နားထောန်ဂေ့ပါ။ နန်းနို့ဟှာ ကိုယ်တွိကြောင်ရဟှူ ဆင်းရဲဒေါက်ခလေတွပ် ငိုဘီးဟှာအော်ဟစ်ဂေ့။ +နန်းနို့ရဲ့ စည်းဇိမ်အောက်စာဟှာ ဆွီးဟှားဘီ။ နန်းနို့ရဲ့ ဝတ်လေဟှာ ပိုးကိုက်စားလိုက်ဘီ။ နန်းနို့ရဲ့ ရွှေလေ၊ ငွေလေဟှလည်း သံခ္လေးတတ်နေဟှယ်။ အယ်သံခ္လေးဟှာ နန်းနို့ဖတ်မာ သတ်သေထော့‑က်ထားဖြစ်ဘီး မီးလေမျိုးဘဲ့ နန်းနို့သားလေဟှို လောန်ဘီးဟှာ ပျစ်စီးစေလေ့မယ်။ နော့‑က်ဆောင်းနေ့ရစ် ကာလမာ နန်းနို့ဟှာ အောက်စာဘဏ္ဍာလေဟှို စုဆောန်းနေဂေ့ဟှယ်။ နန်းနို့သီးနှံလေဟှို ရိပေးဟှူလူလေရဲ့ လောက်အားခဟှိုလည်း ပေးဂေ့ဟှ။ သူးနို့ တိုင်ပြောဟှူဇာလေဟှို နားထောန်ဂေ့ပါ။ သူးနို့ဟှာ သံက္လယ်က္လယ်န တောန်းဟှူဇာဟှို ကောန်းဂန်ဗိုလ်ခေ အနန္တတဂိုးရှင် ဘုရားသခင်ဟှ ကြားနေရဟှယ်။ နန်းနို့ဟှာ လောကမာ စည်းဇိမ်ခံစားဘီးဟှာ ပျော်နေဂေ့ဟှယ်။ သတ်ခံရဟှူနေ့တွပ် ကိုယ့်ကိုယ်ကိုယ် ဝလာအောန် ကျွေးဂေ့ဟှယ်။ ပြစ်မှေ့ဘဲန ဖြောန့်မတ်ဟှူ လူလေဟှို သေဒန်စီရင်ဘီး သတ်ဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့လေဟှာ နန်းနို့ဟှို တားဂေ့ဟှ။*
သည်းခံရှင်းန ဆုတောန်းကြောန်း
အယ်ကြောန့် ညီကို မောန်နှမလေ၊ နန်းနို့ဟှာ သခင်ဘုရား ကြွလာဟှူခီထိ သည်းခံဘီးဟှာ စောန့်နေဂေ့ပါ။ လယ်သမားဟှာ သူ့ရဲ့ လယ်မာ ဖိုးကီးဟှူ သီးနှံလေ ထွပ်လာဟှို့တွပ် ရင်မိုးန နော့‑က်မှဝါဟှူ မိုးဟှို စောန့်မျှော်နေဟှယ်။ နန်းနို့ဟှာ သည်းခံဟှူစိန စောန့်နေဂေ့ပါ။ သခင်ဘုရား ကြွလာဟှူ နေ့ရစ်ကာလဟှာ နီးလာဘီ ဖြစ်ဟှူကြောန့် နန်းနို့လေ မျှော်လင့်ဇာလေဟှို ခိုင်းခိုင်မားမာ ထားဂေ့ပါ။
ညီကို မောန်နှမလေ၊ နန်းနို့ကိုယ်တိုင် ဘုရားသခင်ရဲ့ စစ်ကြောစီရင်ရှင်းန လွတ်ဟှို့တွပ် ရှင်းရှင်း တယော့‑က်ဟှိုယော့‑က် ပြစ်တန်ဂေ့န။ တရားစီရင်ပိုင်ဟှူ သခင်ဟှာ ရော့‑က်လာဘီး ခွဗော့‑က်ဝမာ ရပ်နေဟှယ်။ 10 ညီကို မောန်နှမလေ၊ ဘုရားသခင်ရဲ့ နာမတော်ဟှို မှီပြုဘီး ဟောပြောရစ်ဟှူ ပရောဖက်လေရဲ့ ကြောန်းဟှို ဒိရဂေ့ပါ။ ဆင်းရဲ့ဒေါက်ခ ရော့‑က်ဟှူ ခီမာ သူးနို့လေရဲ့ သည်းခံရှင်းလေဟှို စံနမှုနာ ယူဂေ့ပါ။ 11 သူးနို့လေဟှာ ခံနိုင်ရည်ရှိဟှူ လူလေဖြစ်ဟှူကြောန့် သူးနို့ဟှို မင်္ဂလာရှိဟှူလူလေ ဆိုဘီး နို့လေဟှ ခေါ်ဂေ့ဟှယ်။ ယောဘဟှာ ဖယ်မျိုးသည်းခံဟှယ် ဆိုဇာ နန်းနို့လေ ကြားရဂေ့ဟှယ်။ နော့‑က်ဆောင်းမာ သူ့ဟှို ဘုရားသခင်ဟှ ဖယ်မျိုးကေ့ရှုကြောန်းဟှို နန်းနို့လေ သိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ထာဝရဘုရားဟှာ သနားကြင်နာဘီး ကရုဏာတော်န ပ္လဲ့ဇောင်ဟှူ သခင်ဖြစ်ဟှူကြောန့် ဖြစ်ဟှယ်။
12 +ငါ့ညီကို မောန်နှမလေ၊ ကီဆိုရှင်းဟှို လောက်ဂေ့န။ ကောန်းဂန်ဘောင်န မ္လေဂီးဟှို တိုင်တယ်ဘီး ကီဆိုဂေ့န။ ဖယ်ဇာဟှိုလည်း တိုင်တယ်ဘီးဟှာ ကီဆိုဂေ့န။ နန်းနို့စကားဟှာ “မှန်ဇာဟှို” မှန်ဖြစ်စေဘီး “မှုဘဲဇာဟှို” မှုဟှ ဆိုဘီး ဖြစ်စေဂေ့ပါ။ အယ်မျိုးဆိုဟှာ နန်းနို့ဟှာ ဘုရားသခင်ရဲ့ တရားစီရင်ရှင်းဟှနေ လွတ်ဂေ့လေ့မယ်။
13 နန်းနို့ထဲမာ ဒေါက်ခရော့‑က်နေဘီး အားငယ်နေဟှူလူဟှာ ဆုတောန်းစေ။ ဝန်းသာဟှူလူဟှာ ချင်းဆိုစေ။ 14 +ဖျားနေဟှူလူဟှာ သင်းတော်ဟှို အောက်ထီးဟှူ သင်းအောက် လူဂီးလေဟှို ခေါ်ဂေ့။ သူးနို့ဟှာ သခင်ဘုရားရဲ့ နာမတော်ဟှို မှီပြုဘီးဟှာ လူနာဟှို ဆီနလူးဘီးဟှာ ဆုတောန်းဂေ့ပါ။ 15 ယောင်ကြည်ရှင်းန ဆုတောန်းရှင်းဟှာ လူနာဟှို ကျန်းမာစေလေ့မယ်။ သခင်ဘုရားဟှာ သူ့ဟှို ကျန်းမာစေဘီး သူလောက်ဟှားဟှူ ပြစ်လေဟှိုလည်း လွှတ်ပေးလေ့မယ်။ 16 အယ်ကြောန့် နန်းနို့ရှင်းရှင်း ကိုယ်ပြစ်လေဟှို ဖော်ပြဝန်ခံဘီး ရှင်းရှင်းလေတွပ် ဆုတောန်းမယ် ဆိုဟှာ ရောဂါလေ ပျော့‑က်လေ့မယ်။ သူတော်ကောန်း ဆုတောန်းရှင်းဟှာ ရရာတိုင်း တဂိုးပါဟှယ်။ 17 ဧလိယဟှာ နို့လေမျိုးဘဲ့ သာမန်လူဖြစ်ဟှယ်။ သူဟှာ မိုးဝါဘဲဟှို့တွပ် စိအားထတ်သန်ဘီး ဆုတောန်းဟှူ ခီမာ ကမ္ဘာမ္လေဂီးထတ်မာ သောင်းနှစ်န ခြော့‑က်လတိတိ မိုးဝါဘဲနေလေဟှယ်။ 18 နော့‑က်တခါ ဧလိယ ဆုတောန်းဟှူ ခီမာ ကောန်းဂန်ဟှ မိုးဝါခ္လဘီး မ္လေဆီလွှာဟှာ သီးနှံလေဟှို ပိုဘီး သီးစေဟှယ်။
19 ညီကို မောန်နှမလေ၊ နန်းနို့ထဲမာ ယော့‑က်ယော့‑က်ဟှ သမ္မာတရားလမ်းဟှ လွဲဟှားဟှူ ခီမာ တခြားလူတယော့‑က်ဟှ လမ်းမှန်ဟှို ပ္လန်ခေါ်လာဟှယ် ဆိုဟှာ၊ 20 +ပြစ်ရှိဟှူ လူတယော့‑က်ဟှို မှားနေဟှူ လမ်းဟှနေ ပ္လန်ဘီး ခေါ်ဆောန်လာဟှူလူဟှာ အယ်ပြစ်သားရဲ့ ဝိညာဉ်ဟှို သေရဟှူမှုဟှနေ ကယ်တန်ဘီး ပြစ်ဘောင်ဂီးဟှနေ လွှတ်ခွမ့်ရဟှို့တွပ် လောက်ဆောန်ပေးဟှူလူ ဖြစ်လေ့မယ်။
+ 5:2 မ ၆.၁၉ * 5:6 သူးနို့လေဟှာ နန်းနို့ဟှို တားဂေ့ဟှ၊ အယ်မျိုးမှုဘဲ့နေဟှာ ဘုရားသခင်ဟှာ နန်းနို့ဟှို ဆီးတားမယ် မှုဟှလော။ + 5:12 မ ၅.၃၄–၃၇ + 5:14 မာ ၆.၁၃ + 5:20 ၁ ပေ ၄.၈ 5:20 အယ်ပြစ်သားရဲ့ ဝိညာဉ်၊ အယ်မျိုးမှုဘဲ့နေဟှာ သူ့ရဲ့ ဝိညာဉ်။