3
လျှာကြောန်း
1 ငါ့ညီကို မောန်နှမလေ၊ ဆရာဖြစ်ဂေ့ဟှူ နို့လေဟှာ တခြားလူလေထတ် ပိုဘီး ဟှာ စစ်ကြောစီရင်ရှင်းဟှို ခံရမယ် ဆိုဇာ နန်းနို့ဟှာ သိဟှူကြောန့် ဆရာလေ ဖြစ်ရှင်ဂေ့န။
2 နို့လေရှိမျှဟှာ မကြာမကြာ မှားဂေ့ဟှယ်။ ဖယ်ခါလည်း စကားမှားဘဲ့ဟှူလူဟှာ ပ္လဲ့ဝစောင်လင်ဟှူလူ ဖြစ်ဟှယ်။ အယ်မျိုးလူဟှာ ကိုယ့်ကိုယ်ကိုယ် ထီးချောက်နိုင်ဟှူလူ ဖြစ်ဟှယ်။
3 နို့လေဟှာ ဗြင်းဇတ်ပေါ့‑က်ဟှို ခယ်ဟှားဘီးဟှာ ဗြင်းတကိုယ်လောင်းဟှို လှည့်စေဟှို့တွပ် နို့လေရဲ့ စကားဟှို နားထောန်ခိုင်းဘီးဟှာ သွားရှင်ဟှူနေရာဟှို သွားခိုင်းနိုင်ဟှယ်။
4 ရရာတိုင်းကီးဟှူ သန်းဖော်လေဟှို လေတိုက်နေဟှူ ခီမာ ပဲ့ဟှိုကိုင်ဘီးဟှာ ထီးချောက်ဘီး ပဲ့ထီးဟှူလူဟှ သွားရှင်ဟှူနေရာဟှို လှည့်တတ်ဟှယ်။
5 လျှာဟှလည်း အယ်မျိုးတိုင်းဘဲ့ ဖြစ်ဟှယ်။ ကိုယ်ခန္ဓာမာ ငယ်ဆောင်းအင်္ဂါဖြစ်ဘေမဲ့ ရရာတိုင်းကီးဟှူဇာလေဟှို ဝါကြွားတတ်ဟှယ်။
ရရာတိုင်းကီးဟှူသစ်တောဟှို ရရာတိုင်းငယ်ဟှူမီးပွားဟှ လောန်နိုင်ဟှယ် ဆိုဇာ ကေ့ကေ့ပါ။
6 လျှာဟှာ မီးနတူဟှယ်။ ပြစ်ဒုစရိုက်လေန ပ္လဲ့ဝဟှူ လောကဖြစ်ဟှယ်။ အယ်မျိုးဘဲ့ ကိုယ်ခန္ဓာမာ အင်္ဂါတခုနေန ရှိနေဘီး နို့လေရဲ့ ကိုယ်ခန္ဓာ တခုလောင်းဟှို ပြစ်ဒုစရိုက်လေန ကူးစစ်ဘီး ပ္လံ့နှံ့စေဟှယ်။ လျှာဟှာ ငရဲမီးန နို့လေရဲ့ ဘဝဂူလောင်းဟှို လောန်စေဟှယ်။
7 လူဟှာ တခြားသတ္တဝါလေဖြစ်ဟှူ လိဆန်၊ ငှတ်၊ တွားတတ်ဟှူ သတ္တဝါန ပန်လယ်မှာနေဟှူ သတ္တဝါလေဟှို လူလေဟှာ ယဉ်အောန်လောက်နိုင်ဟှယ်။ လောက်လဲလောက်လာဟှယ်။
8 အယ်ဘေမဲ့ လျှာဟှို ဖယ်သူလည်း နိုင်အောန်လောက်နိုင်ဟှ။ လျှာဟှာ သေစေတတ်ဟှူ ဆိနပ္လဲ့ဝဘီး ထီးချောက်ဟှို့ မျှဘဲ့နေအောန် ဆိုးဟှယ်။
9 နို့လေဟှာ ဖဘုရားသခင်ရဲ့ ဂေါင်တော်ဟှို ချီးမွမ်းဟှူ ခီမာ လျှာလေဟှို သောင်းဂေ့ဟှယ်။ ဘုရားသခင်ရဲ့ ပေါင်ဇံနတူးအောန် ဖန်ဆင်းဟှားဟှူ လူလေဟှို ကီဆဲဟှူ ခီမာလည်း သောင်းပြုဂေ့ဟှယ်။
10 နှောက်တခုထဲဟှ ကျေးဇူးတော်ဟှို ချီးမွမ်းရှင်းန ကီဆဲရှင်းလေ ထွပ်တတ်ဘဲ့လော။ ညီကို မောန်နှမလေ အယ်မျိုးဖြစ်သင့်ဟှ။
11 စမ်းရေ တပေါ့‑က်ထဲဟှ ရှိုဟှူရေန ခါးဟှူရေလေ ထွပ်တတ်ဘဲ့လော။
12 ညီကို မောန်နှမလေ၊ သဖန်းပန်မာ သံလွင်သီးဟှို သီးနိုင်ဘဲ့လော။ စဗျစ်နွယ်ဗန်မာ သဖန်းသီးဟှို သီးနိုင်ဘဲ့လော။ အယ်မျိုးဘဲ့ ငန်ဟှူရေဟှ ရှိုဟှူရေ ဖြစ်နိုင်ဟှ။
ထတ်ဟှလာဟှူ ဉာဏ်ပညာကြောန်း
13 နန်းနို့ထဲမာ လိမာဟှူဉာဏ်နပ္လဲ့ဇောင်ဟှူ ပညာရှိတယော့‑က်ရှိမယ် ဆိုဟှာ သူဟှာ သူ့ရဲ့ ပညာရှိဟှူ ဉာဏ်ပညာန နှီခ္လဟှူစိန သတ်ရှင်ဘီး ကောန်းဟှူကျင့်လေဟှို သတ်သေပြပါစေ။
14 အယ်မျိုးမှုဘဲနေဟှာ နန်းနို့လေရဲ့ စိနှလောင်းထဲမာ မာနကီးဟှူစိ၊ နာလိုဘဲ့ဟှူစိ၊ တကိုယ်ကောန်ဆန်ဟှူစိလေ ရှိမယ် ဆိုဟှာ ဉာဏ်ပညာတွပ် ဝါးကြွားဘီ ပြောဟှူဇာန သမ္မာတရားဟှို ဆန့်ကျင်ဂေ့န။
15 အယ်မျိုးပညာဟှာ ထတ်ဟှရော့‑က်လာဟှူ ပညာမှုဟှ၊ လောကဆန်ဘီး ဇာတိသွီးသားနဆိုင်ဟှူ၊ နတ်ဆိုးလေန ပတ်သတ်ဟှူ ပညာဘဲ့ဖြစ်ဟှယ်။
16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နာလိုဘဲ့ဟှူစိ၊ တကိုယ်ကောန်ဆန်ဟှူ စိလေဟှာ အေးချမ်းဘဲန ရှောက်ရှစ်ခတ်ရှင်း၊ ကောန်းဘဲ့န ယောက်မာရှင်းလေ ဖြစ်စေတွပ်ကြောန့် ဖြစ်ဟှယ်။
17 အယ်ဘေမဲ့ ထတ်ဟှလာဟှူ ပညာဟှာ ဦးဆောင်းဟှ သန့်ရှင်းစင်ကြယ်ဟှယ်။ အယ်ဘီးန ငြီးချမ်းဘီးဟှာ သာယာရှင်း၊ နူးညံ့သိမ်မွေ့ရှင်း၊ ရှစ်ရှစ်ခင်ခင် ဖြစ်စေဟှယ်။ ကရုဏာန ကြွယ်ဝပ္လဲ့ဇောင်ဘီး ကောန်းမြတ်ဟှူ ကျင့်လေဖြစ်ဟှူ သီးပွမ့်လေဟှိုလည်း ဖြစ်စေဟှယ်။ မျစ်နှာလည်းလိုက်ဟှ။ ဟန်ဆောန်မှုလေလည်း မှေ့ဟှ။
18 ငြီးချမ်းမှုလေဟှို လောက်ဆောန်လူလေဟှာ ဖြောန့်မတ်ဟှူသီးရဲ့ မျိုးစေ့ဟှို ငြီးချမ်းစွာ ကြဲတတ်ဟှယ်။