၂ ယောဟန်
ယောဟန်ရဲ့ ဒုတိယပေးစာ
နိဒါန်း
ယောဟန်ရဲ့ ဒုတိယပေးစာ ဟှာ ခရစ်တော် မွီးဘီးန ၅၀ န ၁၀၀ ခုနှစ်ကြားမာ တမန်တော် ယောဟန်ဟှ ရေးဟှားဟှယ်။ ယောဟန်ဟှာ သူ့ကိုယ်သူ စာရေးသူဖြစ် ဖော်ပြဘဲန သတ်ကီးသူဖြစ် ဖော်ပြဟှားဟှယ်။ ယောဟန်ရဲ့ ဒုတိယပေးစာထဲဟှ ရရာတိုင်း တူဟှူကြောန်းရာလေဟှို ယောဟန်ရေးဟှားဟှူ ခရစ်တော်ရဲ့ ဒန်းကောန်းထဲမာ တွိရဟှယ်။ ရှင်းရှင်းရှစ်ရမယ် ဆိုဘီး ယေရှုရဲ့ ပညတ်ဟှားဟှူဇာန ကိုယ်တော်ရဲ့ ပညတ်တော်ဟှို လိုက်ရှော့‑က်ရှင်းဟှာ ယေရှုဟှို ရှစ်ဟှူဇာ ဖြစ်ဟှယ် ဆိုဇာဟှာ တူးဒူဖြစ်ဟှယ် ဆိုဘီး လေးလေးနတ်နတ်ဟှား ဖော်ပြဟှားဟှယ် (၁.၅–၆; ယော ၁၅.၉–၁၀)။ ယောဟန်ရေးဟှားဟှူ ခရစ်တော်ရဲ့ ဒန်းကောန်းန ယောဟန်ရဲ့ ပထမ၊ ဒုတိယ၊ တတိယ ပေးစာလေဟှို ဧဖက်ဗြို့မာ နေနေဒူးမာ ယောဟန်ရေးဟှားဟှယ် ဆိုဘီး လတ်ခံဟှားဂေ့ဟှယ်။
ယောဟန်ဟှာ အယ်ပေးစာဟှို ဝီးကော့‑က်ခံရဟှူ မီးမန သူ့သားမီးလေဟှို ရေးဟှားဟှယ်။ သူဟှာ သင်းတော်တပါးဟှို ရည်ညွန်းဟှားလေဟှယ်။ အယ်ပေးစာရဲ့ ရည်ရွယ်ချစ်ဟှာ သင်းတော်ဟှို အားပေးဟှို့န ဆရာတုယောန်လေအားဖြင့် လမ်းလွဲဘဲအောန် ဒိပေးဟှို့တွပ် ဖြစ်ဟှယ်။
ကြောန်းရာ ကျဉ်းချောက်
၁။ ယောဟန်ဟှာ အယ်ပေးစာဟှို ဖယ်လူတွပ် ဖြစ်ဟှယ် ဆိုဇာဟှို ပြောရင်းန မိတ်ဆစ်ဟှားဘီး ပေးစာလတ်ခံရရှိဟှူ လူလေဟှို နှောက်ဆစ်ဟှားဟှူကြောန်း (၁.၁–၃)
၂။ သူဟှာ သင်းတော်ဟှို အားပေးဘီးန ကီးမြတ်ဟှူ စေခိုင်းချစ်ဟှို မေ့ဘဲနေအောန် ပ္လန်ဘီး ဒိပေးဟှားဟှူကြောန်း (၁.၄–၆)
၃။ သူဟှာ ဆရာတုယောန်လေအားဖြင့် လမ်းလွဲဘဲအောန် ဒိပေးဟှားဟှူကြောန်း (၁.၇–၁၁)
၄။ ယောဟန်ဟှာ သူ့ပေးစာဟှို သူ့ရဲ့ သင်းသားလေနားဟှနေ သယ်ဆောန်လာဟှူ နှောက်ဆစ်စကားလေန နိဂေါင်းချောက်ဟှားဟှူကြောန်း (၁.၁၂–၁၃)
1
သတ်ကီးဟှူ သူဖြစ်ဟှူ ငါဟှာ —
သမ္မာတရားအားဖြင့် ငါရှစ်ရဟှူ၊ ဝီးကော့‑က်ခံရဟှူ၊ ဂေါင်သရေရှိဟှူ မီးမဂီးန သူ့ရဲ့ သားမီးလေ *နားဟှို စာရေးလိုက်ပါဟှယ်။ နန်းနို့လေဟှို ငါတယော့‑က်ဟှားဘဲ့ ရှစ်ဟှူဇာမှုဘဲ သမ္မာတရားဟှို သိဟှူ သူအားလောင်းဟှလည်း နန်းနို့လေဟှို ရှစ်ဂေ့ပါဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သမ္မာတရားဟှာ နို့လေရဲ့ စိနှလောင်းမာတည်ဘီး နို့လေနတူးဒူ ကာလစဉ်ဆစ် ရှိနေဟှူကြောန့် ဖြစ်ပါဟှယ်။
နို့လေရဲ့ဖ ဖြစ်ဟှူ ဘုရားသခင်နားဟှရော၊ ဖရဲ့ သားတော် ယေရှုခရစ်တော်နားဟှရော ကျေးဇူးတော်၊ ကရုဏာတော်န ငြီသတ်ရှင်းဟှာ သမ္မာတရားဟှို သိဘီး ရှင်းရှင်းရှစ်ဂေ့ဟှူ နို့လေထတ်ဟှို သတ်ရော့‑က်ပါစေ။
သမ္မာတရားန မြစ်တာတရားကြောန်း
နို့လေဟှာ ဖဘုရားနားမာ ပညတ်တော်ဟှို ခံရဟှူတိုင်း နန့်ရဲ့ သားမီးတချို့ဟှာ သမ္မာတရားထဲမာ ကျင်လည်နေဂေ့ရှင်းဟှို ငါတွိရဟှူ ခီမာ ရရာတိုင်း ဝန်းသာရပါဟှယ်။ +အယ်ကြောန့် ဂေါင်သရေရှိဟှူ မီးမဂီး ခု ပညတ်တော်သစ်ဟှို ရေးဘဲန နို့လေမာ ရင်ဂဒဲဟှရှိနေဟှူ ပညတ်တော်တိုင်း နို့လေရှင်းရှင်း ရှစ်ရှင်းမြစ်တာ ရှိဂေ့ဟှို့တွပ် နန့်ဟှို ငါ တိုက်တွန်းပါဟှယ်။ ရှစ်ရှင်းမြစ်တာ ဆိုဇာဟှာ ကိုယ်တော်ရဲ့ ပညတ်တော်တိုင်း သတ်ရှင်ရှော့‑က်လှမ်းရှင်း ဖြစ်ဟှယ်။ အယ်ပညတ်တော်ဟှ စဦးဟှနေဘီး နန်းနို့ကြားရဟှူတိုင်း ရှစ်ရှင်းမြစ်တာဟှို ကျင့်သောင်းရမယ် ဆိုဘီး ဆိုလိုရှင်း ဖြစ်ဟှယ်။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူသားဖြစ်န ကြွလာတော်မူဟှူ ယေရှုခရစ်တော်ဟှို ငြင်းပယ်ဘီး လှည့်ဇားတတ်ဟှူ လူလေဟှာ အယ်လောကမာ ပေါ်လာဂေ့ဘီ။ အယ်လူဟှာ လှည့်ဇားဟှူ လူဖြစ်ဘီး ခရစ်တော်ဟှို ဆန့်ကျင်ဟှူ ခရစ်တော်ရဲ့ ရန်သူလည်း ဖြစ်ဟှယ်။ နို့လေဟှာ ကိုယ်ပြုစုဟှူ ဇာလေဟှို ပျော့‑က်ပျစ်ဘဲန စောင်လင်ဟှူ ကျိုးဟှို ရဟှို့တွပ် နန်းနို့လေ ကိုယ့်ကိုယ်ကိုယ် ဒိပြုဘီး စောန့်ရှော့‑က်ဂေ့ပါ။
ခရစ်တော်ရဲ့ တရားတော်နတည်ဘဲ လွန်ကြူးဟှူလူ ဆိုဟှာ ဘုရားသခင်ဟှို ရဟှ။ ခရစ်တော်ရဲ့ တရားတော်မာ တည်ဟှူလူ ဆိုဟှာ ဖန သားတော်ဟှို ရဟှယ်။ 10 အယ်ဒေသနာတော် ပါဘဲသူဟှာ နန်းနို့နားဟှို လာဟှယ် ဆိုဟှာ သူ့ဟှို နန်းနို့အီမာ လတ်ခံဂေ့န။ မင်္ဂလာပါ ဆိုဘီးလည်း နှောက်ဆစ်ဂေ့န။ 11 မင်္ဂလာပါ ဆိုဘီး အယ်လူဟှို နှောက်ဆစ်ဟှယ် ဆိုဟှာ သူ့ရဲ့ ဆိုးရောက်ဟှူ ကျင့်လေန ဆစ်ဆံရာရော့‑က်ဟှယ်။
နိဂေါင်းချောက် စကားကြောန်း
12 နန်းနို့ဟှို ငါပြောဇာလေ ဘောင်ဂီးရှိဟှူလည်းဘဲ့ မှန်ရယ်န စက္ကူမာရေးဘဲန နို့လေရဲ့ ဝန်းမြော့-က်ရွှင်လန်းရှင်း စောင်လင်ဟှို့တွပ် ငါဟှာ နန်းနို့လေနားဟှို ငါလာဘီး နန်းနို့န မျစ်နှာရှင်းဆိုင်ဘီး တွိဆောင်ပြောဆိုဟှို့တွပ် မျှော်လင့်ဟှားပါဟှယ်။
13 ဝီးကော့‑က်ခံရဟှူ နန့်ညီမရဲ့ သားမီးလေ ဟှာ နန့်ဟှို နှောက်ဆစ်ဂေ့ပါဟှယ်။
* 1:1 မီးမဂီးန သူ့ရဲ့ သားမီးလေ၊ အယ်ကြောန်းရာဟှ သင်းတော်န သင်းဝမ်သူလေဟှို ရည်ညွှန်းဟှားဟှယ် (ခန်းငယ် ၄–၅ မာလည်း)။ + 1:5 ယော ၁၃.၃၄; ၁၅.၁၂,၁၇ 1:8 နို့လေ၊ တချို့ မူရင်းလတ်ရေးမူလေမာ နန်းနို့လေ၊ ဆိုဘီး ပါရှိဟှယ်။ 1:13 နန့်ညီမရဲ့ သားမီးလေ၊ အယ်ကြောန်းရာဟှ စာရေးသူန သတ်ဆိုင်ဟှူ သင်းတော်ဟှို ရည်ညွှန်းဟှားဟှယ်။