၁ ယောဟန်
ယောဟန်ရဲ့ ပထမပေးစာ
နိဒါန်း
ယောဟန်ရဲ့ ပထမပေးစာ ဟှို ခရစ်တော် မွီးဘီးန ၅၀ န ၁၀၀ ခုနှစ်ကြားမာ တမန်တော် ယောဟန်ဟှ ရေးဟှားဟှယ်။ ယောဟန်ဟှာ သူ့ကိုယ်သူ စာရေးသူဖြစ် ဖော်ပြဟှားမျိုးဘဲ့ သူဟှာ ယေရှုရဲ့ ရှင်ပ္လန်ထမြောက်ရှင်းန သတ်ရှင်ရှင်းဟှို ဗြင်ရဟှူ သတ်သေ တယော့‑က် ဖြစ်ဟှယ် ဆိုဘီးလည်း ဖော်ပြဟှားဟှယ် (၁.၁–၃)။ “ယောဟန်ရဲ့ ပထမပေးစာ” ရဲ့ စာရေးသားပေါင်စံဟှာ “ယောဟန်ရေးဟှားဟှူ ခရစ်တော်ရဲ့ ဒန်းကောန်း” ရဲ့ စာရေးသားပေါင်စံန ရရာတိုင်း ဆင်တူဟှယ်။ ယောဟန်ရေးဟှားဟှူ ခရစ်တော်ရဲ့ ဒန်းကောန်းန ယောဟန်ရဲ့ ပထမ၊ ဒုတိယ၊ တတိယ ပေးစာလေဟှို ဧဖက်ဗြို့မာ နေနေဒူးမာ ယောဟန်ရေးဟှားဟှယ် ဆိုဘီး လတ်ခံဟှားဂေ့ဟှယ်။
သင်းတော်ဟှို “နောစတိ” ဆိုဘီး ခေါ်ဟှူ လူအောက်စုဟှ ရရာတိုင်း ဒေါက်ခပေးနေဟှူ ခီမာ ယောဟန်ဟှာ အယ်ပေးစာဟှို ခရစ်ယာန်လေနားဟှို ရေးဟှားရှင်းဖြစ်ဟှယ်။ အယ်လူလေဟှ ယေရှုဟှာ ဘုရားသခင် ဖြစ်ဟှယ် ဆိုဘီး ယောင်ကြည်ဘေမဲ့လည်း မ္လေဂီးထတ်မာ နေဒူးဟှ လူ့ရဲ့ သွီးသားခန္ဓာန မှုဟှ ဆိုဘီးလည်း ယောင်ကြည်ဂေ့ဟှယ်။ အယ်ကြောန်းလေကြောန့် ယောဟန်ဟှာ ယေရှုရဲ့ သတ်ရှင်ရှင်းဟှို ဗြင်ဟှူသတ်သေ တယော့‑က် ဖြစ်ဟှူကြောန်းန ယေရှုဟှို သူ့ရဲ့ လတ်လေန ထိတွိဟှားကြောန်းဟှိုလည်း ရေးဟှားလေဟှယ် (၁.၁–၃)။ အယ်ပေးစာရဲ့ ရည်ရွယ်ချစ်ဟှာ ဝန်းသာမှုဟှို ပ္လဲ့ဝ ခံစားနိုင်ဂေ့ဟှို့တွပ် (၁.၄)၊ ယောင်ကြည်သူလေဟှို ပြစ်ဟှနေ တားဆီးဟှို့တွပ် (၂.၁)၊ ယောင်ကြည်သူလေဟှို မှားယွင်းဟှူ သွန်သန်ရှင်းလေဟှနေ ကာကွယ်ဟှို့တွပ်န (၂.၂၆) ယောင်ကြည်သူလေဟှို ကယ်တန်ခံရပီးဘီ ဆိုဇာဟှို စိခ္လဟှို့တွပ် ဖြစ်ဟှယ် (၅.၁၃)။
ကြောန်းရာ ကျဉ်းချောက်
၁။ ယောဟန်ဟှာ သူ့ရဲ့ ပေးစာဟှို နိဒါန်းပျိုးဟှားဘီး အယ်ပေးစာတွပ် ရည်ရွယ်ချစ်တခုဟှို ပေးဟှားဟှူကြောန်း (၁.၁–၄)
၂။ ဘုရားသခင်ဟှာ လန်းတော်ဖြစ်ဘီး ယေရှုသတ်ရှင်ဟှူကြောန့် နို့လေလည်း သတ်ရှင်ဟှယ် ဆိုဘီး ရှင်းပြဟှားဟှူကြောန်း (၁.၅—၃.၁၀)
၃။ ရှင်းရှင်းချစ်ဟှို့တွပ် ကျွန်တော်ဟှားလေဟှို ပ္လန်ဒိပေးဟှားဟှူကြောန်း (၃.၁၁—၅.၁၂)
၄။ သူ့ရဲ့ ပေးစာဟှို နိဂေါင်းချောက်ဟှားဟှူကြောန်း (၅.၁၃–၂၁)
1
သတ်ရှင်ဟှူ စကားတော်
+သတ်ရှင်ဟှူ စကားတော်ကြောန်းဟှို နို့လေဟှ စာရေးလိုက်ဟှယ်။ အယ်စကားတော်ဟှာ စစဒူးဟှ ရှိနေဟှယ်။ အယ်စကားတော်ဟှို နို့လေဟှာ ကြားရဂေ့ဟှယ်။ နို့လေ ကိုယ်တိုင်ဟှ မျစ်စိန ဗြင်ရဂေ့ဟှယ်။ နို့လေရဲ့လတ်န စမ်းသပ်ဘီး ကေ့ရှုဂေ့ဟှယ်။ +အယ်သတ်ဟှာ ပေါ်လာဟှူ ခီမာ နို့လေဗြင်ရဂေ့ဟှယ်။ အယ်ကြောန့် အယ်ကြောန်းဟှို နို့လေဟှ ဟောပြောဂေ့ဟှယ်။ ဖန တူးဒူရှိနေဟှူ သတ်ဟှာ နို့လေမာ ထန်ရှားဟှူကြောန့် နို့လေဟှာ အယ်ထာဝရသတ်ကြောန်းဟှို နန်းနို့ဟှို သတ်သေခံဘီး ကြေညာဂေ့ဟှယ်။ နို့လေဟှာ ဖနရော၊ သားတော် ယေရှုခရစ်နရော၊ မိတ်သဟာယဖွဲ့ရဂေ့ဟှူကြောန့် နန်းနို့ဟှလည်း နို့လေနတူးဒူ အယ်မိတ်သဟာယမာ ပါဝမ်ခွမ့် ရဂေ့ဟှို့တွပ် နို့လေ ဗြင်ရကြားရဟှူ ဇာလေဟှို နန်းနို့ဟှို ဖော်ပြဟှယ်။ နို့လေရဲ့* ဝန်းသာရှင်းဟှို ပ္လဲ့ဝ ခံစားနိုင်ဂေ့ဟှို့တွပ် အယ်ကြောန်းရာလေဟှို စာရေးလိုက်ဟှယ်။
ဘုရားသခင်ဟှာ လန်းရောန်ဖြစ်ဟှူကြောန်း
ဘုရားသခင်ဟှာ လန်းရောန်ဖြစ်ဟှယ်။ ကိုယ်တော်မာ မှောန်လောင်းဝ မှေ့ဟှ ဆိုဘီး တရားစကားဟှို နို့လေဟှာ ကိုယ်တော်ရဲ့ သားတော်နားဟှနေ ကြားရသိရဟှူကြောန့် နန်းနို့ဟှို ကြေညာဟှယ်။ အယ်ကြောန့် နို့လေဟှာ ကိုယ်တော်န မိတ်သဟာယဖွဲ့ ရဂေ့ဟှယ် ဆိုဘီး မှောန်ထဲမာ ကျင်လည်နေဂေ့ဇာဟှာ နို့လေဟှာ လီညာပြောဆိုဟှူ သူဖြစ်ဘီး သမ္မာတရားဟှို ကျင့်နေဂေ့ဇာ မှုဟှ။ ကိုယ်တော်ဟှာ လန်းရောန်ထဲမာ ရှိနေမျိုးဘဲ့ နို့လေဟှာ လန်းရောန်ထဲမာ ကျင်လည်ဂေ့ဟှူကြောန့် ရှင်းရှင်း ယော့‑က်နယော့‑က် မိတ်သဟာယ ဖွဲ့ဂေ့ဟှယ်။ ဘုရားသခင်ရဲ့ သားတော် သခင်ယေရှုရဲ့ သွီးတော်ဟှာ နို့လေရဲ့ ပြစ်ဂူလောင်းဟှနေ စင်ကြယ်စေဟှယ်။
နို့လေဟှာ ပြစ်သားလေ မှုဟှ ဆိုဘီး ပြောမယ် ဆိုဟှာ နို့လေဟှာ ကိုယ့်ကိုယ်ကိုယ် လှည့်ဇားဂေ့ဟှယ်။ နို့လေမာ သမ္မာတရားလည်း မှေ့ဟှ။ ကိုယ်ပြစ်လေဟှို ဝန်ခ္လ တောန်းဗန်မယ် ဆိုဟှာ ဘုရားသခင်ဟှာ ဒိသစ်စာတည်ဘီး ဖြောန့်မတ်ဟှူရှင် ဖြစ်ဟှူကြောန့် နို့လေရဲ့ ပြစ်လေဟှို လွှတ်ပေးဘီး နို့လေဟှို ဒုစရိုက်ညစ်ကြေး ဂူလောင်းဟှနေ စင်ကြယ်စေဟှယ်။ 10 နို့လေဟှာ ပြစ်ကျူးလွန်ဟှူလူလေ မှုဟှ ဆိုဘီး ပြောမယ် ဆိုဟှာ ဘုရားသခင်ဟှို မုသားပြစ်တန်ဂေ့ဟှယ်။ ဘုရားစကားဟှလည်း နို့လေမာ မှေ့ဟှ။
+ 1:1 ယော ၁.၁ + 1:2 ယော ၁.၁၄ * 1:4 နို့လေရဲ့၊ တချို့ မူရင်းလတ်ရေးမူလေမာ နန်းနို့ရဲ့၊ ဆိုဘီး ပါဟှယ်။