13
ဘုရားသခင်နှစ်သက်တော်မူဟှို့ လောက်ဆောန်ဟှူနည်းကြောန်း
ညီကို မောန်နှမရှင်းရှင်း ရှစ်ရှင်းမြစ်တာန တည်နေဂေ့ပါ။ ဧည့်ဝတ်ပြုဟှူဇာဟှို မေ့ဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တချို့လူလေဟှာ ဧည့်ဝတ်ပြုဟှူ ခီမာ ကောန်းဂန်တမန်လေဟှို မှတ်တမဲ့ ဧည့်ခံဂေ့ဟှယ်။ နန်းနို့လေဟှာ ကျဉ်းက္လခံနေရဟှူ သူလေနတူးဒူ ကိုယ်လည်းခံနေရဟှူမျိုး မှတ်ယူဘီး သူးနို့လေဟှို ဒိရဂေ့ပါ။ နန်းနို့လေဟှာ ကိုယ်ခန္ဓာန လွတ်ကင်းဘဲဟှူ သူလေဖြစ်ဟှူကြောန့် ညှဉ်းဆဲခံရဟှူသူလေဟှို အော့‑က်မေ့ဂေ့ပါ။
လူလေ ဂူလောင်းဟှာ သူးနို့ရဲ့မင်္ဂလာဆောန်ရှင်းန သစ်စာသံဝါသပြုဟှူ မှုရာဟှို ညစ်ညူးမှုမှေ့ဘဲန အသရေရှိစေပါ။ တရားဘဲဟှူ မေထုန်ဟှို ပြုဟှူသူလေန သူ့မယားဟှို ပြစ်မှားဟှူသူလေဟှို ဘုရားသခင် စစ်ကြောစီရင်တော်မူလေ့မယ်။
နန်းနို့လေရဲ့ ကျင့်ကြံပြုမူရှင်းဟှာ ကပ်ဟှို တတ်မတ်မှု မှေ့ဘဲန ကိုယ့်မာရှိဟှူ အောက်စာန ရောင့်ရဲမှု ရှိဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ “ငါဟှာ နန့်ဟှို စွန့်ဟှားဟှ။ နန့်ဟှို လောင်းဝ ပစ်ဟှားဟှ” ဆိုဘီး ဂဒိတော် ရှိဟှယ်။ အယ်ကြောန့်၊
“ဘုရားသခင်ဟှာ ငါ့ဟှို မစတော်မူဟှူ သခင် ဖြစ်ဟှူကြောန့်
လူဟှာ ငါ့ဟှို ပြုနိုင်သမျှဟှို ငါကြော့‑က်ဟှ” ဆိုဘီး
နို့လေဟှာ ရဲရင့်ဟှူ စိန ပြောဆိုရဟှူခွမ့် ရှိဂေ့ဟှယ်။
ဘုရားသခင်ရဲ့ စကားတော်ဟှို ဟောပြောဟှူ နန်းနို့လေရဲ့ ခေါန်းဆောန်လေဟှို အော့‑က်မေ့ဂေ့ပါ။ သူးနို့လေဟှာ ဖယ်မျိုး ကျင့်ကြံပြုမူဘီး သေဟှားဂေ့ဟှူ ဆိုဇာဟှို စေ့စေ့ဆင်ခြင်ဘီး သူးနို့လေရဲ့ ယောင်ကြည်ရှင်းဟှို မှီအောန်လိုက်ဂေ့ပါ။ ယေရှုခရစ်ဟှာ နန့်ကီး၊ အယ်နေ့၊ နော့‑က်ကာလစဉ်ဆစ် ပ္လောန်းလဲဘဲန နေတော်မူဟှယ်။ ထူးထူးပြားပြား ယူဝါဒသစ်လေ နော့‑က်ဟှို လိုက်ဘီး စိဖော့‑က်ပ္လန်ဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ စာအားဖြင့်မှုဘဲ ကျေးဇူးတော်အားဖြင့် စိနှလောင်းဟှို တည်ကြည်စေဟှူဇာဟှ ပိုဘီး ကောန်းမြတ်ဟှယ်။ စာအားဖြင့် သတ်ရှင်ရှော့‑က်လှမ်းဟှူ သူဟှာ ကျိုးဟှိုရဂေ့ဟှ။
10 တဲတော်မာ ဝတ်ပြုဟှူ သူလေ စားပိုင်ခွမ့် မှေ့ဘဲဟှူ ယဇ်ပလ္လင်ဟှာ နို့လေမာ ရှိဟှယ်။ 11 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယဇ်ပုရောဟိတ်မန်းဟှာ ပြစ်ဖြေဟှူ ယဇ်ကောန်ရဲ့ သွီးဟှို သန့်ရှင်းဆောင်းဌာနထဲဟှို ယူသွမ်းဆောန်ဘီးမှ ယဇ်ကောန်လေရဲ့ ကိုယ်ဟှို တပ်ပ္လန်မာ မီးရှို့ရဟှယ်။ 12 အယ်မျိုးတိုင်းဘဲ့ ယေရှုဟှာ သူ့ရဲ့သွီးန လူလေဟှို စင်ကြယ်စေဟှို့တွပ် ဗြို့ခွဗော့‑က်ပ္လန်မာ သေခံတော်မူလေဟှယ်။ 13 အယ်ကြောန့် နို့လေဟှာ အယ်သခင်နတူးဒူ ကဲ့ရဲ့ခံဘီး တပ်ပ္လန် ကိုယ်တော်နားဟှို ထွပ်ဟှားဂေ့ဇို့။ 14 ဖြားဖြစ်ဟှူကြောန့်နူးဆိုဟှာ အယ်လောကဟှာ နို့လေတွပ် တည်မြဲဟှူဗြို့ မှေ့ဟှ။ နော့‑က်ဖြစ်လာမယ့်ဗြို့ဟှိုဘဲ့ မျှော်လင့်နေဂေ့ဇာ ဖြစ်ဟှယ်။ 15 အယ်ကြောန့် နို့လေဟှာ နာမတော်ဟှို ဝန်ခံဘီး နှောက်ခမ်းသီးဖြစ်ဟှူ ချီးမွမ်းရှင်းယဇ်ဟှို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့တော်မာ မြဲဒမ်း ပူဇော်ဂေ့ဇို့။ 16 ကျေးဇူးပြုဟှူမှု အောက်စာဝီမျှဟှူ မှုလေဟှို မေ့ဂေ့န။ အယ်မျိုးပြုဟှူ ယဇ်ဟှို ဘုရားသခင်ဟှာ နှစ်သက်တော်မူဟှယ်။
17 နန်းနို့လေရဲ့ ခေါန်းဆောန်လေ စကားဟှို နှိခ္လဘီး နားထောန်ဂေ့ပါ။ သူးနို့လေဟှာ ကိုယ်တိုင် စစ်ကြောခံရဟှူ သူလေမျိုး နန်းနို့စိဝိညာဉ်ရဲ့ ကျိုးတွပ် စောန့်ရှော့‑က်နေဂေ့ဟှယ်။ နန်းနို့လေဟှာ သူးနို့စကားဟှို နားထောန်ဟှယ် ဆိုဟှာ သူးနို့လေ ဝန်းသာရှင်းန လောက်ဆောန်ဂေ့လေ့မယ်။ အယ်မျိုးမှုဘဲနေဟှာ သူးနို့လေ ဝန်းနဲရဟှူကြောန့် နန်းနို့လေ ဖယ်မျိုးလည်း ကျိုးရှိဟှို့ မှုဟှ။
18 နို့လေတွပ်လည်း ဆုတောန်းပေးဂေ့ပါ။ နို့လေဟှာ ကိုယ့်ကိုယ်ကိုယ် သိဟှူစိ ကြည်လင်ဟှယ် ဆိုဇာဟှို ယောင်ကြည်ဘီး ရာရာတိုင်းမာ ကောန်းကောန်းမွန်မွန် ကျင့်ကြံနေဂေ့ဟှို့တွပ် လိုရှင်သူ ဖြစ်ဟှယ် ဆိုဇာ စိစွဲလမ်းမှု ရှိဂေ့ဟှယ်။ 19 ငါဟှာ နန်းနို့လေနားဟှို ဗြန်းဗြန်ဟှား လာနိုင်ဟှို့တွပ် နို့လေဟှို ဆုတောန်းပေးဟှို့ ပိုဘီး နှိုးဆော်တောန်းဗန်ပါဟှယ်။
နိဂေါင်းချောက် ဆုတောန်းရှင်းကြောန်း
20 ထာဝရပဋိညာဉ်န ဆိုင်ဟှူ သူ့သွီးတော်*အားဖြင့် သိုးလေရဲ့ သိုးထီးဂီးဖြစ်ဟှူ နို့လေရဲ့ သခင်ယေရှုဟှို သေရှင်းဟှ နှုဆောန်တော်မူဟှူ ငြီသတ်ရှင်းရဲ့သခင် ဘုရားသခင်ဟှာ၊ 21 ရှေ့တော်မာ နှစ်သက်တော်မူဟှူ မှုရာလေဟှို ယေရှုခရစ်အားဖြင့် နန်းနို့လေဟှို ပြုတော်မူဘီး နန်းနို့လေဟှာ လိုတော်ဟှို လိုက်ရှော့‑က်ဂေ့ဟှို့တွပ် ကောန်းဟှူ ကျင့်ဘောန်းဇောင်လေန ပြုပြင်တော်မူပါစေ။ အယ်သခင်ယေရှုခရစ်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ! အာမင်။
နိဂေါင်းချောက် မှာဟှူစကားကြောန်း
22 ညီကို မောန်နှမလေ၊ ငါဟှာ နန်းနို့နားဟှို လိုရင်းတိုရှင်းအားဖြင့် ရေးပို့လိုက်ဟှူ အယ်မူ တိုက်တွန်း အားပေးစကားဟှို သီးခံဘီး ခံယူဟှို့တွပ် ငါတောန်းဗန်ပါဟှယ်။ 23 နို့လေရဲ့ညီ တိမောသေဟှာ လွတ်လာဘီ ဖြစ်ဟှူကြောန်းဟှို နန်းနို့လေဟှို သိစေရှင်ပါဟှယ်။ သူဗြန်းဗြန် ရော့‑က်လာဟှယ် ဆိုဟှာ ငါဟှာ သူ့နတူးဒူ နန်းနို့လေဟှို လာတွိမယ်။
24 နန်းနို့ ခေါန်းဆာန်လေန သန့်ရှင်းသူလေ ဂူလောင်းဟှို နှောက်ဆစ်ပါဟှယ်။ ဣတလိ ပြည်သူပြည်သားလေဟှာ နန်းနို့လေဟှို နှောက်ဆစ်ဂေ့ပါဟှယ်။
25 နန်းနို့လေ ဂူလောင်းမာ ကျေးဇူးတော် ရှိပါစေ။
* 13:20 သူ့သွီးတော်၊ အယ်မျိုးမှုဘဲနေဟှာ သူ့ရဲ့ သေခံပူဇော်မှု။