4
ဘုရားသခင်နှစ်သက်ဟှူ သတ်တာကြောန်း
နော့‑က်ဆောင်းပြောရှင်ဟှူဇာဟှ ညီကို မောန်နှမလေ နန်းနို့လေဟှာ ဘုရားသခင် နှစ်သက်စေဟှို့တွပ် ဖယ်မျိုး ပြုမူကျင့်ကြံရမယ် ဆိုဇာဟှို နို့လေသွန်သန်ဟှူတိုင်း နန်းနို့ ပြုကျင့်ဂေ့ဟှူမျိုး အယ်ထတ် ပိုဘီး ကြိုးစားအားထုဂေ့ဟှို့တွပ် သခင်ယေရှုနာမဟှို မှီပြုဘီး နို့လေ တိုက်တွန်းနှိုးဆော်ဘီးဟှာ တောန်းဗန်ပါဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ သခင်ယေရှုအားဖြင့် နန်းနို့လေဟှို ဖယ်မျိုး ညွှန်ကြားဟှားဟှူဇာလေဟှို နန်းနို့သိဂေ့ဟှယ်။ ဘုရားသခင်ရဲ့လိုတော်ဟှ နန်းနိုလေဟှို တရားဘဲဟှူ မေထုန်ဟှို ရှောန်ဘီး သန့်ရှင်းစေဟှို့တွပ်န၊ နန်းနို့ယော့‑က်ရှင်းစီဟှာ သန့်ရှင်းရှင်း၊ ဂေါင်သရေရှိရှင်းလေန ကိုယ့်ရဲ့ ကိုယ်ခန္ဓာဟှို ဖယ်မျိုး ထီးသီးရမယ် ဆိုဇာဟှို သိဘီးဟှာ* ဘုရားသခင်ဟှို သိဘဲဟှူ လူမျိုးခြားလေ ကိလေသာစိ တတ်မတ်ဟှူမျိုး တတ်မတ်ဘဲနေဟှို့တွပ်န၊ အယ်မျိုးဇာလေဟှို လွန်ကျူးဘီး ကိုယ့်ညီကို မောန်နှမလေဟှို ပရိယာယ်အားဖြင့် ပြစ်မှားဘဲနေဟှို့တွပ် လိုတော်ရှိပါဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ စစဒူးဟှ ဟောပြောဘီး ဒိပေးဟှားတိုင်း သခင်ဘုရားဟှာ အယ်မျိုးပြစ်မှားဇာဟှို ခံဟှူသူလေဟှို တရားစီရင်လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ညစ်ညူးစေဟှို့တွပ် နို့လေဟှို ခေါ်ဟှားဇာ မှုဟှ။ သန့်ရှင်းစေဟှို့တွပ် ခေါ်ဟှားဇာဖြစ်ဟှယ်။ အယ်ကြောန့် နို့လေဟှို ငြင်းပယ်ဟှူသူဟှာ လူဟှိုမျှဘဲ့ ငြင်းပယ်ရှင်းမှုဘဲန သူ့ရဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို နို့လေဟှိုပေးတော်မူဟှူ ဘုရားသခင်ဟှိုလည်း ငြင်းပယ်လိုက်ရှင်း ဖြစ်ဟှယ်။
ညီကိုမောင်နှမလေရှင်းရှင်းဟှာ ရှစ်ရှစ်ခင်ခင်နေဟှို့ကြောန်းနပတ်သတ်ဘီး နန်းနို့လေဟှို စာရေးဘီး ပေးလိုက်ဟှို့ကြောန်း မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ ရှင်းရှင်း ရှစ်ရှစ်ခင်ခင်နေဟှို့တွပ် ဘုရားသခင်နားဟှ သွန်သန်ခံဟှားရဟှူ သူလေ ဖြစ်ဂေ့ဟှူကြောန့် ဖြစ်ဟှယ်။ 10 အယ်လော့‑က်နမကဟှ နန်းနို့လေဟှာ မာကေဒေါနိပြည် တပြည်လောင်းမာရှိဟှူ ခရစ်ယာန်ညီကိုလေဟှို မြစ်တာပြဂေ့ပါဟှယ်။ အယ်ဘေမဲ့ ညီကိုမောင်နှမလေ နန်းနို့လေဟှာ အယ်ထတ်မက ပိုဘီး ရှစ်ရှင်းမြစ်တာပြဟှို့တွပ် ငါတိုက်တွန်းပါဟှယ်။ 11 နန်းနို့လေဟှို ရင်းရင်ဒူးဟှ နို့လေမှာဟှားဟှူတိုင်း ငြီးငြီဝပ်ဝပ်န နေထိုင်နိုင်ဟှို့တွပ် ကိုယ့်မှုကိစဟှို အာရောင်စိုက်ဘီး ကိုယ့်လတ်န ကြိုးစားလောက်ကိုင်ဂေ့ဟှို့တွပ် နို့လေတိုက်တွန်းနှိုးဆော် ပါဟှယ်။ 12 အယ်မူနည်းအားဖြင့် နန်းနို့လေဟှာ ယောင်ကြည်ဘဲဟှူ သူလေရဲ့ ကြည်ညိုလေးစားမှုဟှို ခံရဂေ့လေ့မယ်။ ဖယ်သူ့ဟှိုမှလည်း မှီခိုဇာလိုဟှို့ မှုဟှ။
သခင်ဘုရား ကြွလာတော်မူဟှူကြောန်း
13 ညီကို မောန်နှမလေ သေဟှားဘီးန မျှော်လင့်ရှင်းမှေ့ဘဲဟှူ သူလေမျိုး နန်းနို့လေ ကြေကွဲဝန်းနဲရှင်း ဖြစ်ဘဲဟှို့တွပ် နို့လေဟှာ သေဟှားဘီးသူလေနဆိုင်ဟှူ မှန်တရားဟှို နန်းနို့လေသိစေရှင်ပါဟှယ်။ 14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယေရှုဟှာ သေခံတော်မူဘီးန ရှင်ပ္လန်ထမြော့‑က်ရှင်းဟှို နို့လေယောင်ကြည်ဟှယ် ဆိုဟှာ ဘုရားသခင်ဟှ ယေရှုဟှို ယောင်ကြည်ဘီး သေဟှားသူလေဟှိုလည်း အယ်သခင်နတူးဒူ ပို့ဆောန်တော်မူလေ့မယ်။
15 +သခင်ဘုရားရဲ့ ဗျာဒိတ်တော်အားဖြင့် နော့‑က်ထပ်ငါပြောဟှူဇာဟှ သခင်ဘုရားကြွလာဟှူ ခီမာ သတ်ရှင်ဘီး ရှိနေဟှူနို့လေဟှာ သေဟှားဘီးသူလေထတ် ရင်ဦးဆောန်း နေရာက္လလေ့မယ်မှုဟှ။ 16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကြွေးကြော်ဟှူသံ၊ ကောန်းဂန်တမန်မန်းရဲ့သံ၊ ဘုရားသခင်ရဲ့ တံပိုးမှုဟှူသံလေနတူးဒူ သခင်ဘုရားကိုယ်တိုင် ကောင်းဂန်ဘောင်ဟှ ဆင်းကြွလာဘီး ခရစ်တော်နှိုက် သေဟှားဘီးသူလေဟှာ ရင်ဦးဆောင်း ထမြော့‑က်ဂေ့လေ့မယ်။ 17 အယ်ခီမာ သတ်ရှင်ဘီး ကျန်နေဟှူနို့လေဟှာ အာကာသကောန်းဂန်ထတ်မာ သခင်ဘုရားန တွိဆောင်ဟှို့တွပ် အယ်သူလေနတူးဒူ မိုးတီထတ်ဟှို ခီဆောန်ခံရဘီး သခင်ဘုရားနတူးဒူ မြဲဒမ်းနေရဂေ့လေ့မယ်။ 18 အယ်ကြောန့် အယ်မူစကားအားဖြင့် ယော့‑က်နယော့‑က် တိုက်တွန်းအားပေးဂေ့ပါ။
* 4:4 ကိုယ့်ရဲ့ ကိုယ်ခန္ဓာဟှို ဖယ်မျိုး ထီးသီးရမယ် ဆိုဇာဟှို သိဘီးဟှာ၊ အယ်မျိုးမှုဘဲနေဟှာ ကိုယ့်မယားန ဖယ်မျိုး နေထိုင်ရမယ် ဆိုဇာဟှို သိဟှယ်။ + 4:15 ၁ ကော ၁၅.၅၁,၅၂