4
ခရစ်တော်ရဲ့ ကိုယ်ခန္ဓာန တလောင်းတဝဒဲ ဖြစ်ကြောန်း
1 အယ်ကြောန့် သခင်ဘုရားရဲ့မှုတော်ဟှို လောက်ဆောန်ကြောန့် ထောန်ခ္လခံရဟှူငါဟှာ နန်းနို့လေဟှို တိုက်တွန်းဟှယ်။ နန်းနို့ဟှာ ဘုရားသခင် ခေါ်ဟှားဇာန ထိုက်တန်မျိုး ကျင့်ကြံဂေ့ပါ။
2 မြဲဒမ်း စိနှလောင်းဟှို နှိခ္လဂေ့ပါ၊ သိမ်မွေ့နူးညံ့ဂေ့ပါ၊ စိရှယ်ဂေ့ပါ၊ ယော့‑က်နယော့‑က်သီးခံဘီး မြစ်တာပြဂေ့ပါ။
3 နန်းနို့ဟှို စည်းလောင်းစေဘီး ငြီသတ်ရှင်းအားဖြင့် ဝိညာဉ်တော်ဟှပေးဟှူ စည်းလောင်း ညီညွတ်ဇာဟှို ထီးသီးဂေ့ပါ။
4 နန်းနို့ဟှို ဘုရားသခင်ဟှ ဝီးကော့‑က်ဘီး ခေါ်ဟှားဟှူကြောန့် မျှော်လင့်ဇာ တပါးဘဲ့ရှိမျိုး ကိုယ်ခန္ဓာတပါးဒဲ၊ ဝိညာဉ်တော်တပါးဒဲ ရှိဟှယ်။
5 သခင်တပါးဒဲ၊ ယောင်ကြည်ရှင်းတပါးဒဲ၊ ဗတ္တိဇံတပါးဒဲ၊
6 လူလေ ဂူလောင်းရဲ့ ဖဘုရားသခင် တပါးဒဲရှိဟှယ်။ အယ်ကိုယ်တော်ဟှာ လူလေ ဂူလောင်းဟှို အောက်စိုးဘီး လူလေအားဖြင့် လောက်ဆောန်ဘီး လူလေထဲမာလည်း ရှိနေဟှယ်။
7 ခရစ်တော်ပေးဟှားတိုင်း နို့လေ တယော့‑က်ချင်းစီဟှာ ထူးခြားဟှူဆုကျေးဇူးဟှို ခံစားရဂေ့ဟှယ်။
8 ကျမ်းစာလာဟှားတိုင်း
“ကိုယ်တော်ဟှာ ထတ်ဟှို တတ်ကြွဟှားဟှူ ခီမာ
လူလေဘောင်ဂီးဟှို ဖမ်းဆီးခေါ်ဆောန်ဟှားဘီးဟှာ
လူလေဟှို ဆုကျေးဇူးလေဟှို ပေးဟှယ်။”
9 တတ်ဟှားဟှယ် ဆိုဘီး ပြောဇာဟှာ မ္လေဂီးရဲ့ အော့‑က်ဆောင်းဟှို ဆင်းဟှားဟှယ် ဆိုဘီး ပြောဇာမှုဘဲနေဟှာ ဖြားဇာ ဖြစ်အူးမယ်နူး။
10 အယ်ကြောန့် ဆင်းဟှားဟှူ ကိုယ်တော်ဟှာ ရှိမျှဂူလောင်းဟှို ပ္လဲ့ဇောင်စေဟှို့တွပ် ကောန်းဂန်ဘောင်ဟှို တတ်ဟှားဟှူ ကိုယ်တော်လည်း ဖြစ်ဟှယ်။
11 အယ်ဘီးန ကိုယ်တော်ဟှာ တချို့လေဟှို တမန်တော်ဖြစ်၊ တချို့လေဟှို ပရောဖက်ဖြစ်၊ တချို့လေဟှို ဒန်းကောန်းဟောပြောသူဖြစ်၊ တချို့လေဟှို သင်းအောက်ဖြစ်န ဆရာဖြစ် ခန့်ဟှားလေဟှယ်။
12 အယ်မျိုးလောက်ဇာဟှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟှို တည်ဆော့‑က်ဟှို့တွပ် ဘုရားသခင်ရဲ့ သန့်ရှင်းဟှူလူလေဟှို ကူညီဟှို့တွပ် ပြင်ဆင်ဟှားဟှူဇာ ဖြစ်ဟှယ်။
13 အယ်ကြောန့် နို့လေရဲ့ ယောင်ကြည်ရှင်းအားဖြင့်ရော၊ ဘုရားသခင်ရဲ့ သားတော်ဟှို သိကျွမ်းရှင်းအားဖြင့်ရော၊ နို့လေ ရဂေ့ဟှူဇာဟှာ တလောင်းတဝဒဲဖြစ်ဂေ့ဘီး ခရစ်တော်ရဲ့ ပ္လဲ့ဇောင်မှုတိုင်း ရင့်ကျက်ဟှူ လူလေဖြစ်ဟှို ရော့‑က်ဟှားဂေ့ဟှယ်။
14 အယ်ခီမာ နို့လေဟှာ လီညာဘီးဟှား လူလေဟှို လမ်းလွဲအောန်ပြောတတ်ဟှူ လူလေရဲ့ ဩဝါဒ လှိုင်းလောင်းလေထဲမာ ပါဟှားဟှူ သားဂန်ဟှားမျိုး ဖြစ်ဂေ့ဇာ မှုဟှ။
15 အယ်ဘေမဲ့ နို့လေဟှာ မြစ်တာန သမ္မာတရားဟှို ပြောဟှူကြောန့် သင်းတော်ရဲ့ ဦးခေါန်းဖြစ်ဟှူ ခရစ်တော်မာ စစရာရာမာ ကီးထွားရှင်းဟှို ရဂေ့ဟှယ်
16 ကိုယ်တော်ရဲ့ စီမံအောက်ချောက်ရှင်း အော့‑က်မာ ကိုယ်အင်္ဂါရှိမျှဟှာ တခုနခု ဆစ်ပိုင်းဟှားလေန ဆစ်စပ်ဘီးနေဂေ့ဟှယ်။ အယ်ကြောန့် ကိုယ်အင်္ဂါတိုင်းဟှာ သူးနို့နဆိုင်ဟှူ လောက်တာဝန်ဟှို လောက်ဆောန်ဂေ့ဟှူ ခီမာ ကိုယ်ခန္ဓာတခုလောင်းဟှို မြစ်တာန တည်ဆော့‑က်ဟှားဘီးဟှာ ကီးထွားစေဟှယ်။
ခရစ်တော်ကြောန့်ရဟှူ ဘဝသစ်ကြောန်း
17 အယ်ကြောန့် နန်းနို့ဟှာ ဘုရားတရားမှေ့ဘဲဟှူ လူမျိုးခြားလေမျိုး ကျင့်ဂေ့ဘဲဟှို့တွပ် သခင်ဘုရားရဲ့ နာမတော်ဟှို မှီပြုဘီးဟှာ ငါဟှာ ဒိပေးရှင်ဟှယ်။ သူးနို့ကြံစည်လေဟှာ ချည်းနှီးဘဲ့ ဖြစ်ဟှယ်။
18 သူးနို့ဟှာ စိနှလောင်းမာဘီး ဉာဏ်ပညာမှေ့ဘဲ သိတရားလောင်းဝမှေ့ဘဲန ခေါန်းမာဟှူကြောန့် ဘုရားသခင် ပေးဟှားဟှူသတ်န ကွားဘီးဟှာ ရှိနေဂေ့ဟှယ်။
19 သူးနို့ဟှာ ရှစ်ကြော့‑က်ဟှူစိ မှေ့ဘဲ ညစ်ညူးဟှူဇာ မျိုးမျိုးဟှို ရရာတိုင်း တတ်မတ်ဟှူစိန လောက်ဟှူကြောန့် သူးနို့ဟှို ကာမဂေါင်လိုက်စားရှင်းရဲ့ လတ်ထဲဟှို အပ်လိုက်ဂေ့ဟှယ်။
20 ခရစ်တော်ရဲ့ လမ်းစဉ်ဟှာ အယ်မျိုးလမ်းစဉ် မှုဘဲကြောန်းဟှို နန်းနို့ဟှာ သွန်သန်ခံရပီးဘီ။
21 ကိုယ်တော်ရဲ့ကြောန်းဟှို မှန်ဘဲ့ နန်းနို့ဟှာ ကြားရဂေ့ပီးဘီ။ ကိုယ်တော်ရဲ့ တဗဲ့တော်လေနေန သခင်ယေရှုရဲ့ သမ္မာတရားကြောန်းဟှို နန်းနို့ ကြားရပီးဘီ။
22 အယ်ကြောန့် ရင်ဟှ သတ်ရှင်လာဟှူ လူဟောန်းဘဝဟှို လွှတ်ပစ်ဂေ့။ လှည့်ဇားတတ်ဟှူ စိဆန္ဒလေကြောန့် သောင်းဟှို့မျှဘဲဟှူ လူဟောန်းဟှို လွှတ်ပစ်ဂေ့ပါ။
23 နန်းနို့ဟှာ စိနှလောင်းသဘောဟှို သစ်ပြုပြင်ခံရဘီး၊
24 ဘုရားသခင်ရဲ့ ပေါင်သဏ္ဌန်တော်နညီ ဖန်ဆင်းဇာဟှိုခံရဘီး သမ္မာတရားနဆိုင်ဟှူ ဖြောန့်မတ်သန့်ရှင်းဟှူ လူသစ် ဖြစ်ရဂေ့ဟှယ်။
25 အယ်ကြောန့် မုသားစကားဟှို ပြောဂေ့န။ နို့လေ ဂူလောင်းဟှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာစိပိုင်းလေ ဖြစ်ဂေ့ဟှူကြောန့် ယောင်ကြည်သူ ရှင်းရှင်းဟှာ မှန်ဟှူ စကားဟှိုဘဲ့ ပြောဂေ့ပါ။
26 ဒေါသထွပ်ဘေမဲ့ ပြစ်လောက်ဂေ့န။ ဒေါသပြေဘဲန နေဝမ်စေန။
27 မာရ်နတ်ဟှိုလည်း ခွမ့်ပေးဂေ့န။
28 ခိုးတတ်ဟှူလူဟှာ နော့‑က်ထပ်ခိုးဘဲန လိုရှင်နေဟှူ လူလေဟှို ပေးဇာရှိဟှို့တွပ် သူ့ရဲ့လတ်န ကောန်းဟှူ လောက်လေဟှို အားထုဘီး လောက်စေ။
29 နန်းနို့နှောက်ထဲဟှ ကောန်းဘဲဟှူ စကားလေ တခွန်းလည်း ထွပ်စေန။ ကြားရဟှူ လူလေဟှာ ကျိုးရှိဟှူစကား၊ တည်ဆော့‑က်ဟှူစကားဟှိုဘဲ့ ပြောဂေ့ပါ။ အယ်မျိုးမှ နန်းနို့စကားဟှို ကြားရဟှူ လူလေဟှာ ကျိုးကျေးဇူးဟှို ခံရလေ့မယ်။
30 ဘုရားသခင်ရဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို စိနာစေန။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဝိညာဉ်တော်ဟှာ နန်းနို့ဟှို ဘုရားသခင်ပိုင်ဟှူကြောန်းဟှို သတ်သေခံဟှူတဇိ မှတ်သားဖြစ်ဘီး နော့‑က်ဆောင်း နေ့ရစ်ကာလမာ နန်းနို့ဟှာ ကိုယ်တော်ရဲ့ ကယ်တန်ဇာဟှို ခံရလေ့မယ်ဖြစ်ဟှယ် ဆိုဇာဟှို အာမခံချစ် ဖြစ်ဟှူကြောန့် ဖြစ်ဟှယ်။
31 အယ်ကြောန့် နာကြည်းရှင်း၊ စိဆိုရှင်း၊ ဒေါသထွပ်ရှင်း၊ အော်ဘီးပြောရှင်း၊ တခြားသူဟှိုကဲ့ရဲ့ရှင်း၊ လူလေဟှိုမူးရှင်းလေဟှို ဖယ်ရှာဂေ့ပါ။
32 နန်းနို့ဟှာ ယော့‑က်နယော့‑က် ကရုဏာထားဘီး ရှစ်ဂေ့ပါ။ ဘုရားသခင်ဟှာ ခရစ်တော်အားဖြင့် နန်းနို့ဟှာ ပြစ်ခွမ့်လွှတ်ခံရမျိုး နန်းနို့ဟှာ ယော့‑က်နယော့‑က် ပြစ်ဟှို လွှတ်ဂေ့ပါ။