6
1 နို့လေဟှာ ဘုရားသခင်ရဲ့ လောက်ဖော်ဆောန်ဖတ်လေ ဖြစ်ဂေ့ဟှူကြောန့် နန်းနို့ရဟှားဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချည်းနှီးဖြစ်စေဘဲဟှို့တွပ် နန်းနို့ဟှို တောန်းဗန်ပါဟှယ်။
2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှ
“ငါဟှာ နန်းနို့ဟှို ကျေးဇူးပြုဟှို့တွပ် ခီရော့‑က်လာဟှူ ခီမာ
နန်းနို့ရဲ့ စကားဟှို ငါ နားထောန်ဟှယ်။
ကယ်တန်ဟှို့နေ့ရစ် ရော့‑က်လာဟှူ ခီမာ နန်းနို့ဟှို ကူညီဟှယ်”
ဆိုဘီး မိန့်တော်မူဟှယ်။ နားထောန်ဂေ့! ဘုရားသခင်ရဲ့ ကျေးဇူးပြုဇာဟှို လတ်ခံဟှို့ခီဟှ ခုဘဲ့ဖြစ်ဟှယ်။ ကယ်တန်ခံရဟှို့ နေ့ဟှာလည်း အယ်နေ့ဘဲ့ဖြစ်ဟှယ်။
3 နို့လေရဲ့ မှုဆောန်လောက်ဟှို ဖယ်သူလည်း ပြစ်ရှာဇာဟှို လိုရှင်ဘဲ့ကြောန့် နို့လေဟှာ တခြားလူလေရဲ့ရှေ့မာ ထိမိဘီးလဲဇာဟှို ခုလည်းလောက်ဟှ။
4 အယ်မျိုး လောက်မယ့်စား ဆင်းရဲဒေါက်ခလေ၊ ခတ်ခဲဇာလေန ကျတ်တဲဇာလေဟှို စိရှယ်သီးခံဘီး ကိစဂူလောင်းဟှို နို့လေဟှာ ဘုရားသခင်ရဲ့စေခံလေ ဖြစ်ဟှူကြောန်းဟှို ပြဂေ့ဟှယ်။
5 နို့လေဟှာ ရိုက်ခံရရှင်းလေ၊ ထောန်ခ္လခံရရှင်းလေ၊ ရောင်းရင်းဆန်ခတ် လောက်ရှင်း ခံရရှင်းလေ၊ လောက်ကြိုးစားရှင်းလေ၊ အိရေးပျစ်ဟှူ ညဉ့်လေန စာငတ်ခံရရှင်းလေ၊
6 စင်ကြယ်သန့်ရှင်း၊ ပညာဒိရှိရှင်း၊ သီးခံရှင်းန ကြင်နာသနားရှင်းလေ၊ သန့်ရှင်းဟှူဝိညာဉ်တော်နရော၊ စစ်မှန်ဟှူ မြစ်တာလေနရော၊
7 သမ္မာတရားန ဘုရားသခင်ရဲ့ တဂိုးတော်ဟှိုရော၊ ဘယ်လတ်န ညာလတ်ထဲမာရှိဟှူ ဖြောန့်မတ်ရှင်းရဲ့ လတ်နတ်လေဟှိုရော၊
8 ချီးမြှော့‑က်ရှင်းန ရှောက်ခ္လရှင်း၊ ကဲ့ရဲ့ရှင်းန ချီးမွမ်းရှင်း၊ လူလီလူညာလေဖြစ် သတ်မှတ်ဂေ့ဘေမဲ့ ဟောက်မှန်ဟှူသူ၊
9 လူသိနဲဟှူလူဖြစ် သတ်မှတ်ဘေမဲ့ လူသိများဟှူလူ၊ လူသေမျိုးဖြစ်ဘေမဲ့ နို့လေဟှာ သတ်ရှင်နေဟှူလူ၊ ပြစ်ဒန်ခံရဘေမဲ့ သတ်ခံရဘဲဟှူလူ၊
10 ဝန်းနဲဘေမဲ့ မြဲဒမ်းဝန်းသာဟှူသူ၊ ဆင်းရဲသားမျိုး ဖြစ်ဘေမဲ့ လူလေဘောင်ဂီးဟှို ကြွယ်ဝစေဟှူသူ၊ ဖြားလည်းမှေ့ဘဲမျိုး ဖြစ်ဘေမဲ့ ဂူလောင်းဟှို ပိုင်ဟှူသူလေ ဖြစ်ဂေ့ဟှယ်။
11 ကောရိန္သုဗြို့မာရှိဟှူ မိဆွေလေ၊ နို့လေဟှာ နန်းနို့ဟှို ပွမ့်ပွမ့်လန်းလန်းဟှား ပြောဟှားဟှယ်။ နို့လေရဲ့ စိနှလောင်းဟှို နန်းနို့တွပ် က္လယ်ဂီး ဖွမ့်ဟှားဟှယ်။
12 စိနှလောင်းဟှို ပိဟှားဟှူလူဟှာ နို့လေမှုဟှ။ နန်းနို့ဟှဘဲ့ စိနှလောင်းဟှို နို့လေတွပ် ပိဟှားဂေ့ဟှယ်။ ခု ငါဟှာ သနားကြင်နာမှုန ငါ့ရဲ့ သားမီးလေမျိုး ပြောနေဟှယ်။
13 နို့လေဟှို ကျေးဇူးဆပ်ဟှူနေန နန်းနို့ရဲ့ စိနှလောင်းလေဟှို က္လယ်ဂီးဖွမ့်ဟှားဂေ့ပါ။
ယောင်ကြည်ဘဲဟှူ သူလေန ပတ်သတ်ဘီးဟှာ ဒိပေးကြောန်း
14 ယောင်ကြည်ဘဲဟှူ လူလေန တွဲဘီးဟှား လောက်ဂေ့န။ တွဲဘီးလောက်ဆောန်ဟှို့တွပ်လည်း ဖြစ်နိုင်ဟှ။ တရားဘဲဟှူဇာန ဖြောန့်မတ်ဟှူဇာဟှာ ဖယ်မျိုး မိတ်သဟာယ ဖွဲ့နိုင်ဟှို့နူး။ လန်းရောန်န မှောန်ဟှာ ဖယ်မျိုးတွဲဘီး နေနိုင်ဟှို့နူး။
15 ခရစ်တော်ဟှာ စာတန်န ဖယ်မျိုး ဘောတူနိုင်ဟှို့နူး။ ယောင်ကြည်ဟှူလူဟှာ ယောင်ကြည်ဘဲဟှူလူန ဖယ်မျိုး ဘောတူညီဘီး နေနိုင်ဟှို့နူး။
16 ဘုရားသခင်ရဲ့ ဗိမာန်တော်ဟှာ ရောက်ထုလေန ဖယ်မျိုး ဘောတူညီချစ် ရနိုင်ဟှို့နူး။ နို့လေဟှာ သတ်ရှင်ဟှူ ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ဂေ့ဟှယ်။ ဘုရားသခင်ဟှ၊
“ငါဟှာ ငါ့ရဲ့ လူစုထဲမာ ကိန်းဝပ်မယ်။ သူးနို့နားမာ နေမယ်။
ငါဟှာ သူးနို့ရဲ့ ဘုရားသခင်ဖြစ်ဘီး သူးနို့ဟှလည်း ငါ့ရဲ့ လူမျိုးစု ဖြစ်ဂေ့လေ့မယ်၊”
17 အယ်ကြောန့် ဘုရားသခင်ဟှ
“အယ်လူလေထဲဟှ ထွပ်လာဂေ့။ သူးနို့န ပေါန်းဂေ့န။
စင်ကြယ်ဘဲဟှူ ဇာလေဟှို လတ်န ထိဂေ့န။ အယ်မျိုးဆိုဟှာ ငါဟှာ နန်းနို့ဟှို လတ်ခံမယ်။
18 ငါဟှာ နန်းနို့ရဲ့ ဖဖြစ်မယ်။ နန်းနို့ဟှလည်း ငါ့ရဲ့ သားမီးလေ ဖြစ်ဂေ့လေ့မယ် ဆိုဘီး
အနန္တတဂိုးရှင် ဘုရားသခင်ဟှ မိန့်တော်မူဟှယ်” ဆိုဘီး ပြောလေဟှယ်။