11
ပေါလုန တမန်တော်တုယောန်လေကြောန်း
ငါမိုက်မဲဟှူပြစ်ဟှို နန်းနို့ဟှာ သီးခံဂေ့လေ့မယ် ဆိုဇာဟှို ငါဟှာ မျှော်လင့်ဟှယ်။ ကျေးဇူးပြုဘီးဟှာ သီးခံဂေ့ပါ။ ဘုရားသခင်ဟှာ နန်းနို့ဟှို နာလိုဘဲ့စိ ရှိဟှူမျိုးဘဲ့ ငါဟှလည်း နန်းနို့ဟှို စိုးရိမ်ဟှူစိန၊ နန်းနို့ဟှို ခရစ်တော်တယော့‑က်တည်းန မင်္ဂလာဆောန်ပေးဟှို့တွပ် ငါဟှ ဂဒိပြုဟှားဟှူ၊ သန့်ရှင်းစင်ကြယ်ဟှူ ပျိုကညာန တူဂေ့ဟှယ်။ ဧဝဟှာ ဗွီရဲ့ကော့‑က်ကျစ်မှုန လှည့်ဇားခံရဟှူမျိုး နန်းနို့ဟှလည်း စိဖော့‑က်ပ္လန်ဘီးဟှာ ခရစ်တော်ဟှို ကြွင်းမဲ့ချစ်ဘီး စွဲလန်းဟှူစိ ပျော့‑က်ဟှားမာဟှို ငါစိုးရိမ်ဟှယ်။ လူတယော့‑က်ဟှာ နန်းနို့နားဟှို ရော့‑က်လာဘီး နို့လေပြောဖူးဘဲဟှူ တခြားတပါးဖြစ်ဟှူ ယေရှုရဲ့ကြောန်းဟှို ဟောပြောဟှူ ခီမာ နန်းနို့ဟှာ လတ်ခံဂေ့ဟှယ်။ နန်းနို့ဟှာ နို့လေနားဟှနေ ကြားရဟှူ ဒန်းကောန်းန လောင်းဝတူဘဲ့ဟှူ ဒန်းကောန်းဟှိုရော၊ ရင်းရင်ဒူးဟှ ခံယူဟှားဟှူ ဝိညာဉ်တော်န လောင်းဝတူဘဲ့ဟှူ ဝိညာဉ်တော်ဟှိုရော လတ်ခံဂေ့ဟှယ်။
ငါဟှာ နန်းနို့ရဲ့ ကီးဆောင်းဖြစ်ဟှူ တမန်တော်လေထတ် နိက္လဟှ ဆိုဇာဟှို ငါသိဟှယ်။ ငါဟှာ ဟောပြောဇာ ကောန်းဟှဘေမဲ့ သိပညာမာ ညံ့ဟှ။ နို့လေဟှာ အယ်ချစ်ဟှို ခြေနေဘောန်းဇောင်မာ နန်းနို့ဟှို ကောန်းကောန်းဟှား သိစေဟှယ်။
ငါဟှာ နန်းနို့ ချီးမြှော့‑က်ခံရဟှို့တွပ် ကိုယ့်ကိုယ်ကိုယ် နှိခ္လဘီးဟှာ ဘုရားသခင်ရဲ့ ဒန်းကောန်းဟှို နန်းနို့ဟှို အလဂါးဟောပြောဇာဟှာ ပြစ်ရှိလော။ ငါဟှာ နန်းနို့နားမာ မှုတော်ဆောန်ဟှူခီဒူးဟှ ကူဟှားဟှူ စရိလေဟှို တခြားသင်းတော်လေဟှို ကူညီခိုင်းဟှယ်။ နို့လေဟှာ နန်းနို့ဟှို ကူညီနိုင်ဟှို့တွပ် သင်းတော်လေမာ မ္လတိုက်ရဟှူမျိုးဘဲ့ဖြစ်ဟှယ်။ +ငါဟှာ နန်းနို့နားမာ ရှိနေဟှူ ခီမာ ကပ်လိုနေဟှူ ခီမာ နန်းနို့ဟှို ငါဟှ ဒေါက်ခပေးဟှ။ မာကေဒေါနိပြည်ဟှနေ လာဂေ့ဟှူ ယောင်ကြည်သူလေဟှ ငါလိုရှင်မျှဟှို ယူလာဂေ့ဟှယ်။ ငါဟှာ ကိုယ့်တွပ်န ဖယ်သူဟှိုလည်း ဝန်လေးခိုင်းဟှ။ နော့‑က်မာလည်း ဝန်လေးခိုင်းဟှ။ 10 အယ်မျိုး ငါဟှ ကြွားဘီးပြောဇာဟှို အခါယပြည် တရှော့‑က်လောင်းမာ ဖယ်သူလည်း တားဟှို့ရဘဲဟှူကြောန်းဟှို ငါ့မာရှိဟှူ ခရစ်တော်ရဲ့ သမ္မာတရားဟှို မှီပြုဘီးဟှာ ငါပြောဟှယ်။ 11 ဖြားဖြစ်ကြောန့်နူး။ ငါဟှ နန်းနို့ဟှို ရှစ်ဘဲ့ကြောန့်လော။ ငါရှစ်ကြောန်းဟှို ဘုရားသခင်ဟှ သိဟှယ်။
12 အယ်ဘေမဲ့ နို့လေမျိုး လောက်ဆောန်ဟှယ် ဆိုဘီး ကြွားဘီးပြောဟှူဇာလေဟှို အယ်တမန်တော်လေဟှ ရနိုင်ဂေ့ဘဲတွပ် ငါဟှာ ခုတိုင်းဘဲ ဆစ်ဘီးဟှာ လောက်ဆောန်ဟှားမယ်။ 13 အယ်လူလေဟှာ တမန်တော်တုယောန်လေဘဲ့ ဖြစ်ဂေ့ဟှယ်။ သူးနို့ကိုယ်သူးနို့ ခရစ်တော်ရဲ့ တမန်တော်လေဖြစ် ယောန်ဆောန်ဘီးဟှာ လှည့်ဇားဘီး လောက်ဆောန်ဟှူ လူလေဖြစ်ဟှယ်။ 14 သူးနို့လေဟှာ အယ်မျိုးလောက်ဟှူဇာဟှာ အံ့ဩဇာ မှုဟှ။ စာတန်ကိုယ်တိုင်ဘဲ့ လန်းဟှူ ကောန်းဂန်တမန် ပေါင်ဇံန ယောန်ဆောန်နိုင်ဟှယ်။ 15 အယ်ကြောန့် သူ့ရဲ့ တဗဲ့လေဟှာ ဖြောန့်မတ်ရှင်းရဲ့ စေခံဖြစ်န ယောန်ဆောန်ဂေ့ဇာဟှာ အံ့ဩဇာ မှေ့ဟှ။ နော့‑က်ဆောင်းမာ သူးနို့ဟှာ သူးနို့ ကျင့်ကြံပြုမူဟှားဟှူတိုင်းဘဲ့ ကျိုးပြစ်လေဟှို ခံစားရဂေ့လေ့မယ်။
တမန်တော်နေန ပေါလုခံရဟှူ ဆင်းရဲဒေါက်ခကြောန်း
16 နော့‑က်ထပ် ငါပြောမယ်။ ငါ့ဟှို လူမိုက် ဆိုဘီး ဖယ်သူလည်း ထန်မှတ်စေန။ အယ်ဘေမဲ့ နန်းနို့ဟှာ ထန်မှတ်ဂေ့မယ် ဆိုဟှာလည် လူမိုက်နေနဘဲ့ ငါဟှို လတ်ခံဂေ့ပါ။ အယ်မျိုးဖြစ်မှ ငါ့မာဝါကြွားဇာ နဲနဲဟှားရနိုင်မယ်။ 17 ခု ငါဟှာ ရဲရင့်ဘီးဟှာ ကြွားဘီးပြောနေဇာဟှာ သခင်ဘုရားရဲ့ လိုတော်ရ မှုဟှ။ လူမိုက်မျိုးဘဲ့ ဝါကြွားနေဇာ ဖြစ်ဟှယ်။ 18 အယ်ဘေမဲ့ လူလေဟှ လောကရာလေတွပ်ကြောန့် ဝါကြွားတတ်ဂေ့ကြောန့် ငါဟှလည်း ဝါကြွားဟှယ်။ 19 နန်းနို့ဟှာ ပညာရှိဟှူလူလေ ဖြစ်ဟှူကြောန့် လူမိုက်လေဟှို ဝန်းသာဘီးဟှာ သီးခံဂေ့ဟှယ်။ 20 တခြားလူလေဟှ နန်းနို့ဟှို ကျွန်ခံခိုင်းဇာ၊ ခွမ့်ရေးယူဇာ၊ မ္လတ်ထုဇာ၊ ထန်သေးဇာ၊ ပါးရိုက်ဟှူဇာလေဟှို သီးခံဂေ့ဟှယ်။ 21 နို့လေဟှာ အယ်မျိုးမှုလေဟှို နန်းနို့ဟှိုလောက်ဟှို့ သတ်တိမှေ့ဘဲကြောန့် ယှစ်ယှစ်ကြော့‑က်ကြော့‑က်နဘဲ့ ဝန်ခံရဟှယ်။
အယ်ဘေမဲ့ လူမိုက်နေန ပြောရမယ် ဆိုဟှာ ယော့‑က်ယော့‑က်ဟှ တခုခုဟှို ဝါကြွားမယ် ဆိုဟှာ ငါဟှလည်း ဝါကြွားနိုင်ဟှယ်။ 22 သူးနို့ဟှာ ဟေဗြဲလူမျိုး ဖြစ်ဟှယ် ဆိုဟှာ ငါလည်း ဖြစ်ဟှယ်။ သူးနို့ဟှာ ဣသရေလလူမျိုး ဖြစ်ဟှယ် ဆိုဟှာ ငါလည်း ဖြစ်ဟှယ်။ သူးနို့ဟှာ အာဗြဟံမျိုးနွယ် ဖြစ်ဟှယ် ဆိုဟှာ ငါလည်း ဖြစ်ဟှယ်။ 23 +သူးနို့လေဟှာ ခရစ်တော်ရဲ့ စေခံလေ ဖြစ်ဟှယ် ဆိုဟှာ ငါဟှာ ထူးသဖြင့် ဖြစ်ဟှယ် ဆိုဘီး ရူးတယော့‑က်မျိုး ငါပြောဟှယ်။ ငါဟှာ အယ်လူလေထတ် ပိုဘီး ဟှာ ပန်ဗန်းခံဘီးဟှာ မှုတော်ဆောန်ဟှယ်။ သူးနို့ထတ် ပိုဘီး ဟှာ ခါဘီးခါ ထောန်က္လဖူးဟှယ်။ ပိုဘီး ဟှာ ကီဒန်ခံရဟှယ်။ သေဘေးလေန ခါဘီးခါ ရင်ဆိုင်ရဟှယ်။ 24 ယုဒလူမျိုးလေဟှာ ငါ့ဟှို သောင်းဆယ်ကိုးချစ် ရိုက်ခံရဟှူဇာဟှို ငါးခါတိတိ ခံရဟှယ်။ 25 +ရောမလူမျိုးလေနားမာ သောင်းခါတိတိ ကီဒန်ခံရဟှယ်။ က္လော့‑က်ခဲနလည်း တခါပစ်ခံရဟှယ်။ သန်းဖောပျစ်ဇာလည်း သောင်းခါလော့‑က် ဖြစ်ဟှယ်။ ပန်လယ်ပ္လန်မာလည်း တရစ်လောင်းလောင်း နေရဟှယ်။ 26 +ငါဟှာ ခါဘီးခါ ခရီးသွားဟှူ ခီမာ ရေကီးဟှူဘေး၊ မ္လတိုက်ခံရဟှူဘေး၊ ငါ့လူမျိုးလေဟှ လောက်ဟှူဘေး၊ လူမျိုးခြားလေဟှ လောက်ဟှူဘေး၊ ဗြို့ဂီးလေမာ တွိရဟှူဘေး၊ တောဝါလေမာ တွိရဟှူဘေး၊ ပန်လယ်ဘေး၊ မိဆွေယောင်ဆောန်ဟှူ ဘေးလေန တွိကြောင်ရဟှယ်။ 27 လောက်လေဟှို ခတ်ခတ်ခဲခဲ လောက်ရဟှူဇာ၊ မကြာမကြာ အိပျစ်ဇာ၊ စာငတ်ခံရဟှူဇာ၊ ရေလည်းငတ်ဟှူဇာ၊ မကြာမကြာ စားဇာမှေ့ဘဲဟှူဇာ၊ အေးဒန်ခံရဟှူဇာ၊ ဝတ်ဇာမှေ့ဘဲန နေရဇာ၊ အယ်မျိုး ဆင်းရဲဟှူဇာလေဟှို ငါခံရဟှယ်။ 28 အယ်မျိုး ဆင်းရဲဒေါက်ခရော၊ တခြား ဆင်းရဲဒေါက်ခလေနဟှို မှုဘဲန သင်းတော်တွပ်လည်း နေတိုင်း စိုးရိမ်ပူပန်နေရဟှယ်။ 29 အားနဲဟှူလူ ရှိဟှူ ခီမာ ငါ့ဟှလည်း အားနဲရဟှယ်။ ယော့‑က်ယော့‑က်ဟှ ပြစ်လောက်ဆိုဟှာလည်း ငါဟှာ ပူပန်ရဟှယ်။
30 ငါဟှာ ကြွားရမယ် ဆိုဟှာ ငါ့ရဲ့အားနဲဟှူ ဇာလေဟှိုဘဲ့ ကြောန်းပြုဘီးဟှာ ကြွားရဟှယ်။ 31 ငါဟှာ လီညာဘီး ပြောဘဲကြောန်းဟှို သခင်ယေရှုရဲ့ ဖ ဘုရားသခင်ဟှ သိဟှယ်။ အယ်သခင်ရဲ့ နာမတော်ဟှာ ထာဝရမင်္ဂလာ ရှိပါစေ။ 32 +ငါဟှာ ဒမာသက်ဗြို့မာ ရှိဟှူ ခီမာ အရေတမန်းဂီးရဲ့ လတ်အော့‑က်ခံဖြစ်ဟှူ လူဟှာ ငါ့ဟှို ဖမ်းဟှို့တွပ် ဗြို့ခွဗော့‑က်လေမာ တပ်သားလေဟှို စောန့်ခိုင်းဟှားဟှယ်။ 33 တဗဲ့တော်လေဟှာ ငါ့ဟှို ခြင်းတောန်းထဲဟှို ထဲ့ဘီးဟှာ လတ်တန်ဗော့‑က်ဟှနေ တဆင့် ဗြို့ရိုးထတ်ဟှနေ ရှောခ္လဂေ့ကြောန့် ငါဟှာ အယ်လူလေ လတ်ဟှနေဘီး လွတ်ဟှားဟှယ်။
+ 11:9 ဖိ ၄.၁၅–၁၈ + 11:23 တ ၁၆.၂၃ + 11:25 တ ၁၆.၂၂; တ ၁၄.၁၉ + 11:26 တ ၉.၂၃; တ ၁၄.၅ + 11:32 တ ၉.၂၃–၂၅