4
ခရစ်တော်ရဲ့ တမန်တော်လေကြောန်း
နို့လေဟှာ ခရစ်တော်ရဲ့ မှုဆောန်ဖြစ်ဟှူဇာန ဘုရားသခင်ရဲ့ နတ်နဲဟှူသမ္မာတရားဟှို စောန့်ရှော့‑က်ဟှူ ဘဏ္ဍာထီးဖြစ်ဟှူဇာဟှို သူများလေ မှတ်ယူပါစေ။ အယ်ဘဏ္ဍာထီးဟှာ သစ်စာရှိဟှူသူ ဖြစ်ဟှူကြောန်းဟှို သိမှတ်ပြုခံရဟှူသူဖြစ်ရမယ်။ ငါဟှာ နန်းနို့လေနားမာဘဲ့ဖြစ်ဖြစ်၊ လူလေရဲ့စဉ်လာနဘဲ့ဖြစ်ဖြစ် စစ်ခံရမယ် ဆိုဟှာ ငါမှုထားဟှ။ ငါဟှာ ကိုယ့်ကိုယ်ကိုယ်လည်း စီရင်ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့ရဲ့ဩတ္တပ္ပစိဟှာ ရှင်းရှင်းလန်းလန်းဘဲ့ရှိဟှယ်။ အယ်ဘေမဲ့ ငါ့မာပြစ်မှေ့ဟှ ဆိုဘီး ဆိုလိုဟှူဇာ မှုဟှ။ ငါ့ဟှို စစ်ကြောစီရင်သူဟှာ သခင်ဘုရားဘဲ့ ဖြစ်ဟှယ်။ အယ်မျိုးဖြစ်ကြောန့် သခင်ဘုရား ကြွလာခန် ဖယ်ရာဟှိုမှ ခီတန်ဘဲ စီရင်ဂေ့န။ အယ်သခင်ဟှာ မှောန်မိုက်မာ ကွယ်ဝှပ်ဟှားဟှူ ရာလေဟှို လန်းရောန်ထဲဟှို ယူဆောန်လာဘီး စိနှလောင်းကြံစည်လေဟှို ထန်ရှားစေတော်မူလေ့မယ်။ အယ်ခီမာ လူလေဟှာ ဘုရားသခင်နားဟှ ချီးမွမ်းဟှူဇာဟှို ခံရလေ့မယ်။
ညီကို မောန်နှမလေ၊ နန်းနို့လေဟှာ ကျမ်းစာဟှို ကျော်လွန်ဘီး သူများလေဟှို ရိုသေအပ်ဘဲဇာဟှို နို့လေဟှို ထော့‑က်ဘီး နားလည်ဂေ့ဟှို့တွပ်န မာနထောန်လွှားဟှူကြောန့် တယော့‑က်ဟှို မှီဘီး တယော့‑က်ဟှို ထီမဲ့မြင်ပြုဘဲနေဟှို့တွပ် ငါပြောဟှူ ချစ်လေအားဖြင့် နန်းနို့ကျိုးဟှို ထော့‑က်ဘီး ငါ့န အာပေါလုဟှို ကြောန်းပြုဘီး ပြောဟှူဇာဖြစ်ဟှယ်။ ဖယ်သူဟှ နန်းနို့လေဟှို သူများထတ် ထူးကဲစေနူး။ သူတပါးလတ်ဟှခံယူဘဲန လိုလိုရဟှူဇာ တစောင်တခု နန့်မာရှိလော။ သူတပါးလတ်ဟှခံယူဇာမှန်ဟှယ် ဆိုဟှာ ခံယူဘဲဟှူမျိုး ဖြားဖြစ်ကြောန့် ဝါကြွားဟှယ်နူး။
နန်းနို့လေဟှာ ရာရာပ္လဲ့ဇောင်ဂေ့ဘီ။ နန်းနို့လေ ကြွယ်ဝဂေ့ဘီ။ နို့လေပါဘဲန မန်းဂီးလေ ဖြစ်ဂေ့ဘီ။ နို့လေလည်း နန်းနို့နတူးဒူ စိုးစံနိုင်ဟှို့တွပ် နန်းနို့လေ တကယ်မန်းဂီးလေ ဖြစ်ဟှို့တွပ် လိုရှင်ပါဟှယ်။ ဘုရားသခင်ဟှ တမန်တော်လေဖြစ်ဟှူ နို့လေဟှို နော့‑က်ဆောင်းမာထားဘီး သတ်ဟှို့ထားဟှားဟှူသူလေမျိုး ထုပြတော်မူဟှယ် ဆိုဘီး ငါထန်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ လောကသားလေန ကောန်းဂန်တမန်လေရှေ့မာ ပွဲဝမ်ဟှူသူလေ ဖြစ်ဂေ့ဟှယ်။ 10 နို့လေဟှာ ခရစ်တော်တွပ်ကြောန့် လူမိုက်ဖြစ်ဂေ့ဟှယ်။ အယ်ဘေမဲ့ နန်းနို့လေဟှာ ခရစ်တော်နှိုက် ပညာရှိလေ ဖြစ်ဂေ့ဟှယ်! နို့လေဟှာ အားနဲဟှူသူလေဖြစ်ဟှယ်။ အယ်ဘေမဲ့ နန်းနို့လေဟှာ စွမ်းအားရှိသူလေဖြစ်ဟှယ်! နို့လေဟှာ အသရေမှေ့ဘဲသူဖြစ်ဟှယ်။ အယ်ဘေမဲ့ နန်းနို့လေဟှာ အသရေရှိသူလေဖြစ်ဟှယ်! 11 ခုခီထိ နို့လေဟှာ စာရေဇာငတ်ဘီး နေရဟှယ်။ ဝတ်စုပဲ့န နေရဂေ့ဟှယ်။ ရိုက်ပုတ်ညှဉ်းဆဲဇာလေဟှို ခံရဂေ့ဟှယ်။ အီမှေ့ရာမှေ့န လှည့်လည်သွားဂေ့ရဘီး၊ 12 +ကိုယ့်လတ်န ပန်ပန်ဗန်းဗန်း လောက်ဆောန်ဂေ့ရဟှယ်။ နို့လေဟှာ ကီဆဲခံရဟှူ ခီမာ ကောန်းဂျီးပေးဂေ့ဟှယ်။ ညှဉ်းဆဲခံရခီမာ သီးခံဂေ့ဟှယ်။ 13 စော်ကားခံရခီမာ တောန်းဗန်ဂေ့ဟှယ်။ နို့လေဟှာ ခုခီထိ အယ်လောကရဲ့ပယ်ခံလေ၊ လူတကာလေ စွန့်ပစ်ဟှားဟှူ မှိုက်လေ ဖြစ်ဂေ့ဟှယ်!
14 နန်းနို့လေဟှို ယှစ်ခွဲရှင်ဟှူကြောန့် အယ်မျိုး ငါရေးလိုက်ဟှူဇာ မှုဟှ။ ငါရှစ်ရဟှူ သားမီးလေနေန နန်းနို့လေဟှို ဒိပေးရှင်ကြောန့် အယ်မျိုး ငါရေးလိုက်ဇာဖြစ်ဟှယ်။ 15 နန်းနို့လေမာ ခရစ်တော်ကြောန်းဟှို သွန်သန်ပေးဟှူဆရာလေ ၁၀,၀၀၀ လော့‑က်ရှိဟှူလည်းဘဲ့ ဖတယော့‑က်ဘဲ့ရှိဟှယ်။ ခရစ်တော်ရဲ့ ဒန်းကောန်းအားဖြင့် ငါဟှာ ယေရှုခရစ်တော်နှိုက် နန်းနို့လေဟှို မွီးဖွားပေးဟှူ နန်းနို့လေရဲ့ ဖဖြစ်ဟှယ်။ 16 +အယ်ကြောန့် ငါနေထိုင်ကျင့်သောင်းမျိုး နန်းနို့လေ နေဂေ့ဟှို့တွပ် ငါတိုက်တွန်းရှင်ပါဟှယ်။ 17 အယ်ကြောန်းကြောန့် သခင်ဘုရားနှိုက် သစ်စာရှိဟှူ ငါရှစ်ရဟှူသား တိမောသေဟှို နန်းနို့လေနားဟှို ငါလွှတ်လိုက်ပါဟှယ်။ သူဟှာ နေရာတိုင်းမာရှိဟှူ သင်းတော်လေမာ ငါသွန်သန်ဟှူမျိုး ယေရှုခရစ်တော်နှိုက် ငါလိုက်ရှော့‑က်ဟှူ လမ်းလေဟှို နန်းနို့ဟှို ဒိရစေလေ့မယ်။
18 နန်းနို့လေနားဟှို ငါလာဟှို့ မှုဟှ ဆိုဘီး ထန်ဘီးဟှာ နန်းနို့လေထဲဟှ တချို့လူလေဟှာ မာနထောန်နေဂေ့ဟှယ်။ 19 အယ်ဘေမဲ့ သခင်ဘုရားလိုတော်ရှိဟှယ် ဆိုဟှာ နန်းနို့လေနားဟှို မကြာခန်လာမယ်။ ငါလာဟှူ ခီမာ မာနထောန်ဟှူသူလေရဲ့ စကားဟှိုမှုဘဲန သူးနို့လေရဲ့တဂိုးဟှို သိရလေ့မယ်။ 20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ စကားအားဖြင့်တည်ဇာ မှုဟှ။ တဂိုးအားဖြင့်ဘဲ့ တည်ဟှူဇာဖြစ်ဟှယ်။ 21 ငါဟှာ ကီလောင်းဟှိုကိုင်ဘီး နန်းနို့လေနားဟှို လာရဟှို့လော။ အယ်မျိုးမှုဘဲနေဟှာ မြစ်တာနဖြစ်ဖြစ်၊ နူးညံ့သီမွေ့ဟှူစိနဖြစ်ဖြစ် လာရဟှို့လော။ နန်းနို့ ဖြားဇာဟှို လိုရှင်ဂေ့နူး။
+ 4:12 တ ၁၈.၃ + 4:16 ၁ ကော ၁၁.၁; ဖိ ၃.၁၇