12
ဝိညာဉ်ဆုကျေးဇူးလေကြောန်း
1 ညီကို မောန်နှမလေ ဝိညာဉ်ဆုကျေးဇူးလေရဲ့ ကြောန်းရာလေဟှို နန်းနို့သိဘဲနနေဟှို့တွပ် ငါလိုမှေ့ဟှ။
2 နန်းနို့လေဟှာ စဒူးဟှ လူမျိုးခြားလေဖြစ်ဟှူကြောန့် သူများသွီးဆောန်ဟှူနော့‑က်ဟှို လိုက်ပါဘီး သတ်မှေ့ဘဲဟှူ ရောက်ထုလေဟှို ကိုးကွယ်ဂေ့ဟှူကြောန်းဟှို နန်းနို့လေ သိဘဲ့ဖြစ်ဟှယ်။
3 အယ်ကြောန့် နန်းနို့လေဟှို သိစေရှင်ဇာဟှ ဖယ်သူလေမှလည်း ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် “ယေရှုဟှာ ကီရှင်းခံရပါစေ!” ဆိုဘီး ပြောဟှို့မှုဟှ။ အယ်မျိုးဘဲ့ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့် မှုဟှဆိုဟှာ “ယေရှုဟှာ သခင်ဖြစ်တော်မူဟှယ်” ဆိုဘီး ဖယ်သူလည်းဘဲ့ ဝန်ခံနိုင်ဘဲကြောန်းဟှို နန်းနို့ဟှို သိစေရှင်ဟှယ်။
4 ဝိညာဉ်တော်ရဲ့ ဆုကျေးဇူးတော်ဟှာ မျိုးမျိုးရှိဟှူလည်းဘဲ့ ဝိညာဉ်တော်ဟှာ တပါးဒဲဘဲ့ရှိဟှယ်။
5 မှုတော်လောက်ငန်း မျိုးမျိုးရှိဟှူလည်းဘဲ့ သခင်ဘုရားဟှာ တပါးဒဲဘဲ့ရှိဟှယ်။
6 လောက်ဆောန်ချစ် ဘောန်းဇောင်ရှိလည်းဘဲ့ လူလေထတ်မာ ရှိမျှဂူလောင်းဟှို ပြုတော်မူဟှူ ဘုရားသခင်ဟှာ တပါးဒဲဘဲ့ ရှိဟှယ်။
7 ကောန်းဟှူကျိုးတွပ် ဝိညာဉ်တော်ဟှို လူသီးသီးဟှို ထန်ရှားအောန် ပေးတော်မူဟှယ်။
8 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဝိညာဉ်တော်အားဖြင့် တယော့‑က်ဟှို ပညာတရားဟှို ပေးတော်မူဟှယ်။ အယ်ဝိညာဉ်တော်အားဖြင့် တခြားတယော့‑က်ဟှို ထိုးထွင်းရှင်းပညာဟှို ပေးတော်မူဟှယ်။
9 အယ်ဝိညာဉ်တော်ဟှ တယော့‑က်ဟှို ယောင်ကြည်ရှင်း ဆုကျေးဇူးဟှိုဘဲ့ဖြစ်ဖြစ်၊ တခြားတယော့‑က်ဟှို ရောဂါပျော့‑က်ကင်းစေနိုင်ဟှူ တဂိုးဟှိုဘဲ့ဖြစ်ဖြစ်၊
10 တယော့‑က်ဟှို နိမိတ်လတ်ခဏာပြနိုင်ဟှူ တဂိုးဟှိုဘဲ့ဖြစ်ဖြစ်၊ တခြားတယော့‑က်ဟှို ပရောဖက်ပြုခွမ့်ဟှိုဘဲ့ဖြစ်ဖြစ်၊ နော့‑က်တယော့‑က်ဟှို စိဝိညာဉ်ဟှို ပိုင်းခြားဘီး သိနိုင်ဟှူ ခွမ့်ဟှိုဘဲ့ဖြစ်ဖြစ်၊ နော့‑က်တယော့‑က်ဟှိုလည်း ထူးဆန်းဟှူ ဘာသာစကားမျိုးမျိုးဟှို ပြောနိုင်ဟှူခွမ့်ဟှိုဘဲ့ဖြစ်ဖြစ်၊ နော့‑က်တယော့‑က်ဟှို အယ်ဘာသာစကားရဲ့ နတ်ဓိပါယ်ဟှို ဖော်ပြပေးနိုင်ဟှူခွမ့်ဟှိုဘဲ့ဖြစ်ဖြစ် ပေးတော်မူဟှယ်။
11 အယ်ဝိညာဉ်တော် တပါးဒဲဟှဘဲ့ အယ်မှုရှိမျှဂူလောင်းဟှို လောက်ဆောန်တော်မူဘီး လိုတော်ရှိဟှူတိုင်း အယ်ဆုကျေးဇူးလေဟှို ယော့‑က်စီတိုင်းဟှို သီးသီးခွဲဝီပေးတော်မူဟှယ်။
အင်္ဂါစိပိုင်းလေရှိဟှူ ကိုယ်ခန္ဓာကြောန်း
12 ခရစ်တော်ဟှာ အင်္ဂါစိပိုင်းလေဘောင်ဂီးရှိဟှူ ကိုယ်ခန္ဓာနတူဟှယ်။ ကိုယ်ခန္ဓာမာ အင်္ဂါစိပိုင်းလေ ဘောင်ဂီးရှိဟှူလည်းဘဲ့ ကိုယ်တကိုယ်ဒဲဘဲ့ ဖြစ်ဟှယ်။
13 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယုဒလူမျိုးဘဲ့ဖြစ်ဖြစ်၊ လူမျိုးခြားဘဲ့ဖြစ်ဖြစ်၊ ကျွန်ဘဲ့ဖြစ်ဖြစ်၊ လူလွတ်ဘဲ့ဖြစ်ဖြစ်၊ နို့လေ ဂူလောင်းဟှာ ဝိညာဉ်တော် တပါးဒဲအားဖြင့် ကိုယ်ခန္ဓာ တခုဒဲဟှို ဗတ္တိဇံခံယူဂေ့ဟှယ်။ နို့လေရှိဟှူ ဂူလောင်းဟှာ ဝိညာဉ်တော် တပါးဒဲဟှို သော့‑က်ဂေ့ရဟှယ်။
14 ကိုယ်ခန္ဓာမာ အင်္ဂါစိပိုင်းဟှာ တခုဒဲဘဲ့ရှိဟှူဇာ မှုဟှ။ ဘောင်ဂီးဘဲ့ ရှိဟှယ်။
15 ခေဟှ “ငါဟှာ လတ်မှုဘဲကြောန့် ကိုယ်ခန္ဓာန စပ်ဆိုင်ဟှ” ဆိုဘီး ပြောဟှူကြောန့် တကယ်ဘဲ့ ကိုယ်ခန္ဓာန စပ်ဆိုင်ဟန်းဘဲဇာ မှုဟှ။
16 နားဟှလည်း “ငါဟှာ မျစ်စိမှုဘဲကြောန့် ကိုယ်ခန္ဓာန စပ်ဆိုင်ဟှ” ဆိုဘီး ပြောဟှယ် ဆိုဟှာလည်း တကယ်ဘဲ့ ကိုယ်ခန္ဓာန စပ်ဆိုင်ဟန်းဘဲဇာ မှုဟှ။
17 ကိုယ်ခန္ဓာ တခုလောင်းဟှာ မျစ်စိဘဲ့ဖြစ်နေဟှယ် ဆိုဟှာ ဖယ်မျိုး ကြားနိုင်မယ်နူး။ ကိုယ်ခန္ဓာ တခုလောင်းဟှာ နားဘဲ့ဖြစ်နေဟှယ် ဆိုဟှာလည်း ဖယ်မျိုး နံ့ခံနိုင်ဟှို့နူး။
18 အယ်ဘေမဲ့ ဘုရားသခင်ဟှာ ကိုယ်ခန္ဓာမာရှိဟှူ အင်္ဂါစိပိုင်းလေဟှို သူ့လိုတော်ရှိဟှူတိုင်း သူ့နေရာနသူ ရှိစေတော်မူဟှယ်။
19 ဂူလောင်းဟှာ အင်္ဂါတခုဒဲဘဲ့ ဖြစ်ဟှယ် ဆိုဟှာ ကိုယ်ခန္ဓာဟှာ ဖယ်မာရှိဦးမယ်နူး။
20 ခုဟှ အင်္ဂါစိပိုင်းလေ ဘောင်ဂီးရှိဟှူလည်းဘဲ့ ကိုယ်ခန္ဓာတခုဒဲဟှဘဲ့ရှိဟှယ်။
21 အယ်ကြောန့် မျစ်စိဟှ “နန့်ဟှို ငါမလိုဟှ” ဆိုဘီး လတ်ဟှိုပြောမရဟှ! ခေါန်းဟှလည်း “နန့်ဟှို ငါမလိုဟှ” ဆိုဘီးလည်း ခေဟှိုပြောမရဟှ!
22 အယ်လော့‑က်နကဟှ ကိုယ်ခန္ဓာမာ ပိုဘီး အားနဲဟှယ် ဆိုဘီး ထန်ရဟှူ အင်္ဂါစိပိုင်းလေဟှာ ပိုဘီး လိုအပ်ဟှူ အင်္ဂါလေဖြစ်ဟှယ်။
23 အသရေမဲ့ဟှယ် ဆိုဘီး ထန်ရဟှူ အင်္ဂါစိပိုင်းလေဟှို ပိုဘီး ကီးဟှူ အသရေအားဖြင့် ဆင်ယင်တတ်ဂေ့ဟှယ်။ တင့်တယ်မှုမှေ့ဘဲဟှူ ကိုယ်အင်္ဂါစိပိုင်းလေဟှို ပိုဘီး တင့်တယ်အောန် ဆင်ယင်တတ်ဂေ့ဟှယ်။
24 တင့်တယ်ဟှူ ကိုယ်အင်္ဂါစိပိုင်းလေဟှို မွန်းမံဇာလိုအပ်ဟှ။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ ဂေါင်ငယ်ဟှူ အင်္ဂါစိပိုင်းလေဟှို ပိုဘီး ကီးဟှူ ဂေါင်သရေဟှို ပေးဘီး ကိုယ်ခန္ဓာဟှို ပေါန်းစပ်ဖွဲ့စည်းဟှားတော်မူဟှယ်။
25 အယ်ကြောန့် ကိုယ်ခန္ဓာမာ ကွဲပြားမှုမှေ့ဘဲ အင်္ဂါစိပိုင်းလေ ရှင်းရှင်း ဂရုစိုက်ဂေ့ဟှို့တွပ် ဖြစ်ဟှယ်။
26 တကယ်ကြောန့် ကိုယ်အင်္ဂါစိပိုင်းတခုဟှ ဝေဒနာခံစားနေရဟှယ် ဆိုဟှာ တခြားအင်္ဂါစိပိုင်းလေဟှာလည်း ဒန်းတူခံစားရဂေ့ဟှယ်။ အင်္ဂါစိပိုင်းတခုဟှ ချီးမြှော့‑က်ရှင်းခံရဟှယ် ဆိုဟှာ တခြားအင်္ဂါစိပိုင်းလေဟှလည်း တူးဒူဘဲ့ဝန်းသာဂေ့ဟှယ်။
27 နန်းနို့ဂူလောင်းဟှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာတော် ဖြစ်ဂေ့ဟှယ်။ နန်းနို့သီးသီးဟှာ ကိုယ်ခန္ဓာရဲ့ အင်္ဂါစိပိုင်းလေ ဖြစ်ဂေ့ဟှယ်။
28 ဘုရားသခင်ဟှာ ပထမအနေန တမန်တော်လေ၊ ဒုတိယနေန ပရောဖက်လေ၊ တတိယနေန ဆရာလေ၊ အယ်ဘီးန နိမိတ်လတ်ခဏာ တဂိုးပြဟှူသူလေ၊ ရောဂါပျော့‑က်စေနိုင်ဟှူ ဆုကျေးဇူးဟှို ရဟှူသူလေ၊ ကူညီမဇဟှူသူလေ၊ စီမံအောက်ချောက်ဟှူ သူလေ၊ ထူးဆန်းဟှူ ဘာသာစကား ဘောန်းဇောင်ဟှို ပြောနိုင်သူလေဟှိုဘဲဖြစ်ဖြစ် သင်းတော်မာ ခန့်ဟှားတော်မူဟှယ်။
29 ဂူလောင်းဟှာ တမန်တော်လေ ဖြစ်ဂေ့ကြောန့်လော။ ဂူလောင်းဟှာ ပရောဖက်လေ ဖြစ်ဂေ့ကြောန့်လော။ ဂူလောင်းဟှာ ဆရာလေ ဖြစ်ဂေ့ကြောန့်လော။ ဂူလောင်းဟှာ တဂိုးနိမိတ်လတ်ခဏာ ပြုနိုင်ကြောန့်လော။
30 ဂူလောင်းဟှာ ရောဂါပျော့‑က်စေနိုင်ဟှူ ဆုကျေးဇူးဟှို ရဟှူသူလေ ဖြစ်ကြောန့်လော။ ဂူလောင်းဘဲ့ ထူးဆန်းဟှူ ဘာသာစကားဟှို ပြောနိုင်ဟှူ သူလေ ဖြစ်ကြောန့်လော။ ဂူလောင်းဟှာ အယ်မူနတ်ဓိပါယ်ဟှို ဖော်ပြပေးနိုင်ဟှိကြောန့်လော။
31 အယ်မျိုးဖြစ်ကြောန့် နန်းနို့လေဟှာ ပိုဘီး မြတ်ဟှူ ဆုကျေးဇူးလေဟှို ရရာတိုင်း လိုရှင်ဟှူ စိရှိဂေ့ပါ။
ငါဟှာ နန်းနို့ဟှို ပိုဘီး ထူးမြတ်ဟှူလမ်းဟှို ပြအူးမယ်။