6
လောက်ဖော်ဆောန်ဖတ် ခွန်နစ်ယော့‑က်ကြောန်း
1 အယ်နေ့ရစ်လေမာ တဗဲ့တော်လေဟှာ ဘောင်ဂီးဖြစ်လာဘီး ဟေလသစကားပြောဟှူ ယုဒလူလေန ဒေသခံ ယုဒလူလေဟှာ ရန်ဖြစ်ဂေ့ဟှယ်။ ဟေလသစကားပြောဟှူ ယုဒလူလေဟှ သူးနို့ရဲ့ မောက်ဆိုးမလေဟှို ကူညီဘဲထားဟှားဟှယ် ဆိုဘီး ယုဒလူလေဟှို ပြစ်တန်ဂေ့ဟှယ်။
2 အယ်ကြောန့် တမန်တော် ဆယ့်နှေ့ပါးဟှာ တဗဲ့တော်လေဟှို ခေါ်ဘီးန “နို့လေဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို ဟောပြောဘဲန ဗွဲမာစေခံနေမယ် ဆိုဟှာ ကောန်းဟှ။
3 ညီကို မောန်နှမလေ၊ နန်းနို့ထဲမာ သန့်ရှင်းဟှူဝိညာဉ်တော်နရော၊ ဉာဏ်ပညာနရော ပ္လဲ့ဝဘီးဟှာ အသရေရှိဟှူလူ ခွန်နစ်ယော့‑က်ဟှို ဝီးဂေ့ပါ။ နို့လေဟှာ အယ်လူလေဟှို အယ်တာဝန်တွပ် ခန့်ဟှားဟှို့တွပ် ထော့‑က်ခံမယ်။
4 နို့လေဟှ ဆုတောန်းဇာ၊ တရားဟောဇာလေဟှို လောက်ဆောန်ဇာနဘဲ့ ခီဟှိုကူစေမယ်” ဆိုဘီး ပြောဟှယ်။
5 တမန်တော်လေရဲ့ကြံဟှို တဗဲ့တော်လေဟှ ကြိုက်ဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ယောင်ကြည်ရှင်းနရော၊ သန့်ရှင်းဟှူဝိညာဉ်တော်နရော ပ္လဲ့ဝဟှူ သတေဖန်န ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနန ယုဒဘာသာဟှို ပ္လောန်းလဲလာဟှူ အန္တိအုတ်ဗြို့သား နိကောလလေဟှို ဝီးကော့‑က်ဂေ့ဟှယ်။
6 သူးနို့ဟှာ အယ်လူလေဟှို တမန်တော်လေရှေ့ဟှို သွားခိုင်းလိုက်ဂေ့ဟှယ်။ အယ်ဘီးန တမန်တော်လေဟှာ ဆုတောန်းဘီးန သူးနို့ထတ်မာ လတ်ဟှိုတန်ဂေ့ဟှယ်။
7 ဘုရားသခင်ရဲ့ စကားတော်ဟှာ ဆစ်ဘီး ပ္လံ့နှံ့ဟှားဟှယ်။ ယေရုရှလင်ဗြို့မာ တဗဲ့တော်လေရဲ့ ရေတွပ်ဟှာ ရရာတိုင်းတိုးပွားလာဟှယ်။ ယဇ်ပုရောဟိတ်လေ ဘောင်ဂီးလည်း ဒန်းကောန်းဟှို ယောင်ကြည်ဘီး လတ်ခံလာဂေ့ဟှယ်။
သတေဖန်ဟှို ဖမ်းဂေ့ကြောန်း
8 သတေဖန်ဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နရော၊ တဂိုးတော်နရော ပ္လဲ့ဝဘီး ရရာတိုင်းကီးဟှူ အံ့ဩဘွယ်လေန နိမိတ်လတ်ခဏာလေဟှို လူလေရှေ့မာ ပြလေဟှယ်။
9 အယ်ခီမာ ကုရေနေန အာလေဇန္ဒြိယဗြို့ဟှ ယုဒလူလေန လွတ်လပ်ဟှူလူလေရဲ့ ဝါလယ်ဇရပ်ရဲ့ ဖွဲ့ဝမ်တချို့ဟှာ သူ့ဟှို ပြဿနာရှာဂေ့ဟှယ်။ အယ်လူလေနတူးဒူ ကိလိကိပြည်န အာရှိပြည်ဟှ ယုဒလူတချို့ဟှာ သတေဖန်န စဘီးဂြင်းဂေ့ဟှယ်။
10 အယ်ဘေမဲ့ သတေဖန်ဟှာ ဝိညာဉ်တော်ပေးဟှားဟှူ ဉာဏ်ပညာန ပြောဟှူ ခီမာ အယ်လူလေဟှာ သူ့ဟှို ချေပနိုင်ဂေ့ဟှ။
11 အယ်ကြောန့် သူးနို့ဟှာ လူလေဟှို “အယ်လူဟှာ မောရှေဟှိုရော၊ ဘုရားသခင်ဟှိုရော စော်ကားဘီး ပြောနေဇာဟှို နို့လေကြားဟှယ်” ဆိုဘီး ပြောဟှို့တွပ် လာဘ်ထိုးဂေ့ဟှယ်။
12 အယ်မျိုးဘဲ့ သူးနို့ဟှာ သတ်ကီးဝါဂီးလေ၊ ကျမ်းတတ်ဆရာလေန လူထုဟှို နှိုးဆော်ပေးဂေ့ဟှယ်။ အယ်လူလေဟှာ သတေဖန်ဟှို ဖမ်းဘီးဟှာ တရားလွှတ်တော်ဟှို ခေါ်ဟှားဂေ့ဟှယ်။
13 အယ်ဘီးန သူးနို့ဟှာ မှန်ဘဲ့ဟှူ သတ်သေလေဟှို ခေါ်လာဂေ့ဟှယ်။ သတ်သေခံဟှူလူလေဟှ “အယ်လူဟှာ သန့်ရှင်းဟှူဗိမာန်တော်န မောရှေရဲ့ ပညတ်တရားဟှို ဆန့်ကျင်ဘီးဟှာ မြဲဒမ်းပြောဂေ့ဟှယ်။
14 နာဇရက်ဗြို့သား ယေရှုဟှာ ဗိမာန်တော်ဟှို ဖြိုခ္လဘီး ကျွန်တော့်ဟှားလေဟှို မောရှေပေးဟှားဟှူ ထောင်းဒန်းစဉ်လာလေဟှို ပ္လောန်းလဲစေမယ် ဆိုဘီး အယ်လူပြောနေဇာဟှို ကျွန်တော့်ဟှားလေ ကြားဂေ့ဟှယ်” ဆိုဘီး ထွပ်ဆိုဂေ့ဟှယ်။
15 တရားလွှတ်တော်မာ ထိုင်နေဂေ့ဟှူ လူလေ ဂူလောင်းဟှ သတေဖန်ဟှို စေ့စေ့ကေ့ဟှူ ခီမာ သူ့မျစ်နှာဟှာ ကောန်းဂန်တမန်ရဲ့ မျစ်နှာမျိုး ဖြစ်နေဟှယ် ဆိုဇာဟှို တွိဗြင်ဂေ့ဟှယ်။