25
မန်းဂီးနားဟှို ပေါလုယူခံဝမ်ဟှူကြောန်း
1 ဖေတ္တုမန်းဟှာ အယ်နယ်ဟှို ရော့‑က်လာဘီး သောင်းရစ်ကြာဘီးန ကဲသရိဗြို့ဟှနေဘီး ယေရုရှလင်ဗြို့ဟှို တတ်ဟှားဟှယ်။
2 အယ်ခီမာ ယဇ်ပုရောဟိတ်ဂီးလေန ယုဒခေါန်းဆောန်လေဟှာ ပေါလုဟှို ဆန့်ကျင်လွန်ကျူးကြောန်းဟှို ဖေတ္တုမန်းဟှို စွဲချစ်တန်ဘီး တိုက်တွန်းဟှယ်။
3 သူးနို့ဟှာ ပေါလုဟှို လမ်းမာရှောန်းဘီးဟှာ သတ်ဟှို့တွပ် လျှို့ဝှပ်ကြံစည်ဟှားဘီးသား ဖြစ်ဟှယ်။ အယ်ကြောန့် သူးနို့ဟှို ကျေးဇူးပြုဟှူနေန ပေါလုဟှို ယေရုရှလင်ဗြို့ဟှို ခေါ်ဆောန်လာပေးဟှို့တွပ် ဖေတ္တုမန်းဟှို မြစ်တာရပ်ခံဂေ့ဟှယ်။
4 ဖေတ္တုမန်းဟှ “ပေါလုဟှို ကဲသရိဗြို့မာ ထောန်ခ္လထားရစ်ဟှယ်။ ငါကိုယ်တိုင် အယ်ဗြို့ဟှို ကြာခန်သွားမယ်။
5 နန်းနို့ရဲ့ ခေါန်းဆောန်လေဟှာ ကဲသာမန်းဂီးနားဟှို ငါ့နတူးဒူ လိုက်ဘီးဟှာ ပေါလုမာ ပြစ်တခုခုထန်ရှားမယ် ဆိုဟှာ စွပ်စွဲချစ်လေဟှို ငါ့ဟှို တန်ပြဂေ့” ဆိုဘီး ပြောဟှယ်။
6 ဗြို့ဝန်မန်းဟှာ ယေရုရှလင်ဗြို့မာ ဆယ်ရစ်လော့‑က်နေဘီးန ကဲသရိဗြို့ဟှို ထွပ်ဟှားလေဟှယ်။ နော့‑က်တနေ့မာ တရားပလ္လင်မာ ထိုင်ဘီးဟှာ ပေါလုဟှို ခေါ်လာဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။
7 ပေါလုဟှာ ရော့‑က်ဟှူ ခီမာ ယေရုရှလင်ဗြို့ဟှနေ ဆင်းလာဂေ့ဟှူ ယုဒလူမျိုးလေဟှာ သူ့ဟှို ဝိုင်းဘီးဟှာ ရရာတိုင်း ကီးလေးဟှူပြစ်လေန စွပ်စွဲဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့လည်း သတ်သေဟှ ပြနိုင်ဂေ့ဟှ။
8 ပေါလုဟှ “ကျွန်တော်ဟှာ ယုဒလူမျိုးလေရဲ့ ပညတ်တရားဟှိုရော၊ ဗိမာန်တော်ဟှိုရော၊ ကဲသာမန်းဂီဟှိုရော ပြစ်မှုခုလည်း ကျူးလွန်ဟှ” ဆိုဘီး ကာကွယ်ဘီး ပြောဟှယ်။
9 ဖေတ္တုမန်းဟှာ ယုဒလူမျိုးလေဟှနေ မျစ်နှာသာ ရရှင်ဟှူကြောန့် “နန်ဟှာ ယေရုရှလင်ဗြို့ဟှို တတ်ဟှားဘီးဟှာ ငါ့ရှေ့မာ အယ်မျိုး စွပ်စွဲချစ်လေန ပတ်သတ်ဘီး စီရင်ခံဟှို့လော” ဆိုဘီး ပေါလုဟှို မေးဟှယ်။
10 ပေါလုဟှ “ကျွန်တော်ဟှာ ခု ကဲသာမန်းဂီးရဲ့ တရားပလ္လင်ရှေ့မာ ရပ်နေဟှယ်။ အယ်နေရာမာ ကျွန်တော်ဟှို စီရင်သင့်ပါဟှယ်။ သခင်ဟှာ သိတိုင်းဘဲ့ ကျွန်တော်ဟှာ ယုဒလူမျိုးလေဟှို ဖယ်မျိုးလည်း ပြစ်မှားဟှ၊
11 ကျွန်တော်ဟှာ တရားဥပဒေဟှို ခ္လိုးဖော့‑က်ဘီး သေဒန်ခံရဟှူ တရားဘဲဟှူပြစ် ကျူးလွန်မယ် ဆိုဟှာ ကျွန်တော့်ဟှို သတ်ချမ်းသာပေးဟှို့တွပ် တောန်းခံဟှို့ မှုဟှ။ အယ်ဘေမဲ့ သူးနို့ရဲ့ စွပ်စွဲချစ်လေဟှာ မှန်ကန်ဘဲ့နေဟှာ ဖယ်သူလည်း ကျွန်တော့်ဟှို သူးနို့လတ်ထဲဟှို အပ်နိုင်ဟှ။ ကျွန်တော်ဟှာ ဗြို့ဝန်မန်းမာ ယူခံဝမ်ပါဟှယ်” ဆိုဘီး လျှော့‑က်ဟှယ်။
12 အယ်ခီမာ ဖေတ္တုမန်းဟှာ သူ့ရဲ့ ရာရှိလေန တိုင်ဗန်ဘီးန “နန်ဟှာ ကဲသာမန်းဂီးနားဟှို ယူခံဝမ်ဟှို့တွပ် ကဲသာမန်းဂီးနားဟှို သွားရမယ်” ဆိုဘီး ပြောဟှယ်။
ဖေတ္တုမန်းဟှာ အဂြိပ္ပမန်းဂီးဟှို ပေါလုကြောန်းဟှို ပြောပြကြောန်း
13 ရစ်နဲနဲဟှား ကြာဟှူ ခီမာ အဂြိပ္ပမန်းဂီးန မိဖုရား ဗေရနိတ်လေဟှာ ကဲသရိဗြို့ဟှို ရော့‑က်နေဟှူ ဖေတ္တုမန်းဟှို နှောက်ဆစ်ဟှို့တွပ် ကဲသရိဗြို့ဟှို လာဂေ့ဟှယ်။
14 အယ်ဗြို့မာ ရစ်ကြာဂီးနေဟှူ ခီမာ ဖေတ္တုမန်းဟှာ ပေါလုရဲ့မှုဟှို မန်းဂီးဟှို ပြောပြဟှယ်။ ဖေတ္တုမန်းဟှ “အယ်နေရာမာ ဖေလဇ်မန်းဟှာ ထောန်ထဲမာ ခ္လဟှားဟှူ လူတယော့‑က်ရှိဟှယ်။
15 ကျွန်တော် ယေရုရှလင်ဗြို့ဟှို ရော့‑က်ဟှူ ခီမာ ယဇ်ပုရောဟိတ်မန်းလေန ယုဒလူမျိုး ခေါန်းဆောန်ဂီးလေဟှာ ကျွန်တော့်ဟှို အယ်လူဟှို စွပ်စွဲချစ်တန်ဂေ့ဘီးန သူ့ဟှို ပြစ်ဒန်စီရင်ဟှို့တွပ် တောန်းဆိုဂေ့ဟှယ်။
16 ကျွန်တော်ဟှ ပြစ်တန်ခံရဟှူ လူဟှို ပြစ်တန်စွပ်စွဲဟှူ လူလေန တွိခိုင်းဘီးဟှာ သူးနို့လေရဲ့ စွပ်စွဲဇာဟှို ချေပဘီးပြောဟှို့ ခွမ့်ပေးဘဲန ပြစ်ဒန်စီရင်ဇာဟှ ရောမရဲ့ ထောင်းဇံမှုဘဲဟှူကြောန်း သူးနို့ဟှို ပြောလိုက်ဟှယ်။
17 အယ်ကြောန့် သူးနို့ဟှာ အယ်ဗြို့ဟှို ရော့‑က်လာဟှူ ခီမာ ကျွန်တော့်ဟှာ ခီဆွဲဘဲန နော့‑က်နေ့မာ တရားပလ္လင်မာ ထိုင်ဘီးဟှာ အယ်လူလေဟှို ခေါ်ခိုင်းလိုက်ဟှယ်။
18 သူ့ဟှို မှုလောက်ဟှူ လူလေဟှာ ထဘီးဟှာ ပြောဂေ့ဘေမဲ့ ကျွန်တော်ထန်ဟှူ ပြစ်မှုမျိုးမှုဘဲ ဖြစ်နေဟှယ်။
19 သူးနို့လေရဲ့ ဘာသာတရားန ပတ်သတ်ဘီးရော၊ ယေရှု နာမယ်ရှိဟှူသူ ကြောန်းန ပတ်သတ်ဘီးရော ငြင်းပွားရှင်းဘဲ့ ဖြစ်ဟှယ်။ အယ်ယေရှုဟှာ သတ်ရှင်နေဟှယ် ဆိုဇာဟှို ပေါလုဟှာ ပြောနေဟှယ်။
20 အယ်ပြဿနာလေဟှို ဖြေရှင်းဟှို့တွပ် ကျွန်တော်ဟှာ နားလည်ဘဲကြောန့် ‘နန်ဟှာ ယေရုရှလင်ဗြို့ဟှို သွားဘီးဟှာ အယ်စွပ်စွဲချစ်န ပတ်သတ်ဘီးဟှာ စီရင်ခံရှင်လော’ ဆိုဘီး မေးဟှယ်။
21 အယ်ခီမာ ပေါလုဟှာ ကဲသာမန်းဂီးရဲ့ ဆောင်းဖြတ်ဇာဟှို ခံယူရှင်ကြောန်းဟှို ပြောပြလာဟှယ်။ သူဟှာ သူ့ဟှို ထောန်ထဲမာဘဲ့ ထားရစ်ဘီးဟှာ ကဲသာမန်းဂီးရဲ့ ဆောင်းဖြတ်ဇာဟှို ခံရှင်ကြောန်းဟှို တောန်းဗန်ကြောန့် သူ့ဟှို ကဲသာမန်းဂီးနားဟှို အပ်လိုက်ဟှူခီထိ ထောန်ခ္လဟှားဟှို့တွပ် မိန့်ပေးရစ်ဟှယ်” ဆိုဘီး ပြောဟှယ်။
22 အဂြိပ္ပမန်းဂီးဟှာ “အယ်လူပြောဇာဟှို ကျွန်တော်ကိုယ်တိုင် ကြားရှင်ဟှယ်” ဆိုဘီး ပြောဟှယ်။
ဖေတ္တုမန်းဟှ “အယ်လူပြောဇာဟှို နတ်ကီးတန်ဟှာ ကြားစေရမယ်” ဆိုဘီး ပြောဟှယ်။
23 နော့‑က်တနေ့မာ အဂြိပ္ပမန်းန မိဖုရား ဗေရနိတ်လေဟှာ ရရာတိုင်း ကြီးကျယ်ခမ်းနားဟှူ ဂေါင်သရေလေဟှို ဆောန်ဘီးဟှာ တပ်မှူးလေန၊ ဗြို့မာနေဟှူ ဂေါင်သရေရှိဟှူ လူဂီးလေနတူးဒူ ကြွလာဘီးဟှာ ခန်းမဂီးထဲဟှို ဝမ်လာဟှယ်။ အယ်ခီမာ ဖေတ္တုမန်းရဲ့ မိန့်န ပေါလုဟှို ခေါ်လာဂေ့ဟှယ်။
24 ဖေတ္တုမန်းဟှ “အဂြိပ္ပမန်းဂီးန ကြွလာဟှူ လူပေါန်းလေ၊ ယေရုရှလင်ဗြို့န အယ်ဗြို့မာရှိနေဟှူ ယုဒလူမျိုးလေဟှ ‘အယ်လူဟှာ သတ်ရှင်သင့်ဟှ’ ဆိုဘီး ကျွန်တော့်ဟှို လျှော့‑က်ဟှားဂေ့ဟှယ်။ အယ်မျိုး လျှော့‑က်ခံရဟှူလူဟှ အယ်လူဘဲ့ ဖြစ်ဟှယ်။
25 သူဟှာ သေဒန်ခံထိုက်ဟှူပြစ် ခုလည်းကျူးလွန်ဟှ ဆိုဇာဟှို ကျွန်တော့်နေန သိရဟှယ်။ အယ်ကြောန့် သူကိုယ်တိုင်ဟှ ကဲသာမန်းဂီးနားမာ ယူခံဝမ်မယ် ဆိုဘီး တောန်းဗန်ဘီးဟှာ ပြောဟှူကြောန့် သူ့ဟှို မန်းဂီးနားဟှို ပို့ဆောန်ဟှို့တွပ် ကျွန်တော်ဆောင်းဖြတ် လိုက်ဟှယ်။
26 သူ့န ပတ်သတ်ဘီး မန်းဂီးဟှို တိတိက္လက္လဟှား လျှော့‑က်တန်ဇာ ခုလည်း ကျွန်တော့်မာ မှေ့ဟှ။ အယ်ကြောန့် အယ်လူဟှို ခန်ဗျားလေရှေ့ဟှို ခေါ်ဆောန်လာဇာ ဖြစ်ဟှယ်။ ထူးသဖြင့်ဟှ အဂြိပ္ပမန်းဂီးရှေ့ဟှို ခေါ်လာဇာ ဖြစ်ဟှယ်။ အယ်မျိုးခေါ်လာဇာဟှာ သူ့ဟှို သခင်ဟှာ စစ်ဆေးဘီးဟှာ ကျွန်တော့်ဟှာ စီရင်ခံစာရေးဟှို့တွပ် ကြောန်းရာတခုခု ရနိုင်ဟှို့တွပ် ဖြစ်ဟှယ်။
27 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျဉ်းသားတယော့‑က်ဟှို စွဲချစ်တခုခု ဖော်ပြဘဲန စေလွှတ်ဟှို့တွပ် သင့်ဟှ ဆိုဘီး ကျွန်တော်ထန်ဟှယ်” ဆိုဘီး ပြောဟှယ်။