21
ယေရုရှလင်ဗြို့ဟှို ပေါလု ရော့‑က်လာဟှူကြောန်း
1 ကျွန်တော့်လေဟှာ အယ်လူလေနားဟှနေဘီး ထွပ်လာဘီးဟှာ သန်းဖောန ကောသကျွန်းဟှို တည့်တည့်သွားဂေ့ဟှယ်။ နော့‑က်တနေ့မာ ရောဒုကျွန်းဟှိုရော၊ အယ်ကျွန်းဟှနေဘီး ပါတရဗြို့ဟှိုရော ရော့‑က်ဟှားဂေ့ဟှယ်။
2 ဖိနိတ်ပြည်ဟှို သွားဟှူ သန်းဖောတစင်းဟှို တွိဟှားဟှူ ခီမာ အယ်သန်းဖောထတ်ဟှို တတ်ဘီး သွားဂေ့ဟှယ်။
3 ကျွန်တော့်လေဟှာ ကုပရုကျွန်းဟှို ဗြင်ရဟှူ ခီမာ အယ်ကျွန်းရဲ့ တောန်ဖတ်ဟှနေဖြတ်ဘီး ရှုရိပြည်ဟှို သန်းဖောန သွားဂေ့ဟှယ်။ တုရုဗြို့မာ ကူပစ်စီးလေဟှို ခ္လရဟှို့တွပ် အယ်ဗြို့မာ သန်းဖောဟှို ဝမ်ဘီးနားရဟှယ်။
4 ကျွန်တော့်လေဟှာ အယ်နေရာမာ တဗဲ့တော်တချို့ဟှို တွိဘီး သူးနို့နတူးဒူ ခွန်နစ်ရစ် နေဂေ့ဟှယ်။ အယ်တဗဲ့တော်လေဟှာ ဝိညာဉ်တော်ရဲ့ တဂိုးန ပေါလုဟှို ယေရုရှလင်ဗြို့ဟှို သွားဘဲဟှို့တွပ် ပြောဂေ့ဟှယ်။
5 အယ်ဘေမဲ့ ခွန်နစ်ရစ် ကြာဟှားဟှူ ခီမာ ကျွန်တော့်လေဟှာ ခရီးသွားဂေ့ဟှယ်။ တဗဲ့တော်လေ ဂူလောင်းဟှာ သူးနို့ မီးမလေန သားဂန်းဟှားလေနတူးဒူ ဗြို့ပ္လန်ဟှ ပန်လယ်ကမ်းနားဟှို ရော့‑က်အောန် လိုက်ပို့ဂေ့ဟှယ်။ ကျွန်တော့်လေဟှာ ပန်လယ်ကမ်းနားမာ ဒူးထော့‑က်ဘီး ဆုတောန်းဂေ့ဟှယ်။
6 အယ်ဘီးန ယော့‑က်နယော့‑က် နှောက်ဆစ်ဘီးဟှာ ကျွန်တော့်လေဟှာ သန်းဖောထတ်ဟှို တတ်ဘီး သူးနို့လေဟှ အီဟှို ပ္လန်ဟှားဂေ့ဟှယ်။
7 တုရုဗြို့ဟှနေဘီး ဆစ်ဘီးသွားဂေ့ဟှူ ခီမာ ကျွန်တော့်လေဟှာ ပတောလင်ဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။ အယ်ဗြို့မာ ညီကို မောန်နှမလေဟှို နှောက်ဆစ်ဘီးန သူးနို့နတူးဒူ တရစ်လော့‑က်နေဂေ့ဟှယ်။
8 နော့‑က်တနေ့မာ ထွပ်ဟှားဘီး ကဲသရိဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။ ကျွန်တော့်လေဟှာ ဧဝံဂေလိဆရာ ဖိလိပ္ပု အီမာတည်းဂေ့ဟှယ်။ ဖိလိပ္ပုဟှ တဗဲ့တော်လေဟှို ကူညီဟှို့တွပ် ယေရုရှလင်သင်းတော်ဟှ ဝီးကော့‑က်ဟှားဟှူလူ ခွန်နစ်ယော့‑က်ထဲမာပါဟှူ လူတယော့‑က်ဖြစ်ဟှယ်။
9 သူ့မာ အီထောန်က္လသေးဘဲဟှူ သမီးလေးယော့‑က်ရှိဟှယ်။ သူ့သမီးလေဟှာ ပရောဖက်ပြုဘီး ဘုရားသခင်ရဲ့ တရားတော်ဟှို ကြေညာဂေ့ဟှယ်။
10 အယ်အီမာ ကျွန်တော့်လေဟှာ ရစ်တန်ကြာ နေဘီးဟှူ ခီမာ အာဂဗု နာမယ်ရှိဟှူ ပရောဖက်တယော့‑က်ဟှာ ယုဒပြည်ဟှနေ ရော့‑က်လာဟှယ်။
11 သူဟှာ ကျွန်တော့်လေနားဟှို လာဘီး ပေါလုရဲ့ ခါးဗတ်ဟှို ယူဘီး သူ့ခေန လတ်ဟှို ခယ်လိုက်ဟှယ်။ အယ်ဘီးန “အယ်ခါးဗတ် ဇရှင်ဟှို ယုဒလူလေဟှ ယေရုရှလင်ဗြို့မာ အယ်မျိုးခယ်ဘီးဟှာ လူမျိုးခြားလေဟှို အပ်ဂေ့လေ့မယ် ဆိုဘီး သန့်ရှင်းဟှူဝိညာဉ်တော်ဟှ မိန့်တော်မူဟှယ်” ဆိုဘီး ပြောဟှယ်။
12 အယ်စကားဟှို ကြားရဟှူ ခီမာ ကျွန်တော့်လေန အယ်နေရာမာရှိနေဟှူ လူလေဟှ ယေရုရှလင်ဗြို့ဟှို သွားဘဲဟှို့တွပ် ပေါလုဟှို တောန်းဗန်ဂေ့ဟှယ်။
13 အယ်ဘေမဲ့ ပေါလုဟှ “နန်းနို့ဟှာ ဖြားဖြစ်ကြောန့် အယ်မျိုးငိုဘီးဟှာ ငါ့ရဲ့ စိနှလောင်းဟှို ကြေကွဲစေဂေ့နူး။ ငါဟှာ သခင်ယေရှုရဲ့ နာမတော်ကြောန့် ယေရုရှလင်ဗြို့မာ ခယ်ခံရဘီး သေခံဟှို့ဟှိုမှ ဆင်သင့်ရှိဟှယ်” ဆိုဘီး ပ္လန်ပြောဟှယ်။
14 ပေါလုဟှို သွီးဆောန်နိုင်ဘဲကြောန့် ကျွန်တော့်လေဟှာ လတ်ရှော့လိုက်ဘီး “သခင်ဘုရားရဲ့ လိုတော်တိုင်းဘဲ ဖြစ်ပါစေ” ဆိုဘီး ပြောဂေ့ဟှယ်။
15 ရစ်နဲနဲကြာဘီးန ကျွန်တော့်လေဟှာ ပစ်စီးလေဟှို ထောက်ဘိုးဘီးဟှာ ယေရုရှလင်ဗြို့ဟှို တတ်ဟှားဂေ့ဟှယ်။
16 ကဲသရိဗြို့ဟှ တဗဲ့တော်တချို့ဟှာ ကျွန်တော့်လေနတူးဒူ လိုက်ဘီး ကျွန်တော့်လေဟှို ကုပရုကျွန်းသား တဗဲ့တော်ဟောန်း တယော့‑က်ဖြစ်ဟှူ မနာသုန်ရဲ့ အီမာတည်းဟှို့တွပ် ခေါ်ဟှားဂေ့ဟှယ်။
ပေါလုဟှာ ယာကုပ်ဟှို သွားတွိဟှူကြောန်း
17 ယေရုရှလင်ဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှူ ခီမာ ညီကို မောန်နှမလေဟှ ကြိုဆိုဂေ့ဟှယ်။
18 နော့‑က်တနေ့မာ ပေါလုဟှာ ကျွန်တော့်လေနတူးဒူ ယာကုပ်ဟှို တွိဟှို့တွပ် သွားဂေ့ဟှယ်။ သင်းတော်လူဂီးလေ အားလောင်းလည်း သူ့နားမာ ရှိနေဂေ့ဟှယ်။
19 ပေါလုဟှာ အယ်လူလေဟှို နှောက်ဆစ်ဘီးန သူ့ရဲ့ မှုတော်လောက်ငန်းအားဖြင့် လူမျိုးခြားလေဟှို ဘုရားသခင်လောက်ဟှူ မှုရှိမျှဂူလောင်းဟှို တန်ပြဟှယ်။
20 သူးနို့လေဟှာ အယ်မူဇာဟှို ကြားရဘီးန ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှယ်။ အယ်ဘီးန သူးနို့ဟှ “ညီပေါလု၊ ယုဒလူလေ ထောန်နသောန်းနချီဘီး ယောင်ကြည်သူလေ ဖြစ်လာဂေ့ဟှယ် ဆိုဇာဟှို နန်းနို့လေ သိဗြင်ဂေ့ဟှယ်။ သူးနို့လေ ဂူလောင်းဟှာ ပညတ်တရားဖတ်မာ စိအားထတ်သန်ဟှူ သူလေ ဖြစ်ဂေ့ဟှယ်။
21 ‘နန်ဟှာ လူမျိုးခြားလေထဲမာနေဟှူ ယုဒလူလေဟှို နန်းနို့ရဲ့ သားဂန်းဟှားလေဟှို ရေဖျားလှီးပေးဂေ့န။ နန်းနို့ဟှာ ယုဒ ထောင်းဒန်းစဉ်လာလေဟှို လိုက်ဂေ့န’ ဆိုဘီး မောရှေရဲ့ ပညတ်တရားဟှို စွန့်ပစ်ဟှို့တွပ် သွန်သန်နေဇာဟှို အယ်လူလေဟှ ကြားရဂေ့ဟှယ်။
22 အယ်မျိုးဆိုဟှာ နို့လေဟှာ ဖယ်မျိုးလောက်ရဟှို့နူး။ နန်ရော့‑က်လာဟှူဒန်းဟှို သူးနို့လေဟှာ ကြားရမယ် ဆိုဇာ သေချာနေဟှယ်။
23 အယ်ကြောန့် နန့်ဟှို နို့လေပြောဟှားဟှူတိုင်း လောက်လိုက်။ နို့လေမာ သစ်စာဂဒိပြုဟှားဟှူ လူလေးယော့‑က်ရှိဟှယ်။
24 အယ်လူလေဟှို ခေါ်ဟှားဘီး သူးနို့နတူးဒူ စင်ကြယ်ရှင်းဟှို လောက်ဘီးဟှာ သူးနို့ခေါန်းဟှို ရိဟှို့တွပ်ခဟှို ပေးလိုက်။ အယ်မျိုးလောက်မယ် ဆိုဟှာ နန့်ကြောန်းဟှို သူးနို့ကြားရဂေ့ဟှူ ဒန်းဟှာ မှန်ဟှ ဆိုဇာဟှိုရော၊ နန်ကိုယ်တိုင်ဘဲ့ မောရှေရဲ့ ပညတ်တရားဟှို တိတိက္လက္လဟှား စောန့်ထီးဟှယ် ဆိုဇာဟှိုရော လူတိုင်းသိဂေ့လေ့မယ်။
25 အယ်ဘေမဲ့ ယောင်ကြည်သူ လူမျိုးခြားလေတွပ်ဟှ ရောက်ထုရှေ့မာ ပူဇော်ဟှားဟှူ စားဇာ၊ သွီး၊ လည်ဗန်းလှီးဘဲန သတ်ဟှားဟှူ လိဆန်လေဟှို စားဘဲဟှို့တွပ်န တရားဘဲဟှူ မေထုန်ဟှိုလည်း ရှောန်ဟှို့တွပ် နို့လေဟှာ ဆောင်းဖြတ်ဘီး သူးနို့နားဟှို စာရေးဘီး ကြောန်းကြားဟှားပီးဘီ” ဆိုဘီး ပြောဂေ့ဟှယ်။
26 အယ်ကြောန့် ပေါလုဟှာ နော့‑က်တနေ့မာ အယ်လူလေးယော့‑က်ဟှို ခေါ်ဘီးန သူးနို့နတူးဒူ စင်ကြယ်ရှင်းဟှို လောက်ဂေ့ဟှယ်။ အယ်ဘီးန သူဟှာ ဗိမာန်တော်ဟှို သွားဘီး သူးနို့ယော့‑က်ချင်းစီတွပ် ပူဇော်သကာလောက်ရမယ့် ခီဖြစ်ဟှူ စင်ကြယ်ရှင်းဟှို လောက်ရဟှူ နေ့ရစ်လေ ပီးဆောင်းမယ့်ခီဟှို သိပေးလေဟှယ်။
ဗိမာန်တော်မာ ပေါလု ဖမ်းခံရဟှူကြောန်း
27 ခွန်နစ်ရစ်လော့‑က် ကြာဟှားဟှူ ခီမာ အာရှိပြည်ဟှနေ ယုဒလူတချို့ဟှာ ပေါလုဟှို ဗိမာန်တော်မာ ဗြင်ဟှားဂေ့ဟှယ်။ သူးနို့ဟှာ လူအောက်ဂီးဟှို နှိုးဆော်ပေးဘီး ပေါလုဟှို ဖမ်းဂေ့ဟှယ်။
28 သူးနို့ဟှ “ဣသရေလလူလေ၊ ကူညီဂေ့ပါ။ အယ်လူဟှာ နေရာတိုင်းဟှို သွားဘီး နို့လူမျိုးန နို့လူမျိုးရဲ့ ပညတ်တရားဟှိုရော၊ အယ်ဗိမာန်တော်ဟှိုရော ဆန့်ကျင်ဘီး လူတိုင်းဟှို သွန်သန်နေဟှယ်။ အယ်မျှလော့‑က်ဘဲ့ မှုဘဲန သူဟှာ လူမျိုးခြားလေဟှိုလည်း ဗိမာန်တော်ထဲဟှို ခေါ်ဆောန်လာဘီးဟှာ အယ်သန့်ရှင်းဟှူ နေရာဟှို ညစ်ညူးစေဟှယ်” ဆိုဘီး အော်ဂေ့ဟှယ်။
29 ဖြားဖြစ်ကြောန့် အယ်မျိုးပြောနူး၊ ဆိုဟှာ သူးနို့ဟှာ ပေါလုဟှို ဧဖက်ဗြို့သား တရောဖိမ်နတူးဒူ ဗြို့ထဲမာတွိဘီး အယ်လူဟှို ဗိမာန်တော်ထဲဟှို ပေါလုဟှာ ခေါ်လာဟှယ် ဆိုဘီး ထန်ဂေ့ဟှယ်။
30 တဗြို့လောင်းဟှာ ရှောက်ရှစ်ခတ်ဘီး လူလေဟှာ ပ္လေးလာဘီးန ပေါလုဟှို ဖမ်းဘီးဟှာ ဗိမာန်တော်ပ္လန်ဟှို ဆွဲထုဂေ့ဟှယ်။ ရှစ်ရှင်းဘဲ့ ဗိမာန်တော်ရဲ့ ခွဗော့‑က်လေဟှို ပိလိုက်ဂေ့ဟှယ်။
31 သူးနို့ဟှာ ပေါလုဟှို သတ်ဟှို့တွပ် ကြိုးစားနေဂေ့ဒူးမာ ယေရုရှလင်ဗြို့ တဗြို့လောင်းဟှာ ရှောက်ရှစ်ခတ်နေဟှယ် ဆိုဘီး ရောမတပ်မှူးနားဟှို ဒန်းဟှာ ရော့‑က်လာဟှယ်။
32 ရှစ်ရှင်းဘဲ့ တပ်မှူးဟှာ စစ်သားလေန ရာရှိတချို့ဟှို ခေါ်ဘီးဟှာ လူအောက်နားဟှို ဆင်းပ္လေးလာဂေ့ဟှယ်။ လူလေဟှာ တပ်မှူးန စစ်သားလေဟှို ဗြင်ဟှားဟှူ ခီမာ ပေါလုဟှို ရိုက်ဘဲန နေဂေ့ဟှယ်။
33 အယ်ခီမာ တပ်မှူးဟှာ ပေါလုနားဟှို ရော့‑က်လာဘီး ဖမ်းဘီးဟှာ သံကြိုးနှေ့ပန်န ခယ်ဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။ အယ်လူဟှ ဖယ်သူဖြစ်နူး။ ဖြားဇာလောက်ဟှားနူး၊ ဆိုဘီး မေးဟှယ်။
34 လူလေဟှ တယော့‑က်တဘော့‑က် အော်ဘီးဟှာ ရောက်ရောက်သဲသဲ ဖြစ်နေဟှူကြောန့် တပ်မှူးဟှာ ခြေနေမှန်ဟှို သိနိုင်ဘဲကြောန့် ပေါလုဟှို ရဲတိုက်ထဲဟှို ခေါ်ဆောန်ဟှားဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။
35 ရဲတိုက်လှေကားဟှို ရော့‑က်ဟှားဟှူ ခီမာ လူလေဟှ ပိုဘီး ကြမ်းလာဘီးဟှာ စစ်သားလေဟှာ ပေါလုဟှို ခီဘီးဟှာ ထမ်းဟှားဂေ့ရဟှယ်။
36 လူလေဟှာ “သူ့ဟှို သတ်လိုက်” ဆိုဘီး အော်ဘီး လိုက်နေဂေ့ဟှယ်။
ပေါလုကိုယ်တိုင် ဖြေရှင်းဟှူကြောန်း
37 ပေါလုဟှာ သူ့ဟှို ရဲတိုက်ထဲဟှို ခေါ်ဆောန်ဟှားဟှို့ လောက်ဟှူ ခီမာ သူဟှ တပ်မှူးဟှို “ခန်ဗျားန ကျွန်တော် စကားနဲနဲဟှား ပြောရှင်ဟှယ်” ဆိုဘီး ပြောလိုက်ဟှယ်။
တပ်မှူးဟှ “နန်ဟှာ ဟေလသစကားဟှို ပြောတတ်ဘဲ့လော။
38 အယ်ဆိုဟှာ နန်ဟှာ အယ်ရစ်လေတိုင်ခန်ဟှ ပေါင်ကန်ထကြွဘီး ကြမ်းဖတ်မား ၄,၀၀၀ ဟှို တောကန္တာရဟှို ခေါ်ဆောန်ဟှားဟှူ အဲဂုတ္တုလူ မှုဟှလော” ဆိုဘီး မေးဟှယ်။
39 ပေါလုဟှ “ကျွန်တော်ဟှာ ယုဒလူဖြစ်ဘီး ကိလိကိနယ်ရဲ့ ထန်ရှားဟှူ၊ တာရှုဗြို့မာမွီးဟှူ ဗြို့ကီးသားဖြစ်ဟှယ်။ ကျွန်တော့်ဟှို ကျေးဇူးပြုဘီး လူလေဟှို စကားပြောခွမ့်ပေးပါ” ဆိုဘီး ပြောဟှယ်။
40 တပ်မှူးဟှ ခွမ့်ပေးဟှူကြောန့် ပေါလုဟှာ လှေကားထတ်မာရပ်ဘီး လူလေဟှို တိတိဆိဆိဟှား နေဟှို့တွပ် လတ်န ချစ်ပြလိုက်ဟှယ်။ အယ်လူလေဟှာ တိတိဆိဆိဟှား ဖြစ်ဟှားဂေ့ဟှူ ခီမာ သူဟှာ ယုဒစကားန၊