17
သက်သာလောနိတ်ဗြို့မာ မှုတော်မြတ်ကြောန်း
1 ပေါလုန သိလဟှာ ခရီးသွားဂေ့ဟှူ ခီမာ အံဖိပေါလိဗြို့န အာပေါလောနိဗြို့ဟှို ဖြတ်ဟှားဘီး သက်သာလောနိတ်ဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။ အယ်ဗြို့မာ ယုဒဝါလယ်ဇရပ်ရှိဟှယ်။
2 ပေါလုဟှာ သူးနို့ထောင်းဇံရှိဟှူတိုင်း ဝါလယ်ဇရပ်ဟှို သွားဘီးဟှာ ဒန်းနေ့ သောင်းရစ်လောင်းလောင်း ကျမ်းစာဟှို ကိုးကားဘီးဟှာ လူလေန သေးသေချားချာဟှား ဆွေးနွီးဂေ့ဟှယ်။
3 မေရှိယဟှာ ဒေါက်ခဝေဒနာခံရဟှူ ကြောန်းဟှို ကျမ်းချစ် ထော့‑က်ထားလေနတူးဒူ ရှင်းရှင်းလန်းလန်းဟှား ပြောပြဟှယ်။ ပေါလုဟှ “နန်းနို့ဟှို ငါပြောပြနေဟှူ ယေရှုဟှာ မေရှိယဖြစ်ဟှယ်” ဆိုဘီး ပြောဟှယ်။
4 ယုဒလူတချို့ဟှာ သွီးဆောန်ခံရဘီး ပေါလုန သိလလေရဲ့ ဖွဲ့ထဲဟှို ဝမ်ဟှားဂေ့ဟှယ်။ ဘုရားသခင်ဟှို ကိုးကွယ်ဟှူ ဟေလသလူမျိုး ဘောင်ဂီးန ထန်ပေါ်ကျော်ကြားဟှူ မီးမလေလည်း သူးနို့ဖွဲ့ထဲဟှို ဝမ်ဂေ့ဟှယ်။
5 အယ်ဘေမဲ့ ယုဒလူ တချို့ဟှာ နာလိုဘဲဟှူ စိရှိဟှူကြောန့် လမ်းလေမာ ကောန်းဘဲဟှူ လူလေဟှို ခေါ်ဘီးဟှာ လူလေဘောင်ဂီးဟှို စုခိုင်းဘီးဟှာ တဗြို့လောင်း ဆူပူအောန် လောက်ဂေ့ဟှယ်။ သူးနို့ဟှာ ယာသုန်ရဲ့အီဟှို ဝမ်ဘီးဟှာ ပေါလုန သိလလေဟှို လူလေရှေ့ဟှို ဆွဲထုဟှို့တွပ် ရှာဂေ့ဟှယ်။
6 ရှာတွိဘဲဟှူ ခီမာ သူးနို့ဟှာ ယာသုန်န ညီကို မောန်နှမလေ တချို့ဟှို ဗြို့ရဲ့ အာဏာပိုင်လေရှေ့ဟှို ခေါ်ဆောန်ဟှားဘီးဟှာ “အယ်လူလေဟှာ လောကီနိုင်ငံရဲ့ နေရာတိုင်းမာ ဒေါက်ခပေးနေဂေ့ဟှယ်။ သူးနို့ဟှာ ခုလည်း ကျွန်တော့်လေရဲ့ဗြို့ဟှို ရော့‑က်လာဂေ့ဟှယ်။
7 ယာသုန်ဟှာ အယ်လူလေဟှို သူ့အီမာ လတ်ခံဟှားဟှယ်။ အယ်လူလေဟှာ ယေရှုနာမယ်န မန်းဂီးတပါးရှိဟှယ် ဆိုဘီး ကဲသာမန်းဂီးရဲ့ မိန့်တော်ဟှို ဆန့်ကျင်ဖတ် လောက်နေဂေ့ဟှယ်” ဆိုဘီး အော်ဂေ့ဟှယ်။
8 အယ်မျိုး စကားလေန သူးနို့လေဟှာ လူအောက်ဂီးန ဗြို့အာဏာပိုင်လေဟှို ရောက်ရောက်သဲသဲ လောက်ဂေ့ဟှယ်။
9 အာဏာပိုင်လေဟှာ ယာသုန်န လောက်ဖော်ဆောန်ဖတ်လေဟှို အာမခံဖြစ်န ကပ်ပေးခိုင်းဘီးဟှာ ထွပ်ဟှားဟှို့တွပ် ခွမ့်ပြုလိုက်ဂေ့ဟှယ်။
ဗေရိဗြို့မာ မှုတော်မြတ်ကြောန်း
10 ညဉ့်ခန်းဇာ ရော့‑က်လာဟှူ ခီမာ ညီကို မောန်နှမလေဟှာ ပေါလုန သိလလေဟှို ဗေရိဗြို့ဟှို စေလွှတ်ဂေ့ဟှယ်။ အယ်ဗြို့ဟှို ရော့‑က်ဟှူ ခီမာ သူးနို့ဟှာ ယုဒဝါလယ်ဇရပ်ဟှို သွားဂေ့ဟှယ်။
11 ဗေရိဗြို့သားလေဟှ သက်သာလောနိတ်ဗြို့ဟှ လူလေထတ် စိထားမြတ်ဂေ့ဟှယ်။ အယ်ကြောန့် ပေါလုဟောဟှူ တရားဟှို ရရာတိုင်း ကြည်ညိုဟှူစိန နာခံဂေ့ဟှယ်။ သူးနို့ဟှာ ပေါလု ပြောဇာလေဟှာ တကယ်မှန်ဘဲ့လား ဆိုဘီး သိနိုင်ဟှို့တွပ် နေ့တိုင်းကျမ်းစာဟှို လေ့လာဂေ့ဟှယ်။
12 အယ်ကြောန့် လူလေဘောင်ဂီး ယောင်ကြည်လာဂေ့ဟှယ်။ အယ်မျိုး ယောင်ကြည်သူလေထဲမာ ဂေါန်သရေရှိဟှူ ဟေလသလူမျိုး မီးမန ယော့‑က်ကျားလေလည်း ပါဝမ်ဂေ့ဟှယ်။
13 ဗေရိဗြို့မာ ဘုရားသခင်ရဲ့ စကားတော်ဟှို ပေါလု ဟောနေဟှယ် ဆိုဇာဟှို သက်သာလောနိတ်ဗြို့ဟှ ယုဒလူမျိုးလေဟှာ ကြားရဂေ့ဟှူ ခီမာ ဗေရိဗြို့ဟှို လာဂေ့ဘီးဟှာ လူလေဟှို ဆူပူအောန် နှိုးဆော်ဂေ့ဟှယ်။
14 ညီကို မောန်နှမလေဟှာ ရှစ်ရှင်းဘဲ့ ပေါလုဟှို ပန်လယ်ကမ်းခြေဟှို သွားခိုင်းလိုက်ဟှယ်။ သိလန တိမောသေလေဟှ ဗေရိဗြို့မာဘဲ့ နေရစ်ဂေ့ဟှယ်။
15 ပေါလုဟှို လိုက်ပို့ဂေ့ဟှူ လူလေဟှာ သူ့နတူးဒူ အာသင်ဗြို့ထိ လိုက်ဟှားဂေ့ဟှယ်။ အယ်ဘီးန သိလန တိမောသေလေဟှို ဗြန်းဗြန်ဟှား လိုက်လာဟှို့တွပ် ညွှန်ကြားချစ်ဟှို ယူဘီးန ဗေရိဗြို့ဟှို ပ္လန်ဟှားဂေ့ဟှယ်။
အာသင်ဗြို့မာ မှုတော်ဆောန်ဟှူကြောန်း
16 ပေါလုဟှာ အာသင်ဗြို့မာ သိလန တိမောသေလေဟှို စောန့်နေဒူးမာ အယ်ဗြို့မာ ရောက်ထုလေဘောင်ဂီး ရှိနေဟှယ် ဆိုဇာဟှို ဗြင်ဟှူ ခီမာ ရရာတိုင်း စိကောန်းဘဲ ဖြစ်ဟှားဟှယ်။
17 အယ်ကြောန့် ဝါလယ်ဇရပ်မာ ယုဒလူမျိုးလေ၊ ဘုရားသခင်ဟှို ကိုးကွယ်ဟှူ လူမျိုးခြားလေ နေ့တိုင်းဗြို့ထဲဟှ လူလေစုဝီးဟှူ နေရာဟှို လာဂေ့ဟှူ လူလေန ဆွေးနွီးဂေ့ဟှယ်။
18 ဧပိကုရုန သတောအိပ် တွေးခေါ်ပညာရှင်လေ တချို့လည်း ပေါလုန ဆွေးနွီးငြင်းခူဂေ့ဟှယ်။ အယ်လူလေထဲမာ တချို့ဟှ “အယ်လူဟှာ ဖြားဇာပြောနေနူး” ဆိုဘီး ပြောဂေ့ဟှယ်။
တခြားလူလေဟှ “သူဟှာ လူမျိုးခြားလေရဲ့ နတ်ဘုရားလေရဲ့ ကြောန်းဟှို ပြောနေဇာနတူဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။ ပေါလုဟှာ ယေရှုကြောန်းန ရှင်ပ္လန်ထမြော့‑က်ရှင်းကြောန်းဖြစ်ဟှူ ဒန်းကောန်းဟှို ဟောပြောကြောန့် သူးနို့လေဟှာ အယ်မျိုး ပြောနေဂေ့ဇာဖြစ်ဟှယ်။
19 အယ်ကြောန့် အယ်လူလေဟှ ပေါလုဟှို အာရေပါဂု တရားရောင်းဟှို ခေါ်ဆောန်ဟှားဂေ့ဘီးဟှာ “နန်ဟောပြောနေဟှူ ယူဝါဒသစ်ကြောန်းဟှို နို့လေလည်း သိရှင်ဟှယ်။
20 နန်ဟောပြောဟှူ ကြောန်းရာတချို့ဟှာ နို့လေတွပ် သစ်ဆန်းဖြစ်နေဟှယ်။ အယ်ကြောန်းရာရဲ့ ဓိပါယ်ဟှိုလည်း နို့လေသိရှင်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
21 အာသင်ဗြို့သား ဂူလောင်းန အယ်ဗြို့မာနေဟှူ ဧည့်သည်လေဟှာ ကြောန်းရာသစ်ဆန်းလေဟှို ပြောဇာန နားထောန်ဇာ အားဖြင့်ဘဲ့ ခီဟှို ကူစေဂေ့ဟှယ်။
22 ပေါလုဟှာ အာရေပါဂု တရားရောင်းရှေ့မာ ရပ်ဘီး “အာသင်ဗြို့သားလေ၊ နန်းနို့ဟှာ ရရာတိုင်း ဘုရားတရားဟှို ကြည်ညိုဟှူ လူလေဖြစ်ဟှယ် ဆိုဇာဟှို ငါဗြင်ဟှယ်။
23 ကျွန်တော့်ဟှာ ခန်ဗျားလေရဲ့ဗြို့ဟှို ရှော့‑က်လည်ဘီး ကိုးကွယ်ဟှူဇာလေဟှို ကေ့ဟှူ ခီမာ ‘နို့လေ သိဘဲဟှူ ဘုရားတွပ်’ ဆိုဘီး နာမယ်ရေးဟှားဟှူ ယဇ်ပလ္လင်တခုဟှို တွိဟှယ်။ အယ်မျိုး ခန်ဗျားလေသိဘဲန ကိုးကွယ်နေဟှူ ဘုရားကြောန်းဟှို ခု ကျွန်တော်ပြောပြမယ်။
24 ကမ္ဘာလောကဂီးန ရှိဇာဂူလောင်းဟှို ဖန်ဆင်းဟှူ ဘုရားသခင်ဟှာ ကောန်းဂန်န မ္လေဂီးရဲ့ သခင်ဖြစ်ဟှူကြောန့် လူလတ်န ဆော့‑က်ဟှားဟှူ ဗိမာန်တော်လေမာနေဇာ မှုဟှ။
25 အယ်သခင်ကိုယ်တိုင်ဘဲ့ လူလေ ဂူလောင်းဟှို သတ်နတူးဒူ တခြားရာ ဂူလောင်းဟှိုလည်း ပေးသနားတော်မူဟှယ်။ အယ်ကြောန့် သူဟှာ တခုခုဟှို လိုရှင်ဟှူကြောန့် လူလတ်န ပြုစုဇာဟှို ခံတော်မူဟှ။
26 ကိုယ်တော်ဟှာ လူတယော့‑က်ဟှနေဘီး လူမျိုးဂူလောင်းဟှို ဖန်ဆင်းလိုက်ဘီး တကမ္ဘာလောင်းမာ သူးနို့ဟှို နေစေဟှယ်။ အယ်လူမျိုး ဂူလောင်းဟှို သတ်ရှင်နေထိုင်ဟှို့တွပ် ခီကာလန နေရာလေဟှို ကြိုတန်ပိုင်းခြား သတ်မှတ်ဟှားဘီး ပေးဟှားဟှယ်။
27-28 အယ်မျိုးလောက်ဇာဟှာ လူလေဟှာ ကိုယ်တော့်ဟှို တွိလိုတွိငြား စမ်းသပ်ဘီး ရှာဟှို့တွပ်ဘဲ့ ဖြစ်ဟှယ်။”
“ ‘ကျွန်တော့်လေဟှာ ကိုယ်တော်ကြောန့် သတ်ရှင်ဘီး လှောက်ရှား နေရဂေ့ဟှယ်။’ ”
အယ်ကြောန့် တကယ်ဆိုဟှာ ဘုရားသခင်ဟှ ဖယ်သူနလည်းဝီးဇာ မှုဟှ။ ခန်ဗျားဟှားလေထဲမာ ကဗျာဆရာတချို့ဟှ၊
“ ‘နို့လေဟှာ ကိုယ်တော်ရဲ့ သားမီးလေ ဖြစ်ဂေ့ဟှယ်’ ” ဆိုဘီး ပြောဟှားဟှယ်။
29 “ကျွန်တော့်လေဟှာ ဘုရားသခင်ရဲ့ သားမီးလေ ဖြစ်ဂေ့ဟှူကြောန့် ဘုရားသခင်ဟှို လူရဲ့နုပညာန ကျွမ်းကျင်ရှင်းအားဖြင့် ထုလောက်ဟှားဟှူ ရွှေရောက်ထု၊ ငွေရောက်ထု၊ က္လော့‑က်ရောက်ထုနတူဟှယ် ဆိုဘီး ထန်မှတ်သင့်ဟှ။
30 ဘုရားသခင်ဟှာ လူလေသိနားလည်ဘဲဟှူ ခီကာလဟှို ရှုမှတ်တော် မှုဟှ။ အယ်ဘေမဲ့ ခု နေရာတိုင်းဟှ လူလေဂူလောင်းဟှို နောန်ဒရဟှို့တွပ် မိန့်တော်မူဟှယ်။
31 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော် ဝီးကော့‑က်ဟှားဟှူ လူအားဖြင့် လောကသားလေဟှို ဖြောန့်မတ်ရှင်းတရားန စီရင်မယ့် နေ့ရစ်ဟှို သတ်မှတ်ဟှားကြောန့် ဖြစ်ဟှယ်။ အယ်မျိုးဖြစ်မယ် ဆိုဇာဟှို အယ်သခင်ဟှာ သေရာဟှနေ ထမြော့‑က်ရှင်းအားဖြင့် လူလေဂူလောင်းဟှို အယ်သတ်သေဟှို ပြဟှားဟှယ်” ဆိုဘီး ပြောဟှယ်။
32 သေရာဟှနေ ထမြော့‑က်ကြောန်းဟှို ကြားရဟှူ ခီမာ တချို့လူလေဟှ ရယ်ဇားဂေ့ဟှယ်။ အယ်ဘေမဲ့ တချို့လူလေဟှ “နန်ပြောနေဟှူကြောန်းဟှို နို့လေဟှ နော့‑က်တခါ ကြားရှင်သေးဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
33 အယ်ဘီးန ပေါလုဟှာ စည်းဝေးဟှနေ ထွပ်ဟှားလိုက်ဟှယ်။
34 တချို့လူလေဟှာ ပေါလုန ပေါန်းဘီးဟှာ ယောင်ကြည်သူလေ ဖြစ်လာဂေ့ဟှယ်။ အယ်လူလေထဲမာ ဒယောနုသိ နာမယ်ရှိဟှူ အာရေတောင် တရားရောင်းရဲ့ ဖွဲ့ဝမ်တယော့‑က်၊ ဒမာရိ နာမယ်ရှိဟှူ မီးမတယော့‑က်န တခြားလူ တချို့လည်း ပါဂေ့ဟှယ်။