6
တဖန် ဒါဝိဒ် သည် ရွေးချယ် သောဣသရေလ လူသုံး သောင်းတို့ကို စုဝေး စေပြီးလျှင် ခေရုဗိမ် ကြားမှာကျိန်းဝပ် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်နှင့် ဆိုင်သော ဘုရား သခင်၏သေတ္တာ တော်ကို ယုဒ ပြည် ဗာလာမြို့မှ ဆောင် ခဲ့ခြင်းငှါမိမိ ပါသော သူ အပေါင်း တို့နှင့်တကွ သွား လေ၏။ ဘုရား သခင်၏ သေတ္တာ တော်ကို လှည်း သစ် ပေါ် မှာတင် တောင် ပေါ် အဘိနဒပ် အိမ် ထဲက ထုတ် ကြ၏။ အဘိနဒပ် ၏သား ဩဇ နှင့် အဟိဩ တို့သည် လှည်း သစ် ကိုနှင် ရကြ၏။ ဩဇသည်ဘုရား သခင်၏ သေတ္တာ တော်အနား ၌၎င်း၊ အဟိဩ သည် သေတ္တာ တော်ရှေ့ ၌၎င်း သွား ကြ၏။ ဒါဝိဒ် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် စောင်းတယောပတ်သာနှဲခရာခွက်ကွင်း တို့ကို ကိုင်လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အားထုတ်၍ တီးမှုတ် ကြ၏။ နာခုန်ကောက်နယ်သလင်းသို့ ရောက် သောအခါနွား တို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့်ဩဇ သည် လက်ကိုဆန့် သေတ္တာ တော်ကို ကိုင် ၏။ ထာဝရဘုရား သည် ဩဇ ကို အမျက် ထွက် သူ၏အပြစ် ကြောင့် ဘုရား သခင်ဒဏ်ခတ် တော်မူသဖြင့်သူသည်သေတ္တာ တော်နား မှာ သေ လေ၏။ ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့်ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇာဇ အမည် ဖြင့်တွင်သတည်း။ ထို နေ့၌ ဒါဝိဒ် သည် ထာဝရဘုရား ကိုကြောက် ထာဝရဘုရား ၏ သေတ္တာ တော်သည် အဘယ်သို့ ငါ့ ထံသို့ ရောက် ရမည်နည်းဟု ဆို လျက် 10  မိမိနေရာဒါဝိဒ် မြို့ ထဲသို့ သေတ္တာ တော်ကို မ ဆောင် ဘဲ ဂိတ္တိ လူဩဗဒေဒုံ အိမ် သို့ လမ်းလွဲ၍ ဆောင် သွားလေ၏။ 11  ထာဝရဘုရား ၏သေတ္တာ တော်သည် သုံး ပတ်လုံးဂိတ္တိ လူဩဗဒေဒုံ အိမ် ၌ရှိ ၏။ ထာဝရဘုရား သည်လည်းဩဗဒေဒုံ နှင့် အိမ်သူ အိမ်သားအပေါင်း တို့ကို ကောင်းကြီး ပေးတော်မူ၏။ 12  ထာဝရဘုရား သည် သေတ္တာ တော်ကြောင့် ဩဗဒေဒုံ နှင့် သူ ရှိသမျှ ကို ကောင်းကြီး ပေးတော်မူကြောင်းကို ဒါဝိဒ် မင်းကြီး ကြား သောအခါတဖန် သွား ဘုရား သခင်၏ သေတ္တာ တော်ကိုဩဗဒေဒုံ အိမ် မှ ဒါဝိဒ် မြို့ သို့ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့လေ၏။ 13  ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း သောသူတို့သည်ခြောက် လှမ်း သွား ပြီးမှနွား နှင့် ဆူဖြိုး သော အကောင်တို့ကို ယဇ် ပူဇော်လေ၏။ 14  ဒါဝိဒ် သည်လည်း ပိတ် သင်တိုင်း ကိုဝတ် လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အား ထုတ်၍က လေ၏။ 15  ထိုသို့ ဒါဝိဒ် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် ကြွေးကြော် လျက်တံပိုး မှုတ်လျက်၊ ထာဝရဘုရား ၏သေတ္တာ တော်ကို ဆောင် ခဲ့ကြ၏။ 16  ထာဝရဘုရား ၏သေတ္တာ တော်သည် ဒါဝိဒ် မြို့ ထဲသို့ဝင် သောအခါရှောလု ၏သမီး မိခါလ သည် ပြတင်းပေါက် ဖြင့် ကြည့် ၍၊ ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား ရှေ့ တော်၌ က လျက် ခုန် လျက်လာသည်ကိုမြင် ၍ စိတ် နှလုံးထဲ၌ မထီမဲ့မြင် ပြု၏။ 17  ထာဝရဘုရား ၏ သေတ္တာ တော်ကိုသွင်း ဒါဝိဒ် ဆောက်နှင့်သောတဲ အလယ် တွင် သူ့ နေရာ ထား ကြပြီးမှဒါဝိဒ် သည်မီး ရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်တို့ကို ထာဝရဘုရား ရှေ့ တော်၌ ပူဇော် လေ၏။ 18  မီး ရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ပူဇော် ခြင်း အမှုကို ပြီးစီး စေသောအခါကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်ကိုမြွက်၍ ပရိသတ် တို့ကို ကောင်းကြီး ပေးလေ၏။ 19  ဣသရေလ ပရိသတ် ယောက်ျား မိန်းမ အပေါင်း တို့အား မုန့် တပြားအမဲသား တတစ်၊ စပျစ်သီးပျဉ် တပြား စီ ဝေငှ ပြီးမှလူ အပေါင်း တို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။ 20  ထိုနောက် ဒါဝိဒ် သည် နန်းတော်သား တို့ကို ကောင်းကြီး ပေးခြင်းငှါ သွား ၍ရောက်သောအခါရှောလု ၏သမီး မိခါလ သည် ဆီး ၍ကြိုလျက်၊ လျှပ်ပေါ် သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ် သကဲ့သို့ယနေ့ ကျွန် ယောက်ျား ကျွန် မိန်းမများရှေ့ တွင် အဝတ်တော်ကိုချွတ် သော ဣသရေလ ရှင် ဘုရင်သည်၊ ယနေ့ အဘယ်မျှ လောက်ဘုန်းကြီး တော်မူပါသည်တကားဟုဆို ၏။ 21  ဒါဝိဒ် ကလည်းသင့် အဘ နှင့် သူ ၏ အဆွေအမျိုး အပေါင်း တို့၏ကိုယ်စား၊ ငါ့ ကိုရွေးကောက် ၍ ထာဝရဘုရား ၏လူဣသရေလ အမျိုးကို အုပ်စိုးသော မင်း အရာ၌ ခန့်ထား တော်မူသော ထာဝရဘုရား ရှေ့ တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရား ရှေ့ တော်တွင် ငါ ကခုန် မည်။ 22  ထိုမျှမကငါသာ၍ ယုတ်မာ မည်။ ကိုယ် အထင်အတိုင်း ကိုယ်ကိုသာ၍နှိမ့်ချ မည်၊ သင်ပြော သော ကျွန် မများမူကားငါ့ကိုချီးမွမ်း ကြလိမ့်မည်ဟု မိခါလ ကို ပြန်ပြော ၏။ 23  ရှောလု ၏သမီး မိခါလ သည် တသက်လုံးသား ကို မ ဘွား မမြင်ရ။